Posted on

(Zawgyi)

ဘဂၤလားေဒ့ရွ္ႏိုင္ငံ စစ္တေကာင္း ေတာင္တန္းနယ္တြင္ ရခိုင္ဘုရင္မ်ား လက္ထက္က အိမ္ေျခေပါင္း တေထာင္စီျဖင့္ ဗိုလ္မင္းေထာင္ (Bohmong – Bandarban District)၊ သက္ေထာင္ (Chakma – Rangamati District) ႏွင့္ ဖလံေထာင္ (Mong – Kahgrachhari District) ဟု ေထာင္သုံးေထာင္ တည္ေဆာက္ေပးခဲ့ၿပီး ဗိုလ္မင္း တဦးစီကို အဆိုပါ ေထာင္တေထာင္ကို အပိုင္စား ေပးၿပီး အုပ္ခ်ဳပ္ခြင့္ျပဳခဲ့သည္။

ထိုေဒသတြင္ အုပ္ခ်ဳပ္သူ ဗိုလ္မင္းအႏြယ္မ်ားသည္ ဘုရင့္ေနာင္မင္းႀကီး၏ သားေတာ္ နႏၵဘုရင္မွ ဆင္းသက္လာသည့္ အမ်ိဳးအႏြယ္မ်ားဟု သိရသည္။ ၁၅၉၉ခုႏွစ္တြင္ ရခိုင္ဘုရင္သည္ ပဲခူးကိုတိုက္ခိုက္ေအာင္ျမင္ၿပီးေနာက္ နႏၵဘုရင္၏ သမီးေတာ္ မင္းသမီး ခင္ေႏွာင္းႏွင့္ ေမာင္ေတာ္ေစာျဖဴတို႔ကို ရခိုင္သို႔ေခါင္ေဆာင္ခဲ့သည္။ မင္းသမီးခင္ေႏွာင္းအား မိဖုရားေျမႇာက္ၿပီးေနာက္ ေမာင္ေတာ္ေစာျဖဴအား ထိုအခ်ိန္က ရခိုင္လက္ေအာက္ခံ စစ္တေကာင္းနယ္ကို အပိုင္စားေပးကာ အုပ္ခ်ဳပ္ေစခဲ့သည္။

၁၆၁၄ တြင္ ေမာင္ေစာျဖဴသည္ ထိုေဒသကို ဝင္ေရာက္က်ဴးေက်ာ္ေသာ ေပၚတူဂီမ်ားကို တိုက္ထုတ္ႏိုင္ခဲ့ေသာေၾကာင့္ ဗိုလ္မင္း (Bohmong – King Of General)ဘြဲ႕ကို ရရွိခဲ့သည္။ ေမာင္ေစာျဖဴ ျဖစ္ၿပီး ၁၆၃၁ ခုႏွစ္ထိ စစ္တေကာင္းကို အုပ္ခ်ဳပ္ခဲ့သည္။ ထိုေဒသကို သားစဥ္ေျမးဆက္ အုပ္ခ်ဳပ္လာခဲ့ရာမွ ယခုေစာ္ဘြား ဦးေစာျဖဴ သည္ (၁၇) ဆက္ေျမာက္ နယ္စားေစာ္ဘြား ျဖစ္သည္။ သူတို႔၏ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ဥပေဒကို Chittagong Hill Tract Regulations, 1900 ျဖင့္ အတည္ျပဳေပးခဲ့သည္။

အဆိုပါ အုပ္ခ်ဳပ္ေရး ယႏၲရားအား အဆိုပါေဒသ အဂၤလိပ္လက္ေအာက္သို႔ ေရာက္ရွိစဥ္တြင္၎၊ ပါကိစၥတန္လက္ေအာက္ ေရာက္ရွိသည့္ အခ်ိန္တြင္၎၊ လက္ရွိ ဘဂၤလာေဒခ်႕္ ႏိုင္ငံ ျဖစ္လာေသာအခါတြင္ ၎ မဖ်က္ဆီးပစ္ဘဲ ထားရွိခဲ့သျဖင့္ ယခုအခ်ိန္ထိ အဆိုပါ ေဒသတြင္ ေရွ႕ကကဲ့သို႔ ဗိုလ္မင္း အုပ္ခ်ဳပ္ေရး ပုံစံ တည္ရွိေနျခင္း ျဖစ္သည္။အဆိုပါ ဗိုလ္မင္းမ်ားမွာ လက္ေအာက္ခံ နယ္စားပယ္စားမ်ား အဆင့္သာ ျဖစ္သျဖင့္ ဘိသိုက္ခံျခင္းႏွင့္ သရဖူေဆာင္းျခင္းမ်ားကို ျပဳလုပ္ခြင့္မရွိေၾကာင္း သိရသည္။

