Posted on

[Zawgyi Version]

မေကြးတိုင္းေဒသႀကီး သရက္ၿမိဳ႕တြင္ ငါးႏွစ္အ႐ြယ္ KG ေက်ာင္းသူေလးတဦးအား ရဲတပ္သားတဦးမွ သားမယားျပဳက်င့္မႈ စက္တင္ဘာ(၁၉)ရက္တြင္ ျဖစ္ပြားခဲ့သည္။

သရက္ၿမိဳ႕ အေနာက္ရပ္ေျမာက္ပိုင္းရပ္ကြက္ ၿမိဳ႕ပတ္လမ္းေန ေဒၚ (—) သည္ ဆပ္ျပာမႈန႔္ႏွင့္ Coffee mix သြားဝယ္ၿပီး ေနအိမ္သို႔ျပန္လာစဥ္ ခ႐ိုင္ရဲ႐ုံးအနီး ရဲသင္တန္းသားအေဆာင္ေရွ႕အေရာက္တြင္ တအိမ္ထဲအတူေန တူေတာ္သူ ဒုတိယတန္းေက်ာင္သားမွ သမီးျဖစ္သူ မ(—) သည္ ရဲသင္တန္းသားအေဆာင္ေပၚတြင္ေရာက္ရွိေနသည္ဟု လက္ညိဳးထိုးျပသျဖင့္လွမ္းၾကည့္ရာ သမီး မ(—)အား အေပၚပိုင္းဗလာ ပုဆိုးဝတ္ထားေသာလူတဦးက ပိုက္ဆံေပးေနသည္ကို ျမင္ေတြ႕ရသျဖင့္ ေနအိမ္သို႔ျပန္ေခၚလာၿပီးမွေမးျမန္းရာ ပိုက္ဆံေပးသူက မိမိအား ေဘာင္းဘီခြၽတ္ခိုင္းၿပီး ထိုသူကပုဆိုးခြၽတ္ကာ အေပၚမွတက္အိပ္ေၾကာင္း၊ ရႈးေပါက္သည့္ေနရာမွ နာက်င္ေနသည္ဟု မိခင္ျဖစ္သူကို ေျပာျပေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ မိခင္ျဖစ္သူ ေဒၚ(—) မွ အဆိုပါေန႔ ေန႔လယ္ပိုင္းအခ်ိန္တြင္ တရားလိုျပဳလုပ္တိုင္ၾကားလာသျဖင့္ အသက္ ၅ ႏွစ္အ႐ြယ္ KG ေက်ာင္းသူအား လိင္ပိုင္းဆိုင္ရာခ်ိဳးေဖာက္သူ ရဲတပ္သား ေက်ာ္ၿဖိဳးထက္ (၂၄ ႏွစ္)အား သရက္ၿမိဳ႕မစခန္းမွ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ ျဖင့္ အေရးယူေဆာင္႐ြက္ထားေၾကာင္း၊ မ(—)အား သရက္ခ႐ိုင္ျပည္သူ႔ေဆး႐ုံႀကီးသို႔ မႈခင္းေဆးစာျဖင့္ ေပးပို႔ခဲ့ေၾကာင္း သိရသည္။

ဒီလႈိင္း

[Unicode Version]

ငါးနှစ်သမီး KG ကျောင်းသူကို ရဲတပ်သားတဦးမှ သားမယားပြုကျင့်မှု သရက်တွင်ဖြစ်ပွား

မကွေးတိုင်းဒေသကြီး သရက်မြို့တွင် ငါးနှစ်အရွယ် KG ကျောင်းသူလေးတဦးအား ရဲတပ်သားတဦးမှ သားမယားပြုကျင့်မှု စက်တင်ဘာ(၁၉)ရက်တွင် ဖြစ်ပွားခဲ့သည်။

သရက်မြို့ အနောက်ရပ်မြောက်ပိုင်းရပ်ကွက် မြို့ပတ်လမ်းနေ ဒေါ် (—) သည် ဆပ်ပြာမှုန့်နှင့် Coffee mix သွားဝယ်ပြီး နေအိမ်သို့ပြန်လာစဉ် ခရိုင်ရဲရုံးအနီး ရဲသင်တန်းသားအဆောင်ရှေ့အရောက်တွင် တအိမ်ထဲအတူနေ တူတော်သူ ဒုတိယတန်းကျောင်သားမှ သမီးဖြစ်သူ မ(—) သည် ရဲသင်တန်းသားအဆောင်ပေါ်တွင်ရောက်ရှိနေသည်ဟု လက်ညိုးထိုးပြသဖြင့်လှမ်းကြည့်ရာ သမီး မ(—)အား အပေါ်ပိုင်းဗလာ ပုဆိုးဝတ်ထားသောလူတဦးက ပိုက်ဆံပေးနေသည်ကို မြင်တွေ့ရသဖြင့် နေအိမ်သို့ပြန်ခေါ်လာပြီးမှမေးမြန်းရာ ပိုက်ဆံပေးသူက မိမိအား ဘောင်းဘီချွတ်ခိုင်းပြီး ထိုသူကပုဆိုးချွတ်ကာ အပေါ်မှတက်အိပ်ကြောင်း၊ ရှုးပေါက်သည့်နေရာမှ နာကျင်နေသည်ဟု မိခင်ဖြစ်သူကို ပြောပြကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မိခင်ဖြစ်သူ ဒေါ်(—) မှ အဆိုပါနေ့ နေ့လယ်ပိုင်းအချိန်တွင် တရားလိုပြုလုပ်တိုင်ကြားလာသဖြင့် အသက် ၅ နှစ်အရွယ် KG ကျောင်းသူအား လိင်ပိုင်းဆိုင်ရာချိုးဖောက်သူ ရဲတပ်သား ကျော်ဖြိုးထက် (၂၄ နှစ်)အား သရက်မြို့မစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း၊ မ(—)အား သရက်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ မှုခင်းဆေးစာဖြင့် ပေးပို့ခဲ့ကြောင်း သိရသည်။

ဒီလှိုင်း

News Watch

Leave a Reply

Your email address will not be published. Required fields are marked *