Posted on

[Zawgyi Version]

ငါးႏွပ္မ်ားတြင္ သဘာဝအေလ်ာက္ ေဖာ္မလင္ပါဝင္ေနမႈကို ငါးလုပ္ငန္းလုပ္ကိုင္ေနသည့္ လူအခ်ိဳ႕ပင္ မသိရွိျခင္းေၾကာင့္ အမ်ားျပည္သူသိရွိရန္ ေၾကညာေပးရန္ လိုအပ္

26 SEPTEMBER 2019

ငါးႏွပ္မ်ားတြင္ သဘာဝအေလ်ာက္ ေဖာ္မလင္ပါဝင္ေနသည္မွာ ငါးလုပ္ငန္းတြင္ လုပ္ကိုင္ေနသည့္ လူအခ်ိဳ႕ပင္ မသိရွိသည့္အတြက္ ျမန္မာႏိုင္ငံအစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲမႈဦးစီးဌာန FDA ႏွင့္ ငါးလုပ္ငန္းဦးစီးဌာနတို႔မွ ပူးေပါင္းကာ အမ်ားျပည္သူသိရွိရန္ ေၾကညာေပးရန္လိုအပ္ေၾကာင္း ျမန္မာႏိုင္ငံ ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္တြင္ ျပဳလုပ္သည့္ ပုံမွန္အစည္းအေဝးတြင္ ျမန္မာႏိုင္ငံ ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္အႀကီးတန္း ဒုတိယဥကၠ႒ ေဒါက္တာတိုးနႏၵာတင္က ေျပာၾကားသည္။

လက္ရွိတြင္ ျမဝတီလမ္းေၾကာင္းမွ မြန္ႏွင့္ ကရင္မွတစ္ဆင့္ ရန္ကုန္တိုင္းအတြင္းသို႔ တရားဝင္ ဝင္လာသည့္ငါးမ်ားကို FDA မွ စစ္ေဆးေနၿပီး ငါးႏွပ္မ်ားတြင္ သဘာဝအေလ်ာက္ ေဖာ္မလင္ပါဝင္ေနေၾကာင္း ရန္ကုန္တိုင္း ငါးလုပ္ငန္းဦးစီးဌာန ဒုတိုင္းဦးစီးမႉး ဦးလွေဌးက ထိုအစည္းအေဝးတြင္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ငါးႏွပ္မွာ ေဖာ္မလင္ရွိတယ္ဆိုတာ အခုမွသိတာ။ သူကိုယ္၌ကိုက ရွိတယ္ဆိုတာ ျပင္ပလူေတြကမသိဘူး။ ငါးေလာကမွာရွိေနတဲ့လူေတာင္မွ တခ်ိဳ႕မသိဘူး။ ငါးေလာကမွာျဖစ္ျဖစ္ အကုန္လုံးျပည္သူလူထုအတြက္ကို ငါးႏွပ္သည္ နဂိုကတည္းက သူ႔ကိုယ့္မွာပါတဲ့အတြက္ေၾကာင့္ ရာခိုင္ႏႈန္းဘယ္ေလာက္သည္ လူေတြကထည့္တာမဟုတ္ဘဲ သဘာဝမွာရွိေနတာျဖစ္တဲ့အတြက္ ဒီေလာက္ပမာဏသည္ လူအတြက္ အႏၲရာယ္မျဖစ္ဘူးဆိုတာကို ေၾကညာရမယ္” ဟု ျမန္မာႏိုင္ငံ ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္ အႀကီးတန္းဒုတိယဥကၠ႒ ေဒါက္တာတိုးနႏၵာတင္က ေျပာၾကားသည္။

အဆိုပါႏွစ္ဖြဲ႕ပူးေပါင္းလုပ္ေဆာင္ကာ အသိပညာေပးမႈမ်ားႏွင့္ ေၾကညာမႈမ်ား လုပ္ေဆာင္မွသာ ေျပလည္မည့္အေနအထားရွိေၾကာင္း ၎က ဆက္ေျပာသည္။

ေဖာ္မလင္ဓာတ္သည္ သဘာဝအေလ်ာက္ အသား၊ ငါးႏွင့္ ဟင္းသီးဟင္း႐ြက္မ်ားတြင္ ၃၀၀ မွ ၄၀၀ PPM ထိ ပါဝင္ႏိုင္ၿပီး အစားအေသာက္တြင္ စားသုံးမိပါက ဗိုက္ေအာင့္ျခင္း၊ ေမ့ေျမာျခင္း၊ ေက်ာက္ကပ္ထိျခင္း၊ ကင္ဆာျဖစ္ျခင္းႏွင့္ ရွဴမိပါကလည္း ေရာဂါရႏိုင္ေၾကာင္း၊ ေဖာ္မလင္ပါဝင္မႈ အနည္းအမ်ားေပၚမူတည္ၿပီး လူကိုေသဆုံးႏိုင္သည့္အထိရွိေၾကာင္း၊ အစားအေသာက္တြင္ ထည့္သြင္းရန္ လုံးဝခြင့္မျပဳထားေၾကာင္း၊ သဘာဝအေလ်ာက္ ေဖာ္မလင္ပါပါက ထိန္းသိမ္းစားသုံးရမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံငါးလုပ္ငန္းဦးစီးဌာန ျပည္ပပို႔ကုန္အရည္အေသြးစစ္ေဆးေရးဌာနစု တာဝန္ခံဒုတိယၫႊန္ၾကားေရးမႉး ဦးသက္ႏိုင္က ေျပာၾကားသည္။

