Posted on

[Zawgyi Version]

ေနျပည္ေတာ္မွာ ေဖာက္ခြဲမႈ ျပဳလုပ္လာမယ့္ သတင္းရရွိထားတဲ့ အတြက္ လုံၿခဳံေရး အထူး ဂ႐ုစိုက္ဖို႔ သမၼတ႐ုံးက အစိုးရ ဌာနဆိုင္ရာ အသီးသီးကို ၫႊန္ၾကားထားေၾကာင္း ဘီဘီစီ သိလာရပါတယ္။

အဲဒီလို သမၼတ႐ုံးရဲ႕ သတိေပးခ်က္ရွိတဲ့ အတြက္ ေဆာက္လုပ္ေရး ဝန္ႀကီးဌာနကေန ဝန္ႀကီးဌာနေအာက္က ဦးစီးဌာန အသီးသီးထံကို ေပးပို႔ခဲ့ပါတယ္။

လုံၿခဳံေရး ဆိုင္ရာ သတိေပးခ်က္ လက္ခံ ရရွိထားတယ္လို႔ ေဆာက္လုပ္ေရး ဝန္ႀကီးဌာနေအာက္က ဦးစီးဌာနတစ္ခုျဖစ္တဲ့ ေက်းလက္လမ္း ဖြံ႕ၿဖိဳးေရး ဦးစီးဌာနက ဘီဘီစီကို အတည္ျပဳပါတယ္။

လူအဝင္အထြက္ေတြ သတိထား စိစစ္တာမ်ိဳး၊ လိုအပ္လာရင္ လမ္းတံတားေတြ ပိတ္တာမ်ိဳး ေဆာင္႐ြက္ဖို႔ ျပင္ဆင္ထားတယ္ဆိုၿပီး ေက်းလက္လမ္း ဖြံ႕ၿဖိဳးေရး ဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးခင္သက္က ေျပာပါတယ္။

သတိေပးၫႊန္ၾကားလႊာထဲ ဘာေတြ ေျပာထားလဲ

ဒီၫႊန္ၾကားခ်က္ဟာ ႏိုင္ငံေတာ္ သမၼတ႐ုံး၊ ႏိုင္ငံေရးနဲ႔ လုံၿခဳံေရး ဌာနႀကီး ထံကေန စက္တင္ဘာ ၁၆ ရက္ေန႔ ရက္စြဲနဲ႔ အေၾကာင္းၾကားလာတာ ျဖစ္တယ္လို႔ ေဆာက္လုပ္ေရး ျပည္ေထာင္စု ဝန္ႀကီး ကိုယ္စား လက္ေထာက္ အတြင္းဝန္ ဦးအုန္းတင့္ လက္မွတ္ထိုးထားတဲ့ စာထဲ ေတြ႕ရပါတယ္။

ပစ္မွတ္ထားခံရတဲ့ နယ္ေျမဟာ ေနျပည္ေတာ္ေကာင္စီ နယ္ေျမ ျဖစ္တယ္လို႔ ဆိုပါတယ္။

ဒါ့ေၾကာင့္ ျပည္ေထာင္စု နယ္ေျမထဲမွာ လုံၿခဳံေရး အထူးဂ႐ုျပဳ ေဆာင္႐ြက္ၾကဖို႔ အစိုးရ ဌာနဆိုင္ရာေတြကို သတိေပးထားတာ ျဖစ္ပါတယ္။

(ျပည္ေထာင္စုနယ္ေျမဆိုတာ ႏိုင္ငံေတာ္သမၼတ တိုက္႐ိုက္ အုပ္ခ်ဳပ္မႈေအာက္မွာ ထားရွိတဲ့ နယ္ေျမလို႔ အဓိပၸာယ္ဖြင့္ႏိုင္ၿပီး ၊ လက္ရွိမွာေတာ့ အစိုးရ႐ုံးစိုက္ရာ ေနျပည္ေတာ္ကို ျပည္ေထာင္စုနယ္ေျမ အျဖစ္ သတ္မွတ္ထားပါတယ္။)

