Posted on

(Zawgyi)

ေက်ာက္ေတာ္မွာ ေျမျမႇဳပ္မိုင္းနင္းမိတဲ့ အမ်ိဳးသမီး ေျခေထာက္နဲ႔ လက္ေခ်ာင္းေတြ ျဖတ္ပစ္လိုက္ရ

ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္ ယိုးေခ်ာင္းအထက္ပိုင္း ေခ်ာင္းတူေက်း႐ြာက အမ်ိဳးသမီးတစ္ေယာက္ စက္တင္ဘာ ၁၈ ရက္ က ေျမျမႇဳပ္မိုင္းနင္းမိလို႔ ဘယ္ဘက္ ေျခေထာက္ ေျခခ်င္းဝတ္ေလာက္ကေနျဖတ္လိုက္ရၿပီး ဘယ္ဘက္လက္မွာလည္း လက္ေခ်ာင္းေလးေတြ ျဖတ္ပစ္လိုက္ရတယ္လို႔ သူ႔မိသားစုက ေျပာပါတယ္။

မိုင္းထိခံရသူမွာ အဲဒီ ထိခိုက္မႈ အျပင္ မ်က္ႏွာနဲ႔ ခႏၶာကိုယ္အစိတ္အပိုင္းတခ်ိဳ႕မွာလည္း မိုင္းစေတြ ထိခဲ့ပါတယ္။

အသက္ ၄၈ ႏွစ္အ႐ြယ္ ေဒၚသန္းသန္းႏုဟာ စက္တင္ဘာ ၁၈ ေန႔လယ္ပိုင္းမွာ ေျမျမႇဳပ္မိုင္းနင္းမိၿပီး ဒဏ္ရာ ျပင္းထန္တဲ့ အတြက္ သူ႔ကို ယိုးတ႐ုတ္ တိုက္နယ္ေဆး႐ုံကေန စစ္ေတြ ေဆး႐ုံႀကီးကို ပို႔ေဆာင္ခဲ့ရတယ္လို႔ မိသားစုဝင္ေတြက ေျပာပါတယ္။

ေခ်ာင္းတူေက်း႐ြာ ဝန္းက်င္ေဒသဟာ ႏွစ္ဆန္းပိုင္းက ျမန္မာ့တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္မေတာ္ ေအေအ တို႔အၾကား တိုက္ပြဲေတြ အျပင္းအထန္ျဖစ္ပြားခဲ့တဲ့ ေဒသလည္း ျဖစ္ပါတယ္။

ဒီ႐ြာဟာ တိုက္ပြဲေတြအျပင္းအထန္ျဖစ္ပြားခဲ့တဲ့ ဗုေဒၶါေက်း႐ြာနဲ႔ အနီးအနား ႐ြာတစ္႐ြာလည္းျဖစ္ပါတယ္။

မိုင္းထိဒဏ္ရာရရွိခဲ့တဲ့ အမ်ိဳးသမီးဟာ ကုန္ေတြလွည့္လည္ေရာင္းခ်ေနတဲ့ ေဈးသည္တစ္ဦးျဖစ္ၿပီး စက္တင္ဘာလ ၁၈ ရက္ေန႔ မနက္ပိုင္းက ေတာင္တစ္ဘက္မွာရွိတဲ့ ႏြားေတြကို သြားၾကည့္ရင္း ႐ြာေတြက ပိုက္ဆံေကာက္ၿပီး အျပန္အလာမွာ မိုင္းနင္းမိခဲ့တာျဖစ္တယ္လို႔ မိသားစုေတြကေျပာပါတယ္။

