Posted on

(Zawgyi)

19.9.2019 မွ 25.9.2019 အထိတစ္ပတ္စာ၇ရက္သားသမီးေဟာစာတမ္း

တနဂၤေႏြ

ဒီကာလအတြင္း စိုးရိမ္ပူပန္ရတာေတြမ်ားေနရတတ္ပါတယ္။ အဓိကေတာ့ မိဘေတြရဲ႕က်န္းမာေရးအတြက္ ပူပန္ရတာမ်ိဳးေတြျဖစ္ရတတ္ပါတယ္။ အလုပ္နဲ႔ပက္သက္ၿပီး တာဝန္ႀကီးေတြယူရတာမ်ိဳးေၾကာင့္စိတ္ပင္ပန္းရတတ္ ပါတယ္။မိတ္ေဆြေတြဆီက အကူအညီေတြေတာင္းခံမေနပါနဲ႔။ ကိုယ္ဒုူးကိုယ္ခြၽန္ႀကိဳးစားမွပဲအဆင္ေျပတိုးတတ္ပါ လိမ့္မယ္။မထင္မွတ္ဘဲ အလုပ္နဲ႔ပက္သက္တဲ့ခရီးမ်ိဳးေတြႀကဳံရတတ္ပါတယ္။အစိုးရ႒ာနဆိုင္ရာမ်ားႏွင့္ဆက္စပ္ လုပ္ကိုင္ရေသာအလုပ္ေတြအခက္အခဲမ်ားတယ္။ လူႀကီးေတြကို ေတာင္းဆိုတင္ျပခ်င္တာေတြဒီကာလမွာ ခဏၿမိဳ သိပ္ထားလိုက္ပါ။ မိသားစုအေရးကိစၥေတြမွာေတာ့ ေခါင္းေအးေအးထားဆုံးျဖတ္ရလိမ့္မယ္။ အေလာတႀကီးလုပ္ တဲ့ကိစၥမွန္သမွ်ျပႆနာေတြကို တိုးသြားႏိုင္ပါတယ္။က်န္းမာေရးကို မေပါ့ေစခ်င္ပါဘူး။ ကာယပင္ပန္းလြန္းအား ႀကီးတာမ်ိဳး မလုပ္ပါနဲ႔။ အေလးအပင္မလိုက္ရင္ ခါးနာသြားတတ္ပါတယ္။အခ်စ္ေရးမွာ ပူဆာလြန္းအားႀကီးတဲ့ခ်စ္ သူအေပၚစိတ္ကုန္စိတ္ပ်က္ေနမိတတ္ပါတယ္။အိမ္ေထာင္ေရးကံအညံ့မ်ားပါတယ္။တက်က္က်က္ျဖစ္လြယ္ပါတယ္။ ပညာေရးကေတာ့ ႀကိဳးစားဖို႔ လိုပါတယ္။ စိုးရိမ္စိတ္ေတြကမိမိကို စိတ္ႏွစ္လို႔မရေအာင္လုပ္ေနပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း 1/3/4

အထူးေဟာ ပူပန္စရာေတြမ်ားေနတတ္ပါတယ္။

ယၾတာ အုန္းႏို႔ ေခါက္ဆြဲဘုရားကပ္လႉလိုက္ပါ။

တနလၤာ

ကံေကာင္းျခင္း၊အဆင္ေျပျခင္းေတြအထူးႀကဳံရတတ္ပါတယ္။ အဘက္ဘက္အဆင္ေျပေအာင္ျမင္မႈေတြ ရလာတတ္ပါတယ္။ အလုပ္ခြင္အတြင္းလူခ်စ္လူခင္မ်ားၿပီး အမ်ားရဲ႕ေလးစားျခင္းခံရတတ္ပါတယ္။ မိမိရဲ႕အစြမ္းအစေတြကို ထုတ္ေဖာ္ခြင့္ေတြရလာတတ္ပါတယ္။ အြန္လိုင္းစီးပြားေရးမ်ားအဆင္ေျပတိုးတတ္လာႏိုင္ပါတယ္။ ကိုယ္ပိုင္စီးပြားမ်ာ း ေရာင္းပန္းဝယ္ပန္းပြင့္ပါလိမ့္မယ္။ အရင္ကတည္းက ဆက္ဆံေရးေကာင္းသူေတြ၊လူသိမ်ား သူေတြဆို ပိုမိုအဆင္ေျပတတ္ပါတယ္။ ေငြအစုလိုက္ဝင္တတ္ပါတယ္။ အိမ္ၿခံစတဲ့ေရာင္းလိုတဲ့အရာေတြေရာင္း ထြက္သြားတတ္ပါတယ္။ ထီဝါသနာပါရင္ေတာ့ ထီကံစမ္းႏိုင္ပါတယ္။အႏုပညာႏွင့္ႏြယ္ေသာအလုပ္မ်ား၊ ေရႏွင့္ ႏြယ္ေသာအလုပ္မ်ား တိုးတတ္ပါလိမ့္မယ္။ဘာသာေရးအလုပ္၊ကုသိုလ္ေရးအလုပ္ေတြမွာလဲ စိတ္ပါလက္ပါလုပ္ ျဖစ္ေနပါလိမ့္မယ္။က်န္းမာေရးကေတာ့ ေကာင္းေနၿပီးသားပါပဲ။ အရက္ႏွင့္အငန္ေတာ့ ေလွ်ာ့စားလိုက္ပါ။ အခ်စ္ေရးမွာေတာ့ၾကည္ႏူးေပ်ာ္႐ႊင္စရာေတြျပည့္ႏွက္ေနတတ္ပါတယ္။အိမ္ေထာင္ေရးကံညံ့ေနပါတယ္။ သည္းခံ ထားတဲ့ကိစၥေတြေပါက္ကြဲထြက္မဲ့ကာလပါပဲ။ ပညာေရးကေတာ့ ႀကိဳးစားသမွ်အရာထင္ပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း 2/4/5