ေဖာက္ခြဲတိုက္ခိုက္မႈ လုပ္လာႏိုင္တဲ့ ရက္ေတြ ဆိုၿပီး အတိတက်လည္း ေဖာ္ျပထားပါတယ္။

၁၆ ရက္ စက္တင္ဘာ ဆိုတဲ့ ပထမဆုံး ရက္စြဲကေတာ့ ေက်ာ္လြန္ခဲ့ၿပီ ျဖစ္ပါတယ္။

ဗုံးခြဲ တိုက္ခိုက္ခံရႏိုင္တဲ့ ရက္ေတြ အျဖစ္ ထပ္ေျပာထားတဲ့ ရက္စြဲေတြကေတာ့ ၂၆ ရက္ စက္တင္ဘာ ဒါမွမဟုတ္ ၁၆ ရက္ ေအာက္တိုဘာ ရက္ေတြဆိုၿပီး ေဖာ္ျပထားပါတယ္။

ဘယ္သူေတြက တိုက္ခိုက္လာႏိုင္တယ္လို႔ ေျပာထားလဲ

ေဖာက္ခြဲမႈတစ္ခု ျပဳလုပ္လာမယ့္ သူေတြဆိုၿပီး တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕တခ်ိဳ႕ကို နာမည္တပ္ၿပီး ေျပာဆိုထားတာမွာ တႏိုင္ငံလုံး အပစ္ရပ္ သေဘာတူ စာခ်ဳပ္ NCA စာခ်ဳပ္ထဲ ပါဝင္ လက္မွတ္ေရးထိုးထားတဲ့ ခ်င္းအမ်ိဳးသားတပ္ဦး CNF နဲ႔ ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU တို႔ ပါဝင္ေနတာ ေတြ႕ရပါတယ္။

ဒါ့အျပင္ လတ္တေလာမွာပဲ က်ိဳင္းတုံ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြ ျပဳလုပ္ထားတဲ့ ေျမာက္ပိုင္း မဟာမိတ္ အဖြဲ႕ေတြထဲကလည္း ရခိုင္ ေအေအ အဖြဲ႕နဲ႔ ကခ်င္ ေကအိုင္ေအတို႔ကို နာမည္တပ္ ေဖာ္ျပထားၿပီး က်န္တစ္ဖြဲ႕ကို စိစစ္ေနဆဲလို႔ ဆိုထားပါတယ္။

အဲဒီလို သမၼတ႐ုံးဘက္က ျပဳလုပ္ထားတဲ့ လုံၿခဳံေရးတပ္လွန္႔မႈထဲမွာ ပါဝင္ေနတဲ့ ရခိုင္ ေအေအ အဖြဲ႕ကေတာ့ ေနျပည္ေတာ္ထိ တက္ၿပီး ဗုံးခြဲမယ္ဆိုတဲ့ သတင္းကို ျငင္းပယ္ပါတယ္။

“အစိုးရအေနနဲ႔ သူတို႔ဘာသာ သူတို႔ စိတ္မလုံမၿခဳံ ျဖစ္ေနၾကတာ … ဗုဒၶဘာသာစကားနဲ႔ ေျပာရရင္ ကံကံရဲ႕ အက်ိဳးေပးလို႔ ေျပာရမွာေပါ့။ သူမ်ားကို သြားၿပီး အႏိုင္က်င့္တာေတြ မ်ားလာေတာ့ ကိုယ့္ကိုလည္းသူမ်ားက အဲဒီလို လုပ္မလားဆိုၿပီး စိုးရိမ္ခ်က္ေတြ သူတို႔စိတ္ထဲ ရွိေနတာ” ဆိုၿပီး ေအေအ ေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။

