Posted on

အိႏၵိယနိုင္ငံမွာ ဆယ္ေက်ာ္သက္အ႐ြယ္ အိမ္ေထာင္သည္ ကေလးမိခင္ေလာင္းတစ္ဦးကို လူယုတ္မာ (၅)ေယာက္က အဓမၼဝိုင္းက်င့္ခဲ့လို႔

ဗိုက္ထဲက ကေလးပ်က္က်သည္အထိ ျဖစ္ခဲ့ရပါတယ္။ အဆိုပါ အမ်ိဳးသမီးဟာ အသက္(၁၉)ႏွစ္ျဖစ္ၿပီး၊ အိမ္ေထာင္က်တာ တစ္ႏွစ္ေလာက္ပဲ ရွိပါေသးတယ္။

သူမရဲ႕ဗိုက္ထဲမွာ (၈)လအ႐ြယ္ ကိုယ္ဝန္ကို လြယ္ထားခဲ့ရတာပါ။ ဒီလို ယုတ္မာရက္စက္လွတဲ့ အျဖစ္အပ်က္ေၾကာင့္ အဓမၼက်င့္ခံရတဲ့ အမ်ိဳးသမီးရဲ႕

ခင္ပြန္းဟာ ရွက္လြန္းလို႔ မိမိကိုယ္ကို အဆုံးစီရင္သြားခဲ့ပါတယ္။ ဒီအျဖစ္အပ်က္ဟာ အိႏၵိယနိုင္ငံ၊ Banswara ၿမိဳ႕အနီးမွာ ျဖစ္ခဲ့တာပါ။ အခင္းျဖစ္ခဲ့တဲ့ ေန႕ကေတာ့ ဇူလိုင္ (၁၃)ရက္၊ ေန႕လည္ (၁၀)နာရီေလာက္မွာျဖစ္ၿပီး၊ လူငယ္ဇနီးေမာင္ႏွံဟာ

ဆိုင္ကယ္ျဖင့္ Banswara ၿမိဳ႕အနီးက ႐ြာေလးတစ္႐ြာဆီကို အေၾကာင္းကိစၥရွိလို႔ ခရီးထြက္လာခဲ့တာပါ။ လူသူျပတ္လပ္တဲ့ လမ္းပိုင္းတစ္ခုကို အေရာက္မွာ လက္နက္ကိုယ္စီကိုင္ထားတဲ့ လူ(၃)ေယာက္က တားဆီးခဲ့ပါတယ္။

အဲဒီေနာက္ ခင္ပြန္းျဖစ္သူကို ထိုးႀကိတ္ရိုက္ႏွက္ခဲ့ၿပီး၊ ဖုန္းနဲ႕ ေငြသားတစ္ခ်ိဳ႕ကို လုယူကာ၊ ဒဏ္ရာေတြနဲ႕ ေနရာမွာပင္ ပစ္ထားခဲ့ၿပီး၊ ဇနီးျဖစ္သူကို ျပန္ေပးဆြဲသြားခဲ့ပါတယ္။

ေကာင္ေလးဟာ အိမ္ကို ျပန္လာခဲ့ၿပီး၊ မိမိကိုယ္ကို အဆုံးစီရင္ခဲ့ပါတယ္။ ကိုယ္ဝန္သည္ ေကာင္မေလးကေတာ့ ေတာထဲ ေခၚသြားခံရၿပီး၊ အဓမၼဝိုင္းက်င့္ခံခဲ့ရပါတယ္။

ဒါတင္မကေသးဘဲ အဲဒီေကာင္မေလးကို Sunil ႐ြာဆီ အဆိုပါသုံးေယာက္က ဒ႐ြတ္ဆြဲေခၚသြားၿပီး၊ အျခားအမ်ိဳးသားႏွစ္ဦးကို အဓမၼက်င့္ေစခဲ့ျပန္ပါတယ္။

ပထမတရားခံ(၃)ဦးကေတာ့ Sunil, Vikas နဲ႕ Jitendra တို႔ျဖစ္ၿပီး၊ ဒုတိယတရားခံေတြကေတာ့ Naresh နဲ႕ Vijay တို႔ ျဖစ္ပါတယ္။ သူတို႔ဟာ ဇူလိုင္(၁၄)မွာ အဲဒီေကာင္မေလးကို ေနာက္ဆုံး အဓမၼျပဳက်င့္ၿပီး လမ္းေဘးတစ္ေနရာမွာ စြန႔္ပစ္ခဲ့တာပါ။

တရားခံ(၅)ဦးကို အဆင့္ဆင့္ ေဖာ္ထုတ္နိုင္ခဲ့ပါတယ္။ သူတို႔ကို ၾသဂုတ္လ (၁၃)ရက္က ပထမဆုံးအႀကိမ္ ႐ုံးထုတ္ခဲ့ၿပီး၊ သူတို႔အားလုံးကို ေသဒဏ္ေပးဖို႔