အထူးေဟာ ကံျမင့္မားေနမည္

ယၾတာ စိတ္ခ်မ္းသာ ကိုယ္က်န္းမာပါလိမ့္မယ္။

အဂၤါ

ဒီကာလမွာ လုပ္သင့္တာထက္ လုပ္ခ်င္တာကိုဦးစားေပးပါ။ မအားလို႔ မိမိလုပ္ခ်င္တာေတြကို ေမ့ထားသူ ေတြျပန္လည္လုပ္ခြင့္ရလာပါလိမ့္မယ္။ေအာက္ငယ္ငယ္သားေတြ၊ တပည့္သားခ်င္းေတြလာေရာက္ ဂါရဝျပဳတာမ်ိဳး ေတြႀကဳံရတတ္ပါတယ္။မိမိသြားခ်င္တဲ့ခရီးတိုေလးေတြသြားရတတ္ပါတယ္။ မိသားစုနဲ႔ ေပ်ာ္ပြဲစားထြက္ရတာမ်ိဳး ေတြႀကဳံရတတ္ပါတယ္။ အလုပ္ပိုေတြေကာင္းစြာေလွ်ာ့ခ်သြားႏိုင္လိမ့္မယ္။ စိတ္လက္ခ်မ္းသာစြာေနထိုင္လုပ္ကိုင္ ႏိုင္မဲ့ေန႔ရက္ပါပဲ။ ေဈးဝယ္ထြက္တာ၊ စက္ပစၥည္း၊ကားဝယ္တာမ်ိဳးေတြဒီေန႔မွာအေလးေပးေဆာင္႐ြက္ႏိုင္ပါတယ္။ ေဆးဝါးႏွင့္ပက္သက္ေသာ အလုပ္မ်ား တိုးတတ္ႏိုင္ပါတယ္။ ယာဥ္ကားငွားရမ္းတဲ့အလုပ္ေတြ အဆင္ေျပလာ တတ္ပါတယ္။ ေရလမ္းခရီးမ်ားလဲသြားလို႔သင့္ေတာ္ပါတယ္။က်န္းမာေရးအညံ့မ်ားေနတတ္ပါတယ္။ ျဖစ္ႏိုင္တာက ေတာ့ အေသးစားထိခိုက္မႈေလးေတြျဖစ္ရတတ္ပါတယ္။အခ်စ္ေရးကံကေတာ့ စန္းပြင့္လြန္းေနပါတယ္။ လက္ရွိခ်စ္ သူအျပင္ခ်စ္သူအသစ္ရတတ္ပါတယ္။ အိမ္ေထာင္ေရးသာယာေပ်ာ္႐ႊင္ရလိမ့္မယ္။အညံ့မရွိပါဘူးဗ်။ ပညာေရးမွာ မိမိကိုယ္တိုင္က စာထဲစိတ္မဝင္စားဘဲ အေပ်ာ္အပါးမက္ေနတတ္ပါတယ္။

