Posted on

(Zawgyi)

အကိုက္အခဲေပ်ာက္ေဆးဆိုတာ ေန႔တိုင္းေသာက္လို႔ မေကာင္းဘူးေနာ္

အလုပ္အရမ္းမ်ားတဲ့သူေတြအတြက္ Aspirin ဆိုတဲ့ အကိုက္အခဲေပ်ာက္ေဆးက စိမ္းမယ္မထင္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ တစ္ေနကုန္ ထိုင္ၿပီး အလုပ္လုပ္ေနရတာ၊ ဟိုဒီသြားေနရတာ ၾကာလာတဲ့အခါ လူက ဇက္ေၾကာေတြတက္၊ အေညာင္းမိသလို ျဖစ္ၿပီး ညအိပ္ခ်ိန္က် ကိုက္ခဲေနတတ္တယ္မလား။ အဲ့အခါက် နာက်င္မႈေဝဒနာ သက္သာေအာင္ဆိုၿပီး အကိုက္အခဲေပ်ာက္ေဆးကို ေသာက္ၿပီးမွ အိပ္တတ္ၾကပါတယ္။ တစ္ရက္တေလေသာက္တာက ျပႆနာမရွိေပမဲ့ ေန႔စဥ္ရက္ဆက္ စြဲေသာက္မယ္ဆိုရင္ေတာ့ က်န္းမာေရးျပႆနာေတြ ျဖစ္လာႏိုင္တယ္ဆိုတာ ေမ့ထားလို႔မရပါဘူး။

ဘယ္ေဝဒနာရွင္ေတြအတြက္ အသင့္ေတာ္ဆုံးလဲ။

အကိုက္အခဲေပ်ာက္ေဆးကို ေန႔စဥ္ရက္ဆက္ စြဲၿပီးေသာက္တာဟာ ႏွလုံးေရာဂါရွိဖူးတဲ့သူေတြ၊ ႏွလုံးအေမာေဖာက္ဖူးတာ၊ သတိလစ္တတ္တဲ့သူေတြအေနနဲ႔ ဆရာဝန္နဲ႔ ေသခ်ာျပၿပီး စြဲေသာက္လို႔ရပါတယ္။ အသက္ႀကီးပိုင္းအ႐ြယ္ေတြ၊ ေဆးလိပ္ေသာက္ေနသူေတြ၊ ကိုလက္စထေရာက်ေဆး ေသာက္ေနရသူေတြ၊ ဆီးခ်ိဳ၊ ေသြးတိုးေရာဂါအခံရွိသူေတြဆိုရင္လည္း ဆရာဝန္ရဲ႕ ၫႊန္ၾကားခ်က္နဲ႔ အကိုက္အခဲေပ်ာက္ေဆးကို စြဲေသာက္လို႔ အဆင္ေျပပါတယ္။
ဆရာဝန္နဲ႔ အရင္မျပဘဲ အကိုက္အခဲေပ်ာက္ေဆးေသာက္တဲ့အခါ ဘာေတြျဖစ္ႏိုင္လဲ။

အားကစား၊ ေလ့က်င့္ခန္းလုပ္ၿပီး ကိုက္ခဲတာ၊ တစ္ေနကုန္ အလုပ္လုပ္ရလို႔ ေညာင္းကိုက္တာ၊ အာ႐ုံေၾကာအားနည္းတာ၊ ဖ်ားခ်င္သလိုျဖစ္ေနတာ အစရွိတဲ့ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အကိုက္အခဲေပ်ာက္ေဆးကို ဆရာဝန္နဲ႔ အရင္မတိိုင္ပင္ဘဲ ေသာက္တတ္ၾကပါတယ္။ ဒီေနရာမွာ သိထားဖို႔က အကိုက္အခဲေပ်ာက္ေဆးဆိုတာ လုံးဝေသာက္လို႔မရတာ မဟုတ္ပါဘူး။ ဒါေပမယ့္ အားေဆးမဟုတ္တဲ့အတြက္ ေရရွည္စြဲေသာက္မယ္ဆိုရင္ ကိုယ္ခႏၶာအတြက္ ေဘးဥပါဒ္ျပန္ၿပီး ျဖစ္ေစႏိုင္ပါတယ္။

အကိုက္အခဲေပ်ာက္ေဆးကို ေန႔တိုင္းေသာက္တဲ့သူေတြမွာ ကိုယ္တြင္းအဂၤါ ေသြးထြက္ျခင္း၊ ေသြးယိုစီးမႈျဖစ္ျခင္း အစရွိတဲ့ အႏၲရာယ္ႀကီးမားတဲ့အေျခအေနအျပင္ မၾကာခဏ ေခါင္းမူးေခါင္းကိုက္တာ၊ ေဆးကိုစြဲလမ္းသြားၿပီး မေသာက္ရ မေနႏိုင္တာေတြပါ ျဖစ္လာႏိုင္ပါတယ္။

