Posted on

“ဒီမိန္းမ ၁၁ နာရီ ထိုးေနပီ ခုထိမထေသးဘူးလား

ထစမ္း”ဆိုကာမွာ

ေၾကာက္လို႔သာထလာတာ

အိပ္ခ်င္မူးတူး႐ုပ္နဲ႔ ….

“သြား မ်က္ႏွာသစ္. .!!

သြားပြတ္တံမွာ သြားတိုက္ေဆးထည့္ေပးထားတယ္ .

မ်က္ႏွာသစ္ပါ

ေဘစင္ေပၚမွာ ၾကားလား”..

.စိတ္ကတိုေနျပီ

မိန္းခေလးတဲ့ဗ်ာ ..

. ဒီအခ်ိန္မွထစရာလား …

ကိုယ္ကသာအ့ဲလိုလုပ္မထားရင္ စမ္းစမ္း..စမ္းစမ္းနဲ႔

ေနာက္တနာရီထိေတာင္ မ်က္ႏွာသစ္လို႔ပီးမွာမဟုတ္ဘူးေလ

“ဟဲ့ မၿပီးေသးဘူးလား …!!!!!

ဒီမွာ ထမင္းေၾကာ္ေတြ …

.ေအးကုန္ေတာ့မယ္ .။

ၾကက္ဥေၾကာ္က အက်က္စားမွာလား

မက်က္တက်က္လား “…

.စီးတဲ့ေရ ဆယ္တဲ့ကန္သင္းေလ …

. မကုန္သင့္တာမကုန္ေအာင္

. လည္းစီမံရေသးတယ္ ။

ႏို႔မိုဆို ဒင္းတခါအျပင္ထြက္စားရင္

မနက္စာကို ၃ ေထာင္ေလာက္ကုန္တာ

အဲ့ဒါေၾကာင့္ ေငြကိုေခြၽတာတဲ့အေနနဲ႔ လုပ္ေပးလိုက္တယ္

.သူ႔မွာလဲကိုယ္႔ေၾကာက္လို႔သာစားရတယ္ ။

မ်က္ႏွာကေတာ့ သိပ္မၾကည္ဘူးဗ်ိဳ႕ …

“စားၿပီးရင္လည္း အျပင္ထြက္မယ္

စိတ္မကူးနဲ႔ …!..

ဖုန္းအားအျပည့္သြင္းေပးထားတယ္ . . .

fb သံုးရင္သံုး မသံုးရင္လည္း

Tv ေ႐ွ႕မွာ ကိုရီးယား .. ဇာတ္လမ္းတြဲအသစ္ထြက္လို႔

ဝယ္ေပးထားတယ္ . . . အဲ့ဒါၾကည့္ေန . .!!

အျပင္ကိုေခါင္းေတာင္ျပဴၾကည့္ဖို႔မေတြးနဲ႔

ေနၾကာစိ ေတြ ကြာစိေတြ

လိေမၼာ္သီးေတြကို

အခြံႏႊာပီးခ်ေပးထားတယ္

အဲ့ဒါပဲစား ၾကားလား”

.လူဆိုတာ စက္႐ုပ္မဟုတ္မွန္းေတာ့သိတာေပါ့ဗ်ာ. .

ဒါေပမယ့္ ကိုယ္ဘက္ကလည္း ဟိုစကားပံုလိုပဲ

မယားေနစေၾကာင္ေသ

မွဆိုသလိုေပါ့ဗ်ာ . . .

“ႀကိဳေျပာထားမယ္ေနာ္ . .

.

မေန႔ကနင္ဝယ္လာတဲ့

နင့္အက်ႌ အသစ္နဲ႔ေဘာင္းဘီအသစ္ေတြကို အဝတ္ေလ်ွာ္စက္ထဲထည့္ပီးေလ်ွာ္ဖို႔မ်ားေယာင္လို႔ေတာင္မေတြးနဲ႔ !! ..

