Posted on

(Zawgyi)

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ဟာ လူဝင္မႈႀကီးၾကပ္ေရး ျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ေဆာင္ေနရာမွာ အဓိကေနရာမွာ ကမာၻ႔လက္ရဲဇက္ရဲ အၾကမ္းဆုံး လူဆိုးလူမိုက္ဂိုဏ္းတစ္ဂိုဏ္းျဖစ္တဲ့ MS 13 ကို ၿဖိဳခြင္းေရးကို ဦးစားေပး ပစ္မွတ္ထားထားပါတယ္။

ဒီဂိုဏ္းကို ႏွိမ္နင္းဖ်က္ဆီးပစ္ၿပီး ဂိုဏ္းဝင္ေတြကိုလည္း လာရင္း အယ္ဆာေဗဒိုႏိုင္ငံကို ျပန္ပို႔ဖို႔ ထရမ့္က စိတ္ပိုင္းျဖတ္ထားပါၿပီ။ ၿပီးခဲ့တဲ့ လေတြမွာ အေမရိကန္ကေန ျပန္အႏွင္ခံရသူေတြနဲ႔ လိုက္ပါလ်က္ Sky News ဟာ အယ္ဆာေဗဒိုက ေနရပ္ျပန္ေတြကို ဘယ္လိုေဆာင္႐ြက္သလဲဆိုတာ သတင္းလိုက္ယူခဲ့ပါတယ္။

MS 13 ဂိုဏ္းဟာ အမွန္ကေတာ့ ေလာ့စ္အိန္ဂ်လိစ္ လမ္းေထာင့္ေတြကေန ေပၚေပါက္လာခဲ့တာျဖစ္ၿပီး သူတို႔ေတြ ေနရပ္ျပန္ပို႔ခံရခ်ိန္မွာ ကြဲထြက္ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။ ဆယ္စုႏွစ္မ်ားစြာမွာ အေမရိကန္ကေန အေရအတြက္ အမ်ားအျပား ေနရပ္ျပန္ပို႔ခံရတာနဲ႔အတူ ဒီဂိုဏ္းဝင္ေတြ ျပန္လည္ေရာက္ရွိရာ ႏိုင္ငံေတြအတြက္ကလည္း ၿခိမ္းေျခာက္ေငြညႇစ္တာေတြ၊ မုဒိမ္းက်င့္ လူသတ္တာေတြအတြက္ ရတက္မေအးစရာ ျဖစ္ရပါတယ္။

ထရမ့္အစိုးရကေတာ့ အေမရိကန္မွာ အလုပ္လုပ္ကိုင္ေနထိုင္ေနတဲ့ အယ္ဆာေဗဒို ႏွစ္သိန္းနီးပါးကိုလည္း ပါမစ္ပိတ္လိုက္ၿပီျဖစ္ပါတယ္။ သူတို႔ေတြအေနနဲ႔က အယ္ဆာေဗဒိုမွာ ၂၀၀၁ ခုႏွစ္က ငလ်င္ႀကဳံၿပီးေနာက္ ယာယီအကာအကြယ္ေပးမႈနဲ႔ အေမရိကန္မွာ ေနထိုင္ခြင့္ရထားၾကသူေတြပါ။

တရားဝင္ေနထိုင္ခြင့္ မျပႏိုင္ၾကရင္ ဒီလူေတြအတြက္က စက္တင္ဘာ ၉ ရက္ ေနာက္ဆုံးထားၿပီး အေမရိကန္က ထြက္ခြာၾကရေတာ့မွာပါ။ သီတင္းပတ္တိုင္းမွာလည္း ေလယာဥ္တစ္စီးကို လူ ၁၃၅ ခန႔္တင္ၿပီး ရွစ္ႀကိမ္ေလာက္ ျပန္ပို႔ေနတာျဖစ္ပါတယ္။

အေမရိကန္မွာ အလုပ္လုပ္ကိုင္ၿပီး ႏိုင္ငံရင္းအယ္ဆာေဗဒိုဆီ ေငြျပန္ပို႔ၾကတဲ့ ၀င္ေငြဟာ ႏိုင္ငံ့ ဂ်ီဒီပီရဲ႕ ၁၇ ရာခိုင္ႏႈန္းရွိၿပီး အားထားေနရတဲ့ အယ္ဆာဗာဒိုႏိုင္ငံအေနနဲ႔က အေမရိကန္က ျပန္ပို႔တဲ့ လူအုပ္ ပထမဆုံး စေရာက္တဲ့ေန႔မွာပဲ ဂိုဏ္းနဲ႔ ဆက္စပ္တဲ့ ဆူပူအၾကမ္းဖက္မႈေတြျဖစ္ပြားၿပီး လူ ၂၃ ဦး ေသဆုံးခဲ့ရပါတယ္။

