Posted on

[Zawgyi Version]

ရန္ကုန္၊ စက္တင္ဘာ ၂၀

ရွမ္းျပည္နယ္ ေျမာက္ပိုင္းတြင္ တပ္မေတာ္ႏွင့္ တိုက္ပြဲမ်ားျဖစ္ပြားခဲ့ၿပီး ၿငိမ္းခ်မ္းေရးေဆြးေႏြး ပြဲျပဳလုပ္ခဲ့ေသာ ေျမာက္ပိုင္းညီေနာင္မဟာမိတ္သံုးဖြဲ႔ (TNLA, NDAA, AA) သည္ ဒီဇင္ဘာလ ၃၁ ရက္ေန႔ထိ အပစ္ခတ္ရပ္စဲေၾကာင္း ယေန႔ (စက္တင္ဘာ ၂၀) ရက္စြဲျဖင့္ ထုတ္ျပန္ေၾကညာလိုက္သည္။

ေျမာက္ပိုင္းညီေနာင္မဟာမိတ္သံုးဖြဲ႔သည္ အစိုးရႏွင့္အပစ္ခတ္ရပ္စဲေရး သေဘာတူစာခ်ဳပ္ လက္မွတ္ေရးထိုးႏိုင္မည့္ ေတြ႔ဆံုေဆြးေႏြးမႈ လုပ္ငန္းစဥ္မ်ားကို လက္ေတြ႔က်က် လုပ္ေဆာင္ႏိုင္ရန္ႏွင့္ လက္ရွိ ျဖစ္ပြားေနေသာ တိုက္ပြဲမ်ားေလွ်ာ့ခ်ႏိုင္ရန္အတြက္ ယခုႏွစ္ကုန္အထိ တစ္ဖက္သတ္ အပစ္ခတ္ရပ္စဲျခင္းျဖစ္ေၾကာင္း ယင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထိုမဟာမိတ္အဖြဲ႔သည္ စက္တင္ဘာ ၉ ရက္ေန႔က တစ္လတာ အပစ္ခတ္ရပ္စဲေၾကာင္း ေၾကျငာထားၿပီး ယခုတဖန္ ႏွစ္ကုန္ထိ အပစ္ခတ္ရပ္စဲေၾကာင္း ထပ္မံေၾကညာေသာ္လည္း တပ္မေတာ္က ထိုးစစ္ဆင္ျခင္း၊ ရဟတ္ယဥ္ ၊ သေဘာၤမ်ား အသံုးျပဳ၍ လက္နက္ႀကီးမ်ား ပစ္ခတ္ျခင္း စသျဖင့္ တိုက္ခိုက္မႈမ်ား ျပဳလုပ္လာပါက ျပန္လည္ ခုခံသြားမည္ျဖစ္ေၾကာင္းကိုလည္း ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။

တပ္မေတာ္က စစ္တိုင္းႀကီးငါးခုတြင္ ထပ္မံအပစ္ခတ္ရပ္စဲေၾကာင္း ေၾကျငာသည့္ကာလမွာ မနက္ျဖန္ (စက္တင္ဘာ ၂၁ ရက္) တြင္ သက္တမ္းကုန္ဆံုးမည္ျဖစ္သည္။

[Unicode Version]

မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ ယခုနှစ်ကုန်ထိ အပစ်ခတ်ရပ်စဲကြောင်း ကြေညာ

ရန်ကုန်၊ စက်တင်ဘာ ၂၀

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေး ပွဲပြုလုပ်ခဲ့သော မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ (TNLA, NDAA, AA) သည် ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ အပစ်ခတ်ရပ်စဲကြောင်း ယနေ့ (စက်တင်ဘာ ၂၀) ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့သည် အစိုးရနှင့်အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်မည့် တွေ့ဆုံဆွေးနွေးမှု လုပ်ငန်းစဉ်များကို လက်တွေ့ကျကျ လုပ်ဆောင်နိုင်ရန်နှင့် လက်ရှိ ဖြစ်ပွားနေသော တိုက်ပွဲများလျှော့ချနိုင်ရန်အတွက် ယခုနှစ်ကုန်အထိ တစ်ဖက်သတ် အပစ်ခတ်ရပ်စဲခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုမဟာမိတ်အဖွဲ့သည် စက်တင်ဘာ ၉ ရက်နေ့က တစ်လတာ အပစ်ခတ်ရပ်စဲကြောင်း ကြေငြာထားပြီး ယခုတဖန် နှစ်ကုန်ထိ အပစ်ခတ်ရပ်စဲကြောင်း ထပ်မံကြေညာသော်လည်း တပ်မတော်က ထိုးစစ်ဆင်ခြင်း၊ ရဟတ်ယဉ် ၊ သဘောၤများ အသုံးပြု၍ လက်နက်ကြီးများ ပစ်ခတ်ခြင်း စသဖြင့် တိုက်ခိုက်မှုများ ပြုလုပ်လာပါက ပြန်လည် ခုခံသွားမည်ဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

တပ်မတော်က စစ်တိုင်းကြီးငါးခုတွင် ထပ်မံအပစ်ခတ်ရပ်စဲကြောင်း ကြေငြာသည့်ကာလမှာ မနက်ဖြန် (စက်တင်ဘာ ၂၁ ရက်) တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

The Voice

Leave a Reply

Your email address will not be published. Required fields are marked *