ဝတ္ပီးတာနဲ႔ ေရခ်ိဳးခန္းထဲက

ဇလံုထဲထည့္ထား ငါ့ဟာငါေလ်ွာ္မယ္ ။

နင္ေလ်ွာ္ရင္စြန္းထင္းကုန္မယ္။ ေန႔တိုင္းဝယ္မေပးႏိုင္ဘူး ၾကားလား”

.ခက္တယ္ဗ်ာ !!လူ႔အခြင့္အေရးေတြဘာေတြေတာ့

နားလည္ပါတယ္ … အရမ္းႀကီးခ်ဳပ္ခ်ယ္တာ

ေတာ့မဟုတ္ဘူးေပါ့ .. နားလည္ေအာင္ပဲကိုယ္က

သြန္သင္ျပတဲ့သေဘာပါ ..

.သူ႔ခမ်ာသနားဖို႔လည္းေကာင္းပါတယ္ . . .

ကိုယ္ေျပာသမၽွတခြန္းမွျပန္မေျပာရဲဘူး. . .

ေခါင္းေလးတညိမ့္ညိမ့္နဲ႔နားေတာ့

..ေထာင္သားဗ်…

.တေနကုန္ ဆူေငါက္ၿပီး ခ်ဳပ္ခ်ယ္ထားေတာ့လည္း ေန႔ရိွသေရႊ႔ဆိုေတာ့

သူ သူ ကိုယ္ ကိုယ္ ေပါ့ဗ်ာ ဘယ္စိတ္ခ်မ္းသာမလဲ . . …

.က်ေနာ္နားလည္တာေပါ့ . . .

အဲ့ဒါနဲ႔ ညေနဘက္ေရာက္ရင္

ေန႔တိုင္းေပါ့

မသိသလိုေလးေပါ့ဗ်ာ သူ႔ကိုလည္းလိုခ်င္တာေလး

ဝယ္လို႔ရေအာင္

ကိုယ့္ဘက္ကလည္း ေန႔တိုင္းဒါမ်ိဳးေတြလုပ္ေပးတယ္ဆိုၿပီး ရေလလိုေလ အိုတေစၧ အေတြးမ်ိဳးနဲ႔

ေယာင့္မတက္ေအာင္လည္း ၾကံရေသးတဲ့ဗ်..

“ဟဲ့.. နင္တေနကုန္ ဒီအခန္းထဲထိုင္ေနမွာလားဟမ္..

က်န္းမာေရးအတြက္လႈပ္႐ွားမႉ

ေလးဘာေလး

နင္လုပ္ဖို႔စိတ္မကူးဖူးဘူးလား

.ေတာက္..ငါေျပာေတာ့

ငါ့အသံလူၾကားတယ္

သြား..အဝတ္အစားသြားလဲ..”

.သူ႔ခမ်ာေၾကာက္ေနေတာ့လည္း

ၾကည့္လက္စ ကိုရီးယားကားကို ပိတ္ၿပီး အဝတ္သြားလဲတာျမင္ေတာ့

ကိုယ့္မွာစိတ္မေကာင္းေတာင္ျဖစ္ရေသးတယ္ . . .

ကိုယ့္ဟာကိုယ္လည္းျပန္ဆင္ျခင္မိတာေပါ့ေလ..

ငါေျပာတာေတြ လြန္မ်ားေနပီးလား

တဖက္သားအတြက္ နာက်ည္းစရာေတြမ်ားျဖစ္ေနၿပီလားေပါ့..

.အဲ့လိုနဲ႔ သူလည္းကိုယ့္ကိုေၾကာက္လို႔သာ

ခပ္ကုတ္ကုတ္ေလးလိုက္လာတာျမင္ေတာ့ စိတ္ကမေကာင္းျပန္ဘူးဗ်ိဳ႕..

အ့ဲဒါနဲ႔..

“ႀကိဳက္တာ ယူေနာ္ . …

ငါ့ကို လွည့္မၾကည့္နဲ႔

ငါ့အတြက္လည္း ဘာမွဝယ္ေပးဖို႔မစဥ္းစားနဲ႔ နင္လိုခ်င္တာသာနင့္ဟာနင္ ဝယ္”

ဆိုေတာ့ မ်က္ႏွာကတခ်က္ပ်က္သြားေသးတယ္

.က်ဳပ္သိတာေပါ့ဗ်ာ..