“သူက မနက္ပိုင္းက ေတာင္တစ္ဘက္မွာရွိတဲ့ ႐ြာေတြကေန ပိုက္ဆံသြားေကာက္တာ။ ၿပီးေတာ့ အဲ့ဒီဘက္မွာလႊတ္ထားတဲ့ႏြားေတြကို ၾကည့္ရင္းသြားတာပါ။ အဲ့ဒီကျပန္လာတဲ့အခ်ိန္ ေတာင္မွာ မိုင္းနင္းမိတာျဖစ္ပါတယ္။ ႐ြာနဲ႔ေတာ့ နည္းနည္းေဝးတယ္”လို႔ ေဆး႐ုံကို လိုက္ပါ ပို႔ေဆာင္ေပးေနတဲ့ မိသားစုဝင္တစ္ဦးက ေျပာပါတယ္။

ရခိုင္ျပည္နယ္အတြင္းမွာ ျမန္မာ့တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္မေတာ္ ေအေအတို႔အၾကား တိုက္ပြဲေတြ ျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္းမွာ အခုလိုမ်ိဳး မိုင္းေပါက္ကြဲမႈေတြနဲ႔ ရင္ဆိုင္ေနၾကရတာျဖစ္ပါတယ္။

အခု မိုင္းဗုံးက အရင္ကတည္းက ရွိေနခဲ့တာလား အခု လတ္တေလာမွ ေထာင္ထားတာလား ဆိုတာေတာ့ အရပ္သားေတြ အေနနဲ႔ မသိႏိုင္ဘူးလို႔ ေဒသခံေတြက ေျပာပါတယ္။

အဲဒီလမ္းမွာ အရင္ကေတာ့ ပုံမွန္ လႈပ္ရွား သြားလာ ေနတာေတာ့ ရွိတယ္လို႔လည္း သူတို႔က ေျပာပါတယ္။

ေတာေတာင္ေတြကို မွီခိုလုပ္ကိုင္စားေသာက္ေနၾကရတဲ့ ေဒသခံေတြဟာ မိုင္းနဲ႔ လက္နက္ႀကီးက်ည္ေတြ ေပါက္ကြဲမႈေၾကာင့္ ထိခိုက္ေသဆုံးသူအနည္းဆုံး ၂၀ ဦးခန႔္ရွိေနၿပီလို႔ လူမႈအဖြဲ႕အစည္းေတြရဲ႕ မွတ္တမ္းေတြအရ သိရပါတယ္။

ဒါ့အျပင္ တိုက္ပြဲေတြျဖစ္ပြားခဲ့တဲ့ ေက်း႐ြာေတြအနီးဝန္းက်င္မွာ မေပါက္ကြဲေသးတဲ့ လက္နက္ႀကီးက်ည္ေတြ အမ်ားအျပားက်န္ရွိေနေသးတာေၾကာင့္ ေဒသခံေတြ စိုးရိမ္ေၾကာက္႐ြံ႕ေနၾကရသလို လက္နက္ႀကီးက်ည္ေတြကို ယူေဆာင္ကစားၾကတဲ့အတြက္ ေပါက္ကြဲၿပီး ေသဆုံးတဲ့ကေလးေတြလည္း ရွိခဲ့ပါတယ္။

(Unicode)

ကျောက်တော်မှာ မြေမြှုပ်မိုင်းနင်းမိတဲ့ အမျိုးသမီး ခြေထောက်နဲ့ လက်ချောင်းတွေ ဖြတ်ပစ်လိုက်ရ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ယိုးချောင်းအထက်ပိုင်း ချောင်းတူကျေးရွာက အမျိုးသမီးတစ်ယောက် စက်တင်ဘာ ၁၈ ရက် က မြေမြှုပ်မိုင်းနင်းမိလို့ ဘယ်ဘက် ခြေထောက် ခြေချင်းဝတ်လောက်ကနေဖြတ်လိုက်ရပြီး ဘယ်ဘက်လက်မှာလည်း လက်ချောင်းလေးတွေ ဖြတ်ပစ်လိုက်ရတယ်လို့ သူ့မိသားစုက ပြောပါတယ်။

မိုင်းထိခံရသူမှာ အဲဒီ ထိခိုက်မှု အပြင် မျက်နှာနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတချို့မှာလည်း မိုင်းစတွေ ထိခဲ့ပါတယ်။

