Posted on

(Zawgyi)

ေဆးဝါးထုပ္ပိုးပစၥည္းကိစၥ စက္႐ုံမႉးတစ္ဦးတည္း ဆုံးျဖတ္ခဲ့တာမဟုတ္ဘူးလို႔ဆို

အဂတိ စြပ္စြဲခ်က္နဲ႔ ဖမ္းဆီးခံထားရတဲ့ အင္းစိန္ ဘီပီအိုင္ ေဆးဝါးစက္႐ုံမႉးကို စက္တင္ဘာ ၁၉ ရက္က ဒုတိယအႀကိမ္ ႐ုံးထုတ္ခဲ့ၿပီး အမႈတည္ေဆာက္တာ မၿပီးျပတ္ေသးလို႔ ႏွစ္ပတ္ၾကာ ခ်ဳပ္ရက္ထပ္ယူခဲ့ပါတယ္။

စက္႐ုံမႉးေဒါက္တာေအာင္ေဇာ္ကို စြပ္စြဲထားတဲ့ ေကာ္ေစ့ ၂၆ တန္ ဝယ္ယူတဲ့ကိစၥဟာ သူတစ္ဦးတည္း ဆုံးျဖတ္ခဲ့တာ မဟုတ္ဘဲ အထက္အဆင့္ဆင့္ထိ ခြင့္ျပဳခ်က္ယူခဲ့တဲ့ အေထာက္အထားေတြရထားၿပီလို႔ ေဒါက္တာေအာင္ေဇာ္ရဲ႕ ဥပေဒ အႀကံေပး ဦးခင္ေမာင္ျမင့္က ေျပာပါတယ္။

လက္ရွိမွာ အစိုးရက ေကာ္ေစ့သြင္းတဲ့ ကုမၸဏီကို ေငြ မေပးေခ်ရေသးတဲ့အတြက္ ေငြေၾကးတံစိုးလက္ေဆာင္ ရယူတာလည္း မေပၚေပါက္ဘူးလို႔ ဆိုပါတယ္။

ဓာတ္ခြဲခန္းနဲ႔ တင္ဒါဝယ္ယူေရးအဖြဲ႕ထဲက တာဝန္ရွိသူေတြ ၊ အထက္အဆင့္ကို ခြင့္ျပဳခ်က္ယူခဲ့ေၾကာင္း ၾကားသိတဲ့သူေတြက ေဒါက္တာေအာင္ေဇာ္အတြက္ သက္ေသလိုက္ေပးဖို႔လည္း စီစဥ္ေနပါတယ္။

တင္ဒါကုမၸဏီက တင္သြင္းလာမယ့္ေကာ္ေစ့ေတြကို ေစာင့္ေနစဥ္မွာ ေဆးျပတ္မွာစိုးလို႔ အဲဒီကုမၸဏီနဲ႔ ညႇိႏႈိင္းၿပီး အမ်ိဳးအစားတူေကာ္ေစ့ကို သုံးဖို႔ ခြင့္ျပဳခ်က္ေတာင္း၊ စမ္းသပ္ခဲ့ၿပီးမွ သုံးခဲ့တာလို႔ ဦးခင္ေမာင္ျမင့္က ဘီဘီစီကို ေျပာပါတယ္။

ဒါေၾကာင့္ ဒီလုပ္ငန္းစဥ္တစ္ခုလုံးမွာ ပါတဲ့ ဓာတ္ခြဲခန္းနဲ႔ တင္ဒါစစ္ေဆးေရးအဖြဲ႕က အရာရွိတခ်ိဳ႕အပါအဝင္ သက္ေသ ၁၅ ဦးေလာက္ ထြက္ဆိုေပးဖို႔ စီစဥ္ေနတယ္လို႔ ဦးခင္ေမာင္ျမင့္က ဆိုပါတယ္။

ဒါေပမဲ့ အဂတိ လိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္ဘက္ကေတာ့ အခ်က္အလက္ခိုင္မာလို႔ အေရးယူခဲ့တာလို႔ ေကာ္မရွင္ေျပာေရးဆိုခြင့္ရွိသူ ဦးေက်ာ္စိုးက ေျပာပါတယ္။

‘ေဒါက္တာေအာင္ေဇာ္က ေကာ္ေစ့ေတြကို တင္ဒါေအာင္တဲ့ကုမၸဏီက တင္ဒါစည္းကမ္းနဲ႔အညီ အရည္အေသြးမီ ေကာ္ေစ့ေတြမေပးသြင္းမီမွာ တင္ဒါလုပ္ထုံးလုပ္နည္းနဲ႔မညီဘဲ အရည္အေသြးနိမ့္ေကာ္ေစ့ ၂၆ တန္ကို ကုမၸဏီကို ေပးသြင္းေစခဲ့တယ္။ ဒီေကာ္ေစ့ေတြနဲ႔ ေသြးရည္ၾကည္ပုလင္းေတြ ထုတ္ၿပီး က်န္းမာေရးဝန္ႀကီးဌာနကို ေရာင္းခ်ေစခဲ့တယ္’ လို႔ သူက ေျပာပါတယ္။