က်ဳပ္အတြက္သူေရြးပီးဝယ္ေပးခ်င္ေပမယ့္ က်ဳပ္က မဝယ္ေပးဖို႔ ပိတ္ေျပာလိုက္တာကို . . .

အမွန္ေတာ့ ကိုယ့္က သူ႔အတြက္ေရြးၿပီးဝယ္ေနရမဲ့

အခ်ိန္ေတြထဲက ကိုယ့္အတြက္ဖဲ့ေပးရမွာဆိုးလို႔

ေစတနာ နဲ႔ေျပာလိုက္တာ….

.သိတဲ့အတိုင္းပဲဗ်ာ . . က်ဳပ္ကလည္းအေျပာအဆိုကမတတ္ေတာ့

အေျပာမတတ္ရင္ဆဲသလိုဆိုတဲ့အတိုင္း

ေစတနာအမွားေတြေပါ့ဗ်ာ.

…ဟူး..ခက္တယ္ဗ်ာ..!

.သူဝယ္ျခမ္းၿပီးလို႔

အိမ္ျပန္ေရာက္ေတာ့ က်ဳပ္မွာတမ်ိဳးပူရျပန္ေကာဗ်……

“ဟဲ့ နင္ဝယ္လာတဲ့ ဟာေတြ ဝတ္ၾကည့္စမ္း . . .

မေတာ္ရင္ ျပန္သြားလဲလို႔ရေအာင္

ခုဝတ္ၾကည့္….

အိပ္ယာခင္းတာ ျခင္ေထာင္ေထာင္တာ ငါလုပ္လိုက္မယ္..သြား..သြား”

.က်ဳပ္မွာ အဲ့ဒိလိုကိစၥေတြက တေန႔ထဲမဟုတ္ဘူး..

ေန႔တဓူဝ ပဲဗ်ာ….

.ဒါကိုဘာလို႔ေျပာျပလည္းဆိုေတာ့

ကိုယ့္ ညီငယ္ေတြနဲ႔ မိန္းမယူထားတဲ့

ေဘာ္ဒါ ေတြအတြက္..

.သူမ်ားေတြက.. မယက..ႀကီး ..ေစာက္တလြဲေကာင္ႀကီးလို႔ ..

အေျပာမခံရေအာင္..

မိန္းမေတြကို ဘယ္လို ခ်ဳပ္ကိုင္သင့္တယ္ဆိုတာေလး အၾကံေပးေျပာျပခ်င္တာပါ..

[Unicode]

“ဒီမိန်းမ ၁၁ နာရီ ထိုးနေပီ ခုထိမထသေးဘူးလား

ထစမ်း”ဆိုကာမှာ

ကြောက်လို့သာထလာတာ

အိပ်ချင်မူးတူးရုပ်နဲ့ ….

“သွား မျက်နှာသစ်. .!!

သွားပွတ်တံမှာ သွားတိုက်ဆေးထည့်ပေးထားတယ် .

မျက်နှာသစ်ပါ

ဘေစင်ပေါ်မှာ ကြားလား”..

.စိတ်ကတိုနေပြီ

မိန်းခလေးတဲ့ဗျာ ..

. ဒီအချိန်မှထစရာလား …

ကိုယ်ကသာအဲ့လိုလုပ်မထားရင် စမ်းစမ်း..စမ်းစမ်းနဲ့

နောက်တနာရီထိတောင် မျက်နှာသစ်လို့ပီးမှာမဟုတ်ဘူးလေ

“ဟဲ့ မပြီးသေးဘူးလား …!!!!!

