Posted on

တောမြို့လေးတမြို့ရဲ့ ကလေးမွေးဖွားနှုန်းဟာ
အလွန်အမင်းမြင့်မားနေလို့ ပြည်နယ်အစိုးရခေါင်းခဲနေတယ်။

ဘာ့ကြောင့် မွေးဖွားနှုန်း မြင့်ရတာလဲဆိုတာကို
ရှာဖွေဖော်ထုတ်ပြီး၊ ထိန်းချုပ်မှ ဖြစ်တော့မယ်။
အချိန်မှီ မထိန်းသိမ်းနိုင်ရင် နောင်နှစ်များ ကြာလာတဲ့အခါ စားဝတ်နေရေး၊ လူမှုရေးပြဿနာတွေ ဖြစ်လာ
နိုင်တာကိုး။

ဆိုတော့ ဘတ်ဂျက်များများသုံးပြီး မွေးဖွားနှုန်းထိမ်းချုပ်ရေး စီမံကိန်း ရေးဆွဲကြတယ်။
-သားဖွားမီးယပ် ဆရာဝန်ကြီးတွေ ငှားတယ်
-လူမှုဆက်ဆံရေး ပညာရှင်တွေ ငှားတယ်
-မိသားစုစီမံကိန်းနဲ့ ကလေးမွေးဖွားနှုန်း ထိမ်းချုပ်မှု
ဆိုင်ရာ ကျွမ်းကျင်သူတွေ ငှားတယ်

ပြီးတာနဲ့ အဲဒီမြို့လေးမှာ ရုံးခန်းသွားထိုင်လိုက်တယ်။
လိုအပ်တဲ့ ရုံးသုံးပစ္စည်းတွေနဲ့ ကွန်ပြူတာတွေကိုလည်း
တပ်ဆင်လိုက်တယ်။

ပထမဆုံးရုံးတက်တဲ့နေ့မှာ… …
စီမံကိန်းဒါရိုက်တာကြီးဟာ ကော်ဖီသောက်ချင်လာလို့
ဘေးနားကကော်ဖီဆိုင်က ကော်ဖီမှာသောက်တယ်

စာပွဲထိုးလေးက ကော်ဖီလာပို့ရင်း စပ်စုတယ်…

“ဆရာတို့ ရုံးကြီးက အပျံစားပဲနော်”

“အေးကွ”

“ဘာအတွက် ရုံးလာဖွင့်တာလဲ ဆရာ”

“ဒီမြို့လေးကကွာ ကလေးမွေးဖွားနှုန်း မြင့်လွန်းနေလို့၊
အဲဒါကို ရှာဖွေဖော်ထုတ်ဖို့ကွ”

“ဟာ ဒါများ၊ ကျနော်သိပါတယ်”

“ဟင် ဟုတ်လား၊ ပြောစမ်းပါအုံး”

“အမှတ် ၆ အမြန်ရထားကြောင့် ဆရာရေ…”

“ဟေ… ငါနားမလည်ဘူး၊ သေချာ ရှင်းပြ”

ဒီတော့ စာပွဲထိုးလေးက ရှင်းပြတယ်… …

“အဲဒီ အမှတ် ၆ အမြန်ရထားက ဒီမြို့လေးကို မနက် ၆နာရီမှာ ဖြတ်တယ်၊ မြို့လယ်မှာ လမ်းဆုံတခုရှိတော့ သူက
ရထားဥသြကို အကျယ်ကြီးဆွဲတယ်၊ အဲဒီမှာ တမြို့လုံး လန့်နိုးတော့တာကိုး ဆရာရဲ့”

“အဲဒါနဲ့ ကလေးမွေးနှုန်းများတာ ဘာဆိုင်လို့လဲဟ”

“ဆိုင်ပီပေါ့ဆရာရယ်၊ မနက် ၆ နာရီကြီး လန့်နိုးလာတယ်၊
ပြန်အိပ်ဖို့လည်း အချိန်မရှိ၊ အလုပ်သွားဖို့ကျတော့လည်း
စောသေး…. ဆိုတော့ကာ…
$#%@^&*$% ”

“Vာမ်…”

သန်၎ကို

Leave a Reply

Your email address will not be published. Required fields are marked *