Posted on

(Zawgyi)




ဖြစ်စဉ်အရသမီးဖြစ်သူမ____________(၁၇)နှစ် စက်မှုဇုံရပ်ကွက်မိတ္တီလာမြိုနေသူမှ ၄င်းအားအလိုမတူပဲ သားမယားအဖြစ်(၂)ကြိမ်တိုင်ပြုကျင့်ခဲ့သူဖခင်ဦးကျော်စိုးအားအရေးယူပေးပါရန်စက်တင်ဘာ(၁၇)ရက်တွင် လာရောက်တိုင်တန်းချက်အရမိတ္တီလာမြို့ အမှတ်(၃)နယ် မြေရဲစခန်း(ပ)၃၃၂/၂၀၁၉ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့်အမှုဖွင့်အရေးယူပြီးပြစ်မှုကျူးလွန်သူကျော်စိုး(၅၂)နှစ်ယက္ကန်းလုပ်သားစက်မှုဇုံ(၄)လမ်းမိတ္တီလာမြို့နေသူအားစက်တင်ဘာ(၁၇)ရက်ည(၇း၄၀)အချိန်ဖမ်းဆီးရမိပြီးအမှုနှင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


(Unicode)

ဖခင်ဖြစ်သူ မှ သမီးအရင်းအား တစ်နေ့တည်း နာရီခြား သားမယား အဖြစ်ပြုကျင့်မှု

မန္တလေးတိုင်းဒေသကြီး မိတ္တီလာမြို့စက်မှုဇုံ(၄) လမ်းရှိယက္ကန်း အလုပ်သမားတန်းလျားတွင် ဖခင်ဖြစ်သူ မှသမီးအရင်းအားတစ်နေ့တည်းနာရီခြား၍အလိုမတူပဲ သားမယားအဖြစ်(၂)ကြိမ်တိုင်ပြုကျင့်မှုဖြစ်ပွား ခဲ့ကြောင်းစုံစမ်းသိရသည်။

လွန်ခဲ့သော(၃)လခန့်(နေ့ရက်မမှတ်မိ)ည(၉)နာရီ အချိန်ခန့်မ_________(၁၇)နှစ်မှယက္ကန်း အလုပ်နား၍ ဖခင်ဦးကျော်စိုးနှင့်အတူနေထိုင်သောမိတ္တီလာမြို့စက် မှုဇုံ(၄)လမ်းရှိယက္ကန်းအလုပ်သမားတန်းလျားတွင်တစ် ဦးတည်းရှိနေစဉ်ဖခင်ဦးကျော်စိုးရောက်ရှိလာပြီးမပြော မဆိုပါးစပ်ပိတ်ကာအလိုမတူပဲသားမယားအဖြစ်(၁)ကြိမ် ပြုကျင့်ကြောင်း(၃)နာရီခန့်အကြာဖခင်ဦးကျော်စိုး မှသားမယားအဖြစ်(၁)ကြိမ်ထပ်မံပြုကျင့်ခဲ့ပြီးမည်သူကိုမှပြောဆိုခြင်းမပြုရန်ပြောကြောင်း

ထိုသို့ဖြစ်ပွားပြီးစက်တင် ဘာ(၉)ရက်၊ည(၇)နာရီခန့်နေအိမ်ခန်းတွင်အိပ်နေစဉ်ဖခင်ဦးကျော်စိုးနှင့်၎င်း၏ ဇနီးဒေါ်ကြည်ကြည်ဝင်း(မိထွေး တော်စပ်သူ)တို့စကားများနေသည်တွေ့ရှိရပြီးဖခင်ဦး ကျော်စိုးမှဒေါ်ကြည်ကြည်ဝင်းအားနှင်ချသဖြင့်ဆင်းသွား ခဲ့ကြောင်းစက်တင်ဘာ(၁၆)ရက်နေ့တွင်စက်မှုဇုံရပ်ကွက် အုပ်ချုပ်ရေးမှူးမှစက်မှုဇုံရဲကင်းသို့ခဏလိုက်ခဲ့ရန်လာ ရောက်ခေါ်ဆောင်၍လိုက်သွားရာ စက်မှုဇုံရဲကင်းတွင်မိ ထွေးဒေါ်ကြည်ကြည်ဝင်းအားတွေ့ရှိရပြီးဒေါ်ကြည်ကြည်ဝင်း၏ပြောပြချက်အရဖခင်ဦးကျော်စိုးနှင့်နေထိုင်ခဲ့သည်တိုင်ကြား ထားကြောင်းဖြစ်စဉ်အမှန်အားပြောပြရန်အုပ် ချုပ်ရေးမှပြောဆိုသဖြင့်မ_____________မှ၎င်းအား ဖခင်ဖြစ်သူဦးကျော်စိုးမှအလိုမတူပဲ သားမယားအဖြစ် (၂)ကြိမ်တိုင်ပြုကျင့်ခဲ့သည်ကိုပြောပြခဲ့ကြောင်းသိရ သည်။

ဖြစ်စဉ်အရသမီးဖြစ်သူမ____________(၁၇)နှစ် စက်မှုဇုံရပ်ကွက်မိတ္တီလာမြိူနေသူမှ ၎င်းအားအလိုမတူပဲ သားမယားအဖြစ်(၂)ကြိမ်တိုင်ပြုကျင့်ခဲ့သူဖခင်ဦးကျော်စိုးအားအရေးယူပေးပါရန်စက်တင်ဘာ(၁၇)ရက်တွင် လာရောက်တိုင်တန်းချက်အရမိတ္တီလာမြို့ အမှတ်(၃)နယ် မြေရဲစခန်း(ပ)၃၃၂/၂၀၁၉ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့်အမှုဖွင့်အရေးယူပြီးပြစ်မှုကျူးလွန်သူကျော်စိုး(၅၂)နှစ်ယက္ကန်းလုပ်သားစက်မှုဇုံ(၄)လမ်းမိတ္တီလာမြို့နေသူအားစက်တင်ဘာ(၁၇)ရက်ည(ရး၄၀)အချိန်ဖမ်းဆီးရမိပြီးအမှုနှင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ရွှေမောင်မောင်(မိတ္တီလာ)

Media TOP 4

Leave a Reply

Your email address will not be published. Required fields are marked *