Posted on

(Zawgyi)

အေလာင္းေတာင္အစုံအေစ့ျပန္မေပးေသးေသာ နာဂစ္ကုိ ျဖတ္ သန္းၿပီး ေနာက္တစ္ႏွစ္ ၂၀၀၉ တုန္းကျဖစ္သည္။ နာဂစ္ေၾကာင့္ မိဘမဲ့သြားရွာေသာ ကေလးငယ္ မ်ားအား ေစာင့္ေရွာက္ထားရာ ေဒးဒရဲၿမိဳ႕ရွိ ဘုန္းႀကီးေက်ာင္း တစ္ေက်ာင္းသုိ႔ ေရာက္ရွိခဲ့သည္။ ထုိဘုန္းႀကီးေက်ာင္းတြင္ (၁၀)ႏွစ္ ပင္မျပည့္ေသးေသာ ကေလးငယ္ ေလး၊ ငါးဆယ္မကကုိ ေတြ႕ရ သည္။ သူတုိ႔အားလုံးမွာ နာဂစ္ ေၾကာင့္ မိဘႏွစ္ပါးတင္မက အ ၀တ္တစ္ထည္ ကုိယ္တစ္ခုက လြဲ လက္ႏွီးေလးတစ္စပင္ မက်န္ရစ္ ခဲ့သူမ်ားခ်ည္း။ သူတုိ႔အမ်ားစုမွာ နာဂစ္မတုိင္မီကာလက မိဘလည္းစုံလင္၊ လုပ္ငန္းကုိင္ငန္းလည္း စုိျပည္စြာျဖင့္ဟု သိရသည္။

ၾကမၼာဆုိးလွေသာ တစ္ရက္ တာကာလအတြင္း သူတုိ႔၏ဘ၀ မွာ ထက္ပုိင္းက်ိဳးခဲ့သည္။ နာဂစ္ဒဏ္ခံေဒသအားလုံး၏ဘ၀သည္ စုတ္ျပတ္ခဲ့သည္မုိ႔ ဘယ္ေဆြမ်ဳိးမွ မကယ္တင္ႏုိင္။ ထုိ႔ေၾကာင့္ ဘုန္းႀကီးေက်ာင္းသုိ႔ ေရာက္သည္။ ဘုန္းႀကီးက ထမင္းသုံးနပ္ေကၽြးၿပီး စာသင္ေပးေသာ္လည္း ဘုန္းႀကီး ေက်ာင္းသည္ ကုိယ့္အိမ္မဟုတ္ သျဖင့္ ကုိယ့္အိမ္လုိေတာ့ အဆင္ မေျပ။ သုိ႔ေသာ္ တျခားသြားေနစ ရာလည္းမရွိသျဖင့္ ဘုန္းႀကီးသည္ သာအမိ၊ ဘုန္းႀကီးသည္သာ အဖ။‘‘အခုခ်ိန္ထိ သူတုိ႔မိဘေတြ ေသသြားၿပီဆုိတာ မယုံၾကေသး ဘူး’’ဟု ဦးပၪၥင္းတစ္ပါးက ေျပာျပ ဖူးသည္။

သိပ္ငယ္လြန္းေသာ အခ်ိန္ တြင္ ႐ုတ္တရက္ေရာက္လာေသာ လႈိင္းလုံးမ်ားၾကား ႐ုတ္တရက္ ေပ်ာက္ကြယ္သြားေသာ မိဘႏွစ္ပါးကုိ ဘယ္သူကေသၿပီေျပာေျပာ သူတုိ႔ဘယ္ယုံပါ့မလဲ။

‘‘တျခားအခ်ိန္ဆုိ ျပႆနာ မရွိဘူး။ ညေနေစာင္းလာၿပီဆုိရင္ ေတာ့ အဲဒီအေပါက္၀ကေန ေက်ာင္းေရွ႕ကုိေငးၿပီး မ်က္ရည္စက္လက္နဲ႔ သူတုိ႔မိဘေတြကုိ ေမွ်ာ္ေနၾကၿပီ’’ဟု ဦးပၪၥင္းက ထပ္ေျပာျပသည္။

သူတုိ႔ေမွ်ာ္ေနသည္ဆုိေသာ အေပါက္၀မွသည္ ကၽြန္ေတာ္ေငး ၾကည့္မိေတာ့ အေပၚစီးကေန ျမင္ ေနရေသာ ေက်ာင္းျပင္ပ ေျမနီလမ္းကေလး။ ထုိေျမနီလမ္းက ေလးမွာ ေက်ာင္းထိပ္မွ ဓာတ္မီး တုိင္တစ္တုိင္စာခန္႔ ေရာက္လွ်င္ ၉၀ ဒီဂရီ ေကြ႕ခ်သြားသျဖင့္ ေက်ာင္းအေပါက္၀မွ ၾကည့္လွ်င္ ဘာမွ ဆက္မျမင္ေတာ့။ ထုိမျမင္ရ ေသာလမ္းခ်ဳိးမွသည္ ႐ုတ္တရက္ ေပ်ာက္သြားေသာ သူတုိ႔မိဘမ်ား ႐ုတ္တရက္ဆုိသလုိ ျပန္ေရာက္ လာမလားဟု ကေလးငယ္မ်ား ေတြးၾကပုံရသည္။

