Posted on

ဇာတ်လမ်းလေးရဲ့ နောက်ဆုံးမှာတော့ နှင်းဆီရဲ့ အဆိပ်ပြင်းပြင်း ဆူးဆူးသွားတဲ့ အကိုကျော်ကတော့ သေဒဏ်နဲ့အတူ နောင်တတွေနဲ့ အဆုံးသတ်သွားခဲ့တာပါ ။

ဘ ယ်လောက်ပဲ အားနွဲ့တဲ့ မိန်းကလေးဖြစ်ပါစေ သတ္တိရှိရှိနဲ့ အရာရာကို ရင်ဆိုင်နိုင်ဖို့ ကြိုးစားတဲ့ နှင်းဆီနဲ့ မိန်းကလေးတွေကို လျော့တွက်ပြီး လက်ခုပ်ထဲက ရေလို အသုံးချနေတဲ့ အကိုကျော်ရဲ့ အဆုံးသတ်ကတော့ သင်ခန်းစာတွေ အများကြီးရစေပါတယ် ။

စာရေးဆရာမကြီး မစန္ဒာရဲ့ အောင်မြင်ကျော်ကြားတဲ့ ဝတ္ထုကိုပဲ ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ် ။ ဒီဇာတ်ကားကြီးရဲ့ အဓိကသရုပ်ဆောင်တစ်ယောက်အဖြစ်ပါဝင်ထားတဲ့ ခေးဆက်သွင် ကတော့ နှင်းဆီကို အရင်လို မမြင်ရတော့တဲ့အခါ လွမ်းနေဖို့တော့ မျှော်လင့်မိပါတယ် ဆိုပြီး စာလေးတင်ထားပါတယ် ။ ပရိတ်သတ်ကြီးရော နှင်းဆီကို လွမ်းကြမှာလား

Leave a Reply

Your email address will not be published. Required fields are marked *