Posted on

(Zawgyi)

ျမဝတီေရာက္ တ႐ုတ္မ်ားကိစၥ ေသခ်ာေပါက္ ကိုင္တြယ္မည္ဟု ျပည္နယ္ဝန္ႀကီး ေျပာ

ျမဝတီၿမိဳ႕တြင္ တ႐ုတ္ႏိုင္ငံသားမ်ားႏွင့္ ေဒသခံမ်ား ျပႆနာ ျဖစ္ၿပီးေနာက္ ဥပေဒႏွင့္ အညီ ဝင္ေရာက္မႈ ရွိမရွိကို ေသခ်ာ စိစစ္ကိုင္တြယ္မည္ ျဖစ္ေၾကာင္း ကရင္ျပည္နယ္ လူဝင္မႈ ႀကီးၾကပ္ေရး ႏွင့္ လူ႔စြမ္းအား အရင္းအျမစ္ ဝန္ႀကီး ဦးမင္းကိုခိုင္ က ေျပာသည္။

ျမဝတီၿမိဳ႕သို႔ တ႐ုတ္ႏိုင္ငံသားမ်ား သိသာစြာ ဝင္ေရာက္လ်က္ ရွိရာတြင္ တရားဝင္မႈ ရွိမရွိ အစိုးရ ႀကီးၾကပ္ေဆာင္႐ြက္ရန္ ေဒသခံမ်ားက ေတာင္းဆိုထားၿပီး အရပ္သားမ်ား ပါဝင္ ေစာင့္ၾကည့္ႏိုင္ေရး အတြက္ အရပ္ဘက္ ေကာ္မတီတရပ္ ဖြဲ႕စည္း ရန္လည္း ႀကိဳးပမ္းလ်က္ ရွိေၾကာင္း သိရသည္။

ဦးမင္းကိုခိုင္က “ဥပေဒေဘာင္ထဲက လုပ္ႏိုင္တာ အကုန္လုံး လုပ္ေနပါတယ္။ လက္နက္ကိုင္ တပ္ဖြဲ႕ ေတြနဲ႔ ပတ္သက္လို႔ ကိုင္တြယ္ရတဲ့အခါမွာ ေတာ္ေတာ္ေလး ခ်င့္ခ်င့္ခ်ိန္ခ်ိန္ လုပ္ရတဲ့ အပိုင္းေလးေတြ ရွိတယ္။ သက္ဆိုင္ရာ အဖြဲ႕အစည္းေတြ ကေန ညႇိၿပီး ကိုင္တြယ္ေနရတာ ရွိတယ္။ ျမဝတီကိစၥကို ေသခ်ာေပါက္ကိုင္တြယ္မွာပါ” ဟု ဆိုသည္။

ၿပီးခဲ့သည့္ စက္တင္ဘာ ၁၃ ရက္ ညပိုင္းတြင္ တ႐ုတ္လူမ်ိဳး ၇ ဦး ပါအဖြဲ႕မွ ၿမိဳ႕ခံတဦး ပိုင္ဆိုင္သည့္ ဖုန္းဆိုင္အေရွ႕၌ အေပါ့ သြားရာမွ ေဒသခံမ်ားႏွင့္ ျပႆနာျဖစ္ပြားခဲ့ၿပီး တ႐ုတ္ ၅ ဦးကိုသာ ဖမ္းဆီး ရမိကာ ၎တို႔ကို အမႈဖြင့္ အေရးယူထား ေၾကာင္း ေဒသခံမ်ားက ေျပာသည္။

ယင္းျဖစ္ရပ္ႏွင့္ ပတ္သက္ၿပီး စက္တင္ဘာ ၁၅ ရက္တြင္ ျမဝတီၿမိဳ႕ခံ အခ်ိဳ႕ စုေဝးေတြ႕ဆုံကာ တ႐ုတ္ ႏိုင္ငံသားမ်ား တရား မဝင္ ဝင္ေရာက္ေနထိုင္မႈမ်ားအား ေျဖရွင္းေပးရန္ ေတာင္းဆိုထားၿပီး ေျဖရွင္းမႈ မရွိပါက ဆႏၵထုတ္ေဖာ္ရန္ အထိ ေျပာဆိုမႈ မ်ား ရွိေနသည္။