က်န္ နာမည္တပ္ခံထားရတဲ့ အဖြဲ႕ေတြဘက္က တုန္႔ျပန္ခ်က္ေတြကိုေတာ့ မသိရေသးပါဘူး။

ဒီသတင္းဘယ္ကရတာလဲ

တပ္မေတာ္အေနနဲ႔ေရာ အခုလို ေနျပည္ေတာ္မွာ ဗုံးခြဲခံရႏိုင္တဲ့ သတင္းမ်ိဳးရထားလား ဆိုၿပီး တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရး အဖြဲ႕ကို ဘီဘီစီက ေမးပါတယ္။

“ဒီသတင္းကို တပ္မေတာ္အေနနဲ႔ သမၼတ႐ုံးထံကေန ကနဦး ရရွိတာမဟုတ္ဘူး။ ကနဦး အေၾကာင္းၾကားလာတဲ့ ဌာနရွိတယ္။ အဲဒီ သတင္းအေပၚ မူတည္ၿပီး အခုလို သတိေပးခ်က္ေတြ ေပၚထြက္လာတာျဖစ္တယ္” လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရး အဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျဖဆိုပါတယ္။

ဒါေပမယ့္ ကနဦး သတင္းရရွိတဲ့ ဌာန ဆိုတာ ဘယ္ဌာနလည္း ဆိုတာကိုေတာ့ ထုတ္ေဖာ္ ေျပာဆိုတာမ်ိဳး မလုပ္ပါဘူး။

ဒီသတင္းကို လ်စ္လ်ဴရႈမထားပဲ အခုအခ်ိန္ကစၿပီး လုံၿခဳံေရးနဲ႔ ပတ္သက္လို႔ သတိထား ေဆာင္႐ြက္ေနတယ္လို႔လည္း ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

“ဘယ္အဖြဲ႕အစည္းထံက ျဖစ္ေစ လုံၿခဳံေရးနဲ႔ ပတ္သက္တဲ့ သတင္းမ်ိဳး ရရွိၿပီဆိုရင္ သတိဆိုတာ ပိုသည္မရွိ ဆိုၿပီး သေဘာထားတယ္” လို႔လည္း ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ဆိုပါတယ္။

ဝန္ႀကီးဌာနတြင္း သတိေပး ၫႊန္ၾကားခ်က္ ေပါက္ၾကားလာတဲ့ ျဖစ္ရပ္အေပၚမွာေတာ့ ဌာနတြင္း လွ်ိဳ႕ဝွက္အေနနဲ႔ အသိေပး ျဖန္႔တဲ့ အစိုးရ ႐ုံးစာမ်ိဳး အြန္လိုင္းေပၚ ေရာက္လာတာမ်ိဳး မျဖစ္သင့္ဘူးလို႔ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက မွတ္ခ်က္ျပဳပါတယ္။

[Unicode Version]

နေပြည်တော်မှာ ဖောက်ခွဲတိုက်ခိုက်မယ့် သတင်း ရရှိနေတယ်လို့ သမ္မတရုံး သတိပေး

နေပြည်တော်မှာ ဖောက်ခွဲမှု ပြုလုပ်လာမယ့် သတင်းရရှိထားတဲ့ အတွက် လုံခြုံရေး အထူး ဂရုစိုက်ဖို့ သမ္မတရုံးက အစိုးရ ဌာနဆိုင်ရာ အသီးသီးကို ညွှန်ကြားထားကြောင်း ဘီဘီစီ သိလာရပါတယ်။

အဲဒီလို သမ္မတရုံးရဲ့ သတိပေးချက်ရှိတဲ့ အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနကနေ ဝန်ကြီးဌာနအောက်က ဦးစီးဌာန အသီးသီးထံကို ပေးပို့ခဲ့ပါတယ်။

လုံခြုံရေး ဆိုင်ရာ သတိပေးချက် လက်ခံ ရရှိထားတယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနအောက်က ဦးစီးဌာနတစ်ခုဖြစ်တဲ့ ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနက ဘီဘီစီကို အတည်ပြုပါတယ်။