ဒီမှာ ထမင်းကြော်တွေ …

.အေးကုန်တော့မယ် .။

ကြက်ဥကြော်က အကျက်စားမှာလား

မကျက်တကျက်လား “…

.စီးတဲ့ရေ ဆယ်တဲ့ကန်သင်းလေ …

. မကုန်သင့်တာမကုန်အောင်

. လည်းစီမံရသေးတယ် ။

နို့မိုဆို ဒင်းတခါအပြင်ထွက်စားရင်

မနက်စာကို ၃ ထောင်လောက်ကုန်တာ

အဲ့ဒါကြောင့် ငွေကိုချွေတာတဲ့အနေနဲ့ လုပ်ပေးလိုက်တယ်

.သူ့မှာလဲကိုယ့်ကြောက်လို့သာစားရတယ် ။

မျက်နှာကတော့ သိပ်မကြည်ဘူးဗျို့ …

“စားပြီးရင်လည်း အပြင်ထွက်မယ်

စိတ်မကူးနဲ့ …!..

ဖုန်းအားအပြည့်သွင်းပေးထားတယ် . . .

fb သုံးရင်သုံး မသုံးရင်လည်း

Tv ရှေ့မှာ ကိုရီးယား .. ဇာတ်လမ်းတွဲအသစ်ထွက်လို့

ဝယ်ပေးထားတယ် . . . အဲ့ဒါကြည့်နေ . .!!

အပြင်ကိုခေါင်းတောင်ပြူကြည့်ဖို့မတွေးနဲ့

နေကြာစိ တွေ ကွာစိတွေ

လိမ္မော်သီးတွေကို

အခွံနွှာပီးချပေးထားတယ်

အဲ့ဒါပဲစား ကြားလား”

.လူဆိုတာ စက်ရုပ်မဟုတ်မှန်းတော့သိတာပေါ့ဗျာ. .

ဒါပေမယ့် ကိုယ်ဘက်ကလည်း ဟိုစကားပုံလိုပဲ

မယားနေစကြောင်သေ

မှဆိုသလိုပေါ့ဗျာ . . .

“ကြိုပြောထားမယ်နော် . .

.

မနေ့ကနင်ဝယ်လာတဲ့

နင့်အင်္ကျီ အသစ်နဲ့ဘောင်းဘီအသစ်တွေကို အဝတ်လျှော်စက်ထဲထည့်ပီးလျှော်ဖို့များယောင်လို့တောင်မတွေးနဲ့ !! ..

ဝတ်ပီးတာနဲ့ ရေချိုးခန်းထဲက

ဇလုံထဲထည့်ထား ငါ့ဟာငါလျှော်မယ် ။

နင်လျှော်ရင်စွန်းထင်းကုန်မယ်။ နေ့တိုင်းဝယ်မပေးနိုင်ဘူး ကြားလား”

.ခက်တယ်ဗျာ !!လူ့အခွင့်အရေးတွေဘာတွေတော့

နားလည်ပါတယ် … အရမ်းကြီးချုပ်ချယ်တာ

တော့မဟုတ်ဘူးပေါ့ .. နားလည်အောင်ပဲကိုယ်က

သွန်သင်ပြတဲ့သဘောပါ ..

.သူ့ခမျာသနားဖို့လည်းကောင်းပါတယ် . . .

ကိုယ်ပြောသမျှတခွန်းမှပြန်မပြောရဲဘူး. . .

ခေါင်းလေးတညိမ့်ညိမ့်နဲ့နားတော့

..ထောင်သားဗျ…

.တနေကုန် ဆူငေါက်ပြီး ချုပ်ချယ်ထားတော့လည်း နေ့ရှိသရွှေ့ဆိုတော့

သူ သူ ကိုယ် ကိုယ် ပေါ့ဗျာ ဘယ်စိတ်ချမ်းသာမလဲ . . …

.ကျနော်နားလည်တာပေါ့ . . .

အဲ့ဒါနဲ့ ညနေဘက်ရောက်ရင်

နေ့တိုင်းပေါ့

မသိသလိုလေးပေါ့ဗျာ သူ့ကိုလည်းလိုချင်တာလေး

ဝယ်လို့ရအောင်

ကိုယ့်ဘက်ကလည်း နေ့တိုင်းဒါမျိုးတွေလုပ်ပေးတယ်ဆိုပြီး ရလေလိုလေ အိုတစ္ဆေ အတွေးမျိုးနဲ့

ယောင့်မတက်အောင်လည်း ကြံရသေးတဲ့ဗျ..

“ဟဲ့.. နင်တနေကုန် ဒီအခန်းထဲထိုင်နေမှာလားဟမ်..