“တခ်ိဳ႕ငါးေတြနဲ႔ပတ္သက္ၿပီးေတာ့က ေဖာ္မလင္ပါတယ္ဆိုၿပီး ေျပာၾကတယ္။ မပါဘူး မဟုတ္ဘူး ပါပါတယ္။ ပါရင္ပါလိမ့္မယ္။ ငါးႏွပ္လိုငါးမ်ိဳးက သဘာဝမွာကိုက ေဖာ္မလင္ပါၿပီးသားပါ။ ေဖာ္မလင္ ဘယ္ေလာက္ရာခိုင္ႏႈန္း ငါးရာခိုင္ႏႈန္းကို သတ္မွတ္မလား။ ၁၀ ရာခိုင္ႏႈန္းကို သတ္မွတ္မလား။ ငါးရာခိုင္ႏႈန္းဆို ေဖာ္မလင္က ပါကိုပါမွာပဲ” ဟု ရန္ကုန္တိုင္းငါးလုပ္ငန္းဦးစီးဌာန ဒုတိုင္းဦးစီးမႉး ဦးလွေဌးက ေျပာၾကားသည္။

ငါးႏွပ္မ်ားတြင္ သဘာဝအေလ်ာက္ ပါဝင္ေနမႈကို ျမန္မာႏိုင္ငံအစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲမႈဦးစီးဌာန FDA သို႔ အေၾကာင္းၾကားထားသည္ဟုလည္း ၎က ဆက္ေျပာၾကားသည္။

“ေဖာ္မလင္ကထည့္မယ္ဆိုရင္ ခြင့္မွမျပဳတာ။ ထည့္မယ္ဆိုရင္ေသခ်ာေအာင္ သက္ဆိုင္ရာဌာနေတြက ရေအာင္လုပ္ၿပီး အေရးယူရမယ္။ အမွန္တကယ္က သုံးစြဲခြင့္ကို မျပဳတာ” ဟု ငါးလုပ္ငန္းဦးစီးဌာန ျပည္ပပို႔ကုန္ အရည္အေသြးစစ္ေဆးေရး ဌာနစုတာဝန္ခံ ဒုတိယၫႊန္ၾကားေရးမႉး ဦးသက္ႏိုင္က ေျပာၾကားသည္။

ျမန္မာႏိုင္ငံရွိ ငါးမ်ိဳးစိတ္မ်ားျဖစ္သည့္ ငါးႏွပ္ႏွင့္ ငါးပုေလြတြင္ သဘာဝအေလ်ာက္ ေဖာ္မလင္ပါဝင္ေနၿပီး ဝယ္ယူစားသုံးပါက လတ္ဆတ္မႈရွိေနေစရန္၊ ေရခဲ႐ိုက္ ေအးခဲအသားမ်ားကိုဝယ္ရန္၊ ယုံၾကည္သည့္ေနရာမ်ားမွ ဝယ္ယူရန္လိုေၾကာင္း ၎ကဆိုသည္။

[Unicode Version]

ငါးနှပ်များတွင် သဘာဝအလျောက် ဖော်မလင်ပါဝင်နေမှုကို ငါးလုပ်ငန်းလုပ်ကိုင်နေသည့် လူအချို့ပင် မသိရှိခြင်းကြောင့် အများပြည်သူသိရှိရန် ကြေညာပေးရန် လိုအပ်

26 SEPTEMBER 2019

ငါးနှပ်များတွင် သဘာဝအလျောက် ဖော်မလင်ပါဝင်နေသည်မှာ ငါးလုပ်ငန်းတွင် လုပ်ကိုင်နေသည့် လူအချို့ပင် မသိရှိသည့်အတွက် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန FDA နှင့် ငါးလုပ်ငန်းဦးစီးဌာနတို့မှ ပူးပေါင်းကာ အများပြည်သူသိရှိရန် ကြေညာပေးရန်လိုအပ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တွင် ပြုလုပ်သည့် ပုံမှန်အစည်းအဝေးတွင် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်အကြီးတန်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်က ပြောကြားသည်။