လူအဝင်အထွက်တွေ သတိထား စိစစ်တာမျိုး၊ လိုအပ်လာရင် လမ်းတံတားတွေ ပိတ်တာမျိုး ဆောင်ရွက်ဖို့ ပြင်ဆင်ထားတယ်ဆိုပြီး ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်သက်က ပြောပါတယ်။

သတိပေးညွှန်ကြားလွှာထဲ ဘာတွေ ပြောထားလဲ

ဒီညွှန်ကြားချက်ဟာ နိုင်ငံတော် သမ္မတရုံး၊ နိုင်ငံရေးနဲ့ လုံခြုံရေး ဌာနကြီး ထံကနေ စက်တင်ဘာ ၁၆ ရက်နေ့ ရက်စွဲနဲ့ အကြောင်းကြားလာတာ ဖြစ်တယ်လို့ ဆောက်လုပ်ရေး ပြည်ထောင်စု ဝန်ကြီး ကိုယ်စား လက်ထောက် အတွင်းဝန် ဦးအုန်းတင့် လက်မှတ်ထိုးထားတဲ့ စာထဲ တွေ့ရပါတယ်။

ပစ်မှတ်ထားခံရတဲ့ နယ်မြေဟာ နေပြည်တော်ကောင်စီ နယ်မြေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ပြည်ထောင်စု နယ်မြေထဲမှာ လုံခြုံရေး အထူးဂရုပြု ဆောင်ရွက်ကြဖို့ အစိုးရ ဌာနဆိုင်ရာတွေကို သတိပေးထားတာ ဖြစ်ပါတယ်။

(ပြည်ထောင်စုနယ်မြေဆိုတာ နိုင်ငံတော်သမ္မတ တိုက်ရိုက် အုပ်ချုပ်မှုအောက်မှာ ထားရှိတဲ့ နယ်မြေလို့ အဓိပ္ပာယ်ဖွင့်နိုင်ပြီး ၊ လက်ရှိမှာတော့ အစိုးရရုံးစိုက်ရာ နေပြည်တော်ကို ပြည်ထောင်စုနယ်မြေ အဖြစ် သတ်မှတ်ထားပါတယ်။)

ဖောက်ခွဲတိုက်ခိုက်မှု လုပ်လာနိုင်တဲ့ ရက်တွေ ဆိုပြီး အတိတကျလည်း ဖော်ပြထားပါတယ်။

၁၆ ရက် စက်တင်ဘာ ဆိုတဲ့ ပထမဆုံး ရက်စွဲကတော့ ကျော်လွန်ခဲ့ပြီ ဖြစ်ပါတယ်။

ဗုံးခွဲ တိုက်ခိုက်ခံရနိုင်တဲ့ ရက်တွေ အဖြစ် ထပ်ပြောထားတဲ့ ရက်စွဲတွေကတော့ ၂၆ ရက် စက်တင်ဘာ ဒါမှမဟုတ် ၁၆ ရက် အောက်တိုဘာ ရက်တွေဆိုပြီး ဖော်ပြထားပါတယ်။

ဘယ်သူတွေက တိုက်ခိုက်လာနိုင်တယ်လို့ ပြောထားလဲ

ဖောက်ခွဲမှုတစ်ခု ပြုလုပ်လာမယ့် သူတွေဆိုပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့ကို နာမည်တပ်ပြီး ပြောဆိုထားတာမှာ တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် NCA စာချုပ်ထဲ ပါဝင် လက်မှတ်ရေးထိုးထားတဲ့ ချင်းအမျိုးသားတပ်ဦး CNF နဲ့ ကရင်အမျိုးသား အစည်းအရုံး KNU တို့ ပါဝင်နေတာ တွေ့ရပါတယ်။

ဒါ့အပြင် လတ်တလောမှာပဲ ကျိုင်းတုံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြုလုပ်ထားတဲ့ မြောက်ပိုင်း မဟာမိတ် အဖွဲ့တွေထဲကလည်း ရခိုင် အေအေ အဖွဲ့နဲ့ ကချင် ကေအိုင်အေတို့ကို နာမည်တပ် ဖော်ပြထားပြီး ကျန်တစ်ဖွဲ့ကို စိစစ်နေဆဲလို့ ဆိုထားပါတယ်။