၂၀၁၈ ပထမ ရက္ ၅၀ အတြင္းမွာပဲ လူသတ္မႈေပါင္း ၄၉၄ မႈ ျဖစ္ပြားပါတယ္။ ေနရပ္ျပန္ေတြ ေရာက္လာတာနဲ႔အတူ အယ္ဆာေဗဒိုမွာ လူသတ္ရာဇဝတ္မႈေတြ ျမင့္တက္ခဲ့ပါတယ္။ လမ္းမေတြမွာ အမ်ိဳးသားၿမိဳ႕ျပရဲတပ္ဖြဲ႕ရဲ႕ အင္အားေတြဟာ မ်က္ႏွာဖုံးေခါင္းစြပ္နဲ႔ ႐ိုင္ဖယ္ကိုင္လ်က္ ကင္းလွည့္ေနၾကရပါတယ္။

“ကြၽန္ေတာ္ သူငယ္ခ်င္း ေလးဦး အသတ္ခံရတယ္။”လို႔ ေျပာတဲ့ လူငယ္ရဲသားဟာ မိသားစုနဲ႔ လုပ္ေဖာ္ကိုင္ဖက္ေတြအတြက္ စိုးရိမ္ေနရပါတယ္။ ဒါေပမယ့္ ရဲနဲ႔ စစ္သားေတြဟာ တရားလက္လြန္ သတ္ျဖတ္တာေတြ က်ဳးလြန္ေနေၾကာင္း စြပ္စြဲခ်က္ေတြ ရွိေနပါတယ္။

ဒီလို လူဆိုးလူမိုက္ဂိုဏ္း ဖြဲ႕တည္ေနတဲ့ အယ္ဆာေဗဒိုလူအုပ္စုကို သမၼတ ထရမ့္က အာ႐ုံစိုက္ႏွိမ္နင္းျဖစ္လာတာဟာ ဆယ္ေက်ာ္သက္ မိန္းကေလးႏွစ္ဦး အသတ္ခံရမႈ သတင္း ၾကားသိလိုက္ ၿပီးေနာက္မွာ အစပ်ိဳးျဖစ္ခဲ့တာပါ။

အေမရိကန္မွာ ဆင္းရဲမႈနဲ႔ ၿခိ္မ္းေျခာက္မႈေတြေၾကာင့္ လူငယ္ေတြဟာ MS 13 ဂိုဏ္းဝင္ေတြ ျဖစ္လာပါတယ္။ ဒီဂိုဏ္းဟာ ထိတ္လန႔္ေျခာက္ျခားဖြယ္ လူသတ္မႈေတြနဲ႔ ပတ္သက္ေနရာ ဂိုဏ္းပဲျဖစ္ပါတယ္။

ေလာင္းအစ္စလန္းမွာ ဆယ္ေက်ာ္သက္မိန္းကေလးႏွစ္ဦးကို ဓားရွည္ရယ္၊ ေဘ့စ္ေဘာ႐ိုက္တံရယ္နဲ႔ ထိုးခုတ္႐ိုက္သတ္လိုက္တဲ့ အမႈဟာ ထရမ့္အတြက္ အာ႐ုံစိုက္စရာ ျဖစ္ခဲ့ပါတယ္။ ေသဆုံးသူ မိန္းကေလးႏွစ္ဦးရဲ႕ မိဘေတြကို ျပည္ေထာင္စုမိန႔္ခြန္းေျပာရာသို႔ ထရမ့္ဟာ ဖိတ္ခဲ့ပါတယ္။ ဒီမိန႔္ခြန္းေျပာၾကားရာမွာ လူဝင္မႈႀကီးၾကပ္ေရးဂယ္ေပါက္ေတြကို ပိတ္ပစ္ရမယ္လို႔ တိုက္တြန္းေဆာ္ၾသခဲ့တာျဖစ္ပါတယ္။

အထက္က ဆယ္ေက်ာ္သက္မိန္းကေလး လူသတ္မႈ တရားခံဆယ္ဦးဟာ အယ္ဆာဗာဒိုနဲ႔ ဟြန္ဒူးရပ္စ္ႏိုင္ငံသားေတြျဖစ္ၿပီး အေမရိကန္မွာ တရားမဝင္ ေနထိုင္ေနၾကသူေတြပါ။

