Posted on

[Zawgyi Version]

သ႐ုပ္ေဆာင္ လင္းလက္ဟိန္းကို ယေန႔၊ စက္တင္ဘာလ ၁၉ ရက္ေန႔၊ မနက္ ၅ နာရီခြဲအခ်ိန္ခန႔္က ဆူပူရမ္းကားၿပီး တာဝန္ရွိသူကို အႏၲရာယ္ျဖစ္ေအာင္ တုန႔္ျပန္ တိုက္ခိုက္ခဲ့တာေၾကာင့္ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၀၇ ျဖင့္ အေရးယူထားတယ္လို႔ သဃၤန္းကြၽန္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး ဦးေကာင္းႏိုင္က ဧရာဝတီကို ေျပာပါတယ္။

“ဆူပူ ရမ္းကားတယ္။ တာဝန္ရွိတဲ့သူကို အႏၲရာယ္ ျဖစ္ေလာက္ေအာင္ တုန႔္ျပန္ တိုက္ခိုက္မႈနဲ႔ အေရးယူထားတယ္။ ပုဒ္မ ၃၀၇ ပါ။ အေျခအေနေပၚမွာ မူတည္ၿပီး ျပဳလုပ္သြားပါမယ္။ သူ တိုက္ခိုက္လိုက္တာ အုပ္ခ်ဳပ္ေရးမႉး တေယာက္တည္း ျဖစ္တာ မဟုတ္ဘူး။ ရဲတပ္ဖြဲ႕ဝင္ေတြ ပါပါတယ္”လို႔ ရဲတပ္ဖြဲ႕မႉး ဦးေကာင္းႏိုင္က ေျပာပါတယ္။

လင္းလက္ဟိန္းကိုေတာ့ စက္တင္ဘာ ၁၉ ရက္ နံနက္ ၅ နာရီခြဲခန႔္မွာ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ ဆယ္သိန္းရပ္ကြက္ ရတနာပုံလမ္းတြင္ အမ်ိဳးသားတဦး ဓားကိုင္ကာ မူးယစ္ေသာင္းက်န္းေနေၾကာင္း ရပ္ကြက္ေနျပည္သူမ်ားရဲ႕ ဖုန္းဆက္ အေၾကာင္းၾကားမႈေၾကာင့္ သြားေရာက္ ဖမ္းဆီးခဲ့ရာ လင္းလက္ဟိန္းမွ လက္နက္ မခ်ဘဲ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ႐ိုက္ႏွက္ခဲ့ၿပီး ရဲတပ္ဖြဲ႕ဝင္တဦးကို ကတ္ေၾကးျဖင့္ေျပးထိုးခဲ့တယ္လို႔ သိရပါတယ္။

အခုလိုမ်ိဳး လင္းလက္ဟိန္းရဲ႕တုန႔္ျပန္မႈေၾကာင့္ ရဲတပ္ဖြဲ႕ဝင္က အသင့္ေဆာင္ထားတဲ့ ၁၂ ဗို႔ ပန႔္အက္ရွင္ေသနတ္နဲ႔ သူ႔ရဲ႕ေအာက္ပိုင္းကို တခ်က္ ပစ္ခတ္ ဖမ္းဆီးခဲ့ရတယ္လို႔သိရပါတယ္။

လင္းလက္ဟိန္းရဲ႕ အျပဳအမူမ်ားဟာ မူးယစ္ေဆးဝါးေၾကာင့္ျဖစ္တယ္ဆိုတဲ့ စကားမ်ား ထြက္ေပၚလာတဲ့အေပၚမွာေတာ့ သဃၤန္းကြၽန္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး ဦးေကာင္းႏိုင္က အခုလို ျပန္လည္ ေျပာၾကားခဲ့ပါတယ္။

“ဥပေဒအသစ္အရ သူေဆးသုံးစြဲေနတယ္ဆိုတာ မွန္သည့္တိုင္ေအာင္ ဥပေဒအရ အေရးယူလို႔ မရပါဘူး။ ဒီဘက္ အစိုးရ လက္ထက္မွာ လူငယ္ေတြဟာ ေဆးသုံးစြဲထားတာသိလို႔ ေဆးစစ္လို႔ ေတြ႕ခဲ့ရင္ေတာင္ ေဆးျဖတ္ ေဆး႐ုံပဲ ပို႔ရပါမယ္”လို႔ ရဲတပ္ဖြဲ႕မႉး ဦးေကာင္းႏိုင္က ေျပာပါတယ္။

ေသနတ္ပစ္ဖမ္းဆီးခဲ့မႈေၾကာင့္ လင္းလက္ဟိန္းရဲ႕ ညာဘက္ေပါင္ရင္းမွာ ေပါက္ၿပဲဒဏ္ရာရရွိခဲ့ၿပီး ေဆး႐ုံမွာ ေဆးကုသမႈ ခံယူေနတယ္လို႔ သိရပါတယ္။