အဲဒီလို သမ္မတရုံးဘက်က ပြုလုပ်ထားတဲ့ လုံခြုံရေးတပ်လှန့်မှုထဲမှာ ပါဝင်နေတဲ့ ရခိုင် အေအေ အဖွဲ့ကတော့ နေပြည်တော်ထိ တက်ပြီး ဗုံးခွဲမယ်ဆိုတဲ့ သတင်းကို ငြင်းပယ်ပါတယ်။

“အစိုးရအနေနဲ့ သူတို့ဘာသာ သူတို့ စိတ်မလုံမခြုံ ဖြစ်နေကြတာ … ဗုဒ္ဓဘာသာစကားနဲ့ ပြောရရင် ကံကံရဲ့ အကျိုးပေးလို့ ပြောရမှာပေါ့။ သူများကို သွားပြီး အနိုင်ကျင့်တာတွေ များလာတော့ ကိုယ့်ကိုလည်းသူများက အဲဒီလို လုပ်မလားဆိုပြီး စိုးရိမ်ချက်တွေ သူတို့စိတ်ထဲ ရှိနေတာ” ဆိုပြီး အေအေ ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

ကျန် နာမည်တပ်ခံထားရတဲ့ အဖွဲ့တွေဘက်က တုန့်ပြန်ချက်တွေကိုတော့ မသိရသေးပါဘူး။

ဒီသတင်းဘယ်ကရတာလဲ

တပ်မတော်အနေနဲ့ရော အခုလို နေပြည်တော်မှာ ဗုံးခွဲခံရနိုင်တဲ့ သတင်းမျိုးရထားလား ဆိုပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ကို ဘီဘီစီက မေးပါတယ်။

“ဒီသတင်းကို တပ်မတော်အနေနဲ့ သမ္မတရုံးထံကနေ ကနဦး ရရှိတာမဟုတ်ဘူး။ ကနဦး အကြောင်းကြားလာတဲ့ ဌာနရှိတယ်။ အဲဒီ သတင်းအပေါ် မူတည်ပြီး အခုလို သတိပေးချက်တွေ ပေါ်ထွက်လာတာဖြစ်တယ်” လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဖြေဆိုပါတယ်။

ဒါပေမယ့် ကနဦး သတင်းရရှိတဲ့ ဌာန ဆိုတာ ဘယ်ဌာနလည်း ဆိုတာကိုတော့ ထုတ်ဖော် ပြောဆိုတာမျိုး မလုပ်ပါဘူး။

ဒီသတင်းကို လျစ်လျူရှုမထားပဲ အခုအချိန်ကစပြီး လုံခြုံရေးနဲ့ ပတ်သက်လို့ သတိထား ဆောင်ရွက်နေတယ်လို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

“ဘယ်အဖွဲ့အစည်းထံက ဖြစ်စေ လုံခြုံရေးနဲ့ ပတ်သက်တဲ့ သတင်းမျိုး ရရှိပြီဆိုရင် သတိဆိုတာ ပိုသည်မရှိ ဆိုပြီး သဘောထားတယ်” လို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။

ဝန်ကြီးဌာနတွင်း သတိပေး ညွှန်ကြားချက် ပေါက်ကြားလာတဲ့ ဖြစ်ရပ်အပေါ်မှာတော့ ဌာနတွင်း လျှို့ဝှက်အနေနဲ့ အသိပေး ဖြန့်တဲ့ အစိုးရ ရုံးစာမျိုး အွန်လိုင်းပေါ် ရောက်လာတာမျိုး မဖြစ်သင့်ဘူးလို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မှတ်ချက်ပြုပါတယ်။

BBC Burmese

Leave a Reply

Your email address will not be published. Required fields are marked *