Posted on

(Zawgyi)

အီး-စီးကရက္ တင္သြင္း ေရာင္းခ်ခြင့္ ပိတ္ပင္လိုက္တဲ့ အိႏၵိယႏိုင္ငံ

လူငယ္လူ႐ြယ္ေတြအၾကား ေခတ္စားေနတဲ့ အီး-စီးကရက္ (E-cigarette) ေတြကို အိႏၵိယႏိုင္ငံမွာ စက္တင္ဘာလ ၁၈ ရက္ေန႔ကစၿပီး ေရာင္းခ်ခြင့္ ပိတ္ပင္လိုက္ၿပီ ျဖစ္ပါတယ္။

အေမရိကန္ႏိုင္ငံ၊ နယူးေယာက္ျပည္နယ္မွာ အီး-စီးကရက္ ေသာက္သုံးမႈနဲ႔ ဆက္ႏြယ္ေနတဲ့ လူေသဆုံးမႈေတြ ျဖစ္ေပၚခဲ့ၿပီးေနာက္ အနံ႔အရသာ ထည့္သြင္းထားတဲ့ အီး-စီးကရက္ေတြကို ေရာင္းခ်ခြင့္ ပိတ္ပင္ခဲ့ၿပီး ေနာက္တရက္မွာပဲ အိႏၵိယအစိုးရက အလားတူ အမိန႔္ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။

အီး-စီးကရက္ ေသာက္သုံးမႈဟာ ေဆးလိပ္နဲ႔ ေဆး႐ြက္ႀကီးေသာက္သုံးမႈေလာက္ ေဘးမျဖစ္ႏိုင္ေၾကာင္း အသိေပးေၾကာ္ျငာေလ့ရွိေပမယ့္ အီး-စီးကရက္ေၾကာင့္ ျဖစ္ေပၚႏိုင္တဲ့ က်န္းမာေရး အႏၲရာယ္ေတြအေပၚ တကမာၻလုံး စိုးရိမ္စိတ္ျမင့္တက္လ်က္ ရွိပါတယ္။ အခုဆို ဘရာဇီးနဲ႔ ထိုင္းႏိုင္ငံတို႔မွာလည္း အီး-စီးကရက္ ထုတ္ကုန္ေတြကို ပိတ္ပင္တားျမစ္ထားၿပီး ျဖစ္ပါတယ္။

“ဒီနည္းပညာသစ္ထုတ္ကုန္ေတြက အျပင္ပန္းဆြဲေဆာင္မႈရွိသလို အနံ႔အရသာမ်ိဳးစုံနဲ႔ လာတာေၾကာင့္ အသုံးျပဳမႈ တရွိန္ထိုး ျမင့္တက္လာၿပီး ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြမွာ အသုံးျပဳသူပမာဏ ေတာ္ေတာ္ေလးျမင့္တက္လာပါတယ္။ အထူးသျဖင့္ လူငယ္ေတြနဲ႔ အ႐ြယ္မေရာက္ေသးတဲ့ ကေလးသူငယ္ေတြၾကားမွာ အီး-စီးကရက္ ေသာက္သုံးမႈက တြင္က်ယ္ေနပါတယ္”လို႔ အိႏၵိယ က်န္းမာေရးဝန္ႀကီးက သတင္းေထာက္ေတြကို ေျပာၾကားခဲ့ပါတယ္။

ဒီအမိန႔္ေၾကာင့္ ဒီတပတ္ကစၿပီး အိႏၵိယႏိုင္ငံမွာ အီး-စီးကရက္ တင္သြင္းေရာင္းခ်မႈ၊ ေၾကာ္ျငာမႈ၊ ထုတ္လုပ္မႈေတြ လုံးဝ ခြင့္ျပဳေတာ့မွာ မဟုတ္ပါဘူး။ ပထမတႀကိမ္ ခ်ိဳးေဖာက္သူေတြအေနနဲ႔ ေထာင္ဒဏ္တႏွစ္နဲ႔ ဒဏ္ေၾကး ေဒၚလာ ၁,၄၀၀ အထိ ေပးေဆာင္ရမွာ ျဖစ္ပါတယ္။

ထပ္မံခ်ိဳးေဖာက္ပါက ေထာင္ဒဏ္ သုံးႏွစ္နဲ႔ ဒဏ္ေၾကး ေဒၚလာ ၇,၀၀၀ အထိ ျပစ္ဒဏ္ခ်မွတ္ခံရႏိုင္ပါတယ္။ ဥပေဒအရ အီး-စီးကရက္ ေသာက္သုံးမႈကို တားျမစ္ထားျခင္းမရွိေပမယ့္ တင္သြင္းေရာင္းခ်ခြင့္မရွိေတာ့တာေၾကာင့္ ေသာက္သုံးဖို႔ ခဲယဥ္းသြားမွာပါ။

