Posted on

[Zawgyi Version]

ယခုေဖာ္ျပမည့္ အေၾကာင္းအရာမ်ားမွာ ျမန္မာ့ေရးရာကိစၥမ်ားကို ကမၻာ့သတင္းမီဒီယာ၊ ကမၻာ့ႏိုင္ငံေရးႏွင့္ စီးပြားေရးေလာက၊ ကမာၻ႕ပညာရွင္ေလာကစသည္တို႔၌ မည္သို႔႐ႈျမင္သုံးသပ္ၾကသည္ဆိုသည့္ အေၾကာင္းမ်ားျဖစ္သည္။ ဤေနရာတြင္ ျပင္ပအျမင္မ်ားကို ေဖာ္ျပသည္ဆိုရာ၌ မူရင္းေရးသားေဖာ္ျပခ်က္ႏွင့္ ပတ္သက္၍ The Voice Journal က ေကာင္းျခင္း၊ ဆိုးျခင္း၊ မွန္ျခင္း၊ မွားျခင္း၊ ေထာက္ခံျခင္း၊ ကန္႔ကြက္ျခင္း အလ်ဥ္းမရွိဘဲ စာဖတ္သူ၏ သိခြင့္ကို တတ္စြမ္းသမၽွျဖည့္ဆည္းေပးရန္ ႀကိဳးစားၾကည့္ျခင္း ျဖစ္သည္။ ‘ကမာၻကေတာ့ ျမန္မာကို ဒီလိုအျမင္ရွိေနတယ္’ ဆိုသည့္ ရည္႐ြယ္ခ်က္ျဖင့္ ေဖာ္ျပျခင္းသာ ျဖစ္ပါသည္။
‘၀’ ကေပးေသာ ပေဟဠိ

ျမန္မာႏိုင္ငံ၏ အေရွ႕ေျမာက္ေဒသ၀လက္နက္ကိုင္တပ္ဖြဲ႕မ်ား ထိန္းခ်ဳပ္ထားသည့္ တရားဝင္သတ္မွတ္ထားျခင္း မရွိေသာ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္သည့္ ပန္ဆန္း၌ စားေသာက္ဆိုင္မ်ား၊ ဟိုတယ္မ်ားႏွင့္ ေဈးဆိုင္မ်ားတြင္ ဘာသာစကားသုံးမ်ိဳး ေရးသားထားပါသည္။ ၀၊ တ႐ုတ္ႏွင့္ ဗမာစကားတို႔ ျဖစ္သည္။

တကယ္တမ္းဆိုရပါလၽွင္ ပန္ဆန္းၿမိဳ႕တြင္ ၀၊ တ႐ုတ္ႏွင့္ အျခားေသာ တိုင္းရင္းသားဘာသာစကားမ်ားကိုသာ က်ယ္က်ယ္ျပန္႔ျပန္႔ေျပာဆိုသုံးစြဲၾကၿပီး ဗမာစကားေရးတတ္၊ ဖတ္တတ္သည့္လူမွာ အနည္းငယ္ေလာက္သာ ရွိသည္။ ထို႔ျပင္ ထိုေဒသ၌ ျမန္မာႏိုင္ငံ၏ အႀကီးဆုံး တိုင္းရင္းသားမ်ိဳးႏြယ္စုျဖစ္ေသာ ဗမာမ်ား၏ လူမႈေရး၊ ႏ္ိုင္ငံေရးအရ လႊမ္းမိုးမႈမွာႀကီးႀကီးမားမား ရွိလွသည္မဟုတ္ပါ။

‘၀’စစ္တပ္ႏွင့္ ႏ္ိုင္ငံေရးအဖြဲ႕ျဖစ္သည့္ ‘၀’ ပါတီတို႔မွာ ျမန္မာႏိုင္ငံရွိ အျခားေသာ တိုင္းရင္းသားလက္နက္ကိုင္မ်ား လိုလားလ်က္ရွိေသာ အေနအထားကို ပိုင္ဆိုင္ထားသည္။ ဗဟိုအစိုးရ ဝင္ေရာက္စြက္ဖက္မႈကင္းသည့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသကို ပိုင္ဆိုင္ထားျခင္း၊ ေခတ္မီလက္နက္မ်ား တပ္ဆင္ထားသည့္ လက္နက္ကိုင္တပ္ဖြဲ႕ရွိျခင္းႏွင့္ ပို၍အေရးႀကီးေသာ အခ်က္အျဖစ္ ျမန္မာတပ္မေတာ္ႏွင့္ ႏွစ္ဖက္သေဘာတူ အပစ္အခတ္ရပ္စဲေရးလက္မွတ္ထိုးထားသည့္ အခ်က္ ျဖစ္သည္။ ယင္းသေဘာတူညီခ်က္မွာ ႏွစ္ေပါင္း ၃၀ ခန္႔ခိုင္ၿမဲေနသည့္ သေဘာတူညီခ်က္ျဖစ္သည္။ သို႔ေသာ္ ယခုအခါ ၀အဖြဲ႕မွာ ယခင္အစိုးရလက္ထက္က စတင္ႀကိဳးပမ္းခဲ့သည့္ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူညီခ်က္စာခ်ဳပ္ကို လက္မွတ္ေရးထိုးရန္ ဖိအားေပးခံေနရၿပီျဖစ္သည္။ ယင္း စာခ်ဳပ္လက္မွတ္ထိုးရန္မွာ ေနာက္အဆင့္ျဖစ္သည့္ ႏိုင္ငံေဆြးေႏြးပြဲတြင္ ပါဝင္ႏိုင္ရန္ လိုအပ္ေသာအခ်က္လည္း ျဖစ္သည္။

