Posted on

(Zawgyi)

၂၀၂၀ တြင္ ရန္ကုန္တိုင္းအ တြင္းရွိ လမ္းမီးအားလုံးလင္းေအာင္ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ရန္ကုန္ လၽွပ္ စစ္ဓာတ္အားေပးေရးေကာ္ပို ေရးရွင္းမွ ဥကၠ႒ ဦးေမာင္ေမာင္လတ္ က ေျပာသည္။

“လမ္းမီးနဲ႔ပတ္သက္ၿပီး ရန္ ကုန္ၿမိဳ႕ထဲေတြ down town ဧရိယာ ေတြမွာ ဦးစားေပးၿပီးေတာ့ ေဆာင္ ႐ြက္ေနတယ္။ စီးပြားေရးၿမိဳ႕ေတာ္ႀကီး က အေပၚကေနၾကည့္လိုက္ရင္ မီး ေရာင္ေလးတလက္လက္နဲ႔ ျဖစ္ေစခ်င္ တယ္။ တရားဥပေဒစိုးမိုးေရးအတြက္လည္း ေသေသခ်ာခ်ာ ေဆာင္႐ြက္ႏိုင္ေအာင္ တြန္းတြန္းတိုက္တိုက္နဲ႔ ေဆာင္႐ြက္ေနတယ္။ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ကလည္း ကၽြန္ေတာ္တို႔ကို ၫႊန္ၾကားထားတာရွိပါတယ္။ အဓိကေတာ့ ဒဂုံၿမိဳ႕သစ္ေတြ ဒဂုံအေရွ႕၊ ဒဂုံဆိပ္ကမ္း၊ ဒဂုံေျမာက္၊ ဒဂုံေတာင္၊ လႈိင္သာယာ ဦးစားေပးေဆာင္ ႐ြက္ဖို႔ မူဝါဒခ်ေပးပါတယ္။ ထပ္ၿပီးေတာ့ တပ္ဆင္ဖို႔အတြက္လည္း တင္ဒါေခၚၿပီး ေဆာင္႐ြက္ေနပါတယ္”ဟု ယင္းကေျပာသည္။

လမ္းမီးတပ္ဆင္ျခင္းကို ယခင္က ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွ ေဆာင္႐ြက္ခဲ့ၿပီး ၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီလမွ စတင္ကာ ရန္ကုန္လၽွပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္းသို႔ လႊဲေျပာင္းေပးခဲ့ေၾကာင္း သိရသည္။ သို႔ေသာ္ လမ္းမီးခမ်ားကို ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီကသာ ေပးေခ်ရမည္ျဖစ္ေၾကာင္း သိရသည္။ ရန္ကုန္တိုင္းေဒသႀကီး ခ႐ိုင္ေလး ခ႐ိုင္အတြင္း အဓိကအေရးပါသည့္ လမ္းမ်ား၌ လမ္းမီးမ်ားတပ္ဆင္ထြန္း ၫွိရန္ ရန္ကုန္လၽွပ္စစ္ဓာတ္အားေပးေရး ေကာ္ပိုေရးရွင္းအေနျဖင့္ LED 150W, LED 120 W, LED 60 W မီးလုံး အလုံး ၂၀၀၀ စီျဖင့္ စုစုေပါင္း အလုံးေပါင္း ၆၀၀၀ ကို တင္ဒါ ေခၚယူထားၿပီး စုစုေပါင္း ေငြက်ပ္ ႏွစ္ဘီလ်ံခန္႔ကုန္ က်မည္ျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီက တာဝန္ယူခဲ့စဥ္က ၿမိဳ႕နယ္ေပါင္း ၃၁ ၿမိဳ႕နယ္ရွိ လမ္း ေပါင္း ၁၀၁ လမ္းကို မီးလင္းေအာင္ေဆာင္႐ြက္ေပးခဲ့ၿပီး ရန္ကုန္လၽွပ္စစ္ဓာတ္အားေပးေရး ေကာ္ပိုေရးရွင္း တာဝန္ယူခဲ့စဥ္တြင္ ၿမိဳ႕ နယ္ ၁၇ ၿမိဳ႕နယ္ရွိ လမ္းေပါင္း ၅၁ လမ္းကို မီးလင္းေအာင္ေဆာင္႐ြက္ေပးႏိုင္ခဲ့ ေၾကာင္း သိရသည္။ ရန္ကုန္လၽွပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္းမွ လႊဲေျပာင္းတာဝန္ယူၿပီးခ်ိန္တြင္ အဓိက လမ္းမ ႀကီးမ်ားျဖစ္သည့္ ေထာက္ၾကန္႔ၿမိဳ႕၊ ရန္ကုန္-ျပည္လမ္း၊ အမွတ္ (၃) လမ္းမႀကီးတစ္ေလၽွာက္၊ ေဒါပုံၿမိဳ႕နယ္၊ ယမုံနာလမ္းမႀကီးတစ္ေလၽွာက္၊ ႐ႈခင္းသာၿမိဳ႕ပတ္လမ္းတစ္ေလၽွာက္၊ အေနာက္ပိုင္း တကၠသိုလ္လမ္းမႀကီး တစ္ေလၽွာက္အပါအဝင္ ၿမိဳ႕တြင္းလမ္းအေတာ္မ်ားမ်ားတြင္ မီးလင္းေအာင္ေဆာင္႐ြက္ေပးႏိုင္ခဲ့ေၾကာင္း သိရသည္။

ျပည့္ရည္ဖူး (Photo: YESC)

(Unicode)

လာမည့်နှစ်တွင် ရန်ကုန်တိုင်းအတွင်းရှိ လမ်းမီးအားလုံးလင်းအောင် ဆောင်ရွက်မည်

၂၀၂၀ တွင် ရန်ကုန်တိုင်းအ တွင်းရှိ လမ်းမီးအားလုံးလင်းအောင်ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန် လျှပ် စစ်ဓာတ်အားပေးရေးကော်ပို ရေးရှင်းမှ ဥက္ကဋ္ဌ ဦးမောင်မောင်လတ် က ပြောသည်။

“လမ်းမီးနဲ့ပတ်သက်ပြီး ရန် ကုန်မြို့ထဲတွေ down town ဧရိယာ တွေမှာ ဦးစားပေးပြီးတော့ ဆောင် ရွက်နေတယ်။ စီးပွားရေးမြို့တော်ကြီး က အပေါ်ကနေကြည့်လိုက်ရင် မီး ရောင်လေးတလက်လက်နဲ့ ဖြစ်စေချင် တယ်။ တရားဥပဒေစိုးမိုးရေးအတွက်လည်း သေသေချာချာ ဆောင်ရွက်နိုင်အောင် တွန်းတွန်းတိုက်တိုက်နဲ့ ဆောင်ရွက်နေတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း ကျွန်တော်တို့ကို ညွှန်ကြားထားတာရှိပါတယ်။ အဓိကတော့ ဒဂုံမြို့သစ်တွေ ဒဂုံအရှေ့၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံမြောက်၊ ဒဂုံတောင်၊ လှိုင်သာယာ ဦးစားပေးဆောင် ရွက်ဖို့ မူဝါဒချပေးပါတယ်။ ထပ်ပြီးတော့ တပ်ဆင်ဖို့အတွက်လည်း တင်ဒါခေါ်ပြီး ဆောင်ရွက်နေပါတယ်”ဟု ယင်းကပြောသည်။ လမ်းမီးတပ်ဆင်ခြင်းကို ယခင်က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ သို့သော် လမ်းမီးခများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကသာ ပေးချေရမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေး ခရိုင်အတွင်း အဓိကအရေးပါသည့် လမ်းများ၌ လမ်းမီးများတပ်ဆင်ထွန်း ညှိရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းအနေဖြင့် LED 150W, LED 120 W, LED 60 W မီးလုံး အလုံး ၂၀၀၀ စီဖြင့် စုစုပေါင်း အလုံးပေါင်း ၆၀၀၀ ကို တင်ဒါ ခေါ်ယူထားပြီး စုစုပေါင်း ငွေကျပ် နှစ်ဘီလျံခန့်ကုန် ကျမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက တာဝန်ယူခဲ့စဉ်က မြို့နယ်ပေါင်း ၃၁ မြို့နယ်ရှိ လမ်း ပေါင်း ၁၀၁ လမ်းကို မီးလင်းအောင်ဆောင်ရွက်ပေးခဲ့ပြီး ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း တာဝန်ယူခဲ့စဉ်တွင် မြို့ နယ် ၁၇ မြို့နယ်ရှိ လမ်းပေါင်း ၅၁ လမ်းကို မီးလင်းအောင်ဆောင်ရွက်ပေးနိုင်ခဲ့ ကြောင်း သိရသည်။ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ လွှဲပြောင်းတာဝန်ယူပြီးချိန်တွင် အဓိက လမ်းမ ကြီးများဖြစ်သည့် ထောက်ကြန့်မြို့၊ ရန်ကုန်-ပြည်လမ်း၊ အမှတ် (၃) လမ်းမကြီးတစ်လျှောက်၊ ဒေါပုံမြို့နယ်၊ ယမုံနာလမ်းမကြီးတစ်လျှောက်၊ ရှုခင်းသာမြို့ပတ်လမ်းတစ်လျှောက်၊ အနောက်ပိုင်း တက္ကသိုလ်လမ်းမကြီး တစ်လျှောက်အပါအဝင် မြို့တွင်းလမ်းအတော်များများတွင် မီးလင်းအောင်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ပြည့်ရည်ဖူး (Photo: YESC)

Leave a Reply

Your email address will not be published. Required fields are marked *