Posted on

[Zawgyi Version]

ရန္ကုန္တိုင္းေဒသႀကီးမရမ္းကုန္းၿမိဳ႕နယ္၊ (၅)ရပ္ကြက္ေန လင္းလင္း(၁၆)ႏွစ္သည္ တစ္ရပ္ကြက္တည္းေန သူငယ္ခ်င္းျဖစ္သူ မ်ိဳးကိုကို(၁၇)ႏွစ္ ႏွင့္အတူ က်ဴရွင္မွ ေနအိမ္သို႔ျပန္လာရာ မရမ္းကုန္းၿမိဳ႕နယ္ (၅)ရပ္ကြက္ ခ်မ္းသာျပည့္စုံလမ္းအေရာက္၌ ယခင္ ေဘာလုံးကန္စဥ္ စကားမ်ားရန္ျဖစ္ခဲ့သည့္ ေအာင္ျမတ္ထက္(၁၄)ႏွစ္ႏွင့္ ဇြဲကိုကို(၁၅)ႏွစ္၊ ေက်ာ္မ်ိဳးထြန္း(၁၅)ႏွစ္ ပါ ၅ ဦး၊ ေပါင္း ၇ ဦးတို႔ႏွင့္ ေတြ႕ဆုံစဥ္ ေအာင္ျမတ္ထက္က အသင့္ပါလာ ေသာ အ႐ိုး/အသြား ၁၀ လက္မခန္႔ရွိ ဓားေျမႇာင္ျဖင့္ထိုးခဲ့မွဳ စက္တင္ဘာလ ၁၈ ရက္က ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္ေၾကာင့္ လင္းလင္းတြင္ ယာလက္ျပင္ ထိုးသြင္းဒဏ္ရာ(စိုးရိမ္ရ)ရရွိခဲ့ၿပီး ဇြဲကိုကိုပါ ၃ ဦးတို႔မွ မ်ိဳးကိုကိုအား တုတ္/လက္သီးတို႔ျဖင့္္ ဝိုင္းဝန္း႐ိုက္ႏွက္ ထိုးႀကိတ္ခဲ့သျဖင့္ ဦးေခါင္း၊ လက္ေမာင္း ဖူးေရာင္ဒဏ္ရာမ်ား(မစိုးရိမ္ရ)ရရွိခဲ့ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။

ယခုအခါဒဏ္ရာရွိသူမ်ားအား ေျမာက္ဥကၠလာပ ျပည္သူ႔ေဆး႐ုံသို႔ပို႔ေဆာင္ကုသခဲ့ၿပီး ေအာင္ျမတ္ထက္ပါ ၆ ဦး(ဖမ္းမိ)ႏွင့္ ေက်ာ္မ်ိဳးထြန္း (ဖမ္းမမိ) တို႔အား မရမ္းကုန္းၿမိဳ႕မရဲစခန္း(ပ) ၁၀၅၀/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၂၆/ ၃၂၃/၁၁၄(ေဘးျဖစ္ေစ တတ္ေသာလက္နက္ျဖင့္ အျပင္းအထန္နာက်င္ေစမႈ၊ သာမန္နာက်င္ေစမႈ၊ အားေပးကူညီမႈ)ျဖင့္ အမႈဖြင့္ စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

[Unicode Version]

ဘောလုံးကန်ရင်းစကားများရန်ဖြစ်ခဲ့ဖူးသူအားလမ်း၌တွေ့ဆုံစဉ်ဓားဖြင့်ထိုး

ရန်ကုန်တိုင်းဒေသကြီးမရမ်းကုန်းမြို့နယ်၊ (၅)ရပ်ကွက်နေ လင်းလင်း(၁၆)နှစ်သည် တစ်ရပ်ကွက်တည်းနေ သူငယ်ချင်းဖြစ်သူ မျိုးကိုကို(၁၇)နှစ် နှင့်အတူ ကျူရှင်မှ နေအိမ်သို့ပြန်လာရာ မရမ်းကုန်းမြို့နယ် (၅)ရပ်ကွက် ချမ်းသာပြည့်စုံလမ်းအရောက်၌ ယခင် ဘောလုံးကန်စဉ် စကားများရန်ဖြစ်ခဲ့သည့် အောင်မြတ်ထက်(၁၄)နှစ်နှင့် ဇွဲကိုကို(၁၅)နှစ်၊ ကျော်မျိုးထွန်း(၁၅)နှစ် ပါ ၅ ဦး၊ ပေါင်း ၇ ဦးတို့နှင့် တွေ့ဆုံစဉ် အောင်မြတ်ထက်က အသင့်ပါလာ သော အရိုး/အသွား ၁၀ လက်မခန့်ရှိ ဓားမြှောင်ဖြင့်ထိုးခဲ့မှု စက်တင်ဘာလ ၁၈ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် လင်းလင်းတွင် ယာလက်ပြင် ထိုးသွင်းဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့ပြီး ဇွဲကိုကိုပါ ၃ ဦးတို့မှ မျိုးကိုကိုအား တုတ်/လက်သီးတို့ဖြင့်် ဝိုင်းဝန်းရိုက်နှက် ထိုးကြိတ်ခဲ့သဖြင့် ဦးခေါင်း၊ လက်မောင်း ဖူးရောင်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယခုအခါဒဏ်ရာရှိသူများအား မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကုသခဲ့ပြီး အောင်မြတ်ထက်ပါ ၆ ဦး(ဖမ်းမိ)နှင့် ကျော်မျိုးထွန်း (ဖမ်းမမိ) တို့အား မရမ်းကုန်းမြို့မရဲစခန်း(ပ) ၁၀၅၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆/ ၃၂၃/၁၁၄(ဘေးဖြစ်စေ တတ်သောလက်နက်ဖြင့် အပြင်းအထန်နာကျင်စေမှု၊ သာမန်နာကျင်စေမှု၊ အားပေးကူညီမှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Credit – Ministry of Home Affairs, Myanmar

PSK

Leave a Reply

Your email address will not be published. Required fields are marked *