၀ါရွင္တန္ဒီစီမွာ ျဖစ္ပြားတဲ့ အမႈတစ္ခုမွာဆိုရင္လည္း MS 13 ဂိုဏ္းဟာ လူတစ္ဦးကို ေခါင္းျဖတ္သတ္ၿပီး ႏွလုံးကို ခြဲထုတ္ခဲ့တယ္ဆိုပါတယ္။ ၿပီးမွ ပန္းၿခံတစ္ခုနားမွာ ျမဳပ္ႏွံခဲ့တာျဖစ္ပါတယ္။

ဆယ္ေယာက္ထက္မနည္းရွိတဲ့ ဂိုဏ္းဝင္ေတြဟာ အဲဒီလူဆီ ေရာက္လာၿပီး အခ်က္တစ္ရာေက်ာ္ထက္မနည္း ဓားနဲ႔ ထိုးၾကတာျဖစ္ပါတယ္။ ဒီလို ခ်ည္းကပ္ေရာက္ရွိလာၾကရာမွာလည္း အခ်င္းခ်င္း ေဝါလ္ကီေတာ္ကီနဲ႔ ဆက္သြယ္ၾကတယ္လို႔့ ဆိုပါတယ္။ ဒီလိုအမႈေတြနဲ႔အတူ ႏိုင္ငံေျမမွာ MS 13 ဂိုဏ္းဟာ လက္ရဲဇက္ရဲ အလြန္ႏိုင္တဲ့ လူမိုက္ဂိုဏ္းႀကီး ျဖစ္ေနပါတယ္။

ဒီအတြက္ အေမရိကန္ရဲ႕ ဧည့္ခံမႈနဲ႔ သည္းခံစိတ္ဟာ ေရရွည္မေမြးျမဴႏိုင္ေတာ့ပါဘူး။

သမၼတထရမ့္ဟာ ဒီ MS 13 ဂိုဏ္းကို ၎ရဲ႕ လူဝင္မႈႀကီးၾကပ္ေရးျပဳျပင္ေျပာင္းလဲမႈမွာ အဓိကပစ္မွတ္ထားၿပီး ေ႐ႊ႕ေျပာင္းဝင္ေရာက္သူ အယ္ဆာေဗဒိုႏိုင္ငံသားေတြကို အသုတ္လိုက္ ျပည္ရပ္ျပန္ပို႔ကာ ခုလို ႏွိမ္နင္းယူေတာ့တာပဲ ျဖစ္ပါတယ္။

Credit:

Rf; Sky News

Writer_ ေမာင္သံဆင့္ ( Daily Hot News )

(Unicode)

ဒေါ်နယ်ထရမ့် အရေးတကြီး နှိမ်နင်းနေရတဲ့ ကမ္ဘာ့လက်ရဲဇက်ရဲအရှိဆုံး လူဆိုးလူမိုက်ဂိုဏ်း MS 13

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ လူဝင်မှုကြီးကြပ်ရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေရာမှာ အဓိကနေရာမှာ ကမ္ဘာ့လက်ရဲဇက်ရဲ အကြမ်းဆုံး လူဆိုးလူမိုက်ဂိုဏ်းတစ်ဂိုဏ်းဖြစ်တဲ့ MS 13 ကို ဖြိုခွင်းရေးကို ဦးစားပေး ပစ်မှတ်ထားထားပါတယ်။

ဒီဂိုဏ်းကို နှိမ်နင်းဖျက်ဆီးပစ်ပြီး ဂိုဏ်းဝင်တွေကိုလည်း လာရင်း အယ်ဆာဗေဒိုနိုင်ငံကို ပြန်ပို့ဖို့ ထရမ့်က စိတ်ပိုင်းဖြတ်ထားပါပြီ။ ပြီးခဲ့တဲ့ လတွေမှာ အမေရိကန်ကနေ ပြန်အနှင်ခံရသူတွေနဲ့ လိုက်ပါလျက် Sky News ဟာ အယ်ဆာဗေဒိုက နေရပ်ပြန်တွေကို ဘယ်လိုဆောင်ရွက်သလဲဆိုတာ သတင်းလိုက်ယူခဲ့ပါတယ်။