ျပည္နယ္ အစိုးရအေနျဖင့္ စက္တင္ဘာ လဆန္းပိုင္းအတြင္း ႏိုင္ငံျခားသားမ်ား ဝင္ေရာက္ေနထိုင္မႈ ႏွင့္ ပတ္သက္၍ ရဲ၊ လူဝင္မႈ ႀကီးၾကပ္ေရး (လ.ဝ.က)၊ ဟိုတယ္ႏွင့္ ခရီးသြား ဝန္ႀကီးဌာန၊ စည္ပင္ တာဝန္ရွိသူမ်ား ပါဝင္သည့္ စိစစ္ေရး အဖြဲ႕ကို ဖြဲ႕ စည္းထားၿပီး သတင္း ရရွိပါက ဝင္ေရာက္ စစ္ေဆးမႈမ်ား ျပဳလုပ္ေနေၾကာင္း ဦးမင္းကိုခိုင္ က ေျပာသည္။

ထိုင္း-ျမန္မာ နယ္စပ္ဂိတ္ၿမိဳ႕ ျမဝတီတြင္ တ႐ုတ္ႏိုင္ငံသားမ်ား အေနျဖင့္ ကာစီႏိုႏွင့္ ေလာင္းကစား ဂိမ္းဆိုင္မ်ားအား လုပ္ ကိုင္မႈမ်ား ရွိေနၿပီး အခ်ိဳ႕သည္ လက္နက္ကိုင္ တပ္ဖြဲ႕မ်ားႏွင့္ ပတ္သက္မႈ ရွိေနေၾကာင္းလည္း ေဒသခံ အခ်ိဳ႕က ေျပာဆိုၾက သည္။

ျမဝတီၿမိဳ႕နယ္ ဥပေဒေရးရာ အေထာက္အကူျပဳေရး အဖြဲ႕ ဥကၠ႒ တရားလႊတ္ေတာ္ေရွ႕ေန ဦးမ်ိဳးေအာင္ က “တ႐ုတ္ေတြ ဘာလာလုပ္ေနလဲ စုံစမ္းရမွာက ဌာနဆိုင္ရာေတြမွာ တာဝန္ရွိတယ္ေလ။ သတင္း ေပးမွ ဆိုတာ ထိပ္တိုက္ေတြ႕ေအာင္ ရန္ တိုက္ေပးေနသလိုပဲ။ အႏၲရာယ္ မ်ားပါတယ္။ ဖမ္းခ်င္လို႔ ဖမ္းတာ မဟုတ္ပါဘူး။ ဘယ္သူက တိုင္လို႔ ဖမ္းရတာပါ ဆိုၿပီး သတင္းလႊင့္တာေတြက ရွိေသးတယ္။ ဘယ္သူက တိုင္ရဲေတာ့မွာလဲ။ ဒါမ်ိဳးက ဘယ္လိုမွမျဖစ္သင့္ဘူး၊ အစိုးရ တာဝန္ရွိ သူေတြ ႀကိမ္းေသကို လုပ္ရေတာ့မွာ။ ျမဝတီမွာ တရား ဥပေဒစိုးမိုး ေရးက ေတာ္ေတာ္ ဆိုးေနပါၿပီ” ဟု ေျပာသည္။

တ႐ုတ္ႏိုင္ငံသားမ်ားအား စိစစ္ ဖမ္းဆီးရာတြင္ ဗီဇာစည္းကမ္းေဖာက္ဖ်က္ကာ အိမ္မ်ား ငွားရမ္းေန ထိုင္မႈမ်ား၊ ထိုအိမ္မ်ား အတြင္း ေလာင္ကစားဂိမ္းဆိုင္ ဖြင့္လွစ္ လုပ္ကိုင္မႈမ်ားလည္း ရွိခဲ့ၿပီး လ.ဝ.က ဥပေဒျဖင့္ အေရးယူထားသူ ၄ ဦးရွိေၾကာင္း လည္း ျပည္နယ္ အစိုးရထံက သိရသည္။

ဦးမင္းကိုခိုင္က “တရားမဝင္ ေနထိုင္လုပ္ကိုင္မႈေတြနဲ႔ ပတ္သက္လို႔ အားလုံးပူးေပါင္း ေဆာင္႐ြက္ေစခ်င္တယ္။ လက္ခံထား တဲ့ အဖြဲ႕ေတြ အေနနဲ႔လည္း နည္းနည္းေတာ့ စဥ္းစားသင့္ၿပီလို႔ ထင္ပါတယ္” ဟု ေျပာဆိုသည္။

ျမဝတီၿမိဳ႕တြင္ တ႐ုတ္မ်ား ဝင္ေရာက္ကာ ေလာင္းကစားဂိမ္းမ်ား လုပ္ေဆာင္ျခင္း၊ စည္းကမ္းမဲ့ ေနထိုင္ျခင္းမ်ားအား ေဒသ ခံမ်ားက တင္ျပ တိုင္ၾကားမႈမ်ား ရွိခဲ့သည့္အေပၚ ဌာနဆိုင္ရာမ်ားက ေျဖရွင္းေပးရန္ ယခင္ကတည္းက ေျပာၾကားမႈမ်ား ျပဳ လုပ္ထားေၾကာင္း ျမဝတီၿမိဳ႕နယ္ ျပည္သူ႔ လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးစိန္ဗိုလ္ က ေျပာသည္။

ဦးစိန္ဗိုလ္က “လက္နက္ကိုင္ထားတဲ့ သူေတြလည္း ရွိေတာ့ လုပ္ရတာ အခက္အခဲေလးေတြ နည္းနည္း ရွိတယ္။ အာဏာ ပိုင္ အဖြဲ႕အစည္းေတြကလည္း ၾကပ္ၾကပ္မတ္မတ္ေလး လုပ္ဖို႔သင့္တယ္။ လက္ပိုက္ ၾကည့္ေနလို႔ မသင့္ပါဘူး။ စိစစ္ၾကပ္ မတ္ မွလည္း ေနာက္ပိုင္း ျပႆနာ ျဖစ္တာေတြ မရွိမွာ ” ဟု ဆိုသည္။

ျမဝတီၿမိဳ႕နယ္ရွိ ေ႐ႊကုကၠိဳေဒသတြင္ တ႐ုတ္ ကုမၸဏီက အေကာင္အထည္ ေဖာ္ေနသည့္ ၿမိဳ႕သစ္ စီမံ ကိန္း တခုရွိၿပီး တရားဝင္ ဗီဇာကိုင္ထားသည့္ တ႐ုတ္မ်ား၊ ထိုင္းႏိုင္ငံဘက္က တဆင့္ ဝင္ေရာက္ လာသူမ်ား၊ ရွမ္းျပည္နယ္ဘက္မွ လာသူ မ်ားရွိၿပီး စုစုေပါင္း လူဦးေရ ၃ ေထာင္ ဝန္းက်င္ခန႔္ ရွိေၾကာင္းလည္း သိရသည္။

(Unicode)

မြဝတီရောက် တရုတ်များကိစ္စ သေချာပေါက် ကိုင်တွယ်မည်ဟု ပြည်နယ်ဝန်ကြီး ပြော

မြဝတီမြို့တွင် တရုတ်နိုင်ငံသားများနှင့် ဒေသခံများ ပြဿနာ ဖြစ်ပြီးနောက် ဥပဒေနှင့် အညီ ဝင်ရောက်မှု ရှိမရှိကို သေချာ စိစစ်ကိုင်တွယ်မည် ဖြစ်ကြောင်း ကရင်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေး နှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီး ဦးမင်းကိုခိုင် က ပြောသည်။

မြဝတီမြို့သို့ တရုတ်နိုင်ငံသားများ သိသာစွာ ဝင်ရောက်လျက် ရှိရာတွင် တရားဝင်မှု ရှိမရှိ အစိုးရ ကြီးကြပ်ဆောင်ရွက်ရန် ဒေသခံများက တောင်းဆိုထားပြီး အရပ်သားများ ပါဝင် စောင့်ကြည့်နိုင်ရေး အတွက် အရပ်ဘက် ကော်မတီတရပ် ဖွဲ့စည်း ရန်လည်း ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။

ဦးမင်းကိုခိုင်က “ဥပဒေဘောင်ထဲက လုပ်နိုင်တာ အကုန်လုံး လုပ်နေပါတယ်။ လက်နက်ကိုင် တပ်ဖွဲ့ တွေနဲ့ ပတ်သက်လို့ ကိုင်တွယ်ရတဲ့အခါမှာ တော်တော်လေး ချင့်ချင့်ချိန်ချိန် လုပ်ရတဲ့ အပိုင်းလေးတွေ ရှိတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ကနေ ညှိပြီး ကိုင်တွယ်နေရတာ ရှိတယ်။ မြဝတီကိစ္စကို သေချာပေါက်ကိုင်တွယ်မှာပါ” ဟု ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက် ညပိုင်းတွင် တရုတ်လူမျိုး ၇ ဦး ပါအဖွဲ့မှ မြို့ခံတဦး ပိုင်ဆိုင်သည့် ဖုန်းဆိုင်အရှေ့၌ အပေါ့ သွားရာမှ ဒေသခံများနှင့် ပြဿနာဖြစ်ပွားခဲ့ပြီး တရုတ် ၅ ဦးကိုသာ ဖမ်းဆီး ရမိကာ ၎င်းတို့ကို အမှုဖွင့် အရေးယူထား ကြောင်း ဒေသခံများက ပြောသည်။

ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး စက်တင်ဘာ ၁၅ ရက်တွင် မြဝတီမြို့ခံ အချို့ စုဝေးတွေ့ဆုံကာ တရုတ် နိုင်ငံသားများ တရား မဝင် ဝင်ရောက်နေထိုင်မှုများအား ဖြေရှင်းပေးရန် တောင်းဆိုထားပြီး ဖြေရှင်းမှု မရှိပါက ဆန္ဒထုတ်ဖော်ရန် အထိ ပြောဆိုမှု များ ရှိနေသည်။

ပြည်နယ် အစိုးရအနေဖြင့် စက်တင်ဘာ လဆန်းပိုင်းအတွင်း နိုင်ငံခြားသားများ ဝင်ရောက်နေထိုင်မှု နှင့် ပတ်သက်၍ ရဲ၊ လူဝင်မှု ကြီးကြပ်ရေး (လ.ဝ.က)၊ ဟိုတယ်နှင့် ခရီးသွား ဝန်ကြီးဌာန၊ စည်ပင် တာဝန်ရှိသူများ ပါဝင်သည့် စိစစ်ရေး အဖွဲ့ကို ဖွဲ့ စည်းထားပြီး သတင်း ရရှိပါက ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဦးမင်းကိုခိုင် က ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်ဂိတ်မြို့ မြဝတီတွင် တရုတ်နိုင်ငံသားများ အနေဖြင့် ကာစီနိုနှင့် လောင်းကစား ဂိမ်းဆိုင်များအား လုပ် ကိုင်မှုများ ရှိနေပြီး အချို့သည် လက်နက်ကိုင် တပ်ဖွဲ့များနှင့် ပတ်သက်မှု ရှိနေကြောင်းလည်း ဒေသခံ အချို့က ပြောဆိုကြ သည်။

