Posted on

စီေရာ္နယ္ဒိုဟာ တစ္လုပ္စားဖူး သူ႔ေက်းဇူးဆုိတဲ့ေက်းဇူးတရားကို ေခါင္းထဲအျပည့္ထည့္ထားသူျဖစ္ပါတယ္။ သူ႔အေပၚေက်းဇူးျပဳခဲ့ဖူးသူကို စီေရာ္နယ္ဒိုဟာ လံုး၀ေမ့ထားသူတစ္ေယာက္မဟုတ္ပါဘူး။ ေရွ႕မွာလည္း စီေရာ္နယ္ဒိုရဲ႕ စိတ္ဓာတ္ျပည့္၀မႈ၊ ေမတၱာတရားႀကီးမားမႈေတြကို အမ်ားႀကီးျမင္ခဲ့၊ ၾကားခဲ့ရၿပီးပါၿပီ။

ဒါေပမဲ့ ဒီပံုျပင္က အရင္ကနဲ႔မတူဘဲ မုန္းတီးသူေတြေတာင္ လံုး၀မျဖစ္မေနေလးစားသြားရမယ့္ကိစၥမ်ိဳးပါပဲ။ စီေရာ္နယ္ဒိုရဲ႕ ငယ္ဘ၀ဟာ ဘယ္ေလာက္ေတာင္ ဆင္းရဲစုတ္ခ်ာလြန္းခဲ့သလဲဆုိတာ အားလံုးသိၿပီးသားပါ။ အိပ္ေရးပ်က္ရတဲ့ညေပါင္းမ်ားစြာ၊ ထမင္းငတ္ခဲ့ရတဲ့ညေပါင္းမ်ားစြာကို စီေရာ္နယ္ဒိုတစ္ေယာက္ ရင္ဆုိင္ခဲ့ရပါတယ္။

စီေရာ္နယ္ဒိုရဲ႕ ငယ္စဥ္က ကစားခဲ့တဲ့ Madeira ေဒသက ကလပ္အသင္းရဲ႕ကြင္းေဘးမွာ McDonalds ဆုိတဲ့စားေသာက္ဆုိင္ေလးတစ္ဆုိင္ရွိပါတယ္။ စီေရာ္နယ္ဒိုတုိ႔ကေလးအုပ္စုဟာ ေဘာလံုးကစားၿပီးျပန္လာရင္ အဲဒီဆုိင္ေလးတံခါးကို သြားသြားေရာက္ၿပီး “ကၽြန္ေတာ္ဗုိက္ဆာလို႔။ ဟမ္ဘာဂါေလးမ်ား ေကၽြးပါဦးဗ်ာ”လို႔ သြားသြားေတာင္းေနၾကပါ။

အဲဒီလိုသြားေတာင္းတုိင္း အက္နာဆိုတဲ့အမ်ိဳးသမီးတစ္ဦးက ထြက္လာၿပီး သူ႔ရဲ႕မရွိမဲ့၊ ရွိမဲ့စုထားတဲ့ ပိုက္ဆံေလးေတြနဲ႔ စီေရာ္နယ္ဒိုတို႔ကို ဟမ္ဘာဂါေကၽြးေနၾကပဲ ျဖစ္ပါတယ္။ ႏွစ္ကာလေတြေရြ႕ေျပာင္းၿပီး အခ်ိန္ၾကာျမင့္သြားေပမယ့္ အဲဒီအခ်ိန္ေတြကို စီေရာ္နယ္ဒိုတစ္ေယာက္ မေမ့ေသးဘူး။ အက္နာရဲ႕ေက်းဇူးေကၽြးကို စီေရာ္နယ္ဒိုတစ္ေယာက္ မေမ့ေသးပါဘူး။

ဒါေၾကာင့္လည္း ေအာင္ျမင္လာတဲ့အခ်ိန္ ေပၚတူဂီျပန္သြားတိုင္း အက္နာကို ေနရာအႏွံ႔မွာ လိုက္ရွာေနခဲ့တယ္။ အဲဒီအနီးအနားကလူေတြကို လိုက္ေမးတယ္။ McDonalds စားေသာက္ဆုိင္ေလးက ပိတ္သြားၿပီး အက္နာလည္း မရွိေတာ့ပါဘူး။

