Posted on

ေကာင္းကင္မွ အမည္မသိ အပိုင္းအစတစ္ခု ျပဳတ္က်မႈျဖစ္စဥ္ ျဖစ္ပြားခဲ့

ကခ်င္ျပည္နယ္၊ ဖားကန္႔ၿမိဳ႕နယ္၊ လံုးခင္းေက်း႐ြာအုပ္စု ေမွာ္ပံုေက်း႐ြာတြင္ စက္တင္ဘာ ၁၉ ရက္ (ယေန႔) ေန႔လည္ ၁ နာရီ ၊မိနစ္ ၂၀ ခန္႔တြင္ ေကာင္းကင္ေပၚမွ အပိုင္းအစတစ္ခု ျပဳတ္က်လာခဲ့ေၾကာင္း ေဒသခံမ်ား၏ ေျပာျပခ်က္အရ သိရသည္။ (ဓာတ္ပံု – ေဇာ္ဝင္းေမာင္၊ ဖားကန္႔)

ဖားကန႔္တြင္ ၿဂိဳဟ္တု အပိုင္းအစ ျပဳတ္က်

ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္၊ လုံးခင္းေက်း႐ြာအုပ္စု ဆန္ခါေက်း႐ြာအနီးမွာ ၿဂိဳဟ္တု အပိုင္းအစတခု ဒီေန႔ မြန္းလြဲ ၁ နာရီခြဲအခ်ိန္ေလာက္က ေကာင္းကင္ကေန ျပဳတ္က်ခဲ့တယ္လို႔ မ်က္ျမင္ေတြ႕ရွိလိုက္ရတဲ့ ဆန္ခါ႐ြာသားေတြထံက သိရပါတယ္။

ျပဳတ္က်လာတဲ့အပိုင္းအစဟာ ေပပါလုံးထက္အဝက်ယ္ၿပီးေတာ့ ေပပါလုံးထက္လည္း ရွည္လ်ားတယ္လို႔ မ်က္ျမင္ေတြ႕ရွိသူေတြက ေျပာပါတယ္။

“ေကာင္းကင္ကေန အသံအက်ယ္ႀကီး ျမည္ၿပီး က်လာတာ။ ေတာ္ေတာ္အသံက်ယ္တယ္။ မီးခိုးေတြ အူၿပီးက်လာတာ။ က်ေနာ္တို႔ ႐ြာနားကို လက္နက္ႀကီး ထုၿပီ၊ တိုက္ပြဲျဖစ္တာ ထင္ေနတာ” လို႔ မ်က္ျမင္ ေတြ႕ရွိတဲ့ ဆန္ခါ႐ြာသားတဦးက ေျပာပါတယ္။

အခုျဖစ္စဥ္နဲ႔ပတ္သက္ၿပီး လုံးခင္း နယ္ေျမရဲစခန္းမႉးနဲ႔ ဖားကန႔္ၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရးမႉးထံ ဖုန္းဆက္သြယ္ခဲ့ေပမယ့္ ဖုန္းလက္ခံေျဖဆိုျခင္း မရွိခဲ့ပါဘူး။
အခုလို ျဖစ္စဥ္မ်ိဳးကို ၂၀၁၇ ခုႏွစ္က လုံးခင္းေက်း႐ြာအုပ္စု ေမွာ္စီစာေက်း႐ြာအနီးမွာ ျပဳတ္က်ခဲ့ဖူးပါတယ္။

ေဇာ္မိုးထက္ (ဖားကန႔္)

ကောင်းကင်မှ အမည်မသိ အပိုင်းအစတစ်ခု ပြုတ်ကျမှုဖြစ်စဉ် ဖြစ်ပွားခဲ့

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု မှော်ပုံကျေးရွာတွင် စက်တင်ဘာ ၁၉ ရက် (ယနေ့) နေ့လည် ၁ နာရီ ၊မိနစ် ၂၀ ခန့်တွင် ကောင်းကင်ပေါ်မှ အပိုင်းအစတစ်ခု ပြုတ်ကျလာခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ (ဓာတ်ပုံ – ဇော်ဝင်းမောင်၊ ဖားကန့်)

ဖားကန့်တွင် ဂြိုဟ်တု အပိုင်းအစ ပြုတ်ကျ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာအနီးမှာ ဂြိုဟ်တု အပိုင်းအစတခု ဒီနေ့ မွန်းလွဲ ၁ နာရီခွဲအချိန်လောက်က ကောင်းကင်ကနေ ပြုတ်ကျခဲ့တယ်လို့ မျက်မြင်တွေ့ရှိလိုက်ရတဲ့ ဆန်ခါရွာသားတွေထံက သိရပါတယ်။

ပြုတ်ကျလာတဲ့အပိုင်းအစဟာ ပေပါလုံးထက်အဝကျယ်ပြီးတော့ ပေပါလုံးထက်လည်း ရှည်လျားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

“ကောင်းကင်ကနေ အသံအကျယ်ကြီး မြည်ပြီး ကျလာတာ။ တော်တော်အသံကျယ်တယ်။ မီးခိုးတွေ အူပြီးကျလာတာ။ ကျနော်တို့ ရွာနားကို လက်နက်ကြီး ထုပြီ၊ တိုက်ပွဲဖြစ်တာ ထင်နေတာ” လို့ မျက်မြင် တွေ့ရှိတဲ့ ဆန်ခါရွာသားတဦးက ပြောပါတယ်။

အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး လုံးခင်း နယ်မြေရဲစခန်းမှူးနဲ့ ဖားကန့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးထံ ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါဘူး။
အခုလို ဖြစ်စဉ်မျိုးကို ၂၀၁၇ ခုနှစ်က လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာအနီးမှာ ပြုတ်ကျခဲ့ဖူးပါတယ်။

ဇော်မိုးထက် (ဖားကန့်)

DVB

Leave a Reply

Your email address will not be published. Required fields are marked *