ကျန်းမာရေးအတွက်လှုပ်ရှားမှူ

လေးဘာလေး

နင်လုပ်ဖို့စိတ်မကူးဖူးဘူးလား

.တောက်..ငါပြောတော့

ငါ့အသံလူကြားတယ်

သွား..အဝတ်အစားသွားလဲ..”

.သူ့ခမျာကြောက်နေတော့လည်း

ကြည့်လက်စ ကိုရီးယားကားကို ပိတ်ပြီး အဝတ်သွားလဲတာမြင်တော့

ကိုယ့်မှာစိတ်မကောင်းတောင်ဖြစ်ရသေးတယ် . . .

ကိုယ့်ဟာကိုယ်လည်းပြန်ဆင်ခြင်မိတာပေါ့လေ..

ငါပြောတာတွေ လွန်များနေပီးလား

တဖက်သားအတွက် နာကျည်းစရာတွေများဖြစ်နေပြီလားပေါ့..

.အဲ့လိုနဲ့ သူလည်းကိုယ့်ကိုကြောက်လို့သာ

ခပ်ကုတ်ကုတ်လေးလိုက်လာတာမြင်တော့ စိတ်ကမကောင်းပြန်ဘူးဗျို့..

အဲ့ဒါနဲ့..

“ကြိုက်တာ ယူနော် . …

ငါ့ကို လှည့်မကြည့်နဲ့

ငါ့အတွက်လည်း ဘာမှဝယ်ပေးဖို့မစဉ်းစားနဲ့ နင်လိုချင်တာသာနင့်ဟာနင် ဝယ်”

ဆိုတော့ မျက်နှာကတချက်ပျက်သွားသေးတယ်

.ကျုပ်သိတာပေါ့ဗျာ..

ကျုပ်အတွက်သူရွေးပီးဝယ်ပေးချင်ပေမယ့် ကျုပ်က မဝယ်ပေးဖို့ ပိတ်ပြောလိုက်တာကို . . .

အမှန်တော့ ကိုယ့်က သူ့အတွက်ရွေးပြီးဝယ်နေရမဲ့

အချိန်တွေထဲက ကိုယ့်အတွက်ဖဲ့ပေးရမှာဆိုးလို့

စေတနာ နဲ့ပြောလိုက်တာ….

.သိတဲ့အတိုင်းပဲဗျာ . . ကျုပ်ကလည်းအပြောအဆိုကမတတ်တော့

အပြောမတတ်ရင်ဆဲသလိုဆိုတဲ့အတိုင်း

စေတနာအမှားတွေပေါ့ဗျာ.

…ဟူး..ခက်တယ်ဗျာ..!

.သူဝယ်ခြမ်းပြီးလို့

အိမ်ပြန်ရောက်တော့ ကျုပ်မှာတမျိုးပူရပြန်ကောဗျ……

“ဟဲ့ နင်ဝယ်လာတဲ့ ဟာတွေ ဝတ်ကြည့်စမ်း . . .

မတော်ရင် ပြန်သွားလဲလို့ရအောင်

ခုဝတ်ကြည့်….

အိပ်ယာခင်းတာ ခြင်ထောင်ထောင်တာ ငါလုပ်လိုက်မယ်..သွား..သွား”

.ကျုပ်မှာ အဲ့ဒိလိုကိစ္စတွေက တနေ့ထဲမဟုတ်ဘူး..

နေ့တဓူဝ ပဲဗျာ….

.ဒါကိုဘာလို့ပြောပြလည်းဆိုတော့

ကိုယ့် ညီငယ်တွေနဲ့ မိန်းမယူထားတဲ့

ဘော်ဒါ တွေအတွက်..

.သူများတွေက.. မယက..ကြီး ..စောက်တလွဲကောင်ကြီးလို့ ..

အပြောမခံရအောင်..

မိန်းမတွေကို ဘယ်လို ချုပ်ကိုင်သင့်တယ်ဆိုတာလေး အကြံပေးပြောပြချင်တာပါ..

Leave a Reply

Your email address will not be published. Required fields are marked *