MS 13 ဂိုဏ်းဟာ အမှန်ကတော့ လော့စ်အိန်ဂျလိစ် လမ်းထောင့်တွေကနေ ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး သူတို့တွေ နေရပ်ပြန်ပို့ခံရချိန်မှာ ကွဲထွက်ပျံ့နှံ့သွားခဲ့ပါတယ်။ ဆယ်စုနှစ်များစွာမှာ အမေရိကန်ကနေ အရေအတွက် အများအပြား နေရပ်ပြန်ပို့ခံရတာနဲ့အတူ ဒီဂိုဏ်းဝင်တွေ ပြန်လည်ရောက်ရှိရာ နိုင်ငံတွေအတွက်ကလည်း ခြိမ်းခြောက်ငွေညှစ်တာတွေ၊ မုဒိမ်းကျင့် လူသတ်တာတွေအတွက် ရတက်မအေးစရာ ဖြစ်ရပါတယ်။

ထရမ့်အစိုးရကတော့ အမေရိကန်မှာ အလုပ်လုပ်ကိုင်နေထိုင်နေတဲ့ အယ်ဆာဗေဒို နှစ်သိန်းနီးပါးကိုလည်း ပါမစ်ပိတ်လိုက်ပြီဖြစ်ပါတယ်။ သူတို့တွေအနေနဲ့က အယ်ဆာဗေဒိုမှာ ၂၀၀၁ ခုနှစ်က ငလျင်ကြုံပြီးနောက် ယာယီအကာအကွယ်ပေးမှုနဲ့ အမေရိကန်မှာ နေထိုင်ခွင့်ရထားကြသူတွေပါ။

တရားဝင်နေထိုင်ခွင့် မပြနိုင်ကြရင် ဒီလူတွေအတွက်က စက်တင်ဘာ ၉ ရက် နောက်ဆုံးထားပြီး အမေရိကန်က ထွက်ခွာကြရတော့မှာပါ။ သီတင်းပတ်တိုင်းမှာလည်း လေယာဉ်တစ်စီးကို လူ ၁၃၅ ခန့်တင်ပြီး ရှစ်ကြိမ်လောက် ပြန်ပို့နေတာဖြစ်ပါတယ်။

အမေရိကန်မှာ အလုပ်လုပ်ကိုင်ပြီး နိုင်ငံရင်းအယ်ဆာဗေဒိုဆီ ငွေပြန်ပို့ကြတဲ့ ၀င်ငွေဟာ နိုင်ငံ့ ဂျီဒီပီရဲ့ ၁၇ ရာခိုင်နှုန်းရှိပြီး အားထားနေရတဲ့ အယ်ဆာဗာဒိုနိုင်ငံအနေနဲ့က အမေရိကန်က ပြန်ပို့တဲ့ လူအုပ် ပထမဆုံး စရောက်တဲ့နေ့မှာပဲ ဂိုဏ်းနဲ့ ဆက်စပ်တဲ့ ဆူပူအကြမ်းဖက်မှုတွေဖြစ်ပွားပြီး လူ ၂၃ ဦး သေဆုံးခဲ့ရပါတယ်။

၂၀၁၈ ပထမ ရက် ၅၀ အတွင်းမှာပဲ လူသတ်မှုပေါင်း ၄၉၄ မှု ဖြစ်ပွားပါတယ်။ နေရပ်ပြန်တွေ ရောက်လာတာနဲ့အတူ အယ်ဆာဗေဒိုမှာ လူသတ်ရာဇဝတ်မှုတွေ မြင့်တက်ခဲ့ပါတယ်။ လမ်းမတွေမှာ အမျိုးသားမြို့ပြရဲတပ်ဖွဲ့ရဲ့ အင်အားတွေဟာ မျက်နှာဖုံးခေါင်းစွပ်နဲ့ ရိုင်ဖယ်ကိုင်လျက် ကင်းလှည့်နေကြရပါတယ်။

“ကျွန်တော် သူငယ်ချင်း လေးဦး အသတ်ခံရတယ်။”လို့ ပြောတဲ့ လူငယ်ရဲသားဟာ မိသားစုနဲ့ လုပ်ဖော်ကိုင်ဖက်တွေအတွက် စိုးရိမ်နေရပါတယ်။ ဒါပေမယ့် ရဲနဲ့ စစ်သားတွေဟာ တရားလက်လွန် သတ်ဖြတ်တာတွေ ကျုးလွန်နေကြောင်း စွပ်စွဲချက်တွေ ရှိနေပါတယ်။

ဒီလို လူဆိုးလူမိုက်ဂိုဏ်း ဖွဲ့တည်နေတဲ့ အယ်ဆာဗေဒိုလူအုပ်စုကို သမ္မတ ထရမ့်က အာရုံစိုက်နှိမ်နင်းဖြစ်လာတာဟာ ဆယ်ကျော်သက် မိန်းကလေးနှစ်ဦး အသတ်ခံရမှု သတင်း ကြားသိလိုက် ပြီးနောက်မှာ အစပျိုးဖြစ်ခဲ့တာပါ။

