Posted on

အိႏၵိယႏိုင္ငံမွာ ေရွးေခတ္ကတည္းက သခြားသီးကို အစားအစာအျဖစ္ေရာ၊ ႐ိုးရာေဆးအျဖစ္ပါ အသုံးျပဳခဲ့ၾကပါတယ္။ အိႏၵိယႏိုင္ငံလိုမ်ိဳး ရာသီဥတု ပူတဲ့ႏိုင္ငံမွာ သခြားသီးက ခႏၶာကိုယ္မွာ ေရဓာတ္ျဖည့္ဖို႔ အတြက္ မရွိမျဖစ္လိုအပ္ပါတယ္ ။

သခြားသီးက အာ႐ုံေၾကာနဲ႔သက္ဆိုင္တဲ့ေရာဂါေတြကို ကာကြယ္ေပးပါတယ္

သခြားသီးက ဦးေႏွာက္ က်န္းမာေရးအတြက္ အလြန္ အက်ိဳးျပဳပါတယ္ ။ သခြားသီးမွာ ေဖာ့စေဖာရပ္လည္း ပါဝင္တာေၾကာင့္ ေဖာ့စေဖာရပ္ ခ်ိဳ႕တဲ့ျခင္းေၾကာင့္ ျဖစ္တဲ့ ေရာဂါေတြကို ကာကြယ္ၿပီးသားလည္း ျဖစ္ေစပါတယ္ ။ သခြားသီးကို မွန္မွန္စားေပးရင္ ဦးေႏွာက္ထက္ျမက္လာမွာပါ ။

အဆီပိုေတြကိုလည္း က်ေစပါတယ္

သခြားသီးမွာ ေရဓာတ္ပါဝင္တာေၾကာင့္ဘအစားေတြ အမ်ားႀကီးမစားမိေအာင္ ထိန္းခ်ဳပ္ေပးပါတယ္ ။ သခြားသီးမွာ အဆီလည္း မပါဝင္ပါဘူး ။ ကယ္လိုရီလည္း နည္းနည္းပဲ ပါဝင္ပါတယ္ ။ ကိုယ္အေလးခ်ိန္ ေလွ်ာ့ဖို႔စဥ္းစားေနရင္ သခြားသီးကို ေ႐ြးခ်ယ္သင့္ပါတယ္ ။

အူမႀကီးကင္ဆာ ျဖစ္ႏိုင္ေျခကို နည္းသြားေစပါတယ္

သခြားသီးမွာ fisetin ျဒပ္ေပါင္း ပါဝင္ပါတယ္ ။ Fisetin က အူမႀကီးကင္ဆာ ျဖစ္ႏိုင္ေျခကို ေလွ်ာ့ခ်ေပးမွာပါ ။

အစာေခ်ဖ်က္မႈကို တိုးတက္ေစပါတယ္

သခြားသီးမွာ အမွ်င္ဓာတ္နဲ႔ ေရဓာတ္ ပါဝင္တာေၾကာင့္ အစာေခ်ဖ်က္မႈကို အေထာက္အကူျဖစ္ေစပါတယ္ ။ အဲဒါေၾကာင့္ ေန႔စဥ္အစားအစာထဲမွာ သခြားသီးကို ထည့္သြင္းစားသင့္ပါတယ္ ။

ခႏၶာကိုယ္မွာ ေရဓာတ္ပိုျပည့္လာေစပါတယ္

သခြားသီးရဲ႕ 95 ရာခိုင္ႏႈန္းမွာ ေရဓာတ္ ပါဝင္ပါတယ္ ။ အဲဒါေၾကာင့္ သခြားသီးကို ေန႔စဥ္စားေပးရင္ ခႏၶာကိုယ္မွာ ေရဓာတ္ျဖည့္ၿပီးသား ျဖစ္ေစမွာပါ ။

အသားအေရကို ပိုၿပီး ႏူးညံ့လာေစပါတယ္

သခြားသီးမွာ ေရဓာတ္ ပါဝင္တာေၾကာင့္ အသားအေရအတြက္လည္း အက်ိဳးရွိပါတယ္ ။ဗီတာမင္ B,C နဲ႔ ဇင့္ဓာတ္က အသားအေရကို လွေစတဲ့ အဓိက အာဟာရ ဓာတ္ေတြပါပဲ ။

