Posted on

(Zawgyi)

ရန္ကုန္၊ စက္တင္ဘာ ၁၈

လိပ္ကၽြန္းလူသတ္မႈႏွင့္ ပတ္သက္၍ ထိုင္းဘုရင္ထံ အသနားခံစာတင္ရန္ အာဆီယံအရပ္ဘက္အဖြဲ႔မ်ားဖိုရမ္တြင္ ကမ္ပိန္းျပဳလုပ္ကာ ေကာက္ယူရရွိထားသည့္ လက္မွတ္မ်ားကို စက္တင္ဘာ ၂၀ ရက္တြင္ ထိုင္းဘုရင္ထံ ေပးပို႔သြားမည္ျဖစ္ေၾကာင္း Equality Myanmar ၏ အမႈေဆာင္ဒါ႐ိုက္တာ ဦးေအာင္မ်ိဳးမင္းက ေျပာၾကားသည္။

အဆိုပါကိစၥႏွင့္ ပတ္သက္၍ စက္တင္ဘာလ ၁၈ ရက္က ရန္ကုန္ၿမိဳ႕ရွိ Local Resourse Center အစည္းအေဝးခန္းမတြင္ က်င္းပျပဳလုပ္သည့္ အာဆီယံလူထုဖိုရမ္ႏွင့္ အာဆီယံ အရပ္ဘက္အဖြဲ႔အစည္းမ်ား ဖိုရမ္ကိစၥ သတင္းစာရွင္းလင္းပြဲ၌ မီဒီယာမ်ားမီဒီယာမ်ားေမးျမန္းရာတြင္ ျပန္လည္ေျဖၾကားျခင္းျဖစ္သည္။

“လက္မွတ္ေတြက ရၿပီ။ ဒီစာက ႐ိုး႐ိုးစာမဟုတ္ဘူး ထိုင္းဘုရင္ကို ပို႔ရမွာမို႔လို ထီးသံုးနန္းသံုး ရွိတယ္။ အဂၤလိပ္လိုကေတာ့ၿပီးသြားၿပီ။ ထိုင္းကို ပို႔မယ္ဆို ထီးသံုးနန္းသံုး စကားလံုးနဲ႔ ပို႔မွာျဖစ္တယ္။ ပို႔တယ္ဆိုရင္ ဒီကအကုန္လံုး အရပ္ဘက္ အဖြဲ႔အစည္းေတြ နာမည္နဲ႔ ပို႔မွာျဖစ္တယ္။ Copy ကိုေတာ့ ထိုင္းႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ံုးကိုပါ ေပးပို႔သြားဖို႔ရွိတယ္။ ဘာလို႔ဆို သူတို႔ကိုယ္တိုင္ အသနားခံထားတာ ရွိတယ္။ အစိုးရပိုင္းကေရာ၊ ကာခ်ဴပ္ကေရာ ေတာင္းဆိုထားတာရွိတယ္”ဟု ဦးေအာင္မ်ိဳးမင္းက ေျပာၾကားသည္။

အဆိုပါ ဖိုရမ္တြင္ အပိုလႈပ္ရွားမႈအေနႏွင့္ ဝင္းႏွင့္ေဇာ္ အေရးကိစၥကို တင္ျပခဲ့ျခင္းျဖစ္ၿပီး ျမန္မာႏိုင္ငံဘက္က ေကာက္ယူရရွိထားသည့္ လက္မွတ္ေပါင္း ၁၅၀ ႏွင့္ ထိုင္း အရပ္ဘက္ အဖြဲ႔အစည္းက ေကာက္ယူရရွိထားသည့္ လက္မွတ္ေပါင္း ၄၀၀ ေက်ာ္တို႔ျဖင့္ တြဲၿပီး ေပးပို႔သြားမည္ျဖစ္ေၾကာင္း ၎က ဆိုသည္။

“ဘုရင္မင္းျမတ္အေနနဲ႔ ျမန္မာေတြမို႔ ျမန္မာအတြက္ ေတာင္းဆိုတာ မဟုတ္ဘဲ ျမန္မာျဖစ္ေပမယ့္ အာဆီယံ ဆယ္ႏိုင္ငံ ၁၁ ႏိုင္ငံအျပင္ အိမ္ရွင္ ထိုင္းႏိုင္ငံကပါ ေတာင္းဆိုတာျဖစ္ေတာ့ ပိုၿပီးေတာ့ သူ႔အေနနဲ႔ စဥ္းစားဆင္ျခင္လာႏိုင္မယ္လို႔ ယူဆတယ္။ ျမန္မာမို႔လို ေတာင္းရင္ လူမ်ိဳးစြဲ သူ႔လူမ်ိဳးမို႔ ေတာင္းတာ ျဖစ္လိမ့္မယ္။ ဒါက လူအခြင့္အေရး ကိစၥ။ သူရဲ႕ Legal Process မွာ လႊဲမွားေနတာျဖစ္တယ္။ ရဲကအတင္းအက်ပ္ ဝန္ခံခိုင္းခဲ့တာ ျဖစ္တယ္။ အဲ့ဒီအေပၚမွာ ဆံုးျဖတ္ခ်က္ခ်ရင္ ေကာင္းမြန္တဲ့ ဆံုးျဖတ္ခ်က္မဟုတ္လို႔ ျပန္လည္သံုးသပ္ေစလိုတာ ျဖစ္ပါတယ္”ဟု ဦးေအာင္မ်ိဳးမင္းက ေျပာၾကားသည္။

အာဆီယံႏိုင္ငံမ်ားမွ အရပ္ဘက္ လူထုအဖြဲ႔အစည္းမ်ားအေနႏွင့္ Asean People’s Forum / Asean Civil Socirty Conference 2019 ၂၀၁၉ ခုႏွစ္ကို ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕တြင္ က်င္းပခဲ့ျခင္းျဖစ္ၿပီး ထိုဖိုရမ္ကို တက္ေရာက္ခဲ့သည့္ ျမန္မာကိုယ္စားလွယ္မ်ားက ဖိုရမ္ႏွင့္ ထိုင္းအစိုးရအၾကား ျဖစ္ေပၚခဲ့သည့္ အေျခအေနမ်ား၊ ဖိုရမ္တြင္ ေဆြးေႏြးခဲ့သည့္ အေၾကာင္းအရာမ်ား၊ ထုတ္ျပန္ေၾကညာခ်က္ႏွင့္ ေရွ႕လုပ္ငန္းစဥ္မ်ား အေၾကာင္းကို ျပန္လည္ရွင္းလင္းျခင္းျဖစ္သည္။

စိုင္းဟန္

(Unicode)

၀င်းနှင့် ဇော်အရေး အာဆီယံနိုင်ငံများမှ လက်မှတ်များဖြင့် ထိုင်းဘုရင်ထံ အသနားခံစာတင်မည်

ရန်ကုန်၊ စက်တင်ဘာ ၁၈

လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ ထိုင်းဘုရင်ထံ အသနားခံစာတင်ရန် အာဆီယံအရပ်ဘက်အဖွဲ့များဖိုရမ်တွင် ကမ်ပိန်းပြုလုပ်ကာ ကောက်ယူရရှိထားသည့် လက်မှတ်များကို စက်တင်ဘာ ၂၀ ရက်တွင် ထိုင်းဘုရင်ထံ ပေးပို့သွားမည်ဖြစ်ကြောင်း Equality Myanmar ၏ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ စက်တင်ဘာလ ၁၈ ရက်က ရန်ကုန်မြို့ရှိ Local Resourse Center အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် အာဆီယံလူထုဖိုရမ်နှင့် အာဆီယံ အရပ်ဘက်အဖွဲ့အစည်းများ ဖိုရမ်ကိစ္စ သတင်းစာရှင်းလင်းပွဲ၌ မီဒီယာများမီဒီယာများမေးမြန်းရာတွင် ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

“လက်မှတ်တွေက ရပြီ။ ဒီစာက ရိုးရိုးစာမဟုတ်ဘူး ထိုင်းဘုရင်ကို ပို့ရမှာမို့လို ထီးသုံးနန်းသုံး ရှိတယ်။ အင်္ဂလိပ်လိုကတော့ပြီးသွားပြီ။ ထိုင်းကို ပို့မယ်ဆို ထီးသုံးနန်းသုံး စကားလုံးနဲ့ ပို့မှာဖြစ်တယ်။ ပို့တယ်ဆိုရင် ဒီကအကုန်လုံး အရပ်ဘက် အဖွဲ့အစည်းတွေ နာမည်နဲ့ ပို့မှာဖြစ်တယ်။ Copy ကိုတော့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကိုပါ ပေးပို့သွားဖို့ရှိတယ်။ ဘာလို့ဆို သူတို့ကိုယ်တိုင် အသနားခံထားတာ ရှိတယ်။ အစိုးရပိုင်းကရော၊ ကာချူပ်ကရော တောင်းဆိုထားတာရှိတယ်”ဟု ဦးအောင်မျိုးမင်းက ပြောကြားသည်။

အဆိုပါ ဖိုရမ်တွင် အပိုလှုပ်ရှားမှုအနေနှင့် ဝင်းနှင့်ဇော် အရေးကိစ္စကို တင်ပြခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံဘက်က ကောက်ယူရရှိထားသည့် လက်မှတ်ပေါင်း ၁၅၀ နှင့် ထိုင်း အရပ်ဘက် အဖွဲ့အစည်းက ကောက်ယူရရှိထားသည့် လက်မှတ်ပေါင်း ၄၀၀ ကျော်တို့ဖြင့် တွဲပြီး ပေးပို့သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဘုရင်မင်းမြတ်အနေနဲ့ မြန်မာတွေမို့ မြန်မာအတွက် တောင်းဆိုတာ မဟုတ်ဘဲ မြန်မာဖြစ်ပေမယ့် အာဆီယံ ဆယ်နိုင်ငံ ၁၁ နိုင်ငံအပြင် အိမ်ရှင် ထိုင်းနိုင်ငံကပါ တောင်းဆိုတာဖြစ်တော့ ပိုပြီးတော့ သူ့အနေနဲ့ စဉ်းစားဆင်ခြင်လာနိုင်မယ်လို့ ယူဆတယ်။ မြန်မာမို့လို တောင်းရင် လူမျိုးစွဲ သူ့လူမျိုးမို့ တောင်းတာ ဖြစ်လိမ့်မယ်။ ဒါက လူအခွင့်အရေး ကိစ္စ။ သူရဲ့ Legal Process မှာ လွှဲမှားနေတာဖြစ်တယ်။ ရဲကအတင်းအကျပ် ဝန်ခံခိုင်းခဲ့တာ ဖြစ်တယ်။ အဲ့ဒီအပေါ်မှာ ဆုံးဖြတ်ချက်ချရင် ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်မဟုတ်လို့ ပြန်လည်သုံးသပ်စေလိုတာ ဖြစ်ပါတယ်”ဟု ဦးအောင်မျိုးမင်းက ပြောကြားသည်။

အာဆီယံနိုင်ငံများမှ အရပ်ဘက် လူထုအဖွဲ့အစည်းများအနေနှင့် Asean People’s Forum / Asean Civil Socirty Conference 2019 ၂၀၁၉ ခုနှစ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ထိုဖိုရမ်ကို တက်ရောက်ခဲ့သည့် မြန်မာကိုယ်စားလှယ်များက ဖိုရမ်နှင့် ထိုင်းအစိုးရအကြား ဖြစ်ပေါ်ခဲ့သည့် အခြေအနေများ၊ ဖိုရမ်တွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများ၊ ထုတ်ပြန်ကြေညာချက်နှင့် ရှေ့လုပ်ငန်းစဉ်များ အကြောင်းကို ပြန်လည်ရှင်းလင်းခြင်းဖြစ်သည်။

စိုင်းဟန်

The Voice

Leave a Reply

Your email address will not be published. Required fields are marked *