Posted on

(Zawgyi)

ၿပီးခဲ့တဲ့ ၾသဂုတ္လ လလယ္ပိုင္းေလာက္က ထိုင္းႏိုင္ငံအေရွ႕ေျမာက္ပိုင္းမွာရွိတဲ့ Khon Kaen တကၠသိုလ္မွာ ဗီဒီယိုဂိမ္းေတြ အြန္လိုင္းဂိမ္းေတြ ပါဝင္တဲ့ 2019 KKU Nong Khai Fair ဂိမ္းၿပိဳင္ပြဲႀကီးကို က်င္းပခဲ့ပါတယ္။ ဒီအထဲက ဂိမ္းၿပိဳင္ပြဲတစ္ခုမွာေတာ့ အႏိုင္ရရွိသူေတြဟာ သကၤန္းဝတ္ကိုရင္ ၃ပါး ျဖစ္ေနတာပါ။ ဒီကိုရင္သုံးပါးကေတာ့ Balee Sathit Suksa စာသင္တိုက္မွာ စာသင္ၾကားေနတဲ့ အႀကီးတန္းစာသင္သား ကိုရင္ ၃ပါးျဖစ္ပါတယ္။

ကိုရင္ ၃ ပါး အႏိုင္ရရွိခဲ့တဲ့ ဂိမ္းကေတာ့ speed-drifter လို႔ေခၚတဲ့ ဂိမ္းအမ်ိဳးအစားပါ။ ကားေမာင္းၿပိဳင္ရတဲ့ အြန္လိုင္းဂိမ္းတစ္ခုျဖစ္ၿပီး နာမည္ႀကီးဂိမ္းကုမၸဏီ Tencent က ထုတ္လုပ္ထားတဲ့ ဂိမ္းတစ္ခုျဖစ္ပါတယ္။ ကိုရင္ေတြ ဒီလိုဆုရသြားတဲ့အတြက္ အေတာ္ေလး နာမည္ႀကီးသြားသလို မသင့္ေတာ္ဘူး ဆိုတဲ့ ေဝဖန္သံေတြလည္း ထြက္ခဲ့ပါတယ္။

ကိုရင္ေတြကို ခြင့္ျပဳေပးလိုက္တဲ့ ေက်ာင္းတိုက္က စာခ်ကိုယ္ေတာ္ျဖစ္သူ Kokkiad ကေတာ့ ” အစကေတာ့ သူတို႔ကို ပါဝင္ခြင့္မျပဳဖို႔ တားခ်င္ေပမယ့္ ကိုရင္ေတြဟာ အရမ္းဆႏၵျပင္းျပေနေတာ့ ဝင္ၿပိဳင္ခိုင္းမိလိုက္ပါတယ္။ သူတို႔ ဒီလို အႏိုင္ရရွိလိမ့္မယ္လို႔လည္း မေမွ်ာ္လင့္ခဲ့မိပါဘူး။ အခုလို အႏိုင္ရသြားတဲ့အတြက္ အရမ္းအံၾသရပါတယ္” လို႔ မိန႔္ၾကားခဲ့ပါတယ္။

“သူတို႔ေတြဟာ ကေလးအ႐ြယ္ပဲရွိပါေသးတယ္။ ၿပီးေတာ့ မျပည့္စုံတဲ့မိဘ အသီးသီးကေန လာခဲ့ၾကတာပါ။ အၿမဲတမ္းဘုန္းႀကီးစာေတြကိုခ်ည္း သင္ေနရတဲ့အတြက္ တခါတရံစိတ္ေျပလက္ေပ်ာက္အေနနဲ႔ အခြင့္အေရးေပးခဲ့တာပါ။ သူတို႔မွာလည္း ကေလးပီပီ သူတို႔လုပ္ခ်င္တာေတြရွိမွာပါ” လို႔ စာခ်ကိုယ္ေတာ္ Kokkiad က ထပ္ရွင္းျပခဲ့ပါတယ္။