အက်ိဳးေပးဂဏန္း 3/5/6

အထူးေဟာ စိတ္ေပ်ာ္႐ႊင္ရလိမ့္မယ္။

ယၾတာ ႏႈတ္က ဘုရားဂုဏ္ေတာ္ေတြ အားတိုင္းပြားေနလိုက္ပါ။

ဗုဒၶဟူး/ရာဟု

အညံ့အဆိုးေတြရွိေနတယ္ဆိုေပမဲ့ စိတ္ဓာတ္ႀကံ့ခိုင္သူေတြ၊ေခါင္းေအးေအးနဲ႔စဥ္းစားလုပ္ကိုင္ႏိုင္သူေတြက အညံ့နည္းေနတတ္ပါတယ္။ အိမ္တြင္းေရးအပူေလးေတြရွိေနတတ္ပါတယ္။ အျပင္ကိုေပါက္ၾကားလို႔မရတဲ့မိသားစု အတြင္းေရးျပႆနာေတြရွိေနတတ္ပါတယ္။ လူမႈေရးကိစၥေတြမွာ ကူညီသင့္တာကူညီပါ။ ဒါေပမဲ့ သူမ်ားၾကား မညႇပ္မိေအာင္ေနပါ။ အဲလိုမွမဟုတ္ရင္ သူမ်ားျပႆနာ ကိုယ့္ျပႆနာျဖစ္ရတတ္ပါတယ္။စိတ္ကူးထားသမွ်အရာ ထင္ဖို႔မလြယ္ပါ။ အလုပ္စီးပြားနဲ႔ပက္သက္ရင္လုပ္လက္စအလုပ္ေတြကိုဆက္လက္လုပ္ေဆာင္သြားလိုက္ပါ။ အသစ္စတာမ်ိဳး၊လုပ္ငန္းခ်ဲ႕ထြင္တာမ်ိဳးကိုေတာ့ဒီအပတ္အားမေပးပါဘူး။ ျပႆနာေတြသယ္လာတဲ့ မိတ္ေဆြေတြ ကို တတ္ႏိုင္သမွ် မိမိေရွာင္ထြက္ႏိုင္ေအာင္ႀကိဳးစားပါ။ အလႉေလးေတြမရည္႐ြယ္ဘဲျပဳရတတ္ပါတယ္။ စကား အေျပာအဆိုေတာ့ဆင္ျခင္ပါ။ စကားနည္း၊ႏႈတ္နည္းတာအေကာင္းဆုံးျဖစ္ပါလိမ့္မယ္။ အခ်စ္ေရးေတြမွာေတာ့ မထင္မွတ္ဘဲ ခ်စ္သူေဟာင္းရည္းစားေဟာင္းနဲ႔ျပန္အဆင္ေျပတတ္ပါတယ္။အိမ္ေထာင္ေရး အပူေသာကေတြရွိ ေနတတ္ပါတယ္။ ပညာေရးကံ သင့္ အဆင့္မွာရွိပါတယ္။ ဉာဏ္ဝီရိယေတြစိုက္ထုတ္လိုက္ပါ။

အက်ိဳးေပးဂဏန္း 6/8/0

အထူးေဟာ အနည္းငယ္ကံညံ့ေနမည္

ယၾတာ ႏြားႏို႔ဘုရားကပ္လႉလိုက္ပါ။

ၾကာသပေတး

ဒီကာလဟာသတိထားရမွာကမိမိယုံၾကည္ေလးစားရတဲ့သူကမိမိကိုလိမ္လည္သြားတတ္ပါတယ္။ စိတ္ညစ္ စိတ္ရႈပ္ရတဲ့အေၾကာင္းတရားကေတာ့ မိမိလိုခ်င္တဲ့အရာကို လြယ္လြယ္ကူ ကူမရႏိုင္တာပါပဲ။ ဘာကိစၥမဆိုအခက္ အခဲေလးေတြႀကဳံၿပီးမွေအာင္ျမင္သြားတတ္ပါတယ္။ မိမိေအာက္လက္ငယ္ သားေတြထဲမွာ ဗုဒၶဟူးသားရွိရင္ အေရးႀကီး ကိစၥမ်ားဒီအပတ္မွာသူ႔ကိုမခိုင္းလိုက္ပါနဲ႔။ အလြဲလြဲအေခ်ာ္ေခ်ာ္ေတြျဖစ္ရ တတ္လို႔ပါပဲ။ အေဟာင္းေတြ ခ်န္ခဲ့ၿပီးအသစ္စတင္တဲ့ေန႔ရက္မ်ိဳးပါပဲ။ အလုပ္သစ္၊စီးပြား၊ဆိုင္သစ္၊ ေနရာ သစ္ေတြမွာအဆင္ေျပေအာင္ျမင္မႈ ေတြရတတ္ပါတယ္။ က်န္းမာေရးနဲ႔ပက္သက္ရင္ေတာ့ မိမိမွာအခံရွိၿပီးသား ေရာဂါေဟာင္း ေဝဒနာေဟာင္းေတြပဲ ဝင္လာတတ္ပါတယ္။ ဘုရားေစတီ႐ုပ္ပြားေတာ္မ်ား၊ ပန္းခ်ီကားခ်ပ္မ်ား လက္ေဆာင္ရခဲ့တယ္ဆိုရင္ေတာ့ အိမ္မွာ ေသခ်ာ ကိုးကြယ္ထားလိုက္ပါ။ ကံအထူးျမင့္မားသြားပါလိမ့္မယ္။ အခ်စ္ေရးမွာေတာ့ နားလည္မႈအျပည့္အ၀ ရွိတဲ့ခ်စ္သူ ေၾကာင့္ စိတ္ခ်မ္းေျမ့ရပါလိမ့္မယ္။ အိမ္ေထာင္ေရးကေတာ့ ကေတာက္ကဆျဖစ္စရာမ်ားေနတတ္ ပါတယ္။ ပညာေရးအတြက္ကေတာ့ မိမိအားထည့္သေလာက္ ရလဒ္ေတြလဲေကာင္းေနမွာပါပဲ။

