Posted on

[Zawgyi Version]

ကရင္ျပည္နယ္ ျမဝတီၿမိဳ႕တြင္ စက္တင္ဘာ ၁၈ ရက္၊ ညပိုင္းက တရားဥပေဒစိုးမိုးေရးႏွင့္နယ္ေျမလံုျခံေရးအတြက္ ရဲတပ္ဖြဲ႔အပါအဝင္ အဖြဲ႔စံုျဖင့္ ယာဥ္ပိတ္ဆို႔ စစ္ေဆးေဆာင္ရြက္ေနစဥ္ တရားမဝင္လမ္းေၾကာင္းမွ ခိုးဝင္လာသည့္တ႐ုတ္ႏိုင္ငံ သား ၂ ဦးကို ဖမ္းဆီးရမိခဲ့ေၾကာင္း ျမ၀တီခရိုင္ရဲတပ္ဖြဲ႔က သတင္းထုတ္သည္။

စက္တင္ဘာ ၁၈ရက္ ညပိုင္းတြင္ ျမဝတီခ႐ိုင္ရဲတပ္ဖြဲ႔၊ျမိဳ႕နယ္လူဝင္မႈႀကီးၾကပ္ေရးအဖြြဲ႔၊နယ္ျခားေစာင့္တပ္ဖြဲ႔ႏွင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ားပါေသာ အဖြ႔ဲ၀င္အင္အား(၉၀)ခန္႔ျဖင့္ ၿမိဳ႕တြင္းလွည့္ကင္းမ်ား ေဆာင္ရြက္ၿပီး ျမဝတီၿမိဳ႕ အမွတ္(၅)ရပ္ကြက္ ခ်စ္ၾကည္ေရးလမ္းတ႐ုတ္ဘံုေက်ာင္းေ႐ွ႕တြင္ ည ၁၁ နာရီ ၃၀ မိနစ္က ယာဥ္စစ္ ပိတ္ဆို႔ ႐ွာေဖြမႈမ်ား ေဆာင္ရြက္ေနစဥ္ ထိုင္း-ျမန္မာ အမွတ္(၂)ခ်စ္ၾကည္ေရးတံတားဘက္မွ ၿမိဳ႕တြင္းဘက္သို႔ ေမာင္းႏွင္လာေသာ အျဖဴေရာင္ Voxy အမ်ိဳးအစာယာဥ္ေပၚတြင္ တ႐ုတ္ႏိုင္ငံသား(၂)ဦးကို ေတြ႔႐ွိျပီး မသကၤာ၍စစ္ေဆးရာမွ ထိုသို႔ဖမ္းဆီရမိခဲ့ျခင္းျဖစ္ သည္။

ဖမ္းဆီးရမိသူ ႏွစ္ဦးမွာ အသက္ ၄၁ ႏွစ္စီရွိေသာ Mr.Shukang Youi ႏွင့္ Mr.Li Guang Qian တို႔ျဖစ္ၿပီး မည္သည့္အေထာက္အထား တစံုတရာမပါ႐ွိဘဲ ထိုင္းႏိုင္ငံ မဲေဆာက္ၿမိဳ႕မွတဆင့္ ႏွစ္ႏိုင္ငံနယ္ျခားေသာင္ရင္းျမစ္ကို ျဖတ္ကူးကာ တရားမဝင္ ေလွဂိတ္မွ ခိုးဝင္လာေၾကာင္း စစ္ေဆးေပၚေပါက္သျဖင့္ စက္တင္ဘာ ၁၉ရက္၊ ညေနပိုင္းတြင္ ျမဝတီၿမိဳ႕မ ရဲစခန္းက (ပ)၁၀၇၆/၂၀၁၉၊လဝကအက္ဥပေဒ ၁၃(၁)ျဖင့္ အမႈဖြင့္ထားသည္။

ေနေနာ္(ျမဝတီ)

[Unicode Version]

ယာဉ်စစ်စဉ် တရားမဝင် ခိုးဝင်လာသူ တရုတ်နိုင်ငံသား ၂ ဦးကို ဖမ်းမိ

ကရင်ပြည်နယ် မြဝတီမြို့တွင် စက်တင်ဘာ ၁၈ ရက်၊ ညပိုင်းက တရားဥပဒေစိုးမိုးရေးနှင့်နယ်မြေလုံခြံရေးအတွက် ရဲတပ်ဖွဲ့အပါအဝင် အဖွဲ့စုံဖြင့် ယာဉ်ပိတ်ဆို့ စစ်ဆေးဆောင်ရွက်နေစဉ် တရားမဝင်လမ်းကြောင်းမှ ခိုးဝင်လာသည့်တရုတ်နိုင်ငံ သား ၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မြဝတီခရိုင်ရဲတပ်ဖွဲ့က သတင်းထုတ်သည်။

စက်တင်ဘာ ၁၈ရက် ညပိုင်းတွင် မြဝတီခရိုင်ရဲတပ်ဖွဲ့၊မြို့နယ်လူဝင်မှုကြီးကြပ်ရေးအဖွဲ့၊နယ်ခြားစောင့်တပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါသော အဖွ့ဲဝင်အင်အား(၉၀)ခန့်ဖြင့် မြို့တွင်းလှည့်ကင်းများ ဆောင်ရွက်ပြီး မြဝတီမြို့ အမှတ်(၅)ရပ်ကွက် ချစ်ကြည်ရေးလမ်းတရုတ်ဘုံကျောင်းရှေ့တွင် ည ၁၁ နာရီ ၃၀ မိနစ်က ယာဉ်စစ် ပိတ်ဆို့ ရှာဖွေမှုများ ဆောင်ရွက်နေစဉ် ထိုင်း-မြန်မာ အမှတ်(၂)ချစ်ကြည်ရေးတံတားဘက်မှ မြို့တွင်းဘက်သို့ မောင်းနှင်လာသော အဖြူရောင် Voxy အမျိုးအစာယာဉ်ပေါ်တွင် တရုတ်နိုင်ငံသား(၂)ဦးကို တွေ့ရှိပြီး မသင်္ကာ၍စစ်ဆေးရာမှ ထိုသို့ဖမ်းဆီရမိခဲ့ခြင်းဖြစ် သည်။

ဖမ်းဆီးရမိသူ နှစ်ဦးမှာ အသက် ၄၁ နှစ်စီရှိသော Mr.Shukang Youi နှင့် Mr.Li Guang Qian တို့ဖြစ်ပြီး မည်သည့်အထောက်အထား တစုံတရာမပါရှိဘဲ ထိုင်းနိုင်ငံ မဲဆောက်မြို့မှတဆင့် နှစ်နိုင်ငံနယ်ခြားသောင်ရင်းမြစ်ကို ဖြတ်ကူးကာ တရားမဝင် လှေဂိတ်မှ ခိုးဝင်လာကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် စက်တင်ဘာ ၁၉ရက်၊ ညနေပိုင်းတွင် မြဝတီမြို့မ ရဲစခန်းက (ပ)၁၀၇၆/၂၀၁၉၊လဝကအက်ဥပဒေ ၁၃(၁)ဖြင့် အမှုဖွင့်ထားသည်။

နေနော်(မြဝတီ)

News Watch

Leave a Reply

Your email address will not be published. Required fields are marked *