Posted on











credit – ဒီဗွီဘီ

ထိုင်းနိုင်ငံတွင် တံတားပေါ်မှ လူ ၁ ဦး ခုန်ချ (ရုပ်သံ)

ထိုင်းနိုင်ငံ ဆမွတ်ဆာခွန်းခရိုင် ဘန့်ဖျောက်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ယာဉ်တစီး လမ်းမပေါ်မောင်းနှင်နေစဉ် တံတားပေါ်က လူတဦး ခုန်ချခဲ့မှု ဖြစ်ခဲ့ပါတယ်။

ကားထဲကနေ အော်တိုရိုက်ယူထားတဲ့ အဆိုပါဗွီဒီယိုဖိုင်ဟာ ခုရက်ပိုင်းအတွင်း လူမှုကွန်ရက်မှာ ပျံ့နှံ့နေခဲ့တာပါ။

ထိုင်းရတ်သတင်းဌာနက အဆိုပါ ဗွီဒီယိုကလစ် မူရင်းပိုင်ရှင် Sirikorn Rodboonkerd ကို ဆက်သွယ်မေးမြန်းရာမှာ ယာဉ်မောင်းသူမှာ နိုင်းဆူဖတ် ဆိုသူဖြစ်ပြီး

သူဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက် ညနေပိုင်းက မိသားစုနဲ့အတူ ဆေးရုံသွားချိန် ဆေးရုံကြီးရှေ့ ခုံးကျော်တံတားနား ရောက်တော့ ရုတ်တရက်လူတယောက်

ခုန်ချလာတာမြင်လိုက်ရကြောင်း၊ ကားကို ဘရိတ်အုပ်ဖို့ အချိန်မရတော့တာကြောင့် ဘယ်ဘက်ကို ကွေ့ရှောင်လိုက်တာလို့ ပြောပါတယ် ။

ခုန်ချလာသူမှာ အသက် ၃၀ အရွယ် အမျိုးသား ၁ ဦးဖြစ်ပြီး အနီးနားရှိလူတွေက ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ကြောင်း၊ သူဟာ ဘန့်ဖျောက်ဆေးရုံက စိတ်ဝေဒနာ

ရှင်တဦးလို့ သိရပြီး အသေးစိတ်ကိုတော့ မသိရဘူးလို့ ဆိုပါတယ်။

ထိုင်းရတ်သတင်း ဖော်ပြချက်မှာတော့ အဆိုပါလူရွယ်ဟာ သေကြောင်းကြံတဲ့အနေနဲ့ ခုန်ချလာတာလို့ ဆိုပါတယ်။

ယာဉ်မောင်းသမားကတော့ သူသာ ကားကိုအမြန်မောင်းမယ်ဆိုရင် အချိန်မီ မတိမ်းရှောင်နိုင်ခဲ့ဘူးဆိုရင် တံတားပေါ်ကနေ ကျလာသူကို ကြိတ်မိတာ၊

credit – ဒီဗွီဘီ

 

 

Leave a Reply

Your email address will not be published. Required fields are marked *