သခြားသီးမွာ ပါဝင္တဲ့ caffeic အက္ဆစ္က အသားအေရ တြန႔္ျခင္းကို ကာကြယ္ေပးပါတယ္ ။ အဲဒါေၾကာင့္ အေရးအေၾကာင္းေတြ မျဖစ္ဖို႔ဆိုရင္ သခြားသီးက အေကာင္းဆုံးပါပဲ။

သခြားသီးက ဆံပင္ကြၽတ္ျခင္းကို သက္သာေစပါတယ္

သခြားသီးမွာ ပါဝင္တဲ့ ဗီတာမင္ B က ဦးေရျပားနဲ႔ ဆံပင္ က်န္းမာေရးအတြက္ အက်ိဳးရွိပါတယ္ ။ ဒါ့အျပင္ Victim , ဗီတာမင္ B5 , B6 , ဗီတာမင္ C တို႔က အ႐ြယ္မတိုင္ခင္ ဆံပင္ကြၽတ္ျခင္းနဲ႔ ဆံပင္ျဖဴျခင္းအတြက္ ကာကြယ္ၿပီးသား ျဖစ္ေစပါတယ္ ။

ႏွလုံးေသြးေၾကာ က်န္းမာေရးကို တိုးတက္ေစပါတယ္

သခြားသီးမွာ ပိုတက္ဆီယမ္ ၊ မဂၢနီဆီယမ္ ၊ ဗီတာမင္ K ပါဝင္ပါတယ္ ။ အဲဒီအာဟာရသုံးမ်ိဳးက ႏွလုံးေသြးေၾကာ စနစ္အတြက္ အေရးပါပါတယ္ ။ သခြားသီးက ေသြးထဲက ကိုလက္စထေရာ level ကိုလည္း က်ေစပါတယ္ ။

ေသြးတြင္းသၾကားဓာတ္က္လည္း ထိန္းညႇိေပးပါတယ္

သုေတသနေတြအရ သခြားသီးဟာ ေသြးတြင္း သၾကားဓာတ္ကို ထိန္းညႇိေပးႏိုင္ပါတယ္ ။ သခြားသီးမွာ phenolic ျဒပ္ေပါင္းနဲ႔ caffeic အက္ဆစ္ ပါဝင္လို႔ပါ ။

အ႐ိုးေတြကို ပိုသန္မာေစပါတယ္

အ႐ိုးေတြအတြက္ လိုအပ္တဲ့ ဗီတာမင္ K နဲ႔ ကယ္လ္ဆီယမ္ေတြဟာ သခြားသီးထဲမွာ ပါဝင္ပါတယ္ ။ ဗီတာမင္ K က အ႐ိုးက်ိဳးျခင္း ၊ အက္ျခင္းကို နည္းသြားေစပါတယ္ ။ အ႐ိုးထဲကို ကယ္လ္ဆီယမ္ စုပ္ယူႏိုင္ဖို႔အတြက္ ဗီတာမင္ K က အေရးပါပါတယ္ ။

ခႏၶာကိုယ္မွာ အဆိပ္အေတာက္ ကင္းေစပါတယ္

သခြားသီးက အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးတဲ့ သဘာဝ အသီးအႏွံ ျဖစ္ပါတယ္ ။ သခြားသီးကို ပုံမွန္စားတဲ့အခါ အသည္း ၊ အူထဲက အဆိပ္ေတြကင္းသြားၿပီး က်န္းမာေရးပိုေကာင္းလာမွာပါ ။

သြားက်န္းမာေရးကိုလည္း တိုးတက္ေစပါတယ္

သခြားသီးမွာ ဖလို႐ိုက္ ပါဝင္တာေၾကာင့္ သြားပိုးစားျခင္းကို သက္သာေစပါတယ္ ။ သခြားသီးမွာ ပါဝင္တဲ့ ကယ္လ္ဆီယမ္က သြားေတြကို ခိုင္မာေစပါတယ္ ။

ေဟာ္မုန္းေတြကိုလည္း ညီမွ်ေစပါတယ္

ခႏၶာကိုယ္မွာ ေဟာ္မုန္းေတြ ညီမွ်ဖို႔အတြက္ ေဖာ့စေဖာရပ္က အဓိက အာဟာရ ဓာတ္ပါပဲ ။ သခြားသီးမွာ ေဖာ့စေဖာရပ္ 4 ရာခိုင္ႏႈန္းခန႔္ ပါဝင္တာေၾကာင့္ အ႐ြယ္ေရာက္ၿပီးသူေတြက သခြားသီးကို ေန႔စဥ္ စားေပးသင့္ပါတယ္ ။