ၿပီးေတာ့ ညအိပ္ရာ၀င္ၿပီဆုိ အေမ့ကုိ လြမ္းစိတ္ျဖင့္ က်ိတ္၍ ႐ႈိက္ၾကရာမွ သူတစ္႐ႈိက္ ကုိယ္တစ္႐ႈိက္ျဖင့္ ညတုိ႔သည္ ႐ႈိက္ႀကီး တငင္ ရွည္လ်ားခဲ့သည္ဟု ထပ္ၾကားရသည္။ ထုိ႔ျပင္ ညဥ့္ႀကီးသန္း ေခါင္ ကေယာင္ကတမ္းထငုိသည့္ ကေလးမ်ားလည္း နာဂစ္တစ္ႏွစ္ျပည့္ၿပီးသည့္တုိင္ ရွိေနဆဲဟုဆုိသည္။

တစ္ေရးႏုိး အမိ၏ ရင္ခြင္ကုိ စမ္းမိမွ ကုိယ့္ကုိယ္ကုိယ္ယုံၾကည္ မႈရွိသြားသည့္ ကေလးတုိ႔သဘာ ၀။ သူတုိ႔ခမ်ာမွာေတာ့ (၁၀)ႏွစ္မျပည့္ေသးသည့္ အခ်ိန္မွာပင္ အမိရင္ခြင္ေပ်ာက္ဆုံးခဲ့ၿပီ။ ဘယ္ေလာက္ငုိငုိ အမိရင္ခြင္သည္ ျပန္ မရႏုိင္ေတာ့သည့္ဘ၀။

ယခုဆုိလွ်င္ နာဂစ္မွသည္ ေနာက္ထပ္(၁၁)ႏွစ္။ သူတုိ႔ေလးေတြ လူပ်ဳိဖားဖားအရြယ္ေရာက္ ၿပီမုိ႔ မိဘမဲ့ဘ၀ျဖင့္ မည္သုိ႔ေသာ ေလာကဓံကုိ ရင္ဆုိင္ေနၿပီလဲ မသိ။ ဘ၀တစ္ခုလုံးပ်က္ခဲ့သည့္ နာဂစ္ကုိ ေမ့ေမ့ေပ်ာက္ေပ်ာက္ ရွိသည့္တုိင္ တစ္ခါတစ္ရံေတာ့ လည္း အေမႏွင့္ေနခဲ့သည့္ ကာ လကုိ မႈန္မႈန္၀ါး၀ါး ျပန္ျမင္ၾကမည္လားေတာ့မသိ။

ကၽြန္ေတာ့္မွာေတာ့ သူတုိ႔ကုိ မေမ့ႏုိင္။ တစ္ခါတစ္ရံ ဧရာ၀တီ တုိင္းက ဆုိသည့္ စားပြဲထုိးကေလး ငယ္မ်ားႏွင့္ႀကံဳတုိင္း မ်က္ရည္စုိ႔ သည္အထိ သူတုိ႔ကုိ လြမ္းမိၿမဲျဖစ္ သည္။ သူတုိ႔အေၾကာင္း ေတြးမိ သည့္အခါတုိင္း ဆက္တုိက္ဆုိ သလုိ ထပ္ေတြးမိသည္မွာ စစ္ ေၾကာင့္ အေမ့ရင္ခြင္မဲ့ခဲ့ရွာသူ ကၽြန္ေတာ့္သူငယ္ခ်င္းမ်ားျဖစ္သည္။

ကၽြန္ေတာ့္သူငယ္ခ်င္းမ်ား မွာ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၄၀ ၀န္းက်င္က သူတုိ႔ဇာတိ ကရင္ျပည္ နယ္ ေကာ့ကရိတ္ၿမိဳ႕နယ္ ေက်းလက္မ်ားမွသည္ မြန္ျပည္နယ္ ဘီလူးကၽြန္း (ေခ်ာင္းဆုံ) သုိ႔ ေရာက္ရွိခဲ့ျခင္း ျဖစ္သည္။ ၁၉၅၀ ျပည့္ ႏွစ္ေက်ာ္ ကာလမွသည္ ၂၀၀၀ျပည့္ႏွစ္၀န္းက်င္အထိ ဆက္တုိက္ ဆုိသလုိ သူတုိ႔ကရင္ေလးမ်ား တစ္သုတ္ၿပီး တစ္သုတ္ ေရာက္ရွိ လာၾကျခင္းျဖစ္သည္။

ကၽြန္ေတာ္တုိ႔ဇာတိ ဘီလူး ကၽြန္းမွ ဘုန္းႀကီးေက်ာင္းမ်ား သည္ သူတုိ႔အတြက္ စစ္ေဘးခုိလႈံ ရာနယ္ေျမ။ ရြာမွာဆုိ စာသင္စရာ ေက်ာင္းမရွိ။ က်ည္ထိမလား၊ မုိင္း ထိမလား အခ်ိန္မေရြးျဖစ္သြား ႏုိင္သည့္ ဘ၀။ လူပ်ဳိေပါက္အ ရြယ္ေရာက္လွ်င္ ေပၚတာဘ၀ျဖင့္ ေသမလား၊ သတင္းေပးဆုိၿပီး အ သတ္ခံရမလား၊ လက္နက္ကုိင္ သူပုန္ျဖစ္မလား။ ထုိ႔ထက္ပုိ၍ ေရြးခ်ယ္စရာမရွိသည့္ဘ၀။

ထုိသုိ႔ေသာဘ၀မ်ဳိးကုိ မလုိ လားေသာ မိဘမ်ားက သား ေယာက်္ားေလး (၅)ႏွစ္ဆုိ ကၽြန္ ေတာ္တုိ႔ ဘီလူးကၽြန္းသုိ႔ ဘုန္းႀကီး ေက်ာင္းသားဘ၀ျဖင့္ ပညာသင္ ႏုိင္ရန္ပုိ႔သည္။ ဆယ္တန္းေအာင္ ႏုိင္သည္။ ကံထူးလွ်င္ ရာသက္ပန္ ဘုန္းႀကီးျဖစ္ႏုိင္သည္။ ထုိႏွစ္ခု တစ္ခုမွ မျဖစ္ဘူးထားဦး။ အေမ့ သား က်ည္ဆန္ေတြရဲ႕ၾကား ေျပး လႊားေနရျခင္းမရွိသျဖင့္ က်ည္ထိ ၿပီးမေသႏုိင္။

ထုိ႔ေၾကာင့္ မိဘမ်ားသည္ ကုိယ့္သားသမီးကုိယ္ ေကၽြးႏုိင္ေမြးႏုိင္၊ ေကာင္းမြန္စြာ ထားႏုိင္ သည့္ အေျခအေနရွိလ်က္ မ်က္စိ စုံမွိတ္ခဲ့ရသည္။ မိဘမ်က္ကြယ္ တြင္ မည္သုိ႔မွ် စိတ္ခ်ရစရာ အေၾကာင္းမရွိေသာ (၅)ႏွစ္ သားငယ္ ကုိ ေ၀းေသာအရပ္တြင္ မ်က္ရည္ စက္လက္ျဖင့္ ထားပစ္ခဲ့ရသည္။ စစ္သည္ အေမ့ရင္ခြင္တြင္ ေနကုိ ေနရမည့္ (၅)ႏွစ္သားေလး၏ ႏွလုံးသားကုိ ျပတ္ျပတ္သားသား သစ္စိမ္းခ်ဳိးခ်ဳိးခဲ့သည္။

ဘုန္းႀကီးေက်ာင္းေရာက္စ ကရင္ေလးအမ်ားစုမွာ ဗမာစကားပင္မတတ္ေသး။ ဘာသာစကားလည္း နားမလည္၊ သူစိမ္းမ်ားအလယ္တြင္ ေၾကာက္လန္႔တ ၾကား။ ညေနေစာင္းလာၿပီဆုိ အေမ့ကုိ လြမ္းတယ္ဆုိတာခ်ည္း၊ မ်က္ရည္ေတြ သြင္သြင္စီးလုိ႔။ ဘုန္းႀကီးေက်ာင္းသားဘ၀သည္ေနထုိင္သင့္ေသာ လုံၿခံဳမႈမ်ိဳးရွိသည္မွာ မွန္ေသာ္လည္း သူတုိ႔၏ညေရးညတာသည္ တစျပင္ပမာ ေအးစက္လုိ႔။ သူတုိ႔၏ ေအးစက္ေသာ ညကို သူတုိ႔ မည္မွ်မုန္းတီး လုိက္ေလမည္နည္း။ အရြယ္မေရာက္ေသးေသာ ကေလးငယ္ မ်ားအတြက္ ည၏အဓိပၸာယ္တြင္ မိခင္ရင္ေငြ႕သည္ မရွိမျဖစ္ အရာတစ္ခုဆုိေသာ္ျငား သူတုိ႔၏ဘ၀ ေပးမွာ ဟင္းလင္းျပင္ပမာ။

ကၽြန္ေတာ့္၏ငယ္ဘ၀မွာမူ ထုိသုိ႔ ေအးစက္လြန္းလွေသာညရယ္လုိ႔ မရွိခဲ့ဖူးေသာ္လည္း အထက္ပါျဖစ္စဥ္မ်ားအေပၚ ခံစားမႈ ႀကီးခဲ့ရသည္။ ကေလးငယ္မွန္သမွ် အေမ့ရင္ခြင္တြင္ စိတၱဇကင္းစြာျဖင့္ အိပ္စက္ရျခင္းမ်ဳိး ကၽြန္ေတာ့္ႏွလုံးသားက ေတာင္းဆုိမိသည္။

သုိ႔ေသာ္ ၿပီးခဲ့သည့္လကမွ ညဘက္ဆုိ အိမ္မွာမေနခ်င္ဘူး ဆုိသည့္ (၁၀)ႏွစ္ပင္ မျပည့္ေသး ေသာ မိန္းကေလးငယ္တစ္ဦးႏွင့္ဆုံရသျဖင့္ စိတ္မေကာင္းႀကီးစြာ ျဖစ္ရျပန္သည္။ ထုိကေလးငယ္ မွာ ကၽြန္ေတာ္တုိ႔ တုိက္ခန္းအနီးရွိ က်ဴးေက်ာ္တဲမ်ားထဲ ငွားရမ္းေန ထုိင္သူ။

ည ၁၁ နာရီေက်ာ္မွ ျပန္ ေရာက္သည့္တစ္ည။ လမ္းထိပ္ ကြမ္းယာဆုိင္တြင္ ငုတ္တုတ္ထုိင္ ေနေသာ ထုိကေလးမေလးကုိ ေတြ႕သျဖင့္ ေမးၾကည့္ေတာ့ သူမ၏မ်က္ႏွာ ညႇိဳးငယ္စြာျဖင့္ အထက္ ပါအတုိင္းေျပာျခင္းျဖစ္သည္။

‘‘သမီးအိမ္မွာ ဘယ္သူမွ မရွိဘူးလား’’ ဟု ေမးၾကည့္ေတာ့ မေျဖခ်င္၊ ေျဖခ်င္ပုံစံျဖင့္ ‘‘သမီးအေမက အလုပ္သြားတယ္’’ ဟု ဆုိသည္။ ‘‘အေမက ဘာအလုပ္ လုပ္တာလဲ’’ ဟု ထပ္ေမးၾကည့္ ေတာ့ မေျဖ၊ ေခါင္းကုိသာ တြင္တြင္ခါလုိ႔။ မိတ္ေဆြ ကြမ္းဆရာက လည္း ေခါင္းခါျပသျဖင့္ ပေဟဠိ တစ္ခုကုိ သယ္ေဆာင္ကာ ကၽြန္ ေတာ္အိမ္ျပန္ေရာက္ခဲ့သည္။

ေနာက္တစ္ရက္မနက္ သိခ်င္ေဇာျဖင့္ ကြမ္းဆရာထံ ထပ္သြား ေမးၾကည့္သည့္အခါမွာ ကေလးမေလးမေျဖခ်င္သျဖင့္ ေခါင္းတြင္တြင္ခါလုိက္ေသာ သူ႔အေမအလုပ္မွာ ျပည့္တန္ဆာ ျဖစ္ေၾကာင္း သိရ၍ ကၽြန္ေတာ္ ၀မ္းနည္းမိသည္။

‘‘သူ႔အေမက ညဘက္ဆုိ ေငြထြက္ရွာရတ ယ္ေလ။ သူတုိ႔က သားအမိႏွစ္ေယာက္တည္း။ အ ေမက ေငြထြက္မရွာလုိ႔လည္း မျဖစ္၊ ကေလးကလည္း ညဆုိ အိမ္မွာ တစ္ေယာက္တည္းမေန ခ်င္ေတာ့ ကၽြန္ေတာ့္ဆုိင္ မသိမ္း မခ်င္း လာထုိင္ေနတယ္။ သနားပါတယ္ဗ်ာ။ ဒီအတုိင္းငုတ္တုတ္ထုိင္ေနတယ္။ ကုိယ္ေမးမွ သူေျဖတယ္။ကုိယ္ကသနားလုိ႔ မုန္႔ေကၽြးေတာ့လည္း မစားဘူး’’ဟု ကြမ္းဆရာက ဆုိသျဖင့္ ပုိ၀မ္းနည္းရ ျပန္သည္။

အေမမရွိေသာည၏ ေအး စက္မႈမ်ဳိးကုိ မခံစားႏုိင္ေသာ သူမအေပၚ ကၽြန္ေတာ္ေကာင္းေကာင္း နားလည္မိသည္။ အေမမဲ့ဘ၀ ေခ်ာက္ခ်ားဖြယ္ ညမ်ားတြင္ မ်က္ရည္စက္လက္က်ေနရျခင္းထက္ လူရိပ္သူရိပ္ရွိရာ ေနရာတြင္ လာ ငုတ္တုတ္ထုိင္ေနျခင္းျဖစ္ေၾကာင္း ကၽြန္ေတာ္နားလည္မိသည္။

ေနာက္ထပ္ ညေပါင္းမည္မွ် ၾကာ သူမငုတ္တုတ္ထုိင္ရဦးမည္ မသိ။ အိမ္အျပန္ေနာက္က်ေသာ ကၽြန္ေတာ့္၏ ရံဖန္ရံခါညမ်ဳိးတြင္ အရြယ္ႏွင့္မလုိက္ေအာင္ တိတ္ဆိတ္ေနေသာ သူမကုိ ျမင္ရၿမဲျဖစ္ သည္။ သူမလုိခ်င္ေသာ အေမ့ရင္ ေငြ႕ကုိ ဘယ္အခ်ိန္က်မွ သူမ ရရွိ အိပ္ေပ်ာ္ရွာမည္လဲမသိ။ ကေလးငယ္မ်ားအတြက္ ေႏြးေထြးလုံၿခံဳ ေသာဘ၀မ်ိဳးသည္ ဒီေခတ္ႀကီးထဲ ေပ်ာက္ဆုံးေနဆဲ ျဖစ္သလုိ ေတာင္းတုိင္းမျပည့္သည့္ဆုသည္ သာ ကၽြန္ေတာ္တုိ႔အတြက္ အားကုိးစရာျဖစ္ေနဆဲမွာလည္း ၀မ္းနည္း ဖြယ္ရာျဖစ္သည္။။

(ေဆာင္းပါးရွင္ လင္းဆက္ၿငိမ္းခ်မ္းသည္ နိုင္ငံေရးႏွင့္ မ်က္ ေမွာက္ေရးရာေဆာင္းပါးမ်ား ေရးသားေနသူ ျဖစ္သည္)

(Unicode)

မျက်ရည်စက်လက်ကျ အမိမဲ့အေးစက်ည

အလောင်းတောင်အစုံအစေ့ပြန်မပေးသေးသော နာဂစ်ကို ဖြတ် သန်းပြီး နောက်တစ်နှစ် ၂၀၀၉ တုန်းကဖြစ်သည်။ နာဂစ်ကြောင့် မိဘမဲ့သွားရှာသော ကလေးငယ် များအား စောင့်ရှောက်ထားရာ ဒေးဒရဲမြို့ရှိ ဘုန်းကြီးကျောင်း တစ်ကျောင်းသို့ ရောက်ရှိခဲ့သည်။ ထိုဘုန်းကြီးကျောင်းတွင် (၁၀)နှစ် ပင်မပြည့်သေးသော ကလေးငယ် လေး၊ ငါးဆယ်မကကို တွေ့ရ သည်။ သူတို့အားလုံးမှာ နာဂစ် ကြောင့် မိဘနှစ်ပါးတင်မက အ ဝတ်တစ်ထည် ကိုယ်တစ်ခုက လွဲ လက်နှီးလေးတစ်စပင် မကျန်ရစ် ခဲ့သူများချည်း။ သူတို့အများစုမှာ နာဂစ်မတိုင်မီကာလက မိဘလည်းစုံလင်၊ လုပ်ငန်းကိုင်ငန်းလည်း စိုပြည်စွာဖြင့်ဟု သိရသည်။

ကြမ္မာဆိုးလှသော တစ်ရက် တာကာလအတွင်း သူတို့၏ဘ၀ မှာ ထက်ပိုင်းကျိုးခဲ့သည်။ နာဂစ်ဒဏ်ခံဒေသအားလုံး၏ဘဝသည် စုတ်ပြတ်ခဲ့သည်မို့ ဘယ်ဆွေမျိုးမှ မကယ်တင်နိုင်။ ထို့ကြောင့် ဘုန်းကြီးကျောင်းသို့ ရောက်သည်။ ဘုန်းကြီးက ထမင်းသုံးနပ်ကျွေးပြီး စာသင်ပေးသော်လည်း ဘုန်းကြီး ကျောင်းသည် ကိုယ့်အိမ်မဟုတ် သဖြင့် ကိုယ့်အိမ်လိုတော့ အဆင် မပြေ။ သို့သော် တခြားသွားနေစ ရာလည်းမရှိသဖြင့် ဘုန်းကြီးသည် သာအမိ၊ ဘုန်းကြီးသည်သာ အဖ။‘‘အခုချိန်ထိ သူတို့မိဘတွေ သေသွားပြီဆိုတာ မယုံကြသေး ဘူး’’ဟု ဦးပဉ္စင်းတစ်ပါးက ပြောပြ ဖူးသည်။

သိပ်ငယ်လွန်းသော အချိန် တွင် ရုတ်တရက်ရောက်လာသော လှိုင်းလုံးများကြား ရုတ်တရက် ပျောက်ကွယ်သွားသော မိဘနှစ်ပါးကို ဘယ်သူကသေပြီပြောပြော သူတို့ဘယ်ယုံပါ့မလဲ။

‘‘တခြားအချိန်ဆို ပြဿနာ မရှိဘူး။ ညနေစောင်းလာပြီဆိုရင် တော့ အဲဒီအပေါက်ဝကနေ ကျောင်းရှေ့ကိုငေးပြီး မျက်ရည်စက်လက်နဲ့ သူတို့မိဘတွေကို မျှော်နေကြပြီ’’ဟု ဦးပဉ္စင်းက ထပ်ပြောပြသည်။

သူတို့မျှော်နေသည်ဆိုသော အပေါက်ဝမှသည် ကျွန်တော်ငေး ကြည့်မိတော့ အပေါ်စီးကနေ မြင် နေရသော ကျောင်းပြင်ပ မြေနီလမ်းကလေး။ ထိုမြေနီလမ်းက လေးမှာ ကျောင်းထိပ်မှ ဓာတ်မီး တိုင်တစ်တိုင်စာခန့် ရောက်လျှင် ၉၀ ဒီဂရီ ကွေ့ချသွားသဖြင့် ကျောင်းအပေါက်ဝမှ ကြည့်လျှင် ဘာမှ ဆက်မမြင်တော့။ ထိုမမြင်ရ သောလမ်းချိုးမှသည် ရုတ်တရက် ပျောက်သွားသော သူတို့မိဘများ ရုတ်တရက်ဆိုသလို ပြန်ရောက် လာမလားဟု ကလေးငယ်များ တွေးကြပုံရသည်။

ပြီးတော့ ညအိပ်ရာဝင်ပြီဆို အမေ့ကို လွမ်းစိတ်ဖြင့် ကျိတ်၍ ရှိုက်ကြရာမှ သူတစ်ရှိုက် ကိုယ်တစ်ရှိုက်ဖြင့် ညတို့သည် ရှိုက်ကြီး တငင် ရှည်လျားခဲ့သည်ဟု ထပ်ကြားရသည်။ ထို့ပြင် ညဉ့်ကြီးသန်း ခေါင် ကယောင်ကတမ်းထငိုသည့် ကလေးများလည်း နာဂစ်တစ်နှစ်ပြည့်ပြီးသည့်တိုင် ရှိနေဆဲဟုဆိုသည်။

တစ်ရေးနိုး အမိ၏ ရင်ခွင်ကို စမ်းမိမှ ကိုယ့်ကိုယ်ကိုယ်ယုံကြည် မှုရှိသွားသည့် ကလေးတို့သဘာ ဝ။ သူတို့ခမျာမှာတော့ (၁၀)နှစ်မပြည့်သေးသည့် အချိန်မှာပင် အမိရင်ခွင်ပျောက်ဆုံးခဲ့ပြီ။ ဘယ်လောက်ငိုငို အမိရင်ခွင်သည် ပြန် မရနိုင်တော့သည့်ဘဝ။

ယခုဆိုလျှင် နာဂစ်မှသည် နောက်ထပ်(၁၁)နှစ်။ သူတို့လေးတွေ လူပျိုဖားဖားအရွယ်ရောက် ပြီမို့ မိဘမဲ့ဘဝဖြင့် မည်သို့သော လောကဓံကို ရင်ဆိုင်နေပြီလဲ မသိ။ ဘဝတစ်ခုလုံးပျက်ခဲ့သည့် နာဂစ်ကို မေ့မေ့ပျောက်ပျောက် ရှိသည့်တိုင် တစ်ခါတစ်ရံတော့ လည်း အမေနှင့်နေခဲ့သည့် ကာ လကို မှုန်မှုန်ဝါးဝါး ပြန်မြင်ကြမည်လားတော့မသိ။

ကျွန်တော့်မှာတော့ သူတို့ကို မမေ့နိုင်။ တစ်ခါတစ်ရံ ဧရာဝတီ တိုင်းက ဆိုသည့် စားပွဲထိုးကလေး ငယ်များနှင့်ကြုံတိုင်း မျက်ရည်စို့ သည်အထိ သူတို့ကို လွမ်းမိမြဲဖြစ် သည်။ သူတို့အကြောင်း တွေးမိ သည့်အခါတိုင်း ဆက်တိုက်ဆို သလို ထပ်တွေးမိသည်မှာ စစ် ကြောင့် အမေ့ရင်ခွင်မဲ့ခဲ့ရှာသူ ကျွန်တော့်သူငယ်ချင်းများဖြစ်သည်။

ကျွန်တော့်သူငယ်ချင်းများ မှာ လွန်ခဲ့သော နှစ်ပေါင်း ၄၀ ဝန်းကျင်က သူတို့ဇာတိ ကရင်ပြည် နယ် ကော့ကရိတ်မြို့နယ် ကျေးလက်များမှသည် မွန်ပြည်နယ် ဘီလူးကျွန်း (ချောင်းဆုံ) သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ၁၉၅၀ ပြည့် နှစ်ကျော် ကာလမှသည် ၂၀၀၀ပြည့်နှစ်ဝန်းကျင်အထိ ဆက်တိုက် ဆိုသလို သူတို့ကရင်လေးများ တစ်သုတ်ပြီး တစ်သုတ် ရောက်ရှိ လာကြခြင်းဖြစ်သည်။

ကျွန်တော်တို့ဇာတိ ဘီလူး ကျွန်းမှ ဘုန်းကြီးကျောင်းများ သည် သူတို့အတွက် စစ်ဘေးခိုလှုံ ရာနယ်မြေ။ ရွာမှာဆို စာသင်စရာ ကျောင်းမရှိ။ ကျည်ထိမလား၊ မိုင်း ထိမလား အချိန်မရွေးဖြစ်သွား နိုင်သည့် ဘဝ။ လူပျိုပေါက်အ ရွယ်ရောက်လျှင် ပေါ်တာဘဝဖြင့် သေမလား၊ သတင်းပေးဆိုပြီး အ သတ်ခံရမလား၊ လက်နက်ကိုင် သူပုန်ဖြစ်မလား။ ထို့ထက်ပို၍ ရွေးချယ်စရာမရှိသည့်ဘဝ။

ထိုသို့သောဘဝမျိုးကို မလို လားသော မိဘများက သား ယောကျ်ားလေး (၅)နှစ်ဆို ကျွန် တော်တို့ ဘီလူးကျွန်းသို့ ဘုန်းကြီး ကျောင်းသားဘဝဖြင့် ပညာသင် နိုင်ရန်ပို့သည်။ ဆယ်တန်းအောင် နိုင်သည်။ ကံထူးလျှင် ရာသက်ပန် ဘုန်းကြီးဖြစ်နိုင်သည်။ ထိုနှစ်ခု တစ်ခုမှ မဖြစ်ဘူးထားဦး။ အမေ့ သား ကျည်ဆန်တွေရဲ့ကြား ပြေး လွှားနေရခြင်းမရှိသဖြင့် ကျည်ထိ ပြီးမသေနိုင်။

ထို့ကြောင့် မိဘများသည် ကိုယ့်သားသမီးကိုယ် ကျွေးနိုင်မွေးနိုင်၊ ကောင်းမွန်စွာ ထားနိုင် သည့် အခြေအနေရှိလျက် မျက်စိ စုံမှိတ်ခဲ့ရသည်။ မိဘမျက်ကွယ် တွင် မည်သို့မျှ စိတ်ချရစရာ အကြောင်းမရှိသော (၅)နှစ် သားငယ် ကို ဝေးသောအရပ်တွင် မျက်ရည် စက်လက်ဖြင့် ထားပစ်ခဲ့ရသည်။ စစ်သည် အမေ့ရင်ခွင်တွင် နေကို နေရမည့် (၅)နှစ်သားလေး၏ နှလုံးသားကို ပြတ်ပြတ်သားသား သစ်စိမ်းချိုးချိုးခဲ့သည်။

ဘုန်းကြီးကျောင်းရောက်စ ကရင်လေးအများစုမှာ ဗမာစကားပင်မတတ်သေး။ ဘာသာစကားလည်း နားမလည်၊ သူစိမ်းများအလယ်တွင် ကြောက်လန့်တ ကြား။ ညနေစောင်းလာပြီဆို အမေ့ကို လွမ်းတယ်ဆိုတာချည်း၊ မျက်ရည်တွေ သွင်သွင်စီးလို့။ ဘုန်းကြီးကျောင်းသားဘဝသည်နေထိုင်သင့်သော လုံခြုံမှုမျိုးရှိသည်မှာ မှန်သော်လည်း သူတို့၏ညရေးညတာသည် တစပြင်ပမာ အေးစက်လို့။ သူတို့၏ အေးစက်သော ညကို သူတို့ မည်မျှမုန်းတီး လိုက်လေမည်နည်း။ အရွယ်မရောက်သေးသော ကလေးငယ် များအတွက် ည၏အဓိပ္ပာယ်တွင် မိခင်ရင်ငွေ့သည် မရှိမဖြစ် အရာတစ်ခုဆိုသော်ငြား သူတို့၏ဘ၀ ပေးမှာ ဟင်းလင်းပြင်ပမာ။

ကျွန်တော့်၏ငယ်ဘဝမှာမူ ထိုသို့ အေးစက်လွန်းလှသောညရယ်လို့ မရှိခဲ့ဖူးသော်လည်း အထက်ပါဖြစ်စဉ်များအပေါ် ခံစားမှု ကြီးခဲ့ရသည်။ ကလေးငယ်မှန်သမျှ အမေ့ရင်ခွင်တွင် စိတ္တဇကင်းစွာဖြင့် အိပ်စက်ရခြင်းမျိုး ကျွန်တော့်နှလုံးသားက တောင်းဆိုမိသည်။

သို့သော် ပြီးခဲ့သည့်လကမှ ညဘက်ဆို အိမ်မှာမနေချင်ဘူး ဆိုသည့် (၁၀)နှစ်ပင် မပြည့်သေး သော မိန်းကလေးငယ်တစ်ဦးနှင့်ဆုံရသဖြင့် စိတ်မကောင်းကြီးစွာ ဖြစ်ရပြန်သည်။ ထိုကလေးငယ် မှာ ကျွန်တော်တို့ တိုက်ခန်းအနီးရှိ ကျူးကျော်တဲများထဲ ငှားရမ်းနေ ထိုင်သူ။