မြဝတီမြို့နယ် ဥပဒေရေးရာ အထောက်အကူပြုရေး အဖွဲ့ ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ ဦးမျိုးအောင် က “တရုတ်တွေ ဘာလာလုပ်နေလဲ စုံစမ်းရမှာက ဌာနဆိုင်ရာတွေမှာ တာဝန်ရှိတယ်လေ။ သတင်း ပေးမှ ဆိုတာ ထိပ်တိုက်တွေ့အောင် ရန် တိုက်ပေးနေသလိုပဲ။ အန္တရာယ် များပါတယ်။ ဖမ်းချင်လို့ ဖမ်းတာ မဟုတ်ပါဘူး။ ဘယ်သူက တိုင်လို့ ဖမ်းရတာပါ ဆိုပြီး သတင်းလွှင့်တာတွေက ရှိသေးတယ်။ ဘယ်သူက တိုင်ရဲတော့မှာလဲ။ ဒါမျိုးက ဘယ်လိုမှမဖြစ်သင့်ဘူး၊ အစိုးရ တာဝန်ရှိ သူတွေ ကြိမ်းသေကို လုပ်ရတော့မှာ။ မြဝတီမှာ တရား ဥပဒေစိုးမိုး ရေးက တော်တော် ဆိုးနေပါပြီ” ဟု ပြောသည်။

တရုတ်နိုင်ငံသားများအား စိစစ် ဖမ်းဆီးရာတွင် ဗီဇာစည်းကမ်းဖောက်ဖျက်ကာ အိမ်များ ငှားရမ်းနေ ထိုင်မှုများ၊ ထိုအိမ်များ အတွင်း လောင်ကစားဂိမ်းဆိုင် ဖွင့်လှစ် လုပ်ကိုင်မှုများလည်း ရှိခဲ့ပြီး လ.ဝ.က ဥပဒေဖြင့် အရေးယူထားသူ ၄ ဦးရှိကြောင်း လည်း ပြည်နယ် အစိုးရထံက သိရသည်။

ဦးမင်းကိုခိုင်က “တရားမဝင် နေထိုင်လုပ်ကိုင်မှုတွေနဲ့ ပတ်သက်လို့ အားလုံးပူးပေါင်း ဆောင်ရွက်စေချင်တယ်။ လက်ခံထား တဲ့ အဖွဲ့တွေ အနေနဲ့လည်း နည်းနည်းတော့ စဉ်းစားသင့်ပြီလို့ ထင်ပါတယ်” ဟု ပြောဆိုသည်။

မြဝတီမြို့တွင် တရုတ်များ ဝင်ရောက်ကာ လောင်းကစားဂိမ်းများ လုပ်ဆောင်ခြင်း၊ စည်းကမ်းမဲ့ နေထိုင်ခြင်းများအား ဒေသ ခံများက တင်ပြ တိုင်ကြားမှုများ ရှိခဲ့သည့်အပေါ် ဌာနဆိုင်ရာများက ဖြေရှင်းပေးရန် ယခင်ကတည်းက ပြောကြားမှုများ ပြု လုပ်ထားကြောင်း မြဝတီမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဗိုလ် က ပြောသည်။

ဦးစိန်ဗိုလ်က “လက်နက်ကိုင်ထားတဲ့ သူတွေလည်း ရှိတော့ လုပ်ရတာ အခက်အခဲလေးတွေ နည်းနည်း ရှိတယ်။ အာဏာ ပိုင် အဖွဲ့အစည်းတွေကလည်း ကြပ်ကြပ်မတ်မတ်လေး လုပ်ဖို့သင့်တယ်။ လက်ပိုက် ကြည့်နေလို့ မသင့်ပါဘူး။ စိစစ်ကြပ် မတ် မှလည်း နောက်ပိုင်း ပြဿနာ ဖြစ်တာတွေ မရှိမှာ ” ဟု ဆိုသည်။

မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုဒေသတွင် တရုတ် ကုမ္ပဏီက အကောင်အထည် ဖော်နေသည့် မြို့သစ် စီမံ ကိန်း တခုရှိပြီး တရားဝင် ဗီဇာကိုင်ထားသည့် တရုတ်များ၊ ထိုင်းနိုင်ငံဘက်က တဆင့် ဝင်ရောက် လာသူများ၊ ရှမ်းပြည်နယ်ဘက်မှ လာသူ များရှိပြီး စုစုပေါင်း လူဦးရေ ၃ ထောင် ဝန်းကျင်ခန့် ရှိကြောင်းလည်း သိရသည်။

(ဧရာဝတီ)

Leave a Reply

Your email address will not be published. Required fields are marked *