Posted on

[Zawgyi Version]

By ညီညီသူ 23 September 2019

အင္ဒိုနီးရွားနိုင္ငံဟာ လွပၿပီး လည္ပတ္ခ်င္စရာ ေပါမ်ားတဲ့ နိုင္ငံတနိုင္ငံျဖစ္ၿပီး အင္ဒိုနီးရွားမွာ အထင္ကရ ေနရာေတြ မ်ားစြာရွိတဲ့အနက္ ဘာလီကြၽန္းဟာ နိုင္ငံတကာ ခရီးသြားဧည့္သည္ေတြ ပိုမိုလာေရာက္ရာ ေနရာလည္း ျဖစ္ပါတယ္။

အင္ဒိုနီးရွားနိုင္ငံ စာရင္းဇယားဗ်ဴရိုရဲ႕ ထုတ္ျပန္ခ်က္အရ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္အတြင္း ဘာလီကြၽန္းကို လာေရာက္ လည္ပတ္ခဲ့ၾကတဲ့ နိုင္ငံတကာ ခရီးသြားဧည့္သည္ေပါင္း ၆ သန္းေက်ာ္ရွိခဲ့ၿပီး အဲ့ဒီထဲမွာ ၾသစေၾတးလ်နိဳင္ငံသားေပါင္းက ၁ သန္းေက်ာ္ ရွိခဲ့ပါတယ္။

အခုဆိုရင္ေတာ့ နိုင္ငံတကာ ခရီးသြားဧည့္သည္ေတြ အလာမ်ားတဲ့ ဘာလီကြၽန္းမွာ ဥပေဒအသစ္ တရပ္ ထြက္ေပၚလာပါေတာ့မယ္။ အဲဒီ ဥပေဒကေတာ့ လက္မထပ္ရေသးတဲ့ စုံတြဲေတြ ဘာလီကြၽန္းမွာ လိင္မႈကိစၥ ျပဳၾကတာကို တားျမစ္မယ့္ ဥပေဒပါ။

ဘာလီကြၽန္းကို လာေရာက္ လည္ပတ္ၾကတဲ့ စုံတြဲေတြဟာ သက္ဆိုင္ရာနိုင္ငံမွာ တရားဝင္ လက္ထပ္ၿပီးသူေတြသာ ျဖစ္ရပါမယ္။ ဒီလိုမွ မဟုတ္ရင္ ဘာလီကြၽန္းက ဟိုတယ္ခန္းေတြကို ငွားရမ္း ေနထိုင္ခြင့္ရမွာ မဟုတ္ပါဘူး။

လက္မထပ္ဘဲ လိင္မႈကိစၥက်ဴးလြန္တာဟာ ညစ္ညမ္းတဲ့ အျပဳအမူတရပ္လို႔ အင္ဒိုနီးရွားနိုင္ငံက လက္ခံထားပါတယ္။ ဒါေၾကာင့္လည္း လက္မထပ္ရေသးဘဲ အတူေနသူေတြကို ေထာင္ ၆ လ အျပစ္ေပးနိုင္တဲ့ ဥပေဒတရပ္ကို အင္ဒိုနီးရွားနိုင္ငံက ျပ႒ာန္းခဲ့ပါတယ္။

အင္ဒိုနီးရွားနိုင္ငံဟာ မြတ္စလင္ အမ်ားစု ေနထိုင္တဲ့ နိုင္ငံတနိုင္ငံပါ။ ဘာသာေရးအရဆိုရင္လည္း လက္မထပ္ဘဲ အတူေနတာကို ျပစ္မႈေျမာက္တယ္လို႔ ယူဆထားပါတယ္။ ဒါေၾကာင့္လည္း ေနာက္ပိုင္း ဘာလီကြၽန္းကို သြားေရာက္ လည္ပတ္သူေတြအေနနဲ႕ လက္မထပ္ရေသးဘဲ အတူေနတဲ့ ကိစၥကို ဆင္ျခင္ရေတာ့မွာလည္း ျဖစ္ပါတယ္။