“အစိုးရက ကၽြန္ေတာ္တို႔ကို လက္နက္စြန္႔ေစခ်င္တာပါ။ ဒါေပမဲ့ အဲဒီလို လက္နက္စြန္႔ဖို႔ဆိုတာက ႏိုင္ငံေရးသေဘာတူညီခ်က္ေတြရၿပီးမွ၊ တစ္ႏိုင္ငံလုံးၿငိမ္းခ်မ္းေရးရၿပီးမွ ကၽြန္ေတာ္တို႔ စြန္႔ႏိုင္ မွာပါ။ အဲဒီအခ်ိန္က်မွပဲ လက္နက္စြန္႔ပါမယ္။ အခု မစြန္႔ႏိုင္ပါဘူး”ဟု ၀ျပည္ေသြးစည္းညီၫြတ္ေရးပါတီ၏ ေပါလစ္ဗ်ဴ႐ို ႏိုင္ငံျခားေရးရာအၿမဲတမ္းေကာ္မတီဝင္ျဖစ္ေသာ ေက်ာက္ေကာ္အမ္းက Asia Times ႏွင့္ ေတြ႕ဆုံေမးျမန္းခန္းတစ္ခုတြင္ ေျပာၾကားသည္။

ထို႔ျပင္ “ကၽြန္ေတာ္တို႔ရဲ႕ ႏွစ္ေပါင္း ၃၀ ၿငိမ္းခ်မ္းေရး အေတြ႕အႀကဳံအရ ကၽြန္ေတာ္တို႔မွာ လက္နက္မရွိရင္ ကၽြန္ေတာ္တို႔မွာ ဘာမွ မရွိေတာ့ဘူး”ဟု ၎က ဆိုသည္။

ေနာက္ဆုံးၿငိမ္းခ်မ္းေရး သေဘာတူညီခ်က္ရရွိခဲ့ပါက စုစည္းညီၫြတ္ေသာ ၀ျပည္နယ္ႏွင့္ ၎တို႔၏ လက္နက္မ်ား မည္သို႔ ျဖစ္သလာႏိုင္သနည္းဟူေသာေမးခြန္းႏွင့္ ပတ္သက္၍ “ဒီဟာက အနာဂတ္နဲ႔ဆိုင္တဲ့ ေမးခြန္းပါ။ ကၽြန္ေတာ္တို႔ သက္တမ္းကာလအတြင္းမွာေတာ့ ကၽြန္ေတာ္တို႔အေျဖ သိေကာင္းမွသိပါ လိမ့္မယ္”ဟု ေက်ာက္ေကာ္အမ္းက ရယ္ရယ္ေမာေမာျဖင့္ ပေဟဠိဆန္ဆန္ေျဖၾကားခဲ့သည္။

ထို႔ျပင္ ေက်ာက္ေကာ္အမ္းက အရပ္သားအစိုးရေခါင္းေဆာင္ လက္ရွိ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က သူမ၏ ေ႐ြးေကာက္ပြဲမဲဆြယ္စဥ္က ‘တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား အေနႏွင့္ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ကို လက္မွတ္မထိုးမီ ေသေသခ်ာခ်ာစဥ္းစားၾကရန္’တိုက္တြန္းေျပာၾကားခဲ့ေၾကာင္း ေထာက္ျပေျပာဆိုသည္။

သို႔ေသာ္ ေ႐ြးေကာက္ပြဲအႏိုင္ရရွိ ခဲ့ၿပီးေနာက္ သူမ၏ ေလသံမွာ အလ်င္အျမန္ ေျပာင္းလဲသြားခဲ့ၿပီး ျမန္မာတပ္မေတာ္ႏွင့္ မဟာမိတ္ျဖစ္သည့္ အရင္ အစိုးရ၏ မေအာင္ျမင္ေသာ မူဝါဒအတိုင္း ႀကိဳးပမ္းခဲ့သည္ကို ေတြ႕ရသည္။