အီး-စီးကရက္ေတြကို တားျမစ္လိုက္ေပမယ့္ ေဆး႐ြက္ႀကီးနဲ႔ ႐ိုး႐ိုးေဆးလိပ္ ေသာက္သုံးမႈကိုေတာ့ အိႏၵိယမွာ တရားဝင္ခြင့္ျပဳထားဆဲ ျဖစ္ပါတယ္။ ေဆးလိပ္ေတြကို အခြန္ႏႈန္းျမင့္မားစြာ ေကာက္ခံေပမယ့္ အိႏၵိယမွ အ႐ြယ္ေရာက္ၿပီးသား ေဆးလိပ္ ေသာက္သုံးသူအေရအတြက္က ၁၀၆ သန္းအထိ ရွိေနပါတယ္။

တ႐ုတ္ႏိုင္ငံၿပီးရင္ အိႏၵိယႏိုင္ငံဟာ ကမာၻမွာ ေဆးလိပ္ေသာက္သုံးမႈ ဒုတိယအမ်ားဆုံး ႏိုင္ငံပါ။ ဒီအခ်က္ေၾကာင့္ အေမရိကန္အေျခစိုက္ Juul အပါအဝင္ အီး-စီးကရက္ ထုတ္တဲ့ ကုမၸဏီေတြဟာ အိႏၵိယကို ဝင္ဖို႔ ႀကိဳးစားလ်က္ ရွိပါတယ္။ Juul ဆို လြန္ခဲ့တဲ့လပိုင္းကတင္ အိႏၵိယမွာ အီး-စီးကရက္ စတင္ေရာင္းခ်ဖို႔အတြက္ အမႈေဆာင္အရာရွိေတြပါ ေခၚယူခန႔္ထားၿပီးျဖစ္ပါတယ္။

အီး-စီးကရက္ ေထာက္ခံသူေတြအေနနဲ႔ ဒီအမိန႔္ကို ျပင္ဆင္ေပးဖို႔ တရား႐ုံးကေန ေစာဒတက္လာႏိုင္ေၾကာင္းလည္း အိႏၵိယအစိုးရက ခန႔္မွန္းထားၿပီး ျဖစ္ပါတယ္။ ဒီအတြက္ ျပန္လည္ရင္ဆိုင္ဖို႔လည္း အသင့္ျပင္ထားၿပီး ျဖစ္တယ္လို႔ အိႏၵိယက်န္းမာေရးဝန္ႀကီးဌာနရဲ႕ အႀကီးတန္းအရာရွိတဦးက ေျပာၾကားခဲ့ပါတယ္။

အီး-စီးကရက္ ေသာက္သုံးမႈဟာ သာမန္ စီးကရက္၊ ေဆးလိပ္ ေသာက္သုံးမႈထက္ အႏၲရာယ္ပိုနည္းေၾကာင္း သုေတသန ပညာရွင္အခ်ိဳ႕က ေျပာၾကားထားၾကပါတယ္။ ဒါေပမယ့္ အီး-စီးကရက္ကေန ရလာႏိုင္တဲ့ အႏၲရာယ္ အလုံးစုံကိုလည္း အခုအခ်ိန္ထိ မသိရေသးဘူး ျဖစ္ပါတယ္။

Ref: Reuters, The Verge, Guardian

(Unicode)

အီး-စီးကရက် တင်သွင်း ရောင်းချခွင့် ပိတ်ပင်လိုက်တဲ့ အိန္ဒိယနိုင်ငံ

လူငယ်လူရွယ်တွေအကြား ခေတ်စားနေတဲ့ အီး-စီးကရက် (E-cigarette) တွေကို အိန္ဒိယနိုင်ငံမှာ စက်တင်ဘာလ ၁၈ ရက်နေ့ကစပြီး ရောင်းချခွင့် ပိတ်ပင်လိုက်ပြီ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ်မှာ အီး-စီးကရက် သောက်သုံးမှုနဲ့ ဆက်နွယ်နေတဲ့ လူသေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် အနံ့အရသာ ထည့်သွင်းထားတဲ့ အီး-စီးကရက်တွေကို ရောင်းချခွင့် ပိတ်ပင်ခဲ့ပြီး နောက်တရက်မှာပဲ အိန္ဒိယအစိုးရက အလားတူ အမိန့်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အီး-စီးကရက် သောက်သုံးမှုဟာ ဆေးလိပ်နဲ့ ဆေးရွက်ကြီးသောက်သုံးမှုလောက် ဘေးမဖြစ်နိုင်ကြောင်း အသိပေးကြော်ငြာလေ့ရှိပေမယ့် အီး-စီးကရက်ကြောင့် ဖြစ်ပေါ်နိုင်တဲ့ ကျန်းမာရေး အန္တရာယ်တွေအပေါ် တကမ္ဘာလုံး စိုးရိမ်စိတ်မြင့်တက်လျက် ရှိပါတယ်။ အခုဆို ဘရာဇီးနဲ့ ထိုင်းနိုင်ငံတို့မှာလည်း အီး-စီးကရက် ထုတ်ကုန်တွေကို ပိတ်ပင်တားမြစ်ထားပြီး ဖြစ်ပါတယ်။

