Posted on
[Zawygi Version]
[Unicode Version]
သင့်ရဲ့ဘဝမှာအခက်အခဲတခုခုကြုံလာရင် တစ်နေ့ (၉)ပတ်စိပ်ပြီး (၉)ရက်အဓိဋ္ဌာန်ဝင် ပုတီးစိပ်နည်းလေးပါ
စိတ်ပျံ့လွင့်သူများအတွက် ပုတီးစိပ်နည်းလေးပေးပါ့မယ်။ ပုတီးစိပ်နည်း အမျိုးမျိုးရှိလို့ ကိုယ်ကြိုက်နှစ်သက်ရာ စိပ်လို့ရပါတယ်။တခုခုကိုစွဲစွဲမြဲမြဲ စိပ်စေချင်ပါတယ်။
ဦးဇင်းပေးတဲ့ ပုတီးစိပ်နည်းလေးကို အောက်မှာရေးပေးထားပါတယ်။ တခါတလေ ကိုယ့်ဘဝမှာ အခက်အခဲတခုခုကြုံလာရင် တနေ့ (၉)ပတ်စိပ်ပြီး (၉)ရက်အဓိဋ္ဌာန်ဝင်ပြီးစိပ်ကြည့်ပါ။
တစ်ရက်တည်း ( ၉ ) ပတ်ကို တခါတည်းမစိပ်နိုင်ရင်လည်း ခွဲစိပ်လို့ရပါတယ်။ဥပမာ မနက် သုံးပတ်၊နေ့လည် သုံးပတ် ည သုံးပတ်ပေါ့။ ယုံယုံကြည်ကြည်နဲ့တကယ်လုပ်ကြည့်ပါ။
ပထမအကြိမ် မထူးခြားသေးရင် ဒုတိယအကြိမ်ဆက်လုပ်လိုက်ပါ။ တစ်ကြိမ်မှာတော့ဆုတောင်းပြည့်လာပါလိမ့်မယ်။ ကိုယ့်ဘဝရဲ့ကံဇာတာတွေထူးခြားလာပါလိမ့်မယ်။
ပုတီးစိပ်နည်းလေး … ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ပုတီးတစ်လုံးချ ဓမ္မံ သရဏံ ဂစ္ဆာမိ ။ ပုတီးတစ်လုံးချ ၊ သံဃံ သရဏံ ဂစ္ဆာမိ ပုတီးတစ်လုံးချ ၊ အရဟံ တစ်လုံးချ သမ္မာသမ္ဗုဒေါ္ဓ တစ်လုံးချ ၊ ဝိဇ္ဇာစရဏသမ္ပန္နော
သုဂတော လောကဝိဒူ အနုတ္တရောပုရိသဓမ္မသာရထိ သထ္ထာဒေဝမနုဿ ာနံ ဗုဒေ ဘဂဝါ ပုတီးတစ်လုံးချ ၊ ဟေတုပစ္စယော ပုတီးတစ်လုံးချ အာရမ္မဏ ပစ္စယော ပုတီးတစ်လုံးချ ၊ အဓိပတိပစ္စယော
အနန္တရ ပစ္စယော ၊ သမနန္တရပစ္စယော ၊ သဟဇာပစ္စယော ၊ အညမညပစ္စယော ၊ နိဿ . ယပစ္စယော ၊ ဥပနိဿ ယပစ္စယော ၊ ပုရေဇာတပစ္စယော ၊ ပစ္ဆာဇာတပစ္စယော
အာသေဝနပစ္စယော ၊ ကမ္မ ပစ္စယော ၊ ဝိပါကပစ္စယော ၊ အာဟာရပစ္စယော ၊ ဣန္ဒြိယပစ္စယော ၊ ဈာနပစ္စယော ၊ မဂ္ဂပစ္စယော ၊ သမ္ပယုတ္တ ပစ္စယော ၊ ဝိပ္ပယုတ္တ.ပစ္စယော
အတ္ထိ.ပစ္စယော ၊ နတ္ထိ.ပစ္စယော ၊ ဝိဂတ..ပစ္စယော ၊ အဝိဂတ.ပစ္စယော ဆိုပြီးပုတီးတစ်လုံးစီချသွားပါ…ပြီးရင် သရဏဂုံသုံးပါးကနေ ပြန်စိပ်လိုက်ပါ။
တစ်ခေါက်လျှင် ပုတီး၃၆ လုံးဖြစ်ပြီး သုံးခေါက်စိပ်လျှင် ပုတီးတစ်ပတ်ရပါသည်။ ကံဇာတာတွေထူးခြားလာ၍ ကံကောင်းခြင်းတွေပိုင်ဆိုင်နိုင်ကြပါစေ။
Leave a Reply
Your email address will not be published. Required fields are marked *