အက်ိဳးေပးဂဏန္း 6/5/2

အထူးေဟာ ကံသင့္ပါတယ္။

ယၾတာ မိမိဆီမွာရွိတဲ့ ဖိနပ္အေဟာင္းအျပတ္ေတြကို အမႈိက္ေတာင္းထဲစြန႔္ပစ္လိုက္ပါဗ်ာ

ေသာၾကာ

ဒီကာလအတြင္းမိမိတတ္ခ်င္တဲ့သင္တန္းမ်ား ဒီအခ်ိန္မွာ စတင္တတ္ေရာက္လို႔အေကာင္းဆုံးပါပဲ။ ေငြေၾကးကံလဲျမင့္မားေနမွာပါ။ ရစရာရွိတဲ့ေငြေၾကးေတြလဲ လက္ဝယ္ျပန္ ရရွိပါလိမ့္မယ္။ ေျမ၊ၿခံဝယ္ခ်င္သူမ်ား ဒီကာလမွာဝယ္ယူႏိုင္ပါလိမ့္မယ္။ လက္ကားစီးပြားေရးမ်ားေအာင္ျမင္မႈေတြ ပိုမိုရရွိလာႏိုင္ပါတယ္။ စိတ္ကူးအယူ အဆေတြက ေကာင္းမြန္ေနပါတယ္။ မိမိစိတ္ကူးထားတဲ့အတိုင္းပဲ လက္ေတြ႕မွာအေကာင္အထည္ေဖာ္ေဆာင္ ႐ြက္ႏိုင္ပါတယ္။ အလုပ္ခြင္အတြင္းစိတ္ခ်မ္းသာေပ်ာ္႐ႊင္စြာလုပ္ကိုင္ႏိုင္ပါလိမ့္မယ္။ စကားကိုလိမၼာပါးနပ္စြာ ေျပာတတ္သူမ်ားပိုအဆင္ေျပပါလိမ့္မယ္။ပညာေရးနဲ႔ပက္သက္ေသာ ခရီးမ်ားလဲသြားရတတ္ ပါတယ္။ ဆရာ ေကာင္းသမားေကာင္းနဲ႔လဲေတြ႕ ႏိုင္တဲ့ကာလေတြပါပဲ။ အခ်စ္ေရးကေတာ့ ခ်စ္သူနဲ႔ ခ်ိန္းထားရင္ပ်က္ရတတ္ပါ တယ္။ မစီစဥ္ထားဘဲ ေတြ႕ဆုံျခင္း မ်ိဳးကပိုမိုေကာင္းမြန္ပါ လိမ့္မယ္။ က်န္းမာေရးကေတာ့ အညံ့အဆိုးနည္း ပါတယ္။ က်န္းမာေရးေဒါင္ေဒါင္ျမည္ေန ပါလိမ့္မယ္။ အိမ္ေထာင္ေရးက အဆင္ေျပေနမွာပါ။ မိသားစုအတြင္းမွာလဲ နားလည္မႈေတြရွိမဲ့ေန႔ရက္ေတြပါပဲ။ ပညာ ေရးကေတာ့ ေကာင္းေနပါတယ္။ မိမိမသိေသး၊မတတ္ေသးတဲ့ ပညာေတြသင္ခြင့္ရလာတတ္ပါတယ္။

အက်ိဳးေပးဂဏန္း 5/3/4

အထူးေဟာ အကူအညီေတြ၊အေထာက္အပံ့ေတြရလြယ္ပါတယ္။

ယၾတာ ဘုရားရွင္အားေသာၾကာေန႔မွာ အလင္းတိုင္ ၃တိုင္ထြန္းညႇိပူေဇာ္လိုက္ပါ။

စေန

ဒီကာလအတြင္း မည္သည့္နယ္ပယ္မွာမဆို ပုံမွန္ပဲလည္ပတ္လုပ္ကိုင္ပါ။ အသစ္အဆန္းထြင္လုပ္တာမ်ိဳး ေတြ၊ လုပ္ငန္းခ်ဲ႕လိုက္တာမ်ိဳးေတြ၊ မိမိသိပ္ၿပီးနားမလည္တဲ့ ပစၥည္းေတြကိုရင္းႏွီးျမဳပ္ႏွံျခင္းမ်ားသတိထားေဆာင္ ႐ြက္ေစခ်င္ပါတယ္။ျဖတ္လမ္းစီးပြားမ်ားႏွင့္ေလာင္းကစားကိုေရွာင္ေစခ်င္ပါတယ္။မသမာနည္းနဲ႔ေငြရွာျခင္းေတြက ေကာင္းေကာင္းဒုကၡေရာက္ေစႏိုင္လို႔ပါပဲ။သြားခ်င္တဲ့ခရီးေတြကိုေတာ့အေၾကာင္းတစ္ခုခုေၾကာင့္ရက္ေ႐ႊ႕ရတတ္ပါတယ္။ဆန႔္က်င္ဘက္ေတြလိင္ေတြနဲ႔ပက္သက္ၿပီးေတာ့လဲ သတိထားဆက္ဆံပါ။ ထိုသူေတြရဲ႕ဒုကၡေပးျခင္းကိုခံရ တတ္ပါတယ္။ လခစားဝန္ထမ္းဆိုရင္ေတာ့ ေဘာနပ္ရတာပဲျဖစ္ျဖစ္၊ လစာတိုးတာပဲျဖစ္ျဖစ္ ႀကဳံေတြ႕ရတတ္ပါတယ္ ။ က်န္းမာေရးကေတာ့ အညံ့ျဖစ္ေအာင္ မိမိကိုယ္တိုင္က ဖန္တီးမိေနတတ္ပါတယ္။ ေလေအးေပးစက္၊ပန္ကာ ေတြအလြန္အကြၽံအေအးမခံမိဖို႔လိုအပ္ပါတယ္။အခ်စ္ေရးကေတာ့ ခ်စ္သူနဲ႔ အဆင္ေျပေပမဲ့အလုပ္ ေၾကာင့္အေန ေဝး ေနတာမ်ိဳးေတြ ျဖစ္ရတတ္ပါတယ္။ အိမ္ေထာင္ေရးသာယာေပ်ာ္႐ႊင္ရပါလိမ့္မယ္။အိမ္ေထာင္ဘက္ရဲ႕ေဆြမ်ိဳး ေတြထံကအကူအညီရလြယ္ပါတယ္။ ပညာေရးအထူးေကာင္းမြန္ တဲ့ကာလပါပဲ။ မိမိကသာႀကိဳးစားေစခ်င္ပါတယ္။