Credit – thatinoo

မ်ွေဝလ်က္​

#MiMiTun

Unicode

သခွားသီးကို နေ့တိုင်း စားတော့မယ်
🥒🥒🥒🥒🥒🥒🥒🥒🥒🥒

သခွားသီးကို တစ်နေ့တစ်လုံး စားပေးရင် ရရှိလာမယ့် ကောင်းကျိုး(13) ချက်
🥒🥒🥒🥒🥒🥒🥒🥒🥒🥒🥒🥒🥒🥒

အိန္ဒိယနိုင်ငံမှာ ရှေးခေတ်ကတည်းက သခွားသီးကို အစားအစာအဖြစ်ရော၊ ရိုးရာဆေးအဖြစ်ပါ အသုံးပြုခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံလိုမျိုး ရာသီဥတု ပူတဲ့နိုင်ငံမှာ သခွားသီးက ခန္ဓာကိုယ်မှာ ရေဓာတ်ဖြည့်ဖို့ အတွက် မရှိမဖြစ်လိုအပ်ပါတယ် ။

သခွားသီးက အာရုံကြောနဲ့သက်ဆိုင်တဲ့ရောဂါတွေကို ကာကွယ်ပေးပါတယ်

သခွားသီးက ဦးနှောက် ကျန်းမာရေးအတွက် အလွန် အကျိုးပြုပါတယ် ။ သခွားသီးမှာ ဖော့စဖောရပ်လည်း ပါဝင်တာကြောင့် ဖော့စဖောရပ် ချို့တဲ့ခြင်းကြောင့် ဖြစ်တဲ့ ရောဂါတွေကို ကာကွယ်ပြီးသားလည်း ဖြစ်စေပါတယ် ။ သခွားသီးကို မှန်မှန်စားပေးရင် ဦးနှောက်ထက်မြက်လာမှာပါ ။

အဆီပိုတွေကိုလည်း ကျစေပါတယ်

သခွားသီးမှာ ရေဓာတ်ပါဝင်တာကြောင့်ဘအစားတွေ အများကြီးမစားမိအောင် ထိန်းချုပ်ပေးပါတယ် ။ သခွားသီးမှာ အဆီလည်း မပါဝင်ပါဘူး ။ ကယ်လိုရီလည်း နည်းနည်းပဲ ပါဝင်ပါတယ် ။ ကိုယ်အလေးချိန် လျှော့ဖို့စဉ်းစားနေရင် သခွားသီးကို ရွေးချယ်သင့်ပါတယ် ။

အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို နည်းသွားစေပါတယ်

သခွားသီးမှာ fisetin ဒြပ်ပေါင်း ပါဝင်ပါတယ် ။ Fisetin က အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးမှာပါ ။

အစာချေဖျက်မှုကို တိုးတက်စေပါတယ်

သခွားသီးမှာ အမျှင်ဓာတ်နဲ့ ရေဓာတ် ပါဝင်တာကြောင့် အစာချေဖျက်မှုကို အထောက်အကူဖြစ်စေပါတယ် ။ အဲဒါကြောင့် နေ့စဉ်အစားအစာထဲမှာ သခွားသီးကို ထည့်သွင်းစားသင့်ပါတယ် ။

ခန္ဓာကိုယ်မှာ ရေဓာတ်ပိုပြည့်လာစေပါတယ်

သခွားသီးရဲ့ 95 ရာခိုင်နှုန်းမှာ ရေဓာတ် ပါဝင်ပါတယ် ။ အဲဒါကြောင့် သခွားသီးကို နေ့စဉ်စားပေးရင် ခန္ဓာကိုယ်မှာ ရေဓာတ်ဖြည့်ပြီးသား ဖြစ်စေမှာပါ ။

အသားအရေကို ပိုပြီး နူးညံ့လာစေပါတယ်

သခွားသီးမှာ ရေဓာတ် ပါဝင်တာကြောင့် အသားအရေအတွက်လည်း အကျိုးရှိပါတယ် ။ဗီတာမင် B,C နဲ့ ဇင့်ဓာတ်က အသားအရေကို လှစေတဲ့ အဓိက အာဟာရ ဓာတ်တွေပါပဲ ။