စာသင္တိုက္က ကိုယ္ရင္ေတြဟာ တစ္ပတ္မွာ နာရီ ၂၀ ထက္မနည္း ဘာသာေရးစာေပေတြကို ေလ့လာသင္ၾကားရသလို အခ်ိန္အမ်ားစုကိုလည္း ေက်ာင္းရဲ႕ေဝယ်ာဝစၥေတြေဆာင္႐ြက္ရပါတယ္။ သူတို႔ရဲ႕ အားလပ္ခ်ိန္မွာေတာ့ ဖုန္းေတြကို အသုံးျပဳေနေလ့ရွိၿပီး အဲဒီကေန ဂိမ္းေတြကိုေဆာ့ကစားခဲ့ၾကတာ ျဖစ္ပါတယ္။ ဒီဂိမ္းၿပိဳင္ပြဲမွာ အျခားကိုရင္ေတြလည္း ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကေပမယ့္ ကိုရင္ေတြ ဆုရသြားခဲ့မႈေၾကာင့္သာ မီဒီယာမွာ နာမည္ႀကီးခဲ့ျခင္းျဖစ္ပါတယ္။

ယေန႔ေခတ္မွာ အြန္လိုင္းဂိမ္းေတြဟာ အေရွ႕ေတာင္အာရွ လူငယ္ေတြၾကားမွာ ပိုမိုေရပန္းစားလွ်က္ရွိေနၿပီး လူငယ္ေတြဟာ သူတို႔ရဲ႕အခ်ိန္အမ်ားစုကို မိုဘိုင္းဂိမ္းေတြေပၚမွာပဲ ကုန္ဆုံးေနၾကပါတယ္။ ဂိမ္းကုမၸဏီႀကီးေတြဟာလည္း အေရွ႕ေတာင္အာရွေဒသကို ပစ္မွတ္ထားလာေနၿပီး ထိုင္း နဲ႔ ဖိလစ္ပိုင္တို႔မွာ ဂိမ္းၿပိဳင္ပြဲႀကီးေတြ က်င္းပခဲ့ပါတယ္။ စာရင္းအရ ထိုင္းႏိုင္ငံမွာ ဂိမ္းကစားသူအေရအတြက္ဟာ သန္း ၂၀ခန႔္ရွိေနၿပီး ကမာၻေပၚက ဂိမ္းေဆာ့သူအမ်ားဆုံးႏိုင္ငံမွာ နံပါတ္ ၂၀ ခ်ိတ္ေနပါတယ္။

(Unicode)

အွန်လိုင်းဂိမ်းပြိုင်ပွဲမှာ ကိုရင် ၃ ပါး အနိုင်ရ

ပြီးခဲ့တဲ့ သြဂုတ်လ လလယ်ပိုင်းလောက်က ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းမှာရှိတဲ့ Khon Kaen တက္ကသိုလ်မှာ ဗီဒီယိုဂိမ်းတွေ အွန်လိုင်းဂိမ်းတွေ ပါဝင်တဲ့ 2019 KKU Nong Khai Fair ဂိမ်းပြိုင်ပွဲကြီးကို ကျင်းပခဲ့ပါတယ်။ ဒီအထဲက ဂိမ်းပြိုင်ပွဲတစ်ခုမှာတော့ အနိုင်ရရှိသူတွေဟာ သင်္ကန်းဝတ်ကိုရင် ၃ပါး ဖြစ်နေတာပါ။ ဒီကိုရင်သုံးပါးကတော့ Balee Sathit Suksa စာသင်တိုက်မှာ စာသင်ကြားနေတဲ့ အကြီးတန်းစာသင်သား ကိုရင် ၃ပါးဖြစ်ပါတယ်။

ကိုရင် ၃ ပါး အနိုင်ရရှိခဲ့တဲ့ ဂိမ်းကတော့ speed-drifter လို့ခေါ်တဲ့ ဂိမ်းအမျိုးအစားပါ။ ကားမောင်းပြိုင်ရတဲ့ အွန်လိုင်းဂိမ်းတစ်ခုဖြစ်ပြီး နာမည်ကြီးဂိမ်းကုမ္ပဏီ Tencent က ထုတ်လုပ်ထားတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ ကိုရင်တွေ ဒီလိုဆုရသွားတဲ့အတွက် အတော်လေး နာမည်ကြီးသွားသလို မသင့်တော်ဘူး ဆိုတဲ့ ဝေဖန်သံတွေလည်း ထွက်ခဲ့ပါတယ်။