အမေရိကန်မှာ ဆင်းရဲမှုနဲ့ ခြိ်မ်းခြောက်မှုတွေကြောင့် လူငယ်တွေဟာ MS 13 ဂိုဏ်းဝင်တွေ ဖြစ်လာပါတယ်။ ဒီဂိုဏ်းဟာ ထိတ်လန့်ခြောက်ခြားဖွယ် လူသတ်မှုတွေနဲ့ ပတ်သက်နေရာ ဂိုဏ်းပဲဖြစ်ပါတယ်။

လောင်းအစ်စလန်းမှာ ဆယ်ကျော်သက်မိန်းကလေးနှစ်ဦးကို ဓားရှည်ရယ်၊ ဘေ့စ်ဘောရိုက်တံရယ်နဲ့ ထိုးခုတ်ရိုက်သတ်လိုက်တဲ့ အမှုဟာ ထရမ့်အတွက် အာရုံစိုက်စရာ ဖြစ်ခဲ့ပါတယ်။ သေဆုံးသူ မိန်းကလေးနှစ်ဦးရဲ့ မိဘတွေကို ပြည်ထောင်စုမိန့်ခွန်းပြောရာသို့ ထရမ့်ဟာ ဖိတ်ခဲ့ပါတယ်။ ဒီမိန့်ခွန်းပြောကြားရာမှာ လူဝင်မှုကြီးကြပ်ရေးဂယ်ပေါက်တွေကို ပိတ်ပစ်ရမယ်လို့ တိုက်တွန်းဆော်သြခဲ့တာဖြစ်ပါတယ်။

အထက်က ဆယ်ကျော်သက်မိန်းကလေး လူသတ်မှု တရားခံဆယ်ဦးဟာ အယ်ဆာဗာဒိုနဲ့ ဟွန်ဒူးရပ်စ်နိုင်ငံသားတွေဖြစ်ပြီး အမေရိကန်မှာ တရားမဝင် နေထိုင်နေကြသူတွေပါ။

၀ါရှင်တန်ဒီစီမှာ ဖြစ်ပွားတဲ့ အမှုတစ်ခုမှာဆိုရင်လည်း MS 13 ဂိုဏ်းဟာ လူတစ်ဦးကို ခေါင်းဖြတ်သတ်ပြီး နှလုံးကို ခွဲထုတ်ခဲ့တယ်ဆိုပါတယ်။ ပြီးမှ ပန်းခြံတစ်ခုနားမှာ မြုပ်နှံခဲ့တာဖြစ်ပါတယ်။

ဆယ်ယောက်ထက်မနည်းရှိတဲ့ ဂိုဏ်းဝင်တွေဟာ အဲဒီလူဆီ ရောက်လာပြီး အချက်တစ်ရာကျော်ထက်မနည်း ဓားနဲ့ ထိုးကြတာဖြစ်ပါတယ်။ ဒီလို ချည်းကပ်ရောက်ရှိလာကြရာမှာလည်း အချင်းချင်း ဝေါလ်ကီတော်ကီနဲ့ ဆက်သွယ်ကြတယ်လို့့ ဆိုပါတယ်။ ဒီလိုအမှုတွေနဲ့အတူ နိုင်ငံမြေမှာ MS 13 ဂိုဏ်းဟာ လက်ရဲဇက်ရဲ အလွန်နိုင်တဲ့ လူမိုက်ဂိုဏ်းကြီး ဖြစ်နေပါတယ်။

ဒီအတွက် အမေရိကန်ရဲ့ ဧည့်ခံမှုနဲ့ သည်းခံစိတ်ဟာ ရေရှည်မမွေးမြူနိုင်တော့ပါဘူး။

သမ္မတထရမ့်ဟာ ဒီ MS 13 ဂိုဏ်းကို ၎င်းရဲ့ လူဝင်မှုကြီးကြပ်ရေးပြုပြင်ပြောင်းလဲမှုမှာ အဓိကပစ်မှတ်ထားပြီး ရွှေ့ပြောင်းဝင်ရောက်သူ အယ်ဆာဗေဒိုနိုင်ငံသားတွေကို အသုတ်လိုက် ပြည်ရပ်ပြန်ပို့ကာ ခုလို နှိမ်နင်းယူတော့တာပဲ ဖြစ်ပါတယ်။

Credit:

Rf; Sky News

Writer_ မောင်သံဆင့် ( Daily Hot News )

Leave a Reply

Your email address will not be published. Required fields are marked *