သခွားသီးမှာ ပါဝင်တဲ့ caffeic အက်ဆစ်က အသားအရေ တွန့်ခြင်းကို ကာကွယ်ပေးပါတယ် ။ အဲဒါကြောင့် အရေးအကြောင်းတွေ မဖြစ်ဖို့ဆိုရင် သခွားသီးက အကောင်းဆုံးပါပဲ။

သခွားသီးက ဆံပင်ကျွတ်ခြင်းကို သက်သာစေပါတယ်

သခွားသီးမှာ ပါဝင်တဲ့ ဗီတာမင် B က ဦးရေပြားနဲ့ ဆံပင် ကျန်းမာရေးအတွက် အကျိုးရှိပါတယ် ။ ဒါ့အပြင် Victim , ဗီတာမင် B5 , B6 , ဗီတာမင် C တို့က အရွယ်မတိုင်ခင် ဆံပင်ကျွတ်ခြင်းနဲ့ ဆံပင်ဖြူခြင်းအတွက် ကာကွယ်ပြီးသား ဖြစ်စေပါတယ် ။

နှလုံးသွေးကြော ကျန်းမာရေးကို တိုးတက်စေပါတယ်

သခွားသီးမှာ ပိုတက်ဆီယမ် ၊ မဂ္ဂနီဆီယမ် ၊ ဗီတာမင် K ပါဝင်ပါတယ် ။ အဲဒီအာဟာရသုံးမျိုးက နှလုံးသွေးကြော စနစ်အတွက် အရေးပါပါတယ် ။ သခွားသီးက သွေးထဲက ကိုလက်စထရော level ကိုလည်း ကျစေပါတယ် ။

သွေးတွင်းသကြားဓာတ်က်လည်း ထိန်းညှိပေးပါတယ်

သုတေသနတွေအရ သခွားသီးဟာ သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ် ။ သခွားသီးမှာ phenolic ဒြပ်ပေါင်းနဲ့ caffeic အက်ဆစ် ပါဝင်လို့ပါ ။

အရိုးတွေကို ပိုသန်မာစေပါတယ်

အရိုးတွေအတွက် လိုအပ်တဲ့ ဗီတာမင် K နဲ့ ကယ်လ်ဆီယမ်တွေဟာ သခွားသီးထဲမှာ ပါဝင်ပါတယ် ။ ဗီတာမင် K က အရိုးကျိုးခြင်း ၊ အက်ခြင်းကို နည်းသွားစေပါတယ် ။ အရိုးထဲကို ကယ်လ်ဆီယမ် စုပ်ယူနိုင်ဖို့အတွက် ဗီတာမင် K က အရေးပါပါတယ် ။

ခန္ဓာကိုယ်မှာ အဆိပ်အတောက် ကင်းစေပါတယ်

သခွားသီးက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ သဘာဝ အသီးအနှံ ဖြစ်ပါတယ် ။ သခွားသီးကို ပုံမှန်စားတဲ့အခါ အသည်း ၊ အူထဲက အဆိပ်တွေကင်းသွားပြီး ကျန်းမာရေးပိုကောင်းလာမှာပါ ။

သွားကျန်းမာရေးကိုလည်း တိုးတက်စေပါတယ်

သခွားသီးမှာ ဖလိုရိုက် ပါဝင်တာကြောင့် သွားပိုးစားခြင်းကို သက်သာစေပါတယ် ။ သခွားသီးမှာ ပါဝင်တဲ့ ကယ်လ်ဆီယမ်က သွားတွေကို ခိုင်မာစေပါတယ် ။

ဟော်မုန်းတွေကိုလည်း ညီမျှစေပါတယ်

ခန္ဓာကိုယ်မှာ ဟော်မုန်းတွေ ညီမျှဖို့အတွက် ဖော့စဖောရပ်က အဓိက အာဟာရ ဓာတ်ပါပဲ ။ သခွားသီးမှာ ဖော့စဖောရပ် 4 ရာခိုင်နှုန်းခန့် ပါဝင်တာကြောင့် အရွယ်ရောက်ပြီးသူတွေက သခွားသီးကို နေ့စဉ် စားပေးသင့်ပါတယ် ။

Credit – thatinoo

မျှဝေလျက်

#MiMiTun

Leave a Reply

Your email address will not be published. Required fields are marked *