Posted on

(Zawgyi)

ဘဲသားဆီခ်က္

ပါဝင္ပစၥည္းမ်ား

ဘဲ – ၁ေကာင္ (၈၀က်ပ္သားခန္႔)

ေခါက္ဆြဲ – ၁ပိသာ ၅၀ က်ပ္သား

ေဂၚဖီ – ၁၀ က်ပ္သား

ၾကက္သြန္မိတ္ – ၁၀ က်ပ္သား

ၾကက္သြန္နီ – ၅ က်ပ္သား

ၾကက္သြန္ျဖဴ – ၁၅ က်ပ္သား

ပဲငံျပာရည္အၾကည္ – ၆ဇြန္း (ထမင္းစားဇြန္း)

တရုတ္မဆလာ – ဇြန္းအေသး တဝက္ခန္႔

နာနတ္ပြင့္ – ၆ပြင့္ခန္႔

ဂ်င္း – ၅ က်ပ္သား

ဆီ – ၂၀ က်ပ္သား

ဆား – သင့္တင့္ယံုု

ျပဳလုုပ္နည္း

ဘဲအဆီဘူးကို ဖယ္ထုုတ္ျပီး ဘဲကိုုေရေဆးျပီး ဂ်င္း၊ ၾကက္သြန္ျဖဴ ႏွင့္ဆား၊ ပဲငံျပာရည္အၾကည္၊ တရုတ္မဆလာ၊ နာနတ္ပြင့္ တို႕ကို အသင့္အတင့္ ထည္႔ျပီး ေရကိုု ဘဲျမဳတ္သည္အထိျပီး ေပါင္းအိုုးထဲတြင္ ဘဲသား နူးသည္အထိေပါင္းပါ။

ဘဲသား နူးအိသြားလ်ွင္ ဘဲကိုုအိုုးထဲမွထုုတ္၍ အေအးခံျပီး အသားမ်ွင္ျပီး အတုုံးေလးမ်ားတံုုးပါ။
ဘဲအရုုိးကိုု ျပဳတ္ထားေသာ အရည္ထဲတြင္ ျပန္ထဲ့ျပီး ဟင္းခ်ဳိအတြက္ ဆက္ျပဳတ္ပါ။

ၾကက္သြန္ျဖဴ ဆီခ်က္ ခ်က္ထားပါ။ ၾကက္သြန္မိတ္၊ ေဂၚဖီ၊ ၾကက္သြန္နီ၊ ငရုုတ္သီးစိမ္းမ်ားကိုု ပါးပါးလွီးထားပါ။
ေရေႏြးကို ဆူေအာင္တည္ျပီး ဆီခ်က္ေခါက္ဆြဲဖက္ကို မိနစ္အနည္းငယ္ ႏူးေအာင္ ျပဳတ္ျပီး ၾကက္သြန္ျဖဴ ဆီခ်က္၊ ပဲငံျပာရည္အၾကည္၊ ဆား၊ ငရုတ္ေကာင္းမႈန္ နွင့္ ၾကက္သြန္မိတ္ တို႕ကိုထည္႔ကာ နွံ႔ေအာင္နယ္၍ တံုုးထားေသာ ဘဲသား နွင့္ ၾကက္သြန္မိတ္ ကိုုအေပၚမွ ျဖဴးပါ။ အေပါ့အငံ ျမည္း၍ ပဲငံျပာရည္အၾကည္ နွင့္ ဆားတိုု႔ကိုု မိမိစိတ္ၾကိဳက္ ထည့္နုုိင္ပါသည္။

ဟင္းအရည္ ပြက္ပြက္ဆူလာလွ်င္ ၾကက္သြန္မိတ္ခတ္ျပီး ငရုတ္ေကာင္းမႈန္႕ အနည္းငယ္ ထည့္၍ သုံးေဆာင္ရန္ အသင့္ျဖစ္ပါျပီ။