လက်ရှိတွင် မြဝတီလမ်းကြောင်းမှ မွန်နှင့် ကရင်မှတစ်ဆင့် ရန်ကုန်တိုင်းအတွင်းသို့ တရားဝင် ဝင်လာသည့်ငါးများကို FDA မှ စစ်ဆေးနေပြီး ငါးနှပ်များတွင် သဘာဝအလျောက် ဖော်မလင်ပါဝင်နေကြောင်း ရန်ကုန်တိုင်း ငါးလုပ်ငန်းဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဦးလှဌေးက ထိုအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ငါးနှပ်မှာ ဖော်မလင်ရှိတယ်ဆိုတာ အခုမှသိတာ။ သူကိုယ်၌ကိုက ရှိတယ်ဆိုတာ ပြင်ပလူတွေကမသိဘူး။ ငါးလောကမှာရှိနေတဲ့လူတောင်မှ တချို့မသိဘူး။ ငါးလောကမှာဖြစ်ဖြစ် အကုန်လုံးပြည်သူလူထုအတွက်ကို ငါးနှပ်သည် နဂိုကတည်းက သူ့ကိုယ့်မှာပါတဲ့အတွက်ကြောင့် ရာခိုင်နှုန်းဘယ်လောက်သည် လူတွေကထည့်တာမဟုတ်ဘဲ သဘာဝမှာရှိနေတာဖြစ်တဲ့အတွက် ဒီလောက်ပမာဏသည် လူအတွက် အန္တရာယ်မဖြစ်ဘူးဆိုတာကို ကြေညာရမယ်” ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အကြီးတန်းဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်က ပြောကြားသည်။

အဆိုပါနှစ်ဖွဲ့ပူးပေါင်းလုပ်ဆောင်ကာ အသိပညာပေးမှုများနှင့် ကြေညာမှုများ လုပ်ဆောင်မှသာ ပြေလည်မည့်အနေအထားရှိကြောင်း ၎င်းက ဆက်ပြောသည်။

ဖော်မလင်ဓာတ်သည် သဘာဝအလျောက် အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များတွင် ၃၀၀ မှ ၄၀၀ PPM ထိ ပါဝင်နိုင်ပြီး အစားအသောက်တွင် စားသုံးမိပါက ဗိုက်အောင့်ခြင်း၊ မေ့မြောခြင်း၊ ကျောက်ကပ်ထိခြင်း၊ ကင်ဆာဖြစ်ခြင်းနှင့် ရှူမိပါကလည်း ရောဂါရနိုင်ကြောင်း၊ ဖော်မလင်ပါဝင်မှု အနည်းအများပေါ်မူတည်ပြီး လူကိုသေဆုံးနိုင်သည့်အထိရှိကြောင်း၊ အစားအသောက်တွင် ထည့်သွင်းရန် လုံးဝခွင့်မပြုထားကြောင်း၊ သဘာဝအလျောက် ဖော်မလင်ပါပါက ထိန်းသိမ်းစားသုံးရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာန ပြည်ပပို့ကုန်အရည်အသွေးစစ်ဆေးရေးဌာနစု တာဝန်ခံဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်က ပြောကြားသည်။

“တချို့ငါးတွေနဲ့ပတ်သက်ပြီးတော့က ဖော်မလင်ပါတယ်ဆိုပြီး ပြောကြတယ်။ မပါဘူး မဟုတ်ဘူး ပါပါတယ်။ ပါရင်ပါလိမ့်မယ်။ ငါးနှပ်လိုငါးမျိုးက သဘာဝမှာကိုက ဖော်မလင်ပါပြီးသားပါ။ ဖော်မလင် ဘယ်လောက်ရာခိုင်နှုန်း ငါးရာခိုင်နှုန်းကို သတ်မှတ်မလား။ ၁၀ ရာခိုင်နှုန်းကို သတ်မှတ်မလား။ ငါးရာခိုင်နှုန်းဆို ဖော်မလင်က ပါကိုပါမှာပဲ” ဟု ရန်ကုန်တိုင်းငါးလုပ်ငန်းဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဦးလှဌေးက ပြောကြားသည်။

ငါးနှပ်များတွင် သဘာဝအလျောက် ပါဝင်နေမှုကို မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန FDA သို့ အကြောင်းကြားထားသည်ဟုလည်း ၎င်းက ဆက်ပြောကြားသည်။

“ဖော်မလင်ကထည့်မယ်ဆိုရင် ခွင့်မှမပြုတာ။ ထည့်မယ်ဆိုရင်သေချာအောင် သက်ဆိုင်ရာဌာနတွေက ရအောင်လုပ်ပြီး အရေးယူရမယ်။ အမှန်တကယ်က သုံးစွဲခွင့်ကို မပြုတာ” ဟု ငါးလုပ်ငန်းဦးစီးဌာန ပြည်ပပို့ကုန် အရည်အသွေးစစ်ဆေးရေး ဌာနစုတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်က ပြောကြားသည်။

မြန်မာနိုင်ငံရှိ ငါးမျိုးစိတ်များဖြစ်သည့် ငါးနှပ်နှင့် ငါးပုလွေတွင် သဘာဝအလျောက် ဖော်မလင်ပါဝင်နေပြီး ဝယ်ယူစားသုံးပါက လတ်ဆတ်မှုရှိနေစေရန်၊ ရေခဲရိုက် အေးခဲအသားများကိုဝယ်ရန်၊ ယုံကြည်သည့်နေရာများမှ ဝယ်ယူရန်လိုကြောင်း ၎င်းကဆိုသည်။

Eleven Media Group

Leave a Reply

Your email address will not be published. Required fields are marked *