လက္ရွိမွာ ဒီေဆးပုလင္းေတြ ဆက္မေရာင္းဖို႔ က်န္းမာေရးဝန္ႀကီးဌာနက ၫႊန္ၾကားထားပါတယ္။ ဒါေၾကာင့္ တိုင္းျပည္ရဲ႕ဘ႑ာေငြေတြ နစ္နာဆုံးရႈံးလို႔ ေဒါက္တာေအာင္ေဇာ္ဟာ အဂတိနဲ႔ၿငိစြန္းတယ္လို႔ ဦးေက်ာ္စိုးက ဆက္ေျပာပါတယ္။

အဂတိဆိုတာ တာဝန္လုပ္ပိုင္ခြင့္ အလြဲသုံးတာ၊ တံစိုးလက္ေဆာင္ရယူတာနဲ႔ အဂတိေၾကာင့္ ဌာနတြင္း ထိခိုက္နစ္နာတာ ဒီသုံးခ်က္ေပၚေပါက္မွ အမႈေျမာက္ေၾကာင္း အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒမွာ ေဖာ္ျပထားပါတယ္။

ဒီသုံးခ်က္နဲ႔မၿငိတာကို တရားခြင္မွာ ခုခံေခ်ပမယ့္အျပင္ အထက္အဆင့္တာဝန္ရွိသူ ျမန္မာ့ေဆးဝါးလုပ္ငန္း ဦးေဆာင္ၫႊန္ၾကားေရးမႉး ေဒါက္တာကိုကိုေအာင္ကို ဌာနတြင္း စုံစမ္းစစ္ေဆးေရးနဲ႔အေရးယူၿပီး ေဒါက္တာေအာင္ေဇာ္ကို အဂတိနဲ႔ တရားစြဲတာက လြဲမွားေနတယ္လို႔ သူက ေထာက္ျပပါတယ္။

ဒါနဲ႔ပတ္သက္လို႔ တာဝန္ကအနားေပးခံရတဲ့ ေဒါက္တာကိုကိုေအာင္ကို ဘီဘီစီက စက္တင္ဘာ ၁၉ ရက္ညေနအထိ ၁၀ ႀကိမ္ထက္မနည္း ဖုန္းေခၚခဲ့ေပမယ့္ အဆက္သြယ္မရခဲ့ပါဘူး။

ဒါ့အျပင္ စက္မႈဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးကိုကိုလြင္ကိုလည္း ဘီဘီစီက ဆက္သြယ္ခဲ့ေပမယ့္ မွတ္ခ်က္မရခဲ့ပါဘူး။

ေနာက္တစ္ႀကိမ္႐ုံးခ်ိန္းကို ေအာက္တိုဘာ ၂ ရက္ကိုျပန္လည္ခ်ိန္းဆိုထားပါတယ္။

(Unicode)

ဘီပီအိုင် ဆေးဝါးစက်ရုံမှူးဘက်က အရာရှိတချို့ သက်သေလိုက်ပေးဖို့ စီစဉ်

ဆေးဝါးထုပ်ပိုးပစ္စည်းကိစ္စ စက်ရုံမှူးတစ်ဦးတည်း ဆုံးဖြတ်ခဲ့တာမဟုတ်ဘူးလို့ဆို

အဂတိ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ အင်းစိန် ဘီပီအိုင် ဆေးဝါးစက်ရုံမှူးကို စက်တင်ဘာ ၁၉ ရက်က ဒုတိယအကြိမ် ရုံးထုတ်ခဲ့ပြီး အမှုတည်ဆောက်တာ မပြီးပြတ်သေးလို့ နှစ်ပတ်ကြာ ချုပ်ရက်ထပ်ယူခဲ့ပါတယ်။

စက်ရုံမှူးဒေါက်တာအောင်ဇော်ကို စွပ်စွဲထားတဲ့ ကော်စေ့ ၂၆ တန် ဝယ်ယူတဲ့ကိစ္စဟာ သူတစ်ဦးတည်း ဆုံးဖြတ်ခဲ့တာ မဟုတ်ဘဲ အထက်အဆင့်ဆင့်ထိ ခွင့်ပြုချက်ယူခဲ့တဲ့ အထောက်အထားတွေရထားပြီလို့ ဒေါက်တာအောင်ဇော်ရဲ့ ဥပဒေ အကြံပေး ဦးခင်မောင်မြင့်က ပြောပါတယ်။

လက်ရှိမှာ အစိုးရက ကော်စေ့သွင်းတဲ့ ကုမ္ပဏီကို ငွေ မပေးချေရသေးတဲ့အတွက် ငွေကြေးတံစိုးလက်ဆောင် ရယူတာလည်း မပေါ်ပေါက်ဘူးလို့ ဆိုပါတယ်။