အက်ိဳးေပးဂဏန္း6/9/1

အထူးေဟာ မပ်င္းရိပါနဲ႔။

ယၾတာ မိဘေတြကိုအားေဆးလႉလိုက္ပါ။

၇ရက္သားသမီးအေပါင္း ေကာင္းေသာလိုအင္ဆႏၵေတြျပည့္ဝပါေစ

ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ)

(Unicode)

19.9.2019 မှ 25.9.2019 အထိတစ်ပတ်စာ၇ရက်သားသမီးဟောစာတမ်း

တနင်္ဂနွေ

ဒီကာလအတွင်း စိုးရိမ်ပူပန်ရတာတွေများနေရတတ်ပါတယ်။ အဓိကတော့ မိဘတွေရဲ့ကျန်းမာရေးအတွက် ပူပန်ရတာမျိုးတွေဖြစ်ရတတ်ပါတယ်။ အလုပ်နဲ့ပက်သက်ပြီး တာဝန်ကြီးတွေယူရတာမျိုးကြောင့်စိတ်ပင်ပန်းရတတ် ပါတယ်။မိတ်ဆွေတွေဆီက အကူအညီတွေတောင်းခံမနေပါနဲ့။ ကိုယ်ဒုူးကိုယ်ချွန်ကြိုးစားမှပဲအဆင်ပြေတိုးတတ်ပါ လိမ့်မယ်။မထင်မှတ်ဘဲ အလုပ်နဲ့ပက်သက်တဲ့ခရီးမျိုးတွေကြုံရတတ်ပါတယ်။အစိုးရဋ္ဌာနဆိုင်ရာများနှင့်ဆက်စပ် လုပ်ကိုင်ရသောအလုပ်တွေအခက်အခဲများတယ်။ လူကြီးတွေကို တောင်းဆိုတင်ပြချင်တာတွေဒီကာလမှာ ခဏမြို သိပ်ထားလိုက်ပါ။ မိသားစုအရေးကိစ္စတွေမှာတော့ ခေါင်းအေးအေးထားဆုံးဖြတ်ရလိမ့်မယ်။ အလောတကြီးလုပ် တဲ့ကိစ္စမှန်သမျှပြဿနာတွေကို တိုးသွားနိုင်ပါတယ်။ကျန်းမာရေးကို မပေါ့စေချင်ပါဘူး။ ကာယပင်ပန်းလွန်းအား ကြီးတာမျိုး မလုပ်ပါနဲ့။ အလေးအပင်မလိုက်ရင် ခါးနာသွားတတ်ပါတယ်။အချစ်ရေးမှာ ပူဆာလွန်းအားကြီးတဲ့ချစ် သူအပေါ်စိတ်ကုန်စိတ်ပျက်နေမိတတ်ပါတယ်။အိမ်ထောင်ရေးကံအညံ့များပါတယ်။တကျက်ကျက်ဖြစ်လွယ်ပါတယ်။ ပညာရေးကတော့ ကြိုးစားဖို့ လိုပါတယ်။ စိုးရိမ်စိတ်တွေကမိမိကို စိတ်နှစ်လို့မရအောင်လုပ်နေပါလိမ့်မယ်။