ေဆးမေသာက္ခင္ ဆရာဝန္နဲ႔ အရင္တိုင္ပင္ပါ။

အားေဆးပဲျဖစ္ျဖစ္၊ ျဖည့္စြက္စာပဲျဖစ္ျဖစ္ ကိုယ္က ေဆးဝါးအသစ္တစ္မ်ိဳးက စေသာက္ေတာ့မယ္လို႔ စဥ္းစားထားရင္ အရင္ဆုံး ဆရာဝန္နဲ႔ ျပၾကည့္သင့္ပါတယ္။ ကိုယ့္ရဲ႕ မိဘမ်ိဳး႐ိုး၊ က်န္းမာေရးအေျခအေနနဲ႔ ဘာေၾကာင့္ေသာက္ဖို႔ လိုအပ္တာလဲဆိုတဲ့ အေၾကာင္းရင္းေတြေပၚ မူတည္ၿပီး ဆရာဝန္က ေဆးေျပာင္းတိုက္တာ၊ ေရာဂါရဲ႕ ဇစ္ျမစ္ကို ရွာေဖြတာေတြ လုပ္ေပးႏိုင္ပါတယ္။ က်န္းမာေရးေကာင္းတဲ့သူတစ္ေယာက္ သာမန္ေညာင္းညာကိုက္ခဲတာအတြက္က ေနထိုင္မႈပုံစံနဲ႔ အစာအာဟာရကို အဓိကေျပာင္းလဲေပးႏိုင္ရင္ လုံေလာက္ပါတယ္။ ဥပမာ – အစာအာဟာရ ျပည့္ဝစုံလင္စြာစားေပးတာ၊ ေလ့က်င့္ခန္းလုပ္တာ၊ ကြန္ပ်ဴတာေရွ႕မွာ အလုပ္လုပ္ေနရတဲ့သူေတြအတြက္ ထိုင္ၿပီး အလုပ္လုပ္သင့္တဲ့ ပုံစံအေနအထား၊ အိပ္ခ်ိန္မွန္ေအာင္၊ ျပည့္ဝေအာင္ အိပ္စက္အနားယူတာေတြကို လုပ္ေပးမယ္ဆိုရင္ေတာ့ အကိုက္အခဲေပ်ာက္ေဆးမလိုဘဲ ေဝဒနာသက္သာသြားႏိုင္ပါတယ္။

ေဆးဆိုတာ ေရာဂါကို ထိန္းခ်ဳပ္ကုသေပးႏိုင္တယ္ဆိုေပမယ့္ စိတ္ထင္တိုင္း ေသာက္သင့္တဲ့အရာမဟုတ္ဘူးဆိုတာကို ထပ္မံသတိေပးရင္း ဒီမွာပဲ နိဂုံးခ်ဳပ္လိုက္ပါတယ္။

ေရးသားသူ Ye Myo Myat

ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win

(Unicode)

အကိုက်အခဲပျောက်ဆေးဆိုတာ နေ့တိုင်းသောက်လို့ မကောင်းဘူးနော်

အလုပ်အရမ်းများတဲ့သူတွေအတွက် Aspirin ဆိုတဲ့ အကိုက်အခဲပျောက်ဆေးက စိမ်းမယ်မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ တစ်နေကုန် ထိုင်ပြီး အလုပ်လုပ်နေရတာ၊ ဟိုဒီသွားနေရတာ ကြာလာတဲ့အခါ လူက ဇက်ကြောတွေတက်၊ အညောင်းမိသလို ဖြစ်ပြီး ညအိပ်ချိန်ကျ ကိုက်ခဲနေတတ်တယ်မလား။ အဲ့အခါကျ နာကျင်မှုဝေဒနာ သက်သာအောင်ဆိုပြီး အကိုက်အခဲပျောက်ဆေးကို သောက်ပြီးမှ အိပ်တတ်ကြပါတယ်။ တစ်ရက်တလေသောက်တာက ပြဿနာမရှိပေမဲ့ နေ့စဉ်ရက်ဆက် စွဲသောက်မယ်ဆိုရင်တော့ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်တယ်ဆိုတာ မေ့ထားလို့မရပါဘူး။

ဘယ်ဝေဒနာရှင်တွေအတွက် အသင့်တော်ဆုံးလဲ။

အကိုက်အခဲပျောက်ဆေးကို နေ့စဉ်ရက်ဆက် စွဲပြီးသောက်တာဟာ နှလုံးရောဂါရှိဖူးတဲ့သူတွေ၊ နှလုံးအမောဖောက်ဖူးတာ၊ သတိလစ်တတ်တဲ့သူတွေအနေနဲ့ ဆရာဝန်နဲ့ သေချာပြပြီး စွဲသောက်လို့ရပါတယ်။ အသက်ကြီးပိုင်းအရွယ်တွေ၊ ဆေးလိပ်သောက်နေသူတွေ၊ ကိုလက်စထရောကျဆေး သောက်နေရသူတွေ၊ ဆီးချို၊ သွေးတိုးရောဂါအခံရှိသူတွေဆိုရင်လည်း ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ အကိုက်အခဲပျောက်ဆေးကို စွဲသောက်လို့ အဆင်ပြေပါတယ်။
ဆရာဝန်နဲ့ အရင်မပြဘဲ အကိုက်အခဲပျောက်ဆေးသောက်တဲ့အခါ ဘာတွေဖြစ်နိုင်လဲ။