အမ်ိဳးသမီးေတြ ဦးေဆာင္တဲ့အဖြဲ႕ တရား႐ုံးအျပင္ဘက္မွာ ဆႏၵထုတ္ေဖာ္ခဲ့သလို၊ ကာယကံရွင္ေတြရဲ႕ ေဆြမ်ိဳးေတြက သူတို႔ကို ဝိုင္းဝန္းရိုက္ႏွက္ဖို႔ စု႐ုံးမႈေတြျဖစ္ခဲ့ေၾကာင္း သိရပါတယ္။

ယူနီကုဒ္ျဖင့္ ဖတ္ရန္

အိန္ဒိယနိုင်ငံမှာ ဆယ်ကျော်သက်အရွယ် အိမ်ထောင်သည် ကလေးမိခင်လောင်းတစ်ဦးကို လူယုတ်မာ (၅)ယောက်က အဓမ္မဝိုင်းကျင့်ခဲ့လို့

ဗိုက်ထဲက ကလေးပျက်ကျသည်အထိ ဖြစ်ခဲ့ရပါတယ်။ အဆိုပါ အမျိုးသမီးဟာ အသက်(၁၉)နှစ်ဖြစ်ပြီး၊ အိမ်ထောင်ကျတာ တစ်နှစ်လောက်ပဲ ရှိပါသေးတယ်။

သူမရဲ့ဗိုက်ထဲမှာ (၈)လအရွယ် ကိုယ်ဝန်ကို လွယ်ထားခဲ့ရတာပါ။ ဒီလို ယုတ်မာရက်စက်လှတဲ့ အဖြစ်အပျက်ကြောင့် အဓမ္မကျင့်ခံရတဲ့ အမျိုးသမီးရဲ့

ခင်ပွန်းဟာ ရှက်လွန်းလို့ မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ အိန္ဒိယနိုင်ငံ၊ Banswara မြို့အနီးမှာ ဖြစ်ခဲ့တာပါ။ အခင်းဖြစ်ခဲ့တဲ့ နေ့ကတော့ ဇူလိုင် (၁၃)ရက်၊ နေ့လည် (၁၀)နာရီလောက်မှာဖြစ်ပြီး၊ လူငယ်ဇနီးမောင်နှံဟာ

ဆိုင်ကယ်ဖြင့် Banswara မြို့အနီးက ရွာလေးတစ်ရွာဆီကို အကြောင်းကိစ္စရှိလို့ ခရီးထွက်လာခဲ့တာပါ။ လူသူပြတ်လပ်တဲ့ လမ်းပိုင်းတစ်ခုကို အရောက်မှာ လက်နက်ကိုယ်စီကိုင်ထားတဲ့ လူ(၃)ယောက်က တားဆီးခဲ့ပါတယ်။

အဲဒီနောက် ခင်ပွန်းဖြစ်သူကို ထိုးကြိတ်ရိုက်နှက်ခဲ့ပြီး၊ ဖုန်းနဲ့ ငွေသားတစ်ချို့ကို လုယူကာ၊ ဒဏ်ရာတွေနဲ့ နေရာမှာပင် ပစ်ထားခဲ့ပြီး၊ ဇနီးဖြစ်သူကို ပြန်ပေးဆွဲသွားခဲ့ပါတယ်။

ကောင်လေးဟာ အိမ်ကို ပြန်လာခဲ့ပြီး၊ မိမိကိုယ်ကို အဆုံးစီရင်ခဲ့ပါတယ်။ ကိုယ်ဝန်သည် ကောင်မလေးကတော့ တောထဲ ခေါ်သွားခံရပြီး၊ အဓမ္မဝိုင်းကျင့်ခံခဲ့ရပါတယ်။

ဒါတင်မကသေးဘဲ အဲဒီကောင်မလေးကို Sunil ရွာဆီ အဆိုပါသုံးယောက်က ဒရွတ်ဆွဲခေါ်သွားပြီး၊ အခြားအမျိုးသားနှစ်ဦးကို အဓမ္မကျင့်စေခဲ့ပြန်ပါတယ်။

ပထမတရားခံ(၃)ဦးကတော့ Sunil, Vikas နဲ့ Jitendra တို့ဖြစ်ပြီး၊ ဒုတိယတရားခံတွေကတော့ Naresh နဲ့ Vijay တို့ ဖြစ်ပါတယ်။ သူတို့ဟာ ဇူလိုင်(၁၄)မှာ အဲဒီကောင်မလေးကို နောက်ဆုံး အဓမ္မပြုကျင့်ပြီး လမ်းဘေးတစ်နေရာမှာ စွန့်ပစ်ခဲ့တာပါ။

တရားခံ(၅)ဦးကို အဆင့်ဆင့် ဖော်ထုတ်နိုင်ခဲ့ပါတယ်။ သူတို့ကို သြဂုတ်လ (၁၃)ရက်က ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပြီး၊ သူတို့အားလုံးကို သေဒဏ်ပေးဖို့

အမျိုးသမီးတွေ ဦးဆောင်တဲ့အဖွဲ့ တရားရုံးအပြင်ဘက်မှာ ဆန္ဒထုတ်ဖော်ခဲ့သလို၊ ကာယကံရှင်တွေရဲ့ ဆွေမျိုးတွေက သူတို့ကို ဝိုင်းဝန်းရိုက်နှက်ဖို့ စုရုံးမှုတွေဖြစ်ခဲ့ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *