Posted on

[Zawgyi Version]

သက်​သက်လွတ်​အ​ကြောင်း











ဒုက္ခအကြီးအကျယ်​​ပေးတတ်​ပါတယ်​…တစ်​ချို့ ​တော​တောင်​​တွေက အသားလုံးဝ မစားရပါဘူး…မယုံလို့စားရင်​ အကြီးအကျယ်​ဒုက္ခ​ရောက်​တတ်​ကြပါတယ်​… လက်​​တွေ့ဖြစ်​ရပ်​​တွေ အများကြီး ရှိပါတယ်​…



အဲဒီအနံ့​ကြောင့် နတ်​​တွေ ဝိဇ္ဇာ​တွေက ဟိုးအ​ဝေးက​နေ ရှူ ရှိုက်​​နေရပါတယ်​… ဒါ​ကြောင့်​ နတ်​​တွေ ဝိဇ္ဇာ​တွေက အသားစားတဲ့သူ​တွေကို ​ဝေး​ဝေး​ရှောင်​ကြပါတယ်​… သီလ သမာဓိ အား​ကောင်းတဲ့












သတိပြု ဖွယ်​ရာ




အဲဒီအခါ ပဲများများ စားသုံးခြင်း၊ပဲနို့ နွားနို့ ​သောက်​သုံးခြင်းနဲ့ အသားဓာတ်​ပြန်​လည်​ ဖြည့်​တင်းရပါတယ်​…။




မေတ္တာဖြင့်

ခရစ်ဒစ် စာရေးသူ

[Unicode Version]

သက်သက်လွတ်အကြောင်း

သက်သတ်လွတ်စားခြင်း အကျိုးအပြစ်များကို ပြန်လည်ရှင်းပြထားတာပါ… ဗဟုသုတပေါ့ …

လောကီပညာမှာ အမဲသား ဘာကြောင့် မစားခိုင်းရသလဲ

ရှေးတုန်းက အလုပ်လုပ်ကြတဲ့အခါ နွားတွေ ကျွဲတွေနဲ့ပဲ ပင်ပင်ပန်းပန်းအလုပ်လုပ်ကြပါတယ်… နွားတွေက လူတွေရဲ့ ကျေးဇူးရှင်တွေဆိုလည်း ဟုတ်တယ်…

ဘာသာတစ်ခုကဆိုရင် နွားတွေကို အထွတ်အမြတ်ထားကြပါတယ်…နွားတွေကြောင့် လယ်ယာကိုင်းကျွန်း အစား အသောက်တွေ ဖြစ်ထွန်းကြတာကိုး…ရှေးတုန်းက

နွားတွေသေရင် လူတွေမစားရက်တော့ ရေမျော ၊ တောထဲလွင့်ပစ်တော့ မကောင်းဆိုးတွေရဲ့ အစာဖြစ်သွားတယ်…

နောက်ပြီး ရှေးတုန်းက ပုဏ္ဏားတွေ အမဲသားတွေနဲ့ ယဇ်ပူဇော်ပြီးရင် တောထဲ စွန့်ပစ်လေ့ရှိကြပါတယ်…အဲဒီအခါ မကောင်းဆိုးဝါးအတွက် အစားအစာဖြစ်ပြီး

အစဉ်အဆက်လို ဖြစ်သွားကြတယ်…နောက်ပြီး အမဲသားက အသားဓာတ်အရမ်းဖြစ်စေတယ်…အနံ့ပြင်းတယ်… အဲဒီ အသားနံ့တွေက မကောင်းဆိုးဝါးတွေ အရမ်းနှစ်သက်ကြတယ်…

အသားဓာတ်အားကောင်းရင် ကာမစိတ်ပြင်းထန်တတ်တယ်…

အဲဒါကြောင့် အထက်လမ်းမှာ အမဲသားရှောင်ခိုင်းတယ်…နောက်ပြီး အမဲသားက မကောင်းဆိုးဝါးတွေ ကြိုက်နှစ်သက်ကြတဲ့အတွက် မကောင်းဆိုးဝါးနှိမ်နှင်းရင် အဆင်မပြေတတ်ဘူး…

စာထဲမှာ သုဿ ာန်ဓုတင်ဆောင်ရဟန်းတွေက အသားမှန်သမျှကို ရှောင်ကြဉ်ရပါတယ်…မဟုတ်ရင် အသားနံ့ကြောင့် နာနာဘာဝတွေ

ဒုက္ခအကြီးအကျယ်ပေးတတ်ပါတယ်…တစ်ချို့ တောတောင်တွေက အသားလုံးဝ မစားရပါဘူး…မယုံလို့ိစားရင် အကြီးအကျယ်ဒုက္ခရောက်တတ်ကြပါတယ်… လက်တွေ့ဖြစ်ရပ်တွေ အများကြီး ရှိပါတယ်…

နောက်ပြီး လူတွေရဲ့ခန္ဓာကိုယ်မှာ မွေးညှင်းပေါက်တွေ ရှိကြပါတယ်… ချွေးတွေက ဝမ်းဗိုက်ထဲ အနံ့တွေက အဲဒီမွေးညှင်းပေါက်ကနေ တစ်ဆင့် ထွက်လာကြပါတယ်… သာမန်အချိန်မှာ မသိရပေမယ့် သမာဓိအား

ကောင်းတဲ့အခါ အဲဒီအနံ့အကြောင်းကို သေသေချာချာ သိရပါတယ်…အသားစားသူတွေရဲ့အနံ့က ပိုပြင်းထန်ပါတယ်…

အဲဒီအနံ့ကြောင့်် နတ်တွေ ဝိဇ္ဇာတွေက ဟိုးအဝေးကနေ ရှူ ရှိုက်နေရပါတယ်… ဒါကြောင့် နတ်တွေ ဝိဇ္ဇာတွေက အသားစားတဲ့သူတွေကို ဝေးဝေးရှောင်ကြပါတယ်… သီလ သမာဓိ အားကောင်းတဲ့

ပုဂ္ဂုလ်တွေကို မတတ်သာလို့ ကြည်ညို လို့ သည်းခံပြီး စောင့်ရှောက်နေကြတာပါ…အသားအနံ့ကိုတော့ အတော်သည်းခံကြပါတယ်…

သာမန် သမာဓိအနည်းငယ်ရှိတဲ့သူတွေတောင် အနားမှာ အသားစားတဲ့သူတွေ ရောက်လာရင် အဲဒီအနံ့ဒဏ်ကို အတော်ခံရပါတယ်

မေတ္တာကို အခြေခံတဲ့ သဘာဝစိတ်

နောက်ပြီး မေတ္တာဘာဝနာကို လက်ကိုင်ထားကြသူတွေက မေတ္တာပို့ရင်း သတ္တဝါတွေအပေါ် အရမ်းသနားလာတတ်ကြတယ်… အဲဒီအခါ ငါဟာ မေတ္တာသာ ပို့နေရတယ်…ကျန်းမာ

ချမ်းသာပါစေလို့ စိတ်ထဲကနေ မေတ္တာပို့ပေးနေတယ်… တကယ့် လက်တွေ့ကာယကံမှာတော့ သူ့အသားကို စားနေတယ်…ဆိုတော့ မဖြစ်သေးဘူးဆိုပြီး အသားစားခြင်းကို ရှောင်ကြဉ်ကြပါတယ်

သို့သော်… အများနဲ့ဆန့်ကျင်နိုင်တယ် …မသိတဲ့သူတွေ အပြစ် ဖြစ်နိုင်တဲ့အတွက် ကျန်းမာရေးကြောင့်စသည်ဖြင့် အကြောင်းအမျိုးမျိုးပြပြီး

ပြန်ဖြေလေ့ရှိကြပါတယ်… အဓိကအားဖြင့် မေတ္တာပွားရင် အဲဒီလို သဘာဝစိတ်က ပေါ်ပေါက်လာတတ်တယ်…