အားကစား၊ လေ့ကျင့်ခန်းလုပ်ပြီး ကိုက်ခဲတာ၊ တစ်နေကုန် အလုပ်လုပ်ရလို့ ညောင်းကိုက်တာ၊ အာရုံကြောအားနည်းတာ၊ ဖျားချင်သလိုဖြစ်နေတာ အစရှိတဲ့ အကြောင်းအမျိုးမျိုးကြောင့် အကိုက်အခဲပျောက်ဆေးကို ဆရာဝန်နဲ့ အရင်မတိုင်ပင်ဘဲ သောက်တတ်ကြပါတယ်။ ဒီနေရာမှာ သိထားဖို့က အကိုက်အခဲပျောက်ဆေးဆိုတာ လုံးဝသောက်လို့မရတာ မဟုတ်ပါဘူး။ ဒါပေမယ့် အားဆေးမဟုတ်တဲ့အတွက် ရေရှည်စွဲသောက်မယ်ဆိုရင် ကိုယ်ခန္ဓာအတွက် ဘေးဥပါဒ်ပြန်ပြီး ဖြစ်စေနိုင်ပါတယ်။

အကိုက်အခဲပျောက်ဆေးကို နေ့တိုင်းသောက်တဲ့သူတွေမှာ ကိုယ်တွင်းအင်္ဂါ သွေးထွက်ခြင်း၊ သွေးယိုစီးမှုဖြစ်ခြင်း အစရှိတဲ့ အန္တရာယ်ကြီးမားတဲ့အခြေအနေအပြင် မကြာခဏ ခေါင်းမူးခေါင်းကိုက်တာ၊ ဆေးကိုစွဲလမ်းသွားပြီး မသောက်ရ မနေနိုင်တာတွေပါ ဖြစ်လာနိုင်ပါတယ်။

ဆေးမသောက်ခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။

အားဆေးပဲဖြစ်ဖြစ်၊ ဖြည့်စွက်စာပဲဖြစ်ဖြစ် ကိုယ်က ဆေးဝါးအသစ်တစ်မျိုးက စသောက်တော့မယ်လို့ စဉ်းစားထားရင် အရင်ဆုံး ဆရာဝန်နဲ့ ပြကြည့်သင့်ပါတယ်။ ကိုယ့်ရဲ့ မိဘမျိုးရိုး၊ ကျန်းမာရေးအခြေအနေနဲ့ ဘာကြောင့်သောက်ဖို့ လိုအပ်တာလဲဆိုတဲ့ အကြောင်းရင်းတွေပေါ် မူတည်ပြီး ဆရာဝန်က ဆေးပြောင်းတိုက်တာ၊ ရောဂါရဲ့ ဇစ်မြစ်ကို ရှာဖွေတာတွေ လုပ်ပေးနိုင်ပါတယ်။ ကျန်းမာရေးကောင်းတဲ့သူတစ်ယောက် သာမန်ညောင်းညာကိုက်ခဲတာအတွက်က နေထိုင်မှုပုံစံနဲ့ အစာအာဟာရကို အဓိကပြောင်းလဲပေးနိုင်ရင် လုံလောက်ပါတယ်။ ဥပမာ – အစာအာဟာရ ပြည့်ဝစုံလင်စွာစားပေးတာ၊ လေ့ကျင့်ခန်းလုပ်တာ၊ ကွန်ပျူတာရှေ့မှာ အလုပ်လုပ်နေရတဲ့သူတွေအတွက် ထိုင်ပြီး အလုပ်လုပ်သင့်တဲ့ ပုံစံအနေအထား၊ အိပ်ချိန်မှန်အောင်၊ ပြည့်ဝအောင် အိပ်စက်အနားယူတာတွေကို လုပ်ပေးမယ်ဆိုရင်တော့ အကိုက်အခဲပျောက်ဆေးမလိုဘဲ ဝေဒနာသက်သာသွားနိုင်ပါတယ်။

ဆေးဆိုတာ ရောဂါကို ထိန်းချုပ်ကုသပေးနိုင်တယ်ဆိုပေမယ့် စိတ်ထင်တိုင်း သောက်သင့်တဲ့အရာမဟုတ်ဘူးဆိုတာကို ထပ်မံသတိပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Hello Health Group

Leave a Reply

Your email address will not be published. Required fields are marked *