ေဂၚဖီ၊ ၾကက္သြန္နီ ၊ ငရုတ္သီးစိမ္းကို ပါးပါးလွီးျပီး ငရုတ္ဆီႏွင့္ လုပ္ထားသည့္ အခ်ဥ္ကိုု ဘဲသားဆီခ်က္ နွင့္တြဲ၍ သုံးေဆာင္နုုိင္ပါသည္။

(Unicode)

ဘဲသားဆီချက်

ပါဝင်ပစ္စည်းများ

ဘဲ – ၁ကောင် (၈၀ကျပ်သားခန့်)

ခေါက်ဆွဲ – ၁ပိသာ ၅၀ ကျပ်သား

ဂေါ်ဖီ – ၁၀ ကျပ်သား

ကြက်သွန်မိတ် – ၁၀ ကျပ်သား

ကြက်သွန်နီ – ၅ ကျပ်သား

ကြက်သွန်ဖြူ – ၁၅ ကျပ်သား

ပဲငံပြာရည်အကြည် – ၆ဇွန်း (ထမင်းစားဇွန်း)

တရုတ်မဆလာ – ဇွန်းအသေး တဝက်ခန့်

နာနတ်ပွင့် – ၆ပွင့်ခန့်

ဂျင်း – ၅ ကျပ်သား

ဆီ – ၂၀ ကျပ်သား

ဆား – သင့်တင့်ယုံ

ပြုလုပ်နည်း

ဘဲအဆီဘူးကို ဖယ်ထုတ်ပြီး ဘဲကိုရေဆေးပြီး ဂျင်း၊ ကြက်သွန်ဖြူ နှင့်ဆား၊ ပဲငံပြာရည်အကြည်၊ တရုတ်မဆလာ၊ နာနတ်ပွင့် တို့ကို အသင့်အတင့် ထည့်ပြီး ရေကို ဘဲမြုတ်သည်အထိပြီး ပေါင်းအိုးထဲတွင် ဘဲသား နူးသည်အထိပေါင်းပါ။

ဘဲသား နူးအိသွားလျှင် ဘဲကိုအိုးထဲမှထုတ်၍ အအေးခံပြီး အသားမျှင်ပြီး အတုံးလေးများတုံးပါ။
ဘဲအရိုးကို ပြုတ်ထားသော အရည်ထဲတွင် ပြန်ထဲ့ပြီး ဟင်းချိုအတွက် ဆက်ပြုတ်ပါ။

ကြက်သွန်ဖြူ ဆီချက် ချက်ထားပါ။ ကြက်သွန်မိတ်၊ ဂေါ်ဖီ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းများကို ပါးပါးလှီးထားပါ။
ရေနွေးကို ဆူအောင်တည်ပြီး ဆီချက်ခေါက်ဆွဲဖက်ကို မိနစ်အနည်းငယ် နူးအောင် ပြုတ်ပြီး ကြက်သွန်ဖြူ ဆီချက်၊ ပဲငံပြာရည်အကြည်၊ ဆား၊ ငရုတ်ကောင်းမှုန် နှင့် ကြက်သွန်မိတ် တို့ကိုထည့်ကာ နှံ့အောင်နယ်၍ တုံးထားသော ဘဲသား နှင့် ကြက်သွန်မိတ် ကိုအပေါ်မှ ဖြူးပါ။ အပေါ့အငံ မြည်း၍ ပဲငံပြာရည်အကြည် နှင့် ဆားတို့ကို မိမိစိတ်ကြိုက် ထည့်နိုင်ပါသည်။

ဟင်းအရည် ပွက်ပွက်ဆူလာလျှင် ကြက်သွန်မိတ်ခတ်ပြီး ငရုတ်ကောင်းမှုန့် အနည်းငယ် ထည့်၍ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။

ဂေါ်ဖီ၊ ကြက်သွန်နီ ၊ ငရုတ်သီးစိမ်းကို ပါးပါးလှီးပြီး ငရုတ်ဆီနှင့် လုပ်ထားသည့် အချဉ်ကို ဘဲသားဆီချက် နှင့်တွဲ၍ သုံးဆောင်နိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *