Posted on

(Zawgyi)

အရာရာတိုးတက္ေျပာင္းလဲေနတဲ့ေခတ္မွာ ခ်စ္သူစုံတြဲေတြ အတူတူေနတယ္ဆိုတာ မထူးဆန္းတဲ့ကိစၥတစ္ခုလိုျဖစ္ေနပါၿပီ။ မင္း ခ်စ္သူနဲ႔အတူတူေနဖို႔ စဥ္းစားေနၿပီဆိုရင္ ဒါေလးအရင္ဖတ္ပါ။

လက္ထပ္တယ္ဆိုတာဟာ ေယာက္်ားနဲ႔မိန္းမႏွစ္ေယာက္ ေမႊ႕ယာတစ္ခုတည္းေပၚ အိပ္တဲ့ကိစၥတစ္ခုတည္း မဟုတ္ပါဘူး။ ႏွစ္ေယာက္တစ္ဘဝေလွ်ာက္လွမ္းၾကဖို႔ရယ္၊ မ်ိဳးဆက္ျပန႔္ပြားဖို႔ရယ္ လူသိရွင္ၾကားခ်ျပလိုက္တာပဲ မဟုတ္လား သူငယ္ခ်င္းတို႔ေရ။ ဒါဆို လက္မထပ္ခင္အတူေနတာကေရာ။ ဒါဟာ ဓေလ့ထုံးတမ္းေတြအရ လက္ခံထားတဲ့ကိစၥမဟုတ္ေပမယ့္လည္း အခုေနာက္ပိုင္း ႏိုင္ငံအမ်ားက စုံတြဲေတြအားလုံးလိုလို ဘယ္သူေတြဘာေျပာေျပာ ဒီလိုပဲေနၾကတာပါပဲ။ အဲဒီေတာ့ လက္ထပ္တယ္ဆိုတဲ့ကိစၥထက္ လက္မထပ္ခင္အတူေနတာ ဘယ္လိုအက်ိဳးဆက္ေတြရွိတယ္ဆိုတာ ၾကည့္လိုက္ရေအာင္ေနာ္။အခုေခတ္လူငယ္ေတာ္ေတာ္မ်ားမ်ားကေတာ့ ကိုယ့္ရဲ႕ခ်စ္သူအေၾကာင္း ပိုၿပီးႏွံ႔ႏွံ႔စပ္စပ္သိႏိုင္ဖို႔အတြက္ လက္မထပ္ခင္အတူတူေနၾကပါတယ္။ အထူးသျဖင့္ ေခတ္မီတဲ့လူငယ္ေတြရယ္ အေနာက္တိုင္းဓေလ့လႊမ္းမိုးတဲ့ အေရွ႕တိုင္းႏိုင္ငံေတြမွာပါ ဒါမ်ိဳးက ႐ိုးေနၾကၿပီေနာ္။ အေနာက္တိုင္းမွာေတာ့ ဒါဟာ မထူးဆန္းတဲ့ကိစၥဆိုေပမယ့္ အေရွ႕တိုင္းမွာေတာ့ လူႀကီးေတြအတြက္ နားဝင္ဆိုးေနေသးတဲ့ကိစၥတစ္ခုပါ။ ကဲ အဲဒီေတာ့ လက္မထပ္ပဲအတူေနတာ ဘာေကာင္းက်ိဳးေတြရွိလဲ အရင္ၾကည့္ရေအာင္။

လက္မထပ္ခင္ အရင္အတူတူေနေတာ့မယ္ဆိုရင္ ကိုယ့္ခ်စ္သူရဲ႕အက်င့္စ႐ိုက္ကို ရည္းစားဘဝထက္ ပိုသိႏိုင္မယ့္အတြက္ေၾကာင့္ လက္ထပ္တဲ့အခါ ကိုယ္နဲ႔သင့္ေတာ္မႈရွိ၊ မရွိ ခန႔္မွန္းႏိုင္မွာေပါ့ေနာ္။ တကယ္လို႔မွ အဆင္မေျပေတာ့ဘူးဆိုရင္လည္း လက္တြဲျဖဳတ္ဖို႔ အာ႐ုံမစားေတာ့ဘူးေလ။ တရား႐ုံးမွာ လက္မွတ္ထိုးကြာရွင္းစရာလည္း မလိုအပ္သလို တစ္ခုလပ္လို႔ ေခၚခံစရာအေၾကာင္းလည္း မရွိဘူးေပါ့။ အတူတူေနခ်င္ရင္ လက္ထပ္ပြဲက်င္းပရမယ္ဆိုတဲ့ အန္းတိတ္အယူအဆေတြကိုလည္း ဂ႐ုစိုက္စရာမလိုတဲ့အတြက္ေၾကာင့္ အကုန္အက်လည္း သက္သာသလို မိန္းကေလးအတြက္ေရာ၊ ေယာက္်ားေလးအတြက္ေရာ ကိုယ္ရွာတာ ကိုယ့္ဘာသာကိုယ္ စိတ္ႀကိဳက္သုံး။ ဒါပဲ။အဲဒါေၾကာင့္ တစ္ေယာက္ဘဝကိုတစ္ေယာက္ခ်ဳပ္ကိုင္မႈမရွိပဲ လြတ္လပ္မႈရွိတဲ့ Living Together ဘဝကို သေဘာက်ေလ့ရွိၾကသလို တစ္ဖက္မွာလည္း လက္မထပ္ပဲအတူေနတာက ဘဝအတြက္ ဘာေတြေရာ ဆိုးက်ိဳးျဖစ္လာႏိုင္လဲ ၾကည့္ၾကမယ္။

ကိုယ္က အရမ္းခ်စ္ေနေပမယ့္လည္း ကိုယ့္ခ်စ္သူက အခ်ိန္မေ႐ြး အေၾကာင္းျပခ်က္မရွိ လက္တြဲျဖဳတ္သြားလို႔ရေနၿပီး ေငြေရးေၾကးေရးအရပဲျဖစ္ျဖစ္၊ ဆက္ဆံေရးအရပဲျဖစ္ျဖစ္ ဘဝအာမခံခ်က္တစ္စုံတစ္ရာ ရရွိမွာမဟုတ္ဘူးေနာ္။ ကေလးရလာမယ္ဆိုရင္လည္း မလိုလားအပ္တဲ့ လူမႈေရးျပႆနာေတြျဖစ္လာႏိုင္တာကေတာ့ ေတာ္ေတာ္ဆိုးပါတယ္။ အကယ္၍ အၿပီးတိုင္ ခြာၿပဲၾကၿပီဆိုရင္ေတာင္ ဘယ္ႏွႏွစ္ပဲ အတူတူေနခဲ့ေနခဲ့ တရားဥပေဒအရ နစ္နာေၾကးလိုမ်ိဳး အာမခံခ်က္ဘာမွမရွိပါဘူးတဲ့။အေနာက္တိုင္းႏိုင္ငံေတြမွာ မိန္းမတစ္ေယာက္အတြက္ ေငြေရးေၾကးေရးျပည့္စုံမႈနဲ႔ ရင္ခုန္စိတ္လႈပ္ရွားမႈအေပၚမူတည္ၿပီး အိမ္ေထာင္ဖက္ကို ေ႐ြးခ်ယ္လက္ထပ္ေလ့ရွိတယ္လို႔ ဆိုထားၿပီး အေရွ႕တိုင္းႏိုင္ငံေတြမွာကေတာ့ မိန္းမတစ္ေယာက္အတြက္ ေယာက္်ားတစ္ေယာက္ကို အထင္ႀကီးေလးစားမႈဟာ လက္ထပ္ျဖစ္တဲ့အထိ တာသြားတယ္လို႔ ေျပာၾကတယ္။ ေနာက္တစ္ခုကေတာ့ အေနာက္တိုင္းႏိုင္ငံက Living Together ပုံစံဟာ ခ်စ္တင္းေႏွာဖို႔တစ္ခုတည္းမဟုတ္ပဲ တစ္အိမ္ထဲအတူတူေနၿပီး အရာရာ မွ်ေဝသုံးစြဲၾကတာျဖစ္တဲ့အတြက္ေၾကာင့္ တစ္ေယာက္စိတ္ဓာတ္ကို တစ္ေယာက္အနီးကပ္ အကဲခတ္ခြင့္ရတယ္ေလ။ အဲဒီေတာ့ လက္မထပ္ပဲ အတူတူေနခ်င္တယ္ဆိုရင္ေတာ့ မိန္းကေလးေတြ ဒီစာေလးကို အရင္ဖတ္ပါလို႔။

(Unicode)

လက်မထပ်ပဲအတူနေတော့မှာလား

အရာရာတိုးတက်ပြောင်းလဲနေတဲ့ခေတ်မှာ ချစ်သူစုံတွဲတွေ အတူတူနေတယ်ဆိုတာ မထူးဆန်းတဲ့ကိစ္စတစ်ခုလိုဖြစ်နေပါပြီ။ မင်း ချစ်သူနဲ့အတူတူနေဖို့ စဉ်းစားနေပြီဆိုရင် ဒါလေးအရင်ဖတ်ပါ။

လက်ထပ်တယ်ဆိုတာဟာ ယောက်ျားနဲ့မိန်းမနှစ်ယောက် မွှေ့ယာတစ်ခုတည်းပေါ် အိပ်တဲ့ကိစ္စတစ်ခုတည်း မဟုတ်ပါဘူး။ နှစ်ယောက်တစ်ဘဝလျှောက်လှမ်းကြဖို့ရယ်၊ မျိုးဆက်ပြန့်ပွားဖို့ရယ် လူသိရှင်ကြားချပြလိုက်တာပဲ မဟုတ်လား သူငယ်ချင်းတို့ရေ။ ဒါဆို လက်မထပ်ခင်အတူနေတာကရော။ ဒါဟာ ဓလေ့ထုံးတမ်းတွေအရ လက်ခံထားတဲ့ကိစ္စမဟုတ်ပေမယ့်လည်း အခုနောက်ပိုင်း နိုင်ငံအများက စုံတွဲတွေအားလုံးလိုလို ဘယ်သူတွေဘာပြောပြော ဒီလိုပဲနေကြတာပါပဲ။ အဲဒီတော့ လက်ထပ်တယ်ဆိုတဲ့ကိစ္စထက် လက်မထပ်ခင်အတူနေတာ ဘယ်လိုအကျိုးဆက်တွေရှိတယ်ဆိုတာ ကြည့်လိုက်ရအောင်နော်။အခုခေတ်လူငယ်တော်တော်များများကတော့ ကိုယ့်ရဲ့ချစ်သူအကြောင်း ပိုပြီးနှံ့နှံ့စပ်စပ်သိနိုင်ဖို့အတွက် လက်မထပ်ခင်အတူတူနေကြပါတယ်။ အထူးသဖြင့် ခေတ်မီတဲ့လူငယ်တွေရယ် အနောက်တိုင်းဓလေ့လွှမ်းမိုးတဲ့ အရှေ့တိုင်းနိုင်ငံတွေမှာပါ ဒါမျိုးက ရိုးနေကြပြီနော်။ အနောက်တိုင်းမှာတော့ ဒါဟာ မထူးဆန်းတဲ့ကိစ္စဆိုပေမယ့် အရှေ့တိုင်းမှာတော့ လူကြီးတွေအတွက် နားဝင်ဆိုးနေသေးတဲ့ကိစ္စတစ်ခုပါ။ ကဲ အဲဒီတော့ လက်မထပ်ပဲအတူနေတာ ဘာကောင်းကျိုးတွေရှိလဲ အရင်ကြည့်ရအောင်။

လက်မထပ်ခင် အရင်အတူတူနေတော့မယ်ဆိုရင် ကိုယ့်ချစ်သူရဲ့အကျင့်စရိုက်ကို ရည်းစားဘဝထက် ပိုသိနိုင်မယ့်အတွက်ကြောင့် လက်ထပ်တဲ့အခါ ကိုယ်နဲ့သင့်တော်မှုရှိ၊ မရှိ ခန့်မှန်းနိုင်မှာပေါ့နော်။ တကယ်လို့မှ အဆင်မပြေတော့ဘူးဆိုရင်လည်း လက်တွဲဖြုတ်ဖို့ အာရုံမစားတော့ဘူးလေ။ တရားရုံးမှာ လက်မှတ်ထိုးကွာရှင်းစရာလည်း မလိုအပ်သလို တစ်ခုလပ်လို့ ခေါ်ခံစရာအကြောင်းလည်း မရှိဘူးပေါ့။ အတူတူနေချင်ရင် လက်ထပ်ပွဲကျင်းပရမယ်ဆိုတဲ့ အန်းတိတ်အယူအဆတွေကိုလည်း ဂရုစိုက်စရာမလိုတဲ့အတွက်ကြောင့် အကုန်အကျလည်း သက်သာသလို မိန်းကလေးအတွက်ရော၊ ယောက်ျားလေးအတွက်ရော ကိုယ်ရှာတာ ကိုယ့်ဘာသာကိုယ် စိတ်ကြိုက်သုံး။ ဒါပဲ။အဲဒါကြောင့် တစ်ယောက်ဘဝကိုတစ်ယောက်ချုပ်ကိုင်မှုမရှိပဲ လွတ်လပ်မှုရှိတဲ့ Living Together ဘဝကို သဘောကျလေ့ရှိကြသလို တစ်ဖက်မှာလည်း လက်မထပ်ပဲအတူနေတာက ဘဝအတွက် ဘာတွေရော ဆိုးကျိုးဖြစ်လာနိုင်လဲ ကြည့်ကြမယ်။

ကိုယ်က အရမ်းချစ်နေပေမယ့်လည်း ကိုယ့်ချစ်သူက အချိန်မရွေး အကြောင်းပြချက်မရှိ လက်တွဲဖြုတ်သွားလို့ရနေပြီး ငွေရေးကြေးရေးအရပဲဖြစ်ဖြစ်၊ ဆက်ဆံရေးအရပဲဖြစ်ဖြစ် ဘဝအာမခံချက်တစ်စုံတစ်ရာ ရရှိမှာမဟုတ်ဘူးနော်။ ကလေးရလာမယ်ဆိုရင်လည်း မလိုလားအပ်တဲ့ လူမှုရေးပြဿနာတွေဖြစ်လာနိုင်တာကတော့ တော်တော်ဆိုးပါတယ်။ အကယ်၍ အပြီးတိုင် ခွာပြဲကြပြီဆိုရင်တောင် ဘယ်နှနှစ်ပဲ အတူတူနေခဲ့နေခဲ့ တရားဥပဒေအရ နစ်နာကြေးလိုမျိုး အာမခံချက်ဘာမှမရှိပါဘူးတဲ့။အနောက်တိုင်းနိုင်ငံတွေမှာ မိန်းမတစ်ယောက်အတွက် ငွေရေးကြေးရေးပြည့်စုံမှုနဲ့ ရင်ခုန်စိတ်လှုပ်ရှားမှုအပေါ်မူတည်ပြီး အိမ်ထောင်ဖက်ကို ရွေးချယ်လက်ထပ်လေ့ရှိတယ်လို့ ဆိုထားပြီး အရှေ့တိုင်းနိုင်ငံတွေမှာကတော့ မိန်းမတစ်ယောက်အတွက် ယောက်ျားတစ်ယောက်ကို အထင်ကြီးလေးစားမှုဟာ လက်ထပ်ဖြစ်တဲ့အထိ တာသွားတယ်လို့ ပြောကြတယ်။ နောက်တစ်ခုကတော့ အနောက်တိုင်းနိုင်ငံက Living Together ပုံစံဟာ ချစ်တင်းနှောဖို့တစ်ခုတည်းမဟုတ်ပဲ တစ်အိမ်ထဲအတူတူနေပြီး အရာရာ မျှဝေသုံးစွဲကြတာဖြစ်တဲ့အတွက်ကြောင့် တစ်ယောက်စိတ်ဓာတ်ကို တစ်ယောက်အနီးကပ် အကဲခတ်ခွင့်ရတယ်လေ။ အဲဒီတော့ လက်မထပ်ပဲ အတူတူနေချင်တယ်ဆိုရင်တော့ မိန်းကလေးတွေ ဒီစာလေးကို အရင်ဖတ်ပါလို့။

Thaemoesay

Leave a Reply

Your email address will not be published. Required fields are marked *