အကျိုးပေးဂဏန်း 1/3/4

အထူးဟော ပူပန်စရာတွေများနေတတ်ပါတယ်။

ယတြာ အုန်းနို့ ခေါက်ဆွဲဘုရားကပ်လှူလိုက်ပါ။

တနင်္လာ

ကံကောင်းခြင်း၊အဆင်ပြေခြင်းတွေအထူးကြုံရတတ်ပါတယ်။ အဘက်ဘက်အဆင်ပြေအောင်မြင်မှုတွေ ရလာတတ်ပါတယ်။ အလုပ်ခွင်အတွင်းလူချစ်လူခင်များပြီး အများရဲ့လေးစားခြင်းခံရတတ်ပါတယ်။ မိမိရဲ့အစွမ်းအစတွေကို ထုတ်ဖော်ခွင့်တွေရလာတတ်ပါတယ်။ အွန်လိုင်းစီးပွားရေးများအဆင်ပြေတိုးတတ်လာနိုင်ပါတယ်။ ကိုယ်ပိုင်စီးပွားမျာ း ရောင်းပန်းဝယ်ပန်းပွင့်ပါလိမ့်မယ်။ အရင်ကတည်းက ဆက်ဆံရေးကောင်းသူတွေ၊လူသိများ သူတွေဆို ပိုမိုအဆင်ပြေတတ်ပါတယ်။ ငွေအစုလိုက်ဝင်တတ်ပါတယ်။ အိမ်ခြံစတဲ့ရောင်းလိုတဲ့အရာတွေရောင်း ထွက်သွားတတ်ပါတယ်။ ထီဝါသနာပါရင်တော့ ထီကံစမ်းနိုင်ပါတယ်။အနုပညာနှင့်နွယ်သောအလုပ်များ၊ ရေနှင့် နွယ်သောအလုပ်များ တိုးတတ်ပါလိမ့်မယ်။ဘာသာရေးအလုပ်၊ကုသိုလ်ရေးအလုပ်တွေမှာလဲ စိတ်ပါလက်ပါလုပ် ဖြစ်နေပါလိမ့်မယ်။ကျန်းမာရေးကတော့ ကောင်းနေပြီးသားပါပဲ။ အရက်နှင့်အငန်တော့ လျှော့စားလိုက်ပါ။ အချစ်ရေးမှာတော့ကြည်နူးပျော်ရွှင်စရာတွေပြည့်နှက်နေတတ်ပါတယ်။အိမ်ထောင်ရေးကံညံ့နေပါတယ်။ သည်းခံ ထားတဲ့ကိစ္စတွေပေါက်ကွဲထွက်မဲ့ကာလပါပဲ။ ပညာရေးကတော့ ကြိုးစားသမျှအရာထင်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း 2/4/5

အထူးဟော ကံမြင့်မားနေမည်

ယတြာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါလိမ့်မယ်။

အင်္ဂါ

ဒီကာလမှာ လုပ်သင့်တာထက် လုပ်ချင်တာကိုဦးစားပေးပါ။ မအားလို့ မိမိလုပ်ချင်တာတွေကို မေ့ထားသူ တွေပြန်လည်လုပ်ခွင့်ရလာပါလိမ့်မယ်။အောက်ငယ်ငယ်သားတွေ၊ တပည့်သားချင်းတွေလာရောက် ဂါရဝပြုတာမျိုး တွေကြုံရတတ်ပါတယ်။မိမိသွားချင်တဲ့ခရီးတိုလေးတွေသွားရတတ်ပါတယ်။ မိသားစုနဲ့ ပျော်ပွဲစားထွက်ရတာမျိုး တွေကြုံရတတ်ပါတယ်။ အလုပ်ပိုတွေကောင်းစွာလျှော့ချသွားနိုင်လိမ့်မယ်။ စိတ်လက်ချမ်းသာစွာနေထိုင်လုပ်ကိုင် နိုင်မဲ့နေ့ရက်ပါပဲ။ ဈေးဝယ်ထွက်တာ၊ စက်ပစ္စည်း၊ကားဝယ်တာမျိုးတွေဒီနေ့မှာအလေးပေးဆောင်ရွက်နိုင်ပါတယ်။ ဆေးဝါးနှင့်ပက်သက်သော အလုပ်များ တိုးတတ်နိုင်ပါတယ်။ ယာဉ်ကားငှားရမ်းတဲ့အလုပ်တွေ အဆင်ပြေလာ တတ်ပါတယ်။ ရေလမ်းခရီးများလဲသွားလို့သင့်တော်ပါတယ်။ကျန်းမာရေးအညံ့များနေတတ်ပါတယ်။ ဖြစ်နိုင်တာက တော့ အသေးစားထိခိုက်မှုလေးတွေဖြစ်ရတတ်ပါတယ်။အချစ်ရေးကံကတော့ စန်းပွင့်လွန်းနေပါတယ်။ လက်ရှိချစ် သူအပြင်ချစ်သူအသစ်ရတတ်ပါတယ်။ အိမ်ထောင်ရေးသာယာပျော်ရွှင်ရလိမ့်မယ်။အညံ့မရှိပါဘူးဗျ။ ပညာရေးမှာ မိမိကိုယ်တိုင်က စာထဲစိတ်မဝင်စားဘဲ အပျော်အပါးမက်နေတတ်ပါတယ်။

အကျိုးပေးဂဏန်း 3/5/6

အထူးဟော စိတ်ပျော်ရွှင်ရလိမ့်မယ်။

ယတြာ နှုတ်က ဘုရားဂုဏ်တော်တွေ အားတိုင်းပွားနေလိုက်ပါ။

ဗုဒ္ဓဟူး/ရာဟု

အညံ့အဆိုးတွေရှိနေတယ်ဆိုပေမဲ့ စိတ်ဓာတ်ကြံ့ခိုင်သူတွေ၊ခေါင်းအေးအေးနဲ့စဉ်းစားလုပ်ကိုင်နိုင်သူတွေက အညံ့နည်းနေတတ်ပါတယ်။ အိမ်တွင်းရေးအပူလေးတွေရှိနေတတ်ပါတယ်။ အပြင်ကိုပေါက်ကြားလို့မရတဲ့မိသားစု အတွင်းရေးပြဿနာတွေရှိနေတတ်ပါတယ်။ လူမှုရေးကိစ္စတွေမှာ ကူညီသင့်တာကူညီပါ။ ဒါပေမဲ့ သူများကြား မညှပ်မိအောင်နေပါ။ အဲလိုမှမဟုတ်ရင် သူများပြဿနာ ကိုယ့်ပြဿနာဖြစ်ရတတ်ပါတယ်။စိတ်ကူးထားသမျှအရာ ထင်ဖို့မလွယ်ပါ။ အလုပ်စီးပွားနဲ့ပက်သက်ရင်လုပ်လက်စအလုပ်တွေကိုဆက်လက်လုပ်ဆောင်သွားလိုက်ပါ။ အသစ်စတာမျိုး၊လုပ်ငန်းချဲ့ထွင်တာမျိုးကိုတော့ဒီအပတ်အားမပေးပါဘူး။ ပြဿနာတွေသယ်လာတဲ့ မိတ်ဆွေတွေ ကို တတ်နိုင်သမျှ မိမိရှောင်ထွက်နိုင်အောင်ကြိုးစားပါ။ အလှူလေးတွေမရည်ရွယ်ဘဲပြုရတတ်ပါတယ်။ စကား အပြောအဆိုတော့ဆင်ခြင်ပါ။ စကားနည်း၊နှုတ်နည်းတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ အချစ်ရေးတွေမှာတော့ မထင်မှတ်ဘဲ ချစ်သူဟောင်းရည်းစားဟောင်းနဲ့ပြန်အဆင်ပြေတတ်ပါတယ်။အိမ်ထောင်ရေး အပူသောကတွေရှိ နေတတ်ပါတယ်။ ပညာရေးကံ သင့် အဆင့်မှာရှိပါတယ်။ ဉာဏ်ဝီရိယတွေစိုက်ထုတ်လိုက်ပါ။

အကျိုးပေးဂဏန်း 6/8/0

အထူးဟော အနည်းငယ်ကံညံ့နေမည်

ယတြာ နွားနို့ဘုရားကပ်လှူလိုက်ပါ။

ကြာသပတေး

ဒီကာလဟာသတိထားရမှာကမိမိယုံကြည်လေးစားရတဲ့သူကမိမိကိုလိမ်လည်သွားတတ်ပါတယ်။ စိတ်ညစ် စိတ်ရှုပ်ရတဲ့အကြောင်းတရားကတော့ မိမိလိုချင်တဲ့အရာကို လွယ်လွယ်ကူ ကူမရနိုင်တာပါပဲ။ ဘာကိစ္စမဆိုအခက် အခဲလေးတွေကြုံပြီးမှအောင်မြင်သွားတတ်ပါတယ်။ မိမိအောက်လက်ငယ် သားတွေထဲမှာ ဗုဒ္ဓဟူးသားရှိရင် အရေးကြီး ကိစ္စများဒီအပတ်မှာသူ့ကိုမခိုင်းလိုက်ပါနဲ့။ အလွဲလွဲအချော်ချော်တွေဖြစ်ရ တတ်လို့ပါပဲ။ အဟောင်းတွေ ချန်ခဲ့ပြီးအသစ်စတင်တဲ့နေ့ရက်မျိုးပါပဲ။ အလုပ်သစ်၊စီးပွား၊ဆိုင်သစ်၊ နေရာ သစ်တွေမှာအဆင်ပြေအောင်မြင်မှု တွေရတတ်ပါတယ်။ ကျန်းမာရေးနဲ့ပက်သက်ရင်တော့ မိမိမှာအခံရှိပြီးသား ရောဂါဟောင်း ဝေဒနာဟောင်းတွေပဲ ဝင်လာတတ်ပါတယ်။ ဘုရားစေတီရုပ်ပွားတော်များ၊ ပန်းချီကားချပ်များ လက်ဆောင်ရခဲ့တယ်ဆိုရင်တော့ အိမ်မှာ သေချာ ကိုးကွယ်ထားလိုက်ပါ။ ကံအထူးမြင့်မားသွားပါလိမ့်မယ်။ အချစ်ရေးမှာတော့ နားလည်မှုအပြည့်အ၀ ရှိတဲ့ချစ်သူ ကြောင့် စိတ်ချမ်းမြေ့ရပါလိမ့်မယ်။ အိမ်ထောင်ရေးကတော့ ကတောက်ကဆဖြစ်စရာများနေတတ် ပါတယ်။ ပညာရေးအတွက်ကတော့ မိမိအားထည့်သလောက် ရလဒ်တွေလဲကောင်းနေမှာပါပဲ။