ည ၁၁ နာရီကျော်မှ ပြန် ရောက်သည့်တစ်ည။ လမ်းထိပ် ကွမ်းယာဆိုင်တွင် ငုတ်တုတ်ထိုင် နေသော ထိုကလေးမလေးကို တွေ့သဖြင့် မေးကြည့်တော့ သူမ၏မျက်နှာ ညှိုးငယ်စွာဖြင့် အထက် ပါအတိုင်းပြောခြင်းဖြစ်သည်။

‘‘သမီးအိမ်မှာ ဘယ်သူမှ မရှိဘူးလား’’ ဟု မေးကြည့်တော့ မဖြေချင်၊ ဖြေချင်ပုံစံဖြင့် ‘‘သမီးအမေက အလုပ်သွားတယ်’’ ဟု ဆိုသည်။ ‘‘အမေက ဘာအလုပ် လုပ်တာလဲ’’ ဟု ထပ်မေးကြည့် တော့ မဖြေ၊ ခေါင်းကိုသာ တွင်တွင်ခါလို့။ မိတ်ဆွေ ကွမ်းဆရာက လည်း ခေါင်းခါပြသဖြင့် ပဟေဠိ တစ်ခုကို သယ်ဆောင်ကာ ကျွန် တော်အိမ်ပြန်ရောက်ခဲ့သည်။

နောက်တစ်ရက်မနက် သိချင်ဇောဖြင့် ကွမ်းဆရာထံ ထပ်သွား မေးကြည့်သည့်အခါမှာ ကလေးမလေးမဖြေချင်သဖြင့် ခေါင်းတွင်တွင်ခါလိုက်သော သူ့အမေအလုပ်မှာ ပြည့်တန်ဆာ ဖြစ်ကြောင်း သိရ၍ ကျွန်တော် ဝမ်းနည်းမိသည်။

‘‘သူ့အမေက ညဘက်ဆို ငွေထွက်ရှာရတ ယ်လေ။ သူတို့က သားအမိနှစ်ယောက်တည်း။ အ မေက ငွေထွက်မရှာလို့လည်း မဖြစ်၊ ကလေးကလည်း ညဆို အိမ်မှာ တစ်ယောက်တည်းမနေ ချင်တော့ ကျွန်တော့်ဆိုင် မသိမ်း မချင်း လာထိုင်နေတယ်။ သနားပါတယ်ဗျာ။ ဒီအတိုင်းငုတ်တုတ်ထိုင်နေတယ်။ ကိုယ်မေးမှ သူဖြေတယ်။ကိုယ်ကသနားလို့ မုန့်ကျွေးတော့လည်း မစားဘူး’’ဟု ကွမ်းဆရာက ဆိုသဖြင့် ပိုဝမ်းနည်းရ ပြန်သည်။

အမေမရှိသောည၏ အေး စက်မှုမျိုးကို မခံစားနိုင်သော သူမအပေါ် ကျွန်တော်ကောင်းကောင်း နားလည်မိသည်။ အမေမဲ့ဘ၀ ချောက်ချားဖွယ် ညများတွင် မျက်ရည်စက်လက်ကျနေရခြင်းထက် လူရိပ်သူရိပ်ရှိရာ နေရာတွင် လာ ငုတ်တုတ်ထိုင်နေခြင်းဖြစ်ကြောင်း ကျွန်တော်နားလည်မိသည်။

နောက်ထပ် ညပေါင်းမည်မျှ ကြာ သူမငုတ်တုတ်ထိုင်ရဦးမည် မသိ။ အိမ်အပြန်နောက်ကျသော ကျွန်တော့်၏ ရံဖန်ရံခါညမျိုးတွင် အရွယ်နှင့်မလိုက်အောင် တိတ်ဆိတ်နေသော သူမကို မြင်ရမြဲဖြစ် သည်။ သူမလိုချင်သော အမေ့ရင် ငွေ့ကို ဘယ်အချိန်ကျမှ သူမ ရရှိ အိပ်ပျော်ရှာမည်လဲမသိ။ ကလေးငယ်များအတွက် နွေးထွေးလုံခြုံ သောဘဝမျိုးသည် ဒီခေတ်ကြီးထဲ ပျောက်ဆုံးနေဆဲ ဖြစ်သလို တောင်းတိုင်းမပြည့်သည့်ဆုသည် သာ ကျွန်တော်တို့အတွက် အားကိုးစရာဖြစ်နေဆဲမှာလည်း ဝမ်းနည်း ဖွယ်ရာဖြစ်သည်။။

(ဆောင်းပါးရှင် လင်းဆက်ငြိမ်းချမ်းသည် နိုင်ငံရေးနှင့် မျက် မှောက်ရေးရာဆောင်းပါးများ ရေးသားနေသူ ဖြစ်သည်)

7Day Daily

Leave a Reply

Your email address will not be published. Required fields are marked *