“ဘာကို ယုံၾကည္ရမလဲဆိုတာ နားလည္သေဘာေပါက္ဖို႔ ခက္ပါတယ္”ဟု ၀ျပည္ေသြးစည္းညီၫြတ္ေရးပါတီ၏ ေပါလစ္ဗ်ဴ႐ိုႏိုင္ငံျခားေရးရာအၿမဲတမ္း ေကာ္မတီဝင္ျဖစ္ေသာ ေက်ာက္ေကာ္အမ္းက ေျပာၾကားသည္။

စာၫႊန္း။ ။ Why Myanmar’s Wa always get what they want

ဧေက်ာ္

[Unicode Version]

ကမ္ဘာက ပြောသောမြန်မာ့အကြောင်း

ယခုဖော်ပြမည့် အကြောင်းအရာများမှာ မြန်မာ့ရေးရာကိစ္စများကို ကမ္ဘာ့သတင်းမီဒီယာ၊ ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေးလောက၊ ကမ္ဘာ့ပညာရှင်လောကစသည်တို့၌ မည်သို့ရှုမြင်သုံးသပ်ကြသည်ဆိုသည့် အကြောင်းများဖြစ်သည်။ ဤနေရာတွင် ပြင်ပအမြင်များကို ဖော်ပြသည်ဆိုရာ၌ မူရင်းရေးသားဖော်ပြချက်နှင့် ပတ်သက်၍ The Voice Journal က ကောင်းခြင်း၊ ဆိုးခြင်း၊ မှန်ခြင်း၊ မှားခြင်း၊ ထောက်ခံခြင်း၊ ကန့်ကွက်ခြင်း အလျဉ်းမရှိဘဲ စာဖတ်သူ၏ သိခွင့်ကို တတ်စွမ်းသမျှဖြည့်ဆည်းပေးရန် ကြိုးစားကြည့်ခြင်း ဖြစ်သည်။ ‘ကမ္ဘာကတော့ မြန်မာကို ဒီလိုအမြင်ရှိနေတယ်’ ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဖော်ပြခြင်းသာ ဖြစ်ပါသည်။

‘ဝ’ ကပေးသော ပဟေဠိ

မြန်မာနိုင်ငံ၏ အရှေ့မြောက်ဒေသဝလက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်ထားသည့် တရားဝင်သတ်မှတ်ထားခြင်း မရှိသော မြို့တစ်မြို့ဖြစ်သည့် ပန်ဆန်း၌ စားသောက်ဆိုင်များ၊ ဟိုတယ်များနှင့် ဈေးဆိုင်များတွင် ဘာသာစကားသုံးမျိုး ရေးသားထားပါသည်။ ဝ၊ တရုတ်နှင့် ဗမာစကားတို့ ဖြစ်သည်။

တကယ်တမ်းဆိုရပါလျှင် ပန်ဆန်းမြို့တွင် ဝ၊ တရုတ်နှင့် အခြားသော တိုင်းရင်းသားဘာသာစကားများကိုသာ ကျယ်ကျယ်ပြန့်ပြန့်ပြောဆိုသုံးစွဲကြပြီး ဗမာစကားရေးတတ်၊ ဖတ်တတ်သည့်လူမှာ အနည်းငယ်လောက်သာ ရှိသည်။ ထို့ပြင် ထိုဒေသ၌ မြန်မာနိုင်ငံ၏ အကြီးဆုံး တိုင်းရင်းသားမျိုးနွယ်စုဖြစ်သော ဗမာများ၏ လူမှုရေး၊ နိုင်ငံရေးအရ လွှမ်းမိုးမှုမှာကြီးကြီးမားမား ရှိလှသည်မဟုတ်ပါ။