အကျိုးပေးဂဏန်း 6/5/2

အထူးဟော ကံသင့်ပါတယ်။

ယတြာ မိမိဆီမှာရှိတဲ့ ဖိနပ်အဟောင်းအပြတ်တွေကို အမှိုက်တောင်းထဲစွန့်ပစ်လိုက်ပါဗျာ

သောကြာ

ဒီကာလအတွင်းမိမိတတ်ချင်တဲ့သင်တန်းများ ဒီအချိန်မှာ စတင်တတ်ရောက်လို့အကောင်းဆုံးပါပဲ။ ငွေကြေးကံလဲမြင့်မားနေမှာပါ။ ရစရာရှိတဲ့ငွေကြေးတွေလဲ လက်ဝယ်ပြန် ရရှိပါလိမ့်မယ်။ မြေ၊ခြံဝယ်ချင်သူများ ဒီကာလမှာဝယ်ယူနိုင်ပါလိမ့်မယ်။ လက်ကားစီးပွားရေးများအောင်မြင်မှုတွေ ပိုမိုရရှိလာနိုင်ပါတယ်။ စိတ်ကူးအယူ အဆတွေက ကောင်းမွန်နေပါတယ်။ မိမိစိတ်ကူးထားတဲ့အတိုင်းပဲ လက်တွေ့မှာအကောင်အထည်ဖော်ဆောင် ရွက်နိုင်ပါတယ်။ အလုပ်ခွင်အတွင်းစိတ်ချမ်းသာပျော်ရွှင်စွာလုပ်ကိုင်နိုင်ပါလိမ့်မယ်။ စကားကိုလိမ္မာပါးနပ်စွာ ပြောတတ်သူများပိုအဆင်ပြေပါလိမ့်မယ်။ပညာရေးနဲ့ပက်သက်သော ခရီးများလဲသွားရတတ် ပါတယ်။ ဆရာ ကောင်းသမားကောင်းနဲ့လဲတွေ့ နိုင်တဲ့ကာလတွေပါပဲ။ အချစ်ရေးကတော့ ချစ်သူနဲ့ ချိန်းထားရင်ပျက်ရတတ်ပါ တယ်။ မစီစဉ်ထားဘဲ တွေ့ဆုံခြင်း မျိုးကပိုမိုကောင်းမွန်ပါ လိမ့်မယ်။ ကျန်းမာရေးကတော့ အညံ့အဆိုးနည်း ပါတယ်။ ကျန်းမာရေးဒေါင်ဒေါင်မြည်နေ ပါလိမ့်မယ်။ အိမ်ထောင်ရေးက အဆင်ပြေနေမှာပါ။ မိသားစုအတွင်းမှာလဲ နားလည်မှုတွေရှိမဲ့နေ့ရက်တွေပါပဲ။ ပညာ ရေးကတော့ ကောင်းနေပါတယ်။ မိမိမသိသေး၊မတတ်သေးတဲ့ ပညာတွေသင်ခွင့်ရလာတတ်ပါတယ်။

အကျိုးပေးဂဏန်း 5/3/4

အထူးဟော အကူအညီတွေ၊အထောက်အပံ့တွေရလွယ်ပါတယ်။

ယတြာ ဘုရားရှင်အားသောကြာနေ့မှာ အလင်းတိုင် ၃တိုင်ထွန်းညှိပူဇော်လိုက်ပါ။

စနေ

ဒီကာလအတွင်း မည်သည့်နယ်ပယ်မှာမဆို ပုံမှန်ပဲလည်ပတ်လုပ်ကိုင်ပါ။ အသစ်အဆန်းထွင်လုပ်တာမျိုး တွေ၊ လုပ်ငန်းချဲ့လိုက်တာမျိုးတွေ၊ မိမိသိပ်ပြီးနားမလည်တဲ့ ပစ္စည်းတွေကိုရင်းနှီးမြုပ်နှံခြင်းများသတိထားဆောင် ရွက်စေချင်ပါတယ်။ဖြတ်လမ်းစီးပွားများနှင့်လောင်းကစားကိုရှောင်စေချင်ပါတယ်။မသမာနည်းနဲ့ငွေရှာခြင်းတွေက ကောင်းကောင်းဒုက္ခရောက်စေနိုင်လို့ပါပဲ။သွားချင်တဲ့ခရီးတွေကိုတော့အကြောင်းတစ်ခုခုကြောင့်ရက်ရွှေ့ရတတ်ပါတယ်။ဆန့်ကျင်ဘက်တွေလိင်တွေနဲ့ပက်သက်ပြီးတော့လဲ သတိထားဆက်ဆံပါ။ ထိုသူတွေရဲ့ဒုက္ခပေးခြင်းကိုခံရ တတ်ပါတယ်။ လခစားဝန်ထမ်းဆိုရင်တော့ ဘောနပ်ရတာပဲဖြစ်ဖြစ်၊ လစာတိုးတာပဲဖြစ်ဖြစ် ကြုံတွေ့ရတတ်ပါတယ် ။ ကျန်းမာရေးကတော့ အညံ့ဖြစ်အောင် မိမိကိုယ်တိုင်က ဖန်တီးမိနေတတ်ပါတယ်။ လေအေးပေးစက်၊ပန်ကာ တွေအလွန်အကျွံအအေးမခံမိဖို့လိုအပ်ပါတယ်။အချစ်ရေးကတော့ ချစ်သူနဲ့ အဆင်ပြေပေမဲ့အလုပ် ကြောင့်အနေ ဝေး နေတာမျိုးတွေ ဖြစ်ရတတ်ပါတယ်။ အိမ်ထောင်ရေးသာယာပျော်ရွှင်ရပါလိမ့်မယ်။အိမ်ထောင်ဘက်ရဲ့ဆွေမျိုး တွေထံကအကူအညီရလွယ်ပါတယ်။ ပညာရေးအထူးကောင်းမွန် တဲ့ကာလပါပဲ။ မိမိကသာကြိုးစားစေချင်ပါတယ်။

အကျိုးပေးဂဏန်း6/9/1

အထူးဟော မပျင်းရိပါနဲ့။

ယတြာ မိဘတွေကိုအားဆေးလှူလိုက်ပါ။

၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

Leave a Reply

Your email address will not be published. Required fields are marked *