လက္မထပ္ရေသးတဲ့ စုံတြဲေတြကို ဘာလီကြၽန္းက ဟိုတယ္ေတြကလည္း လက္ခံေတာ့မွာ မဟုတ္ပါဘူး။

[Unicode Version]

လက်မထပ်ရသေးဘဲ အတူနေတဲ့ စုံတွဲတွေကို ထောင်ဒဏ် ချမှတ်မယ့် ဘာလီကျွန်း

By ညီညီသူ 23 September 2019

အင်ဒိုနီးရှားနိုင်ငံဟာ လှပပြီး လည်ပတ်ချင်စရာ ပေါများတဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး အင်ဒိုနီးရှားမှာ အထင်ကရ နေရာတွေ များစွာရှိတဲ့အနက် ဘာလီကျွန်းဟာ နိုင်ငံတကာ ခရီးသွားဧည့်သည်တွေ ပိုမိုလာရောက်ရာ နေရာလည်း ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ စာရင်းဇယားဗျူရိုရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်း ဘာလီကျွန်းကို လာရောက် လည်ပတ်ခဲ့ကြတဲ့ နိုင်ငံတကာ ခရီးသွားဧည့်သည်ပေါင်း ၆ သန်းကျော်ရှိခဲ့ပြီး အဲ့ဒီထဲမှာ သြစတြေးလျနိုင်ငံသားပေါင်းက ၁ သန်းကျော် ရှိခဲ့ပါတယ်။

အခုဆိုရင်တော့ နိုင်ငံတကာ ခရီးသွားဧည့်သည်တွေ အလာများတဲ့ ဘာလီကျွန်းမှာ ဥပဒေအသစ် တရပ် ထွက်ပေါ်လာပါတော့မယ်။ အဲဒီ ဥပဒေကတော့ လက်မထပ်ရသေးတဲ့ စုံတွဲတွေ ဘာလီကျွန်းမှာ လိင်မှုကိစ္စ ပြုကြတာကို တားမြစ်မယ့် ဥပဒေပါ။

ဘာလီကျွန်းကို လာရောက် လည်ပတ်ကြတဲ့ စုံတွဲတွေဟာ သက်ဆိုင်ရာနိုင်ငံမှာ တရားဝင် လက်ထပ်ပြီးသူတွေသာ ဖြစ်ရပါမယ်။ ဒီလိုမှ မဟုတ်ရင် ဘာလီကျွန်းက ဟိုတယ်ခန်းတွေကို ငှားရမ်း နေထိုင်ခွင့်ရမှာ မဟုတ်ပါဘူး။

လက်မထပ်ဘဲ လိင်မှုကိစ္စကျူးလွန်တာဟာ ညစ်ညမ်းတဲ့ အပြုအမူတရပ်လို့ အင်ဒိုနီးရှားနိုင်ငံက လက်ခံထားပါတယ်။ ဒါကြောင့်လည်း လက်မထပ်ရသေးဘဲ အတူနေသူတွေကို ထောင် ၆ လ အပြစ်ပေးနိုင်တဲ့ ဥပဒေတရပ်ကို အင်ဒိုနီးရှားနိုင်ငံက ပြဋ္ဌာန်းခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ မွတ်စလင် အများစု နေထိုင်တဲ့ နိုင်ငံတနိုင်ငံပါ။ ဘာသာရေးအရဆိုရင်လည်း လက်မထပ်ဘဲ အတူနေတာကို ပြစ်မှုမြောက်တယ်လို့ ယူဆထားပါတယ်။ ဒါကြောင့်လည်း နောက်ပိုင်း ဘာလီကျွန်းကို သွားရောက် လည်ပတ်သူတွေအနေနဲ့ လက်မထပ်ရသေးဘဲ အတူနေတဲ့ ကိစ္စကို ဆင်ခြင်ရတော့မှာလည်း ဖြစ်ပါတယ်။

လက်မထပ်ရသေးတဲ့ စုံတွဲတွေကို ဘာလီကျွန်းက ဟိုတယ်တွေကလည်း လက်ခံတော့မှာ မဟုတ်ပါဘူး။

Ref. Cntraveller

The Irrawaddy Travel

Leave a Reply

Your email address will not be published. Required fields are marked *