အသားစားခြင်း အကျိုးအပြစ်များ

နောက်ပြီး အသားစားရင် သွားကြားညှပ်ရင် အရမ်းခံရခက်တယ်… အသားဓာတ်ကြောင့် ရသတဏှာ ပိုပွားလာတတ်ပြီး အကုသိုလ်တရားကို ကျုးလွန်ဖို့ ဝန်မလေးတတ်ဘူး… သူ့အသားနဲ့ ဆက်စပ်နေတော့ ပါဏာတိပါတစသည်က နီးစပ်နေတယ်…

နောက်ပိုင်း ဈေးထဲမှာ အသားတွေကို အရောင်လှအောင် ဆေးဆိုးခြင်း ဆေးထိုးခြင်းစသည်ဖြင့် အမျိုးမျိုး ပြုပြင် ဆေးစိမ်လုပ်နေကြတဲ့အတွက် ကျန်းမာရေးအရ ပိုပြီးဒုက္ခရောက်တတ်တယ်… အသီးအရွက်က အဲဒီလောက်

ပြဿ နာ မရှိဘူး… အသီးအရွက်စားသုံးခြင်းက သက်ရှည်ကျန်းမာကြပါတယ်… လက်တွေ့လောကမှာ အသားစားရှောင်ကြဉ်နေကြသူတွေက သက်ရှည်ကျန်းမာကြတာကို တွေ့ရပါတယ်… သည်းခံစိတ်လည်း အားကောင်းလာတတ်တယ်…

သတိပြု ဖွယ်ရာ

တစ်ခုတော့ သတိထားရပါတယ်… အိမ်တစ်အိမ်မှာ တစ်ခြားသူတွေ အသားစားပြီး ကိုယ်တစ်ယောက်တည်း သက်သက်လွတ်သမားဆိုရင် အစားအသောက်ကိစ္စနဲ့ ကရိကထများတတ်ပါတယ်…

အဲဒီအခါ ရောင့်ရဲတင်းတိမ်တတ်တဲ့စိတ်နဲ့ သည်းခံတတ်တဲ့စိတ်ကလေး ထားတတ်ရပါတယ်… ။

နောက်ပြီး အသားမစားတာ ကြာရင် အသားဓာတ်အားနည်းတတ်ပါတယ်… အဲဒီအခါ မောပန်းလွယ်တာတွေ ၊ကြာကြာမထိုင်နိုင်တာတွေ ဖြစ်တတ်ပါတယ်…

အဲဒီအခါ ပဲများများ စားသုံးခြင်း၊ပဲနို့ိ နွားနို့ သောက်သုံးခြင်းနဲ့ အသားဓာတ်ပြန်လည် ဖြည့်တင်းရပါတယ်…။

လက်တွေ့သက်သက်လွတ်စားခြင်း အကျိုးတရားများ –

သို့သော်… သက်သတ်လွတ်စားတာ ကြာလာတဲ့အခါ စိတ်ကြည်လင်သန့်ရှင်းခြင်း ၊စိတ်လွတ်လပ်ပေါ့ပါးလန်းဆန်းခြင်း ၊ အသားအရေကြည်လင် ဝင်းပခြင်း ၊ စိတ်ဓာတ်သတ္တိများ တည်ကြည်ရဲ့ရင့်ခြင်း ၊ ပရလောကသားများ အန္တရာယ်ကင်းရှင်းခြင်း ၊နတ်ကောင်းနတ်မြတ်များ ချစ်ခင်မြတ်နိုးခြင်း ၊ ပရိတ် ပဋ္ဌာန်း ဂါထာမန္တာန်များ ရွတ်ဖတ်ရင် အကျိုးပေးလျင်မြန်ခြင်း ၊ စတဲ့အကျိုးတရားတွေ အလိုလို ရရှိနေတာကို လက်တွေ့မြင်တွေ့ရပါတယ်…

ဟုတ် မဟုတ် မိမိကိုယ်တိုင်သက်သတ်လွတ်စားသုံးခြင်းဖြင့် စမ်းသပ်နိုင်ပါကြောင်း သက်သတ်လွတ်အကြောင်း မျှဝေပေးလိုက်ပါတယ်ခင်ဗျာ…

မေတ္တာဖြင့်

ခရစ်ဒစ် စာရေးသူ

Aung Min Lwin

Leave a Reply

Your email address will not be published. Required fields are marked *