“ကၽြန္ေတာ္တုိ႔ရဲ႕ကြင္းေဘးမွာ McDonalds ဆိုတဲ့စာေသာက္ဆုိင္ေလးရွိတယ္။ ကၽြန္ေတာ္တုိ႔ ဗိုက္ဆာတာနဲ႔ အဲဒီဆုိင္ေလးရဲ႕တံခါးကိုသြားသြားေခါက္ၿပီး ဟမ္ဘာဂါေလးမ်ားရႏိုင္ဦးမလား သြားေတာင္းစားေနက်ပါ။ အဲဒီမွာ အက္နာက အၿမဲထြက္လာၿပီး ကၽြန္ေတာ္တုိ႔ကို ေကၽြးေနၾကပါ။ ဒါေၾကာင့္ ကၽြန္ေတာ္ေပၚတူဂီျပန္သြားတုိင္း အက္နာကိုလိုက္ရွာတယ္။ လူေတြေျပာတာကေတာ့ အဲဒီစားေသာက္ဆုိင္ေလးက ပိတ္သြားၿပီတဲ့။ အဲဒီေနာက္ပိုင္း ကၽြန္ေတာ္ အက္နာကို ရွာမေတြ႕ေတာ့ဘူး။

တကယ္လို႔ ဒီအင္တာဗ်ဴးကေန အက္နာကို ရွာေတြ႕မယ္ဆုိရင္ ကၽြန္ေတာ္အရမ္းေပ်ာ္မိမွာပါ။ ကၽြန္ေတာ္အေနနဲ႔ သူ႔ကိုတူရင္ျဖစ္ျစဖ္၊ လစၥဘြန္းျဖစ္ျဖစ္ ဖိတ္ေခၚၿပီးေတာ့ ညစာျပန္ေကၽြးခ်င္တယ္။ သူ႔ရဲ႕ေက်းဇူးေၾကြးကို ျပန္ဆပ္ခ်င္ပါတယ္”လို႔ စီေရာ္နယ္ဒိုက ခံစားခ်က္အျပည့္နဲ႔ ေျပာၾကားသြားခဲ့တာျဖစ္ပါတယ္။ စီေရာ္နယ္ဒိုရဲ႕ ေက်းဇူးမေမ့တတ္ပံုက တကယ့္ကို လက္ဖ်ားခါေလာက္တယ္လို႔ပဲ ဆုိရမွာပါ။

Credit- momolay

Unicode

ဒီပုံပြင်မှာ စီရော်နယ်ဒိုဟာ ဘယ်လောက်အထိ မေတ္တာဓာတ်ပြည့်ဝသူဖြစ်သလဲဆိုတာကို အထင်းသား တွေ့မြင်ရပါလိမ့်မယ်။

စီရော်နယ်ဒိုဟာ တစ်လုပ်စားဖူး သူ့ကျေးဇူးဆိုတဲ့ကျေးဇူးတရားကို ခေါင်းထဲအပြည့်ထည့်ထားသူဖြစ်ပါတယ်။ သူ့အပေါ်ကျေးဇူးပြုခဲ့ဖူးသူကို စီရော်နယ်ဒိုဟာ လုံးဝမေ့ထားသူတစ်ယောက်မဟုတ်ပါဘူး။ ရှေ့မှာလည်း စီရော်နယ်ဒိုရဲ့ စိတ်ဓာတ်ပြည့်ဝမှု၊ မေတ္တာတရားကြီးမားမှုတွေကို အများကြီးမြင်ခဲ့၊ ကြားခဲ့ရပြီးပါပြီ။

ဒါပေမဲ့ ဒီပုံပြင်က အရင်ကနဲ့မတူဘဲ မုန်းတီးသူတွေတောင် လုံးဝမဖြစ်မနေလေးစားသွားရမယ့်ကိစ္စမျိုးပါပဲ။ စီရော်နယ်ဒိုရဲ့ ငယ်ဘဝဟာ ဘယ်လောက်တောင် ဆင်းရဲစုတ်ချာလွန်းခဲ့သလဲဆိုတာ အားလုံးသိပြီးသားပါ။ အိပ်ရေးပျက်ရတဲ့ညပေါင်းများစွာ၊ ထမင်းငတ်ခဲ့ရတဲ့ညပေါင်းများစွာကို စီရော်နယ်ဒိုတစ်ယောက် ရင်ဆိုင်ခဲ့ရပါတယ်။