အသက် ၄၈ နှစ်အရွယ် ဒေါ်သန်းသန်းနုဟာ စက်တင်ဘာ ၁၈ နေ့လယ်ပိုင်းမှာ မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာ ပြင်းထန်တဲ့ အတွက် သူ့ကို ယိုးတရုတ် တိုက်နယ်ဆေးရုံကနေ စစ်တွေ ဆေးရုံကြီးကို ပို့ဆောင်ခဲ့ရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ချောင်းတူကျေးရွာ ဝန်းကျင်ဒေသဟာ နှစ်ဆန်းပိုင်းက မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် အေအေ တို့အကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တဲ့ ဒေသလည်း ဖြစ်ပါတယ်။

ဒီရွာဟာ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့တဲ့ ဗုဒ္ဓေါကျေးရွာနဲ့ အနီးအနား ရွာတစ်ရွာလည်းဖြစ်ပါတယ်။

မိုင်းထိဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးဟာ ကုန်တွေလှည့်လည်ရောင်းချနေတဲ့ ဈေးသည်တစ်ဦးဖြစ်ပြီး စက်တင်ဘာလ ၁၈ ရက်နေ့ မနက်ပိုင်းက တောင်တစ်ဘက်မှာရှိတဲ့ နွားတွေကို သွားကြည့်ရင်း ရွာတွေက ပိုက်ဆံကောက်ပြီး အပြန်အလာမှာ မိုင်းနင်းမိခဲ့တာဖြစ်တယ်လို့ မိသားစုတွေကပြောပါတယ်။

“သူက မနက်ပိုင်းက တောင်တစ်ဘက်မှာရှိတဲ့ ရွာတွေကနေ ပိုက်ဆံသွားကောက်တာ။ ပြီးတော့ အဲ့ဒီဘက်မှာလွှတ်ထားတဲ့နွားတွေကို ကြည့်ရင်းသွားတာပါ။ အဲ့ဒီကပြန်လာတဲ့အချိန် တောင်မှာ မိုင်းနင်းမိတာဖြစ်ပါတယ်။ ရွာနဲ့တော့ နည်းနည်းဝေးတယ်”လို့ ဆေးရုံကို လိုက်ပါ ပို့ဆောင်ပေးနေတဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် အေအေတို့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှာ အခုလိုမျိုး မိုင်းပေါက်ကွဲမှုတွေနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

အခု မိုင်းဗုံးက အရင်ကတည်းက ရှိနေခဲ့တာလား အခု လတ်တလောမှ ထောင်ထားတာလား ဆိုတာတော့ အရပ်သားတွေ အနေနဲ့ မသိနိုင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလမ်းမှာ အရင်ကတော့ ပုံမှန် လှုပ်ရှား သွားလာ နေတာတော့ ရှိတယ်လို့လည်း သူတို့က ပြောပါတယ်။

တောတောင်တွေကို မှီခိုလုပ်ကိုင်စားသောက်နေကြရတဲ့ ဒေသခံတွေဟာ မိုင်းနဲ့ လက်နက်ကြီးကျည်တွေ ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးသူအနည်းဆုံး ၂၀ ဦးခန့်ရှိနေပြီလို့ လူမှုအဖွဲ့အစည်းတွေရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ကျေးရွာတွေအနီးဝန်းကျင်မှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေ အများအပြားကျန်ရှိနေသေးတာကြောင့် ဒေသခံတွေ စိုးရိမ်ကြောက်ရွံ့နေကြရသလို လက်နက်ကြီးကျည်တွေကို ယူဆောင်ကစားကြတဲ့အတွက် ပေါက်ကွဲပြီး သေဆုံးတဲ့ကလေးတွေလည်း ရှိခဲ့ပါတယ်။

BBC Burmese

Leave a Reply

Your email address will not be published. Required fields are marked *