ဓာတ်ခွဲခန်းနဲ့ တင်ဒါဝယ်ယူရေးအဖွဲ့ထဲက တာဝန်ရှိသူတွေ ၊ အထက်အဆင့်ကို ခွင့်ပြုချက်ယူခဲ့ကြောင်း ကြားသိတဲ့သူတွေက ဒေါက်တာအောင်ဇော်အတွက် သက်သေလိုက်ပေးဖို့လည်း စီစဉ်နေပါတယ်။

တင်ဒါကုမ္ပဏီက တင်သွင်းလာမယ့်ကော်စေ့တွေကို စောင့်နေစဉ်မှာ ဆေးပြတ်မှာစိုးလို့ အဲဒီကုမ္ပဏီနဲ့ ညှိနှိုင်းပြီး အမျိုးအစားတူကော်စေ့ကို သုံးဖို့ ခွင့်ပြုချက်တောင်း၊ စမ်းသပ်ခဲ့ပြီးမှ သုံးခဲ့တာလို့ ဦးခင်မောင်မြင့်က ဘီဘီစီကို ပြောပါတယ်။

ဒါကြောင့် ဒီလုပ်ငန်းစဉ်တစ်ခုလုံးမှာ ပါတဲ့ ဓာတ်ခွဲခန်းနဲ့ တင်ဒါစစ်ဆေးရေးအဖွဲ့က အရာရှိတချို့အပါအဝင် သက်သေ ၁၅ ဦးလောက် ထွက်ဆိုပေးဖို့ စီစဉ်နေတယ်လို့ ဦးခင်မောင်မြင့်က ဆိုပါတယ်။

ဒါပေမဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဘက်ကတော့ အချက်အလက်ခိုင်မာလို့ အရေးယူခဲ့တာလို့ ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ပြောပါတယ်။

‘ဒေါက်တာအောင်ဇော်က ကော်စေ့တွေကို တင်ဒါအောင်တဲ့ကုမ္ပဏီက တင်ဒါစည်းကမ်းနဲ့အညီ အရည်အသွေးမီ ကော်စေ့တွေမပေးသွင်းမီမှာ တင်ဒါလုပ်ထုံးလုပ်နည်းနဲ့မညီဘဲ အရည်အသွေးနိမ့်ကော်စေ့ ၂၆ တန်ကို ကုမ္ပဏီကို ပေးသွင်းစေခဲ့တယ်။ ဒီကော်စေ့တွေနဲ့ သွေးရည်ကြည်ပုလင်းတွေ ထုတ်ပြီး ကျန်းမာရေးဝန်ကြီးဌာနကို ရောင်းချစေခဲ့တယ်’ လို့ သူက ပြောပါတယ်။

လက်ရှိမှာ ဒီဆေးပုလင်းတွေ ဆက်မရောင်းဖို့ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။ ဒါကြောင့် တိုင်းပြည်ရဲ့ဘဏ္ဍာငွေတွေ နစ်နာဆုံးရှုံးလို့ ဒေါက်တာအောင်ဇော်ဟာ အဂတိနဲ့ငြိစွန်းတယ်လို့ ဦးကျော်စိုးက ဆက်ပြောပါတယ်။

အဂတိဆိုတာ တာဝန်လုပ်ပိုင်ခွင့် အလွဲသုံးတာ၊ တံစိုးလက်ဆောင်ရယူတာနဲ့ အဂတိကြောင့် ဌာနတွင်း ထိခိုက်နစ်နာတာ ဒီသုံးချက်ပေါ်ပေါက်မှ အမှုမြောက်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေမှာ ဖော်ပြထားပါတယ်။

ဒီသုံးချက်နဲ့မငြိတာကို တရားခွင်မှာ ခုခံချေပမယ့်အပြင် အထက်အဆင့်တာဝန်ရှိသူ မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာကိုကိုအောင်ကို ဌာနတွင်း စုံစမ်းစစ်ဆေးရေးနဲ့အရေးယူပြီး ဒေါက်တာအောင်ဇော်ကို အဂတိနဲ့ တရားစွဲတာက လွဲမှားနေတယ်လို့ သူက ထောက်ပြပါတယ်။

ဒါနဲ့ပတ်သက်လို့ တာဝန်ကအနားပေးခံရတဲ့ ဒေါက်တာကိုကိုအောင်ကို ဘီဘီစီက စက်တင်ဘာ ၁၉ ရက်ညနေအထိ ၁၀ ကြိမ်ထက်မနည်း ဖုန်းခေါ်ခဲ့ပေမယ့် အဆက်သွယ်မရခဲ့ပါဘူး။

ဒါ့အပြင် စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်ကိုလည်း ဘီဘီစီက ဆက်သွယ်ခဲ့ပေမယ့် မှတ်ချက်မရခဲ့ပါဘူး။

နောက်တစ်ကြိမ်ရုံးချိန်းကို အောက်တိုဘာ ၂ ရက်ကိုပြန်လည်ချိန်းဆိုထားပါတယ်။

BBC Burmese

Leave a Reply

Your email address will not be published. Required fields are marked *