Posted on

[Zawgyi Version]

Maldives International Future Series 2019 ပြိုင်ပွဲရဲ့ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ မြန်မာ့ဂုဏ်ဆောင်ကြက်တောင်မယ် သက်ထားသူဇာက အိန္ဒိယကြက်တောင်မယ် ရှရူတီမွန်ဒါဒါကို ၂၁-၁၀၊ ၂၁-၁၀ နဲ့ (၂)ပွဲပြတ် အနိုင်ယူပြီး ဗိုလ်လုပွုဲ တက်ရောက်သွားခဲ့ပါပြီ။



[Unicode Version]

အိန္ဒိယကစားသမားကို အနိုင်ယူပြီး ဗိုလ်လုပွဲကိုတက်လှမ်းသွားတဲ့ သက်ထားသူဇာ

Maldives International Future Series 2019 ပြိုင်ပွဲရဲ့ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ မြန်မာ့ဂုဏ်ဆောင်ကြက်တောင်မယ် သက်ထားသူဇာက အိန္ဒိယကြက်တောင်မယ် ရှရူတီမွန်ဒါဒါကို ၂၁-၁၀၊ ၂၁-၁၀ နဲ့ (၂)ပွဲပြတ် အနိုင်ယူပြီး ဗိုလ်လုပုွဲ တက်ရောက်သွားခဲ့ပါပြီ။

ကွာတားဖိုင်နယ်ပွဲစဉ်မှာ မြန်မာ့ဂုဏ်ဆောင်ကြက်တောင်မယ် သက်ထားသူဇာက သီရိလင်္ကာကြက်တောင်မယ် သီလီနီကို (၂၁-၁၅)၊ (၂၁-၁၂)နဲ့ (၂)ပွဲပြတ် အနိုင်ယူပြီး ဆီမီးဖိုင်နယ် တက်လှမ်းလာခဲ့တာပါ။ သက်ထားသူဇာဟာ ဗိုလ်လုပွဲမှာ ထိုင်းကြက်တောင်မယ် ဆီပရာကော့ ဒါမှမဟုတ် အိန္ဒိယကြက်တောင်မယ် ဘန်ဆော့ဒ်တို့နဲ့ ယှဉ်ပြိုင်ရမှာပါ။

ဒီပြိုင်ပွဲမှာ နိုင်ခြေအဆင့်(၁) သတ်မှတ်ခံထားရတဲ့ သက်ထားသူဇာဟာ ဆီမီးဖိုင်နယ်မှာ အိန္ဒိယကြက်တောင်မယ် ရှရူတီမွန်ဒါဒါနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ သက်ထားသူဇာဟာ စက်တင်ဘာလ(၁၇)ရက်နေ့ ထုတ်ပြန်တဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ အဆင့်(၇၀)ရပ်တည်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *