Posted on

[Zawgyi Version]

ဧရာဝတီ၊ စက္တင္ဘာ ၂၀၊ ၂၀၁၉

အတိုက္အခံ ၾကံ့ခိုင္ေရးပါတီႏွင့္ တပ္မေတာ္တို႔က အမ်ိဳးသား ကာကြယ္ေရးႏွင့္ လံုျခံဳေရး ေကာင္စီ၏ တာဝန္မ်ားကို ၂၀၀၈ ဖြဲ႕စည္းပံု အေျခခံ ဥပေဒတြင္ ထည့္သြင္းလိုေၾကာင္း ဥပေဒၾကမ္းတရပ္ကို ယေန႔ ျပည္ေထာင္စု လႊတ္ေတာ္သို႔ တင္သြင္းလိုက္ၿပီ ျဖစ္သည္။

အုပ္ခ်ဳပ္ေရးက႑ႏွင့္ ဥပေဒျပဳေရးက႑ အျပန္အလွန္က႑ အျပန္အလွန္ ထိန္းေက်ာင္းမႈ ေဆာင္ရြက္ရာတြင္ သမၼတစနစ္ ပိုမိုပီျပင္ေစရန္ သမၼတမွ အမ်ိဳးသား ကာကြယ္ေရးႏွင့္ လံုျခံဳေရးေကာင္စီ၏ ေထာက္ခံခ်က္ျဖင့္ လႊတ္ေတာ္မ်ားအား ဖ်က္သိမ္းႏိုင္သည့္ အခြင့္အေရး ရရွိေစရန္ ျပင္ဆင္ျခင္းဟု ယင္းဥပေဒမူၾကမ္းတြင္ ေဖာ္ျပထားသည္။

ကာ/လံု အစည္းအေဝးကို သာမန္အားျဖင့္ ၂ လတႀကိမ္ က်င္းပရန္ ျဖစ္ၿပီး လိုအပ္ပါက အထူးအစည္းအေဝး ေခၚယူရန္၊ ေကာင္စီဝင္ ၅ ဦး ေတာင္းဆိုပါက အစည္းအေဝး ေခၚယူက်င္းပရန္ႏွင့္ ဆံုးျဖတ္ခ်က္မ်ား ခ်မွတ္ပါက ေကာင္စီဝင္အားလံုး၏ သေဘာထားကို အေလးထား၍ ဆံုးျဖတ္ရန္တို႔ ပါဝင္သည္။

သတင္းႏွင့္ ဓာတ္ပံု – ထက္ႏိုင္ေဇာ္

[Unicode Version]

ကြံ့ခိုင်ရေးနှင့် တပ်မတော်တို့၏ အခြေခံ ဥပဒေ ပြင်ဆင်ချက် ဘာတွေ ထူးခြားနေလဲ

ဧရာဝတီ၊ စက်တင်ဘာ ၂၀၊ ၂၀၁၉

အတိုက်အခံ ကြံ့ခိုင်ရေးပါတီနှင့် တပ်မတော်တို့က အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၏ တာဝန်များကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ထည့်သွင်းလိုကြောင်း ဥပဒေကြမ်းတရပ်ကို ယနေ့ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းလိုက်ပြီ ဖြစ်သည်။

အုပ်ချုပ်ရေးကဏ္ဍနှင့် ဥပဒေပြုရေးကဏ္ဍ အပြန်အလှန်ကဏ္ဍ အပြန်အလှန် ထိန်းကျောင်းမှု ဆောင်ရွက်ရာတွင် သမ္မတစနစ် ပိုမိုပီပြင်စေရန် သမ္မတမှ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့် လွှတ်တော်များအား ဖျက်သိမ်းနိုင်သည့် အခွင့်အရေး ရရှိစေရန် ပြင်ဆင်ခြင်းဟု ယင်းဥပဒေမူကြမ်းတွင် ဖော်ပြထားသည်။

ကာ/လုံ အစည်းအဝေးကို သာမန်အားဖြင့် ၂ လတကြိမ် ကျင်းပရန် ဖြစ်ပြီး လိုအပ်ပါက အထူးအစည်းအဝေး ခေါ်ယူရန်၊ ကောင်စီဝင် ၅ ဦး တောင်းဆိုပါက အစည်းအဝေး ခေါ်ယူကျင်းပရန်နှင့် ဆုံးဖြတ်ချက်များ ချမှတ်ပါက ကောင်စီဝင်အားလုံး၏ သဘောထားကို အလေးထား၍ ဆုံးဖြတ်ရန်တို့ ပါဝင်သည်။

သတင်းနှင့် ဓာတ်ပုံ – ထက်နိုင်ဇော်

ဧရာ၀တီ

Leave a Reply

Your email address will not be published. Required fields are marked *