ယုျဖဴဟန္ (ဧရာ၀တီ)

[Unicode Version]

“ဥပဒေအသစ်အရ လင်းလက်ဟိန်းကို အရေးယူလို့ မရဘူး”လို့ သင်္ဃန်းကျွန်း ရဲတပ်ဖွဲ့မှူး ပြော

သရုပ်ဆောင် လင်းလက်ဟိန်းကို ယနေ့၊ စက်တင်ဘာလ ၁၉ ရက်နေ့၊ မနက် ၅ နာရီခွဲအချိန်ခန့်က ဆူပူရမ်းကားပြီး တာဝန်ရှိသူကို အန္တရာယ်ဖြစ်အောင် တုန့်ပြန် တိုက်ခိုက်ခဲ့တာကြောင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၇ ဖြင့် အရေးယူထားတယ်လို့ သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးကောင်းနိုင်က ဧရာဝတီကို ပြောပါတယ်။

“ဆူပူ ရမ်းကားတယ်။ တာဝန်ရှိတဲ့သူကို အန္တရာယ် ဖြစ်လောက်အောင် တုန့်ပြန် တိုက်ခိုက်မှုနဲ့ အရေးယူထားတယ်။ ပုဒ်မ ၃၀၇ ပါ။ အခြေအနေပေါ်မှာ မူတည်ပြီး ပြုလုပ်သွားပါမယ်။ သူ တိုက်ခိုက်လိုက်တာ အုပ်ချုပ်ရေးမှူး တယောက်တည်း ဖြစ်တာ မဟုတ်ဘူး။ ရဲတပ်ဖွဲ့ဝင်တွေ ပါပါတယ်”လို့ ရဲတပ်ဖွဲ့မှူး ဦးကောင်းနိုင်က ပြောပါတယ်။

လင်းလက်ဟိန်းကိုတော့ စက်တင်ဘာ ၁၉ ရက် နံနက် ၅ နာရီခွဲခန့်မှာ သင်္ဃန်းကျွန်းမြို့နယ်၊ ဆယ်သိန်းရပ်ကွက် ရတနာပုံလမ်းတွင် အမျိုးသားတဦး ဓားကိုင်ကာ မူးယစ်သောင်းကျန်းနေကြောင်း ရပ်ကွက်နေပြည်သူများရဲ့ ဖုန်းဆက် အကြောင်းကြားမှုကြောင့် သွားရောက် ဖမ်းဆီးခဲ့ရာ လင်းလက်ဟိန်းမှ လက်နက် မချဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရိုက်နှက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တဦးကို ကတ်ကြေးဖြင့်ပြေးထိုးခဲ့တယ်လို့ သိရပါတယ်။

အခုလိုမျိုး လင်းလက်ဟိန်းရဲ့တုန့်ပြန်မှုကြောင့် ရဲတပ်ဖွဲ့ဝင်က အသင့်ဆောင်ထားတဲ့ ၁၂ ဗို့ ပန့်အက်ရှင်သေနတ်နဲ့ သူ့ရဲ့အောက်ပိုင်းကို တချက် ပစ်ခတ် ဖမ်းဆီးခဲ့ရတယ်လို့သိရပါတယ်။

လင်းလက်ဟိန်းရဲ့ အပြုအမူများဟာ မူးယစ်ဆေးဝါးကြောင့်ဖြစ်တယ်ဆိုတဲ့ စကားများ ထွက်ပေါ်လာတဲ့အပေါ်မှာတော့ သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးကောင်းနိုင်က အခုလို ပြန်လည် ပြောကြားခဲ့ပါတယ်။

“ဥပဒေအသစ်အရ သူဆေးသုံးစွဲနေတယ်ဆိုတာ မှန်သည့်တိုင်အောင် ဥပဒေအရ အရေးယူလို့ မရပါဘူး။ ဒီဘက် အစိုးရ လက်ထက်မှာ လူငယ်တွေဟာ ဆေးသုံးစွဲထားတာသိလို့ ဆေးစစ်လို့ တွေ့ခဲ့ရင်တောင် ဆေးဖြတ် ဆေးရုံပဲ ပို့ရပါမယ်”လို့ ရဲတပ်ဖွဲ့မှူး ဦးကောင်းနိုင်က ပြောပါတယ်။

သေနတ်ပစ်ဖမ်းဆီးခဲ့မှုကြောင့် လင်းလက်ဟိန်းရဲ့ ညာဘက်ပေါင်ရင်းမှာ ပေါက်ပြဲဒဏ်ရာရရှိခဲ့ပြီး ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။

ယုဖြူဟန် (ဧရာ၀တီ)

Leave a Reply

Your email address will not be published. Required fields are marked *