‘ဝ’စစ်တပ်နှင့် နိုင်ငံရေးအဖွဲ့ဖြစ်သည့် ‘ဝ’ ပါတီတို့မှာ မြန်မာနိုင်ငံရှိ အခြားသော တိုင်းရင်းသားလက်နက်ကိုင်များ လိုလားလျက်ရှိသော အနေအထားကို ပိုင်ဆိုင်ထားသည်။ ဗဟိုအစိုးရ ဝင်ရောက်စွက်ဖက်မှုကင်းသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ပိုင်ဆိုင်ထားခြင်း၊ ခေတ်မီလက်နက်များ တပ်ဆင်ထားသည့် လက်နက်ကိုင်တပ်ဖွဲ့ရှိခြင်းနှင့် ပို၍အရေးကြီးသော အချက်အဖြစ် မြန်မာတပ်မတော်နှင့် နှစ်ဖက်သဘောတူ အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးထားသည့် အချက် ဖြစ်သည်။ ယင်းသဘောတူညီချက်မှာ နှစ်ပေါင်း ၃၀ ခန့်ခိုင်မြဲနေသည့် သဘောတူညီချက်ဖြစ်သည်။ သို့သော် ယခုအခါ ဝအဖွဲ့မှာ ယခင်အစိုးရလက်ထက်က စတင်ကြိုးပမ်းခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးရန် ဖိအားပေးခံနေရပြီဖြစ်သည်။ ယင်း စာချုပ်လက်မှတ်ထိုးရန်မှာ နောက်အဆင့်ဖြစ်သည့် နိုင်ငံဆွေးနွေးပွဲတွင် ပါဝင်နိုင်ရန် လိုအပ်သောအချက်လည်း ဖြစ်သည်။

“အစိုးရက ကျွန်တော်တို့ကို လက်နက်စွန့်စေချင်တာပါ။ ဒါပေမဲ့ အဲဒီလို လက်နက်စွန့်ဖို့ဆိုတာက နိုင်ငံရေးသဘောတူညီချက်တွေရပြီးမှ၊ တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရပြီးမှ ကျွန်တော်တို့ စွန့်နိုင် မှာပါ။ အဲဒီအချိန်ကျမှပဲ လက်နက်စွန့်ပါမယ်။ အခု မစွန့်နိုင်ပါဘူး”ဟု ဝပြည်သွေးစည်းညီညွတ်ရေးပါတီ၏ ပေါလစ်ဗျူရို နိုင်ငံခြားရေးရာအမြဲတမ်းကော်မတီဝင်ဖြစ်သော ကျောက်ကော်အမ်းက Asia Times နှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောကြားသည်။

ထို့ပြင် “ကျွန်တော်တို့ရဲ့ နှစ်ပေါင်း ၃၀ ငြိမ်းချမ်းရေး အတွေ့အကြုံအရ ကျွန်တော်တို့မှာ လက်နက်မရှိရင် ကျွန်တော်တို့မှာ ဘာမှ မရှိတော့ဘူး”ဟု ၎င်းက ဆိုသည်။

နောက်ဆုံးငြိမ်းချမ်းရေး သဘောတူညီချက်ရရှိခဲ့ပါက စုစည်းညီညွတ်သော ဝပြည်နယ်နှင့် ၎င်းတို့၏ လက်နက်များ မည်သို့ ဖြစ်သလာနိုင်သနည်းဟူသောမေးခွန်းနှင့် ပတ်သက်၍ “ဒီဟာက အနာဂတ်နဲ့ဆိုင်တဲ့ မေးခွန်းပါ။ ကျွန်တော်တို့ သက်တမ်းကာလအတွင်းမှာတော့ ကျွန်တော်တို့အဖြေ သိကောင်းမှသိပါ လိမ့်မယ်”ဟု ကျောက်ကော်အမ်းက ရယ်ရယ်မောမောဖြင့် ပဟေဠိဆန်ဆန်ဖြေကြားခဲ့သည်။

ထို့ပြင် ကျောက်ကော်အမ်းက အရပ်သားအစိုးရခေါင်းဆောင် လက်ရှိ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ရွေးကောက်ပွဲမဲဆွယ်စဉ်က ‘တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အနေနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်မထိုးမီ သေသေချာချာစဉ်းစားကြရန်’တိုက်တွန်းပြောကြားခဲ့ကြောင်း ထောက်ပြပြောဆိုသည်။

သို့သော် ရွေးကောက်ပွဲအနိုင်ရရှိ ခဲ့ပြီးနောက် သူမ၏ လေသံမှာ အလျင်အမြန် ပြောင်းလဲသွားခဲ့ပြီး မြန်မာတပ်မတော်နှင့် မဟာမိတ်ဖြစ်သည့် အရင် အစိုးရ၏ မအောင်မြင်သော မူဝါဒအတိုင်း ကြိုးပမ်းခဲ့သည်ကို တွေ့ရသည်။

“ဘာကို ယုံကြည်ရမလဲဆိုတာ နားလည်သဘောပေါက်ဖို့ ခက်ပါတယ်”ဟု ဝပြည်သွေးစည်းညီညွတ်ရေးပါတီ၏ ပေါလစ်ဗျူရိုနိုင်ငံခြားရေးရာအမြဲတမ်း ကော်မတီဝင်ဖြစ်သော ကျောက်ကော်အမ်းက ပြောကြားသည်။

စာညွှန်း။ ။ Why Myanmar’s Wa always get what they want

ဧကျော်

The Voice Journal

Leave a Reply

Your email address will not be published. Required fields are marked *