စီရော်နယ်ဒိုရဲ့ ငယ်စဉ်က ကစားခဲ့တဲ့ Madeira ဒေသက ကလပ်အသင်းရဲ့ကွင်းဘေးမှာ McDonalds ဆိုတဲ့စားသောက်ဆိုင်လေးတစ်ဆိုင်ရှိပါတယ်။ စီရော်နယ်ဒိုတို့ကလေးအုပ်စုဟာ ဘောလုံးကစားပြီးပြန်လာရင် အဲဒီဆိုင်လေးတံခါးကို သွားသွားရောက်ပြီး “ကျွန်တော်ဗိုက်ဆာလို့။ ဟမ်ဘာဂါလေးများ ကျွေးပါဦးဗျာ”လို့ သွားသွားတောင်းနေကြပါ။

အဲဒီလိုသွားတောင်းတိုင်း အက်နာဆိုတဲ့အမျိုးသမီးတစ်ဦးက ထွက်လာပြီး သူ့ရဲ့မရှိမဲ့၊ ရှိမဲ့စုထားတဲ့ ပိုက်ဆံလေးတွေနဲ့ စီရော်နယ်ဒိုတို့ကို ဟမ်ဘာဂါကျွေးနေကြပဲ ဖြစ်ပါတယ်။ နှစ်ကာလတွေရွေ့ပြောင်းပြီး အချိန်ကြာမြင့်သွားပေမယ့် အဲဒီအချိန်တွေကို စီရော်နယ်ဒိုတစ်ယောက် မမေ့သေးဘူး။ အက်နာရဲ့ကျေးဇူးကျွေးကို စီရော်နယ်ဒိုတစ်ယောက် မမေ့သေးပါဘူး။

ဒါကြောင့်လည်း အောင်မြင်လာတဲ့အချိန် ပေါ်တူဂီပြန်သွားတိုင်း အက်နာကို နေရာအနှံ့မှာ လိုက်ရှာနေခဲ့တယ်။ အဲဒီအနီးအနားကလူတွေကို လိုက်မေးတယ်။ McDonalds စားသောက်ဆိုင်လေးက ပိတ်သွားပြီး အက်နာလည်း မရှိတော့ပါဘူး။

“ကျွန်တော်တို့ရဲ့ကွင်းဘေးမှာ McDonalds ဆိုတဲ့စာသောက်ဆိုင်လေးရှိတယ်။ ကျွန်တော်တို့ ဗိုက်ဆာတာနဲ့ အဲဒီဆိုင်လေးရဲ့တံခါးကိုသွားသွားခေါက်ပြီး ဟမ်ဘာဂါလေးများရနိုင်ဦးမလား သွားတောင်းစားနေကျပါ။ အဲဒီမှာ အက်နာက အမြဲထွက်လာပြီး ကျွန်တော်တို့ကို ကျွေးနေကြပါ။ ဒါကြောင့် ကျွန်တော်ပေါ်တူဂီပြန်သွားတိုင်း အက်နာကိုလိုက်ရှာတယ်။ လူတွေပြောတာကတော့ အဲဒီစားသောက်ဆိုင်လေးက ပိတ်သွားပြီတဲ့။ အဲဒီနောက်ပိုင်း ကျွန်တော် အက်နာကို ရှာမတွေ့တော့ဘူး။

တကယ်လို့ ဒီအင်တာဗျူးကနေ အက်နာကို ရှာတွေ့မယ်ဆိုရင် ကျွန်တော်အရမ်းပျော်မိမှာပါ။ ကျွန်တော်အနေနဲ့ သူ့ကိုတူရင်ဖြစ်စြဖ်၊ လစ္စဘွန်းဖြစ်ဖြစ် ဖိတ်ခေါ်ပြီးတော့ ညစာပြန်ကျွေးချင်တယ်။ သူ့ရဲ့ကျေးဇူးကြွေးကို ပြန်ဆပ်ချင်ပါတယ်”လို့ စီရော်နယ်ဒိုက ခံစားချက်အပြည့်နဲ့ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။ စီရော်နယ်ဒိုရဲ့ ကျေးဇူးမမေ့တတ်ပုံက တကယ့်ကို လက်ဖျားခါလောက်တယ်လို့ပဲ ဆိုရမှာပါ။

Credit- momolay

Leave a Reply

Your email address will not be published. Required fields are marked *