Posted on

(Zawgyi)





















(Unicode)

နေ ့စဉ် ၂ နာရီလမ်းလျောက်ကာ ၊ မြစ်ငါးစင်းကို ဖြတ်ကျော်ပြီး ကလေးတွေကိုစာသင်ပေးဖို ့လာတဲ့ ဆရာမ

ဒီလိုရုန်းကန်နေရပေမယ့် သူမရဲ့ကျောင်းသားတွေအတွက် အထောက်အကူဖြစ်ဖို့နဲ့ လူ့အဖွဲ့အစည်းအတွက်ပိုကောင်းစေဖို့ဆိုတဲ့ မျှော်လင့်ချက်တွေပြည့်နေတဲ့သူပါ။

ဖိလစ်ပိုင်ကဆရာမတယောက်ဖြစ်တဲ့ အယ်လီဇဘက်မီရန်ဒါက နှစ်နာရီကြာအောင်လမ်းလျှောက်ရပြီး မြစ်ငါးခုကိုဖြတ်ရတဲ့ကျောင်းကိုနေ့တိုင်းသွားပါတယ်။

သူမရဲ့နေ့စဉ်ရုန်းကန်မှုက ကျောင်းသားတွေအတွက် ကောင်းမွန်တဲ့သက်ရောက်မှုရှိမယ်လို့ သူမကမျှော်လင့်နေပါတယ်။

စစ်တိုဘာရိုဂရိတ်ဆိုတဲ့နေရာက အရမ်းခေါင်လို့ အဲဒီကကလေးတွေကို အယ်လီဇဘက်မီရန်ကာတယောက်ထဲကပဲ စာသင်ပေးနေပါတယ်။

သူရဲကောင်းစိတ်ဓာတ်ရှိတဲ့ဆရာမက ဒီလိုမျိုးသွားလာရတအသားကျနေပြီလို့ပြောပါတယ်။

မိုးရွာပြီးရာသီဥတုဆိုးတဲ့နေ့တွေဆိုရင် ရေစီးသန်တဲ့အတွက် အနည်းငယ်တော့ခက်ခဲတယ်လို့ပြောပါတယ်။

ဒီခရီးကသုံးနာရီလောက်ကြာပေမယ့် တန်တယ်လို့သူမကပြောပါတယ်။

သူမအလွယ်တကူကူးနိုင်တဲ့မြစ်ရှိသလို အသက်ကယ်မပါဘဲကူးလို့မဖြစ်နိုင်တဲ့မြစ်တွေရှိတယ်လို့ ပြောပါတယ်။

မနက်တိုင်းသူမသွားဖို့ခက်တဲ့ နေရာဆိုရင်တွဲကူပေးတဲ့လူတွေရှိလို့ အဲလူတွေကိုကျေးဇူးတင်နေပါတယ်။

သူမ ခြေလျင်ကူးလို့မရတဲ့မြစ်ဆိုရင် ဒီအရာနဲ့ကူးရပါတယ်။

သူမသွားသင်တဲ့ကျောင်းက အဲယားကွန်း၊ ဖုန်းနဲ့ တီဗီ စတဲ့အဆင်ပြေမှုတွေနဲ့ သင်ထောက်ကူတွေမရှိတဲ့တဲသေးသေးလေးပါ။

ကလေးတွေကစားစရာတောင်မရှိဘူးလို့ သူမကဝန်ခံထားပါတယ်။

အဲလိုမပြည့်စုံပေမယ့်ကလေးတွေကတယောက်ပဲရှိတဲ့ ဆရာဆီကပညာသင်ရတာကိုတက်ကြွပြီးပျော်နေကြတယ်လို့ သူမကပြောပါတယ်။

ကလေးတွေမျက်လုံးထဲမှာ သူတို့သင်ယူနေရလို့ပျော်နေတဲ့အတွက် သူမရဲ့စတေးမှုကအလကားမဖြစ်ဘူးလို့ပြောနေသလိုပါပဲ။

သူမကကလေးတွေရဲ့ဘဝကို ကောင်းအောင်ပြောင်းလဲပေးနိုင်ပါ့မလားဆိုတာ သံသယဝင်ပြီး လက်လျှော့ချင်တဲ့အချိန်တွေလဲရှိပါတယ်။

အဲလိုမသေချာမှုတွေဖြစ်ရင် ကျောင်းသားတွေကိုပြန်ကြည့်ရင်း မျှော်လင့်ချက်တွေရတယ်။

သင်တဲ့အရာတိုင်းကို စိတ်ဝင်တစားလုပ်တဲ့ကလေးတွေကြောင့် အားတွေပြန်ဖြစ်လာတယ်လို့လဲပြောထားပါတယ်။

ကလေးတွေကသင်ယူနေတဲ့အတွက် သူမရဲ့စတေးမှုကအလကားမဖြစ်ပါဘူး။

လူတွေကသူမရဲ့အားထုတ်မှုကိုမြင်ပြီး သူမရည်ရွယ်ချက်ဖြစ်တဲ့စစ်တီမှာ ကလေးတွေကိုသင်ကြားခွင့်ရအောင်လုပ်ပေးမယ်လို့မျှော်လင့်နေပါတယ်။

မျှော်လင့်ချက်တွေအပြည့်နဲ့ အစိုးရကမြစ်ကိုကူးမယ့်တံတားတစင်းဒါမှမဟုတ် ကလေးတွေအတွက်ပိုကောင်းတဲ့ကျောင်းကို တည်ဆောက်ပေးစေချင်နေပါတယ်။

Writer -Min Thu ( XYZ NEWS )

Leave a Reply

Your email address will not be published. Required fields are marked *