Posted on

အရင်လာကြတယ်
လှူခိုင်းတယ်




တင်ပေးလိုက်တာပါ ‼️

Crd..Nang Aye Hsang

NayYie

Unicode

အားလုံး သတိထားကွပါ ⛔⛔⚠️

မနေ့က နေ့လည် ၁၂နာရီခန့်က အိမ်ကို
အလှူခံယောင်ဆောင်ပီး လူ ၅ ယောက်
အရင်လာကြတယ်
အပြင်သွားခါနီးခြံတံခါးဖွင့်ထားတာနဲ့ ကြုံတော့
အတင်းဝင်လာပီး ရေဘေးသင့်အတွက်ဆိုပီး
လှူခိုင်းတယ်
( အမရပူရ ဥက္ကဌကြီးရဲ့ လက်မှတ်နဲ့
စာရွက်တွေ ပါယူလာပြတယ် )
မလှူတော့ဘူး ပြောလဲမရဘူး လှူရမယ်ဆိုပီး
ယောက်ျား၅ယောက်က ကျမကို ဇွတ်ကပ်လာ
ကြတယ် .. ဝိုင်းထားတယ်.. ပြောနေရင်းနဲ့
သူတို့အုပ်စု လူ ၄ ယောက်ထပ်ရောက်လာတယ်
ခြံအပြင်မှာကျ ၃ ယောက်စောင့်နေတယ်
အခြေနေမကောင်းတော့ဘူးဆိုတာသိလို့
ဘယ်လောက်ပဲဖြစ်ဖြစ် အလှူငွေထည့်လိုက်မယ်ဆိုပီး ( မဟုတ်ရင်ခြံထဲကနေ မထွက်ဘူး ) ပိုက်ဆံသွားယူလိုက်အုံးမယ် ဆိုပီး အိမ်ထဲသွားတုန်းရှိသေးတယ်
လူတယောက်က ခြံထဲက ဂိုဒေါင်ဘက်ကို ပြေးဝင်သွားတယ် ( အိမ်ထဲက လူတွေ အကုန်တွေ့တယ် cctv လဲတပ်ထားတယ် )
လွယ်အိတ်ကိုလဲ ပိုက်ထားတယ် ဘာတွေပါလဲတော့မသိဘူး
အိမ်ထဲက သမီးနဲ့ အမေ နဲ့က ” ဂိုဒေါင်ဖက်ကို တယောက်ပြေးဝင်သွားတယ် ” လို့ အော်မှ ကျမ လှည့်ကြည့်တော့ သူ ပြန်ပြေးထွက်သွားတယ် ခြံအပြင်ကို
ကျမတို့ အကုန်ထွက်လာပီးအော်တော့ သူတို့က မဝင်ပါဘူးတဲ့
တအိမ်လုံးတွေ့တာတောင် cctv လဲတပ်ထားတာတောင် မဝင်ဘူးပြောနေသေးတယ် 😄😄
ပီးမှ သူတို့ထဲက လူတယောက်က တောင်းပန်တယ် ကလေးက မသိလို့ဝင်မိသွားတာတဲ့ 😄😄😄
၂၆ နှစ် ဝန်းကျင်လောက်က ကလေးလား ?
သူများခြံထဲ ဝင်ရုံတင်မကဘူး ဂိုဒေါင်ဘက်ထိ ခိုးကြောင်ခိုးဝှက်ပြေးဝင်ပီး လူမိမှ ပြန်ပြေးထွက်လာရအောင် ၂ နှစ်ကလေးလဲ မဟုတ်ဘူးလေ…
ပြသနာတက်နေတုန်း ၃ ယောက်တစု ဆီ လူစုခွဲပီး ထွက်သွားကြတယ် ( အားလုံးပေါင်း ၁၀ ယောက်ကျော်တယ် )
ရပ်ကွက်လူကြီးရောက်လာတာ မမီလိုက်ဘူး အကျိုးကြောင်းရှင်းပြတော့ လူကြီးတွေလဲ ရပ်ကွက်ထဲပတ်ရှာတာ မတွေ့တော့ဘူး
အနီးနားပတ်ဝန်းကျင်အိမ်တွေကို လဲ ဝင်ပီး တအိမ်ကို တမျိုးစီပြောပီး အလှူခံတယ် မပေးရင် လုံးဝမထွက်ဘူး ရန်လုပ်မဲ့သဘောရှိတယ် တဲ့ .. တချို့အိမ်ကိုကျ အလုပ်ကိစ္စတိုင်ပင်ချင်လို့ပါဆိုပီး ပိုင်ရှင်ကို အတင်းခေါ်ခိုင်းပီးမှ ပိုင်ရှင်ထွက်လာမှ အလှူငွေ ထည့်ခိုင်းတာတဲ့
တော်တော်ကြောက်ဖို့ကောင်းနေပီ မန်းလေးမှာ နေရတာ မလုံခြုံတော့ဘူး

အားလုံးကို သတိထားစေချင်လို့
တင်ပေးလိုက်တာပါ ‼️

Crd..Nang Aye Hsang

NayYie

Leave a Reply

Your email address will not be published. Required fields are marked *