Posted on

[Zawgyi Versoin]

ေတာင္ငူ၊ စက္တင္ဘာ၂၃

ပဲခူးတိုင္းေဒသႀကီး ေရတာရွည္ၿမိဳ ့နယ္ ဆြာၿမိဳ ့ ဆြာရြာမေက်းရြာတြင္ ေမြးစားသမီးျဖစ္သူက ေနအိမ္ရွိ က်ပ္သိန္းငါးဆယ္တန္းဖိုးရွိ လက္ဝတ္ရတနာမ်ားႏွင့္ ဆိုင္ကယ္တစ္ဦးခိုးယူမႈျဖစ္ပြားခဲ့ေၾကာင္း ယင္းၿမိဳ႕ ရဲစခန္းမွ သိရသည္။

ဆြာရြာမေက်းရြာေန အသက္ ၆၉ ႏွစ္အရြယ္ရွိ အမ်ိဳးသားတစ္ဦးသည္ ဘုန္းေတာ္ႀကီးေက်ာင္းတြင္ ဥပုသ္သီတင္းေစာင့္ၿပီး ေနအိမ္ျပန္လာစဥ္ အတူေနေမြးစားသမီး အသက္၂၈ ႏွစ္အရြယ္ ေဒၚဇင္မာေအာင္သည္ အထုတ္တစ္ထုပ္ျဖင့္ ဆုိင္ကယ္ေမာင္းထြက္သြားေၾကာင္း သိရသျဖင့္ ေနအိမ္အတြင္း ပစၥည္းမ်ားကို စစ္ေဆးရာ ေငြက်ပ္ ငါးသိန္းရွစ္ေသာင္း၊ လက္ေကာက္ႏွစ္ကြင္း၊လက္စြပ္ႏွစ္ကြင္း၊ ဘီးကုတ္တစ္ခု၊ ေရႊဆြဲႀကိဳးႏွစ္ကံုးႏွင့္ ဆုိင္ကယ္တစ္စင္း စုစုေပါင္း ကာလတန္ဖိုး ေလးဆယ့္ကိုးသိန္းရွစ္ေသာင္းခန္႔ကို ေပ်ာက္ဆံုးေနသျဖင့္ ရဲစခန္းသို႔ တိုင္ၾကားခဲ့ျခင္းျဖစ္သည္။

“လက္ရွိေတာ့ျပစ္မႈက်ဳးလြန္သူကို ဖမ္းဆီးဖို ့ စံုစမ္းေနဆဲပါ”ဟု ဆြာနယ္ေျမရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာၾကားသည္။

အမႈႏွင့္ပတ္သက္ၿပီး ဇင္မာေအာင္ကုိ ဆြာနယ္ေျမရဲစခန္းမွ (ပ) ၁၃၆/၂၀၁၉ ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ ၃၈၀ အရ အမႈဖြင့္လွစ္စစ္ေဆးေဆာင္ရြက္လ်က္ရွိသည္။

[Unicode Version]

မွေးစားသမီးက ရွှေငွေလက်ရတနာများ ခိုးယူထွက်ပြေး

တောင်ငူ၊ စက်တင်ဘာ၂၃

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာမြို့ ဆွာရွာမကျေးရွာတွင် မွေးစားသမီးဖြစ်သူက နေအိမ်ရှိ ကျပ်သိန်းငါးဆယ်တန်းဖိုးရှိ လက်ဝတ်ရတနာများနှင့် ဆိုင်ကယ်တစ်ဦးခိုးယူမှုဖြစ်ပွားခဲ့ကြောင်း ယင်းမြို့ ရဲစခန်းမှ သိရသည်။

ဆွာရွာမကျေးရွာနေ အသက် ၆၉ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးသည် ဘုန်းတော်ကြီးကျောင်းတွင် ဥပုသ်သီတင်းစောင့်ပြီး နေအိမ်ပြန်လာစဉ် အတူနေမွေးစားသမီး အသက်၂၈ နှစ်အရွယ် ဒေါ်ဇင်မာအောင်သည် အထုတ်တစ်ထုပ်ဖြင့် ဆိုင်ကယ်မောင်းထွက်သွားကြောင်း သိရသဖြင့် နေအိမ်အတွင်း ပစ္စည်းများကို စစ်ဆေးရာ ငွေကျပ် ငါးသိန်းရှစ်သောင်း၊ လက်ကောက်နှစ်ကွင်း၊လက်စွပ်နှစ်ကွင်း၊ ဘီးကုတ်တစ်ခု၊ ရွှေဆွဲကြိုးနှစ်ကုံးနှင့် ဆိုင်ကယ်တစ်စင်း စုစုပေါင်း ကာလတန်ဖိုး လေးဆယ့်ကိုးသိန်းရှစ်သောင်းခန့်ကို ပျောက်ဆုံးနေသဖြင့် ရဲစခန်းသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

“လက်ရှိတော့ပြစ်မှုကျုးလွန်သူကို ဖမ်းဆီးဖို့ စုံစမ်းနေဆဲပါ”ဟု ဆွာနယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အမှုနှင့်ပတ်သက်ပြီး ဇင်မာအောင်ကို ဆွာနယ်မြေရဲစခန်းမှ (ပ) ၁၃၆/၂၀၁၉ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၈၀ အရ အမှုဖွင့်လှစ်စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

The Voice

Leave a Reply

Your email address will not be published. Required fields are marked *