“ဒီနည်းပညာသစ်ထုတ်ကုန်တွေက အပြင်ပန်းဆွဲဆောင်မှုရှိသလို အနံ့အရသာမျိုးစုံနဲ့ လာတာကြောင့် အသုံးပြုမှု တရှိန်ထိုး မြင့်တက်လာပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အသုံးပြုသူပမာဏ တော်တော်လေးမြင့်တက်လာပါတယ်။ အထူးသဖြင့် လူငယ်တွေနဲ့ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကြားမှာ အီး-စီးကရက် သောက်သုံးမှုက တွင်ကျယ်နေပါတယ်”လို့ အိန္ဒိယ ကျန်းမာရေးဝန်ကြီးက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဒီအမိန့်ကြောင့် ဒီတပတ်ကစပြီး အိန္ဒိယနိုင်ငံမှာ အီး-စီးကရက် တင်သွင်းရောင်းချမှု၊ ကြော်ငြာမှု၊ ထုတ်လုပ်မှုတွေ လုံးဝ ခွင့်ပြုတော့မှာ မဟုတ်ပါဘူး။ ပထမတကြိမ် ချိုးဖောက်သူတွေအနေနဲ့ ထောင်ဒဏ်တနှစ်နဲ့ ဒဏ်ကြေး ဒေါ်လာ ၁,၄၀၀ အထိ ပေးဆောင်ရမှာ ဖြစ်ပါတယ်။

ထပ်မံချိုးဖောက်ပါက ထောင်ဒဏ် သုံးနှစ်နဲ့ ဒဏ်ကြေး ဒေါ်လာ ၇,၀၀၀ အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်ပါတယ်။ ဥပဒေအရ အီး-စီးကရက် သောက်သုံးမှုကို တားမြစ်ထားခြင်းမရှိပေမယ့် တင်သွင်းရောင်းချခွင့်မရှိတော့တာကြောင့် သောက်သုံးဖို့ ခဲယဉ်းသွားမှာပါ။

အီး-စီးကရက်တွေကို တားမြစ်လိုက်ပေမယ့် ဆေးရွက်ကြီးနဲ့ ရိုးရိုးဆေးလိပ် သောက်သုံးမှုကိုတော့ အိန္ဒိယမှာ တရားဝင်ခွင့်ပြုထားဆဲ ဖြစ်ပါတယ်။ ဆေးလိပ်တွေကို အခွန်နှုန်းမြင့်မားစွာ ကောက်ခံပေမယ့် အိန္ဒိယမှ အရွယ်ရောက်ပြီးသား ဆေးလိပ် သောက်သုံးသူအရေအတွက်က ၁၀၆ သန်းအထိ ရှိနေပါတယ်။

တရုတ်နိုင်ငံပြီးရင် အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာ ဆေးလိပ်သောက်သုံးမှု ဒုတိယအများဆုံး နိုင်ငံပါ။ ဒီအချက်ကြောင့် အမေရိကန်အခြေစိုက် Juul အပါအဝင် အီး-စီးကရက် ထုတ်တဲ့ ကုမ္ပဏီတွေဟာ အိန္ဒိယကို ဝင်ဖို့ ကြိုးစားလျက် ရှိပါတယ်။ Juul ဆို လွန်ခဲ့တဲ့လပိုင်းကတင် အိန္ဒိယမှာ အီး-စီးကရက် စတင်ရောင်းချဖို့အတွက် အမှုဆောင်အရာရှိတွေပါ ခေါ်ယူခန့်ထားပြီးဖြစ်ပါတယ်။

အီး-စီးကရက် ထောက်ခံသူတွေအနေနဲ့ ဒီအမိန့်ကို ပြင်ဆင်ပေးဖို့ တရားရုံးကနေ စောဒတက်လာနိုင်ကြောင်းလည်း အိန္ဒိယအစိုးရက ခန့်မှန်းထားပြီး ဖြစ်ပါတယ်။ ဒီအတွက် ပြန်လည်ရင်ဆိုင်ဖို့လည်း အသင့်ပြင်ထားပြီး ဖြစ်တယ်လို့ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနရဲ့ အကြီးတန်းအရာရှိတဦးက ပြောကြားခဲ့ပါတယ်။

အီး-စီးကရက် သောက်သုံးမှုဟာ သာမန် စီးကရက်၊ ဆေးလိပ် သောက်သုံးမှုထက် အန္တရာယ်ပိုနည်းကြောင်း သုတေသန ပညာရှင်အချို့က ပြောကြားထားကြပါတယ်။ ဒါပေမယ့် အီး-စီးကရက်ကနေ ရလာနိုင်တဲ့ အန္တရာယ် အလုံးစုံကိုလည်း အခုအချိန်ထိ မသိရသေးဘူး ဖြစ်ပါတယ်။

Ref: Reuters, The Verge, Guardian

Nigma (ဧရာဝတီ)

Leave a Reply

Your email address will not be published. Required fields are marked *