ကိုရင်တွေကို ခွင့်ပြုပေးလိုက်တဲ့ ကျောင်းတိုက်က စာချကိုယ်တော်ဖြစ်သူ Kokkiad ကတော့ ” အစကတော့ သူတို့ကို ပါဝင်ခွင့်မပြုဖို့ တားချင်ပေမယ့် ကိုရင်တွေဟာ အရမ်းဆန္ဒပြင်းပြနေတော့ ဝင်ပြိုင်ခိုင်းမိလိုက်ပါတယ်။ သူတို့ ဒီလို အနိုင်ရရှိလိမ့်မယ်လို့လည်း မမျှော်လင့်ခဲ့မိပါဘူး။ အခုလို အနိုင်ရသွားတဲ့အတွက် အရမ်းအံသြရပါတယ်” လို့ မိန့်ကြားခဲ့ပါတယ်။

“သူတို့တွေဟာ ကလေးအရွယ်ပဲရှိပါသေးတယ်။ ပြီးတော့ မပြည့်စုံတဲ့မိဘ အသီးသီးကနေ လာခဲ့ကြတာပါ။ အမြဲတမ်းဘုန်းကြီးစာတွေကိုချည်း သင်နေရတဲ့အတွက် တခါတရံစိတ်ပြေလက်ပျောက်အနေနဲ့ အခွင့်အရေးပေးခဲ့တာပါ။ သူတို့မှာလည်း ကလေးပီပီ သူတို့လုပ်ချင်တာတွေရှိမှာပါ” လို့ စာချကိုယ်တော် Kokkiad က ထပ်ရှင်းပြခဲ့ပါတယ်။

စာသင်တိုက်က ကိုယ်ရင်တွေဟာ တစ်ပတ်မှာ နာရီ ၂၀ ထက်မနည်း ဘာသာရေးစာပေတွေကို လေ့လာသင်ကြားရသလို အချိန်အများစုကိုလည်း ကျောင်းရဲ့ဝေယျာဝစ္စတွေဆောင်ရွက်ရပါတယ်။ သူတို့ရဲ့ အားလပ်ချိန်မှာတော့ ဖုန်းတွေကို အသုံးပြုနေလေ့ရှိပြီး အဲဒီကနေ ဂိမ်းတွေကိုဆော့ကစားခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဂိမ်းပြိုင်ပွဲမှာ အခြားကိုရင်တွေလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပေမယ့် ကိုရင်တွေ ဆုရသွားခဲ့မှုကြောင့်သာ မီဒီယာမှာ နာမည်ကြီးခဲ့ခြင်းဖြစ်ပါတယ်။

ယနေ့ခေတ်မှာ အွန်လိုင်းဂိမ်းတွေဟာ အရှေ့တောင်အာရှ လူငယ်တွေကြားမှာ ပိုမိုရေပန်းစားလျှက်ရှိနေပြီး လူငယ်တွေဟာ သူတို့ရဲ့အချိန်အများစုကို မိုဘိုင်းဂိမ်းတွေပေါ်မှာပဲ ကုန်ဆုံးနေကြပါတယ်။ ဂိမ်းကုမ္ပဏီကြီးတွေဟာလည်း အရှေ့တောင်အာရှဒေသကို ပစ်မှတ်ထားလာနေပြီး ထိုင်း နဲ့ ဖိလစ်ပိုင်တို့မှာ ဂိမ်းပြိုင်ပွဲကြီးတွေ ကျင်းပခဲ့ပါတယ်။ စာရင်းအရ ထိုင်းနိုင်ငံမှာ ဂိမ်းကစားသူအရေအတွက်ဟာ သန်း ၂၀ခန့်ရှိနေပြီး ကမ္ဘာပေါ်က ဂိမ်းဆော့သူအများဆုံးနိုင်ငံမှာ နံပါတ် ၂၀ ချိတ်နေပါတယ်။

Thutazone

Leave a Reply

Your email address will not be published. Required fields are marked *