ဗိုလ္မင္းေထာင္နယ္သည္ ၂၀၆၄ စတုရန္းမိုင္ ၊ သက္ေထာင္နယ္သည္ စတုရန္းမိုင္ ၂၄၁၂ ၊ ဖလံေထာင္နယ္သည္ ၆၅၃ စတုရန္းမိုင္ က်ယ္ဝန္းသည္။ ဗိုလ္မင္းတစ္ဦးကြယ္လြန္လွ်င္ အႀကီးဆုံးသားမွ ဗိုလ္မင္းရာထူးကို ဆက္ခံရသည္။ ဗိုလ္မင္းမ်ားသည္ အဆိုပါ ေဒသအတြင္း ေနထိုင္ေသာ သက္၊ မာရာမာ( မာရာမာႀကီးမဟုတ္ပါ)၊ ရခိုင္၊ ထရိပူႏွင့္ အဆိုပါ ေဒသအတြင္း အေျခစိုက္ေနထိုင္သူ ဘဂၤလီ အမ်ိဳးသားမ်ားကို ေရွ႕႐ိုး ထုံးတန္းစီလာမ်ားႏွင့္ အညီ အုပ္ခ်ဳပ္ခြင့္ရမည္ ျဖစ္သည္။ ဗိုလ္မင္းအျဖစ္ ခန႔္အပ္ခံထားရသူမွာ အေဆာင္အေယာင္ျဖင့္ ေနထိုင္ခြင့္ရၿပီး၊ အခြန္ ေကာက္ပိုင္ခြင့္၊ တရားမ အမႈမ်ားကို စီရင္ပိုင္ခြင့္ မ်ား ရရွိသည္ဟု သိရသည္။

လက္ရွိ ဗိုလ္မင္းမ်ားမွာ ရခိုင္လူမ်ိဳးႏွင့္ ဘာသာ စာေပ ႐ိုးရာ ယဥ္ေက်းမူ အစဥ္အလာ ဓေလ့ထုံးစံမ်ား တူညီၾကေသာ္လည္း သူတို႔ကို သူတို႔ ရခိုင္အျဖစ္ မခံယူၾကဘဲ မာရမာ လူမ်ိဳး အျဖစ္ခံယူၾကသည္။အဆိုပါ မာရမာမ်ားမွာ ျမန္မာမွ ဆင္းသက္လာသူမ်ားဟု ခံယူၾကၿပီး ဘုရင့္ေနာင္၏ ေဆြေတာ္မ်ိဳးေတာ္မ်ား ျဖစ္သည္ဟု မာရမာ မွတ္တမ္းမွတ္ရာမ်ားတြင္ ေဖၚျပသည္။သို႔ေသာ္လည္း ႏိုင္ငံတကာ သမိုင္းပညာရွင္မ်ားႏွင့္ ရခိုင္သမိုင္းပညာရွင္မ်ားကမူ အဆိုပါ မာရမာမ်ားမွာ ျမန္မာက ဆင္းသက္လာသည္ကို ခိုင္မာေသာ သက္ေသ အေထာက္အထား တစုံတရာ မေတြ႕သျဖင့္ လက္မခံၾကေၾကာင္း သိရွိရသည္။

ယခု ဘဂၤလားေဒ့ရွ္ နယ္ေျမမ်ားမွာ ေရွးယခင္က ရခိုင္ျပည္နယ္၏ အစိတ္အပိုင္း ေဒသမ်ား ျဖစ္ခဲ့ၾကသည္။ ပထမ အဂၤလိပ္-ျမန္မာ စစ္ပြဲ ျဖစ္ပြားၿပီးေနာက္ပိုင္း အခ်ိန္အထိ နတ္ျမစ္ အေနာက္ဖက္ျခမ္း (ယခု ဘဂၤလားေဒ့ရွ္ နယ္ေျမ၊ ရာမူး ေခၚ ပန္းဝါေဒသ၊ ေကာ့ဘဇား ေခၚ ဖေလာင္းခ်ိတ္ ေဒသ၊ ရွာပူရီကြၽန္းေခၚ ရွင္မျဖဴကြၽန္း၊ စိန႔္မာတင္ကြၽန္း ေခၚ အုန္းကြၽန္း၊ တက္ကနပ္ဖ္ ေခၚ ကယုေခ်ာင္း ေဒသ၊ အစရွိသည္မ်ား) မွာ ရခိုင္ျပည္နယ္ ၏ အစိတ္အပိုင္း အျဖစ္ တည္ရွိေနခဲ့ေသးသည္။ ၁၉၃၇ အိႏၵိယ-ျမန္မာ နယ္နိမိတ္ ခြဲျခား သတ္မွတ္ ခ်ိန္တြင္မူ ေဖာ္ျပပါ နတ္ျမစ္ အေနာက္ဘက္ျခမ္း ေဒသမ်ားသည္ ရခိုင္ျပည္နယ္- နယ္ေျမ အျဖစ္မွ ပဲ့ထြက္ ဆုံးရႈံးသြားခဲ့ရသည္။

(Unicode)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဘုရင့်နောင်၏ မျိုးဆက်များ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း တောင်တန်းနယ်တွင် ရခိုင်ဘုရင်များ လက်ထက်က အိမ်ခြေပေါင်း တထောင်စီဖြင့် ဗိုလ်မင်းထောင် (Bohmong – Bandarban District)၊ သက်ထောင် (Chakma – Rangamati District) နှင့် ဖလံထောင် (Mong – Kahgrachhari District) ဟု ထောင်သုံးထောင် တည်ဆောက်ပေးခဲ့ပြီး ဗိုလ်မင်း တဦးစီကို အဆိုပါ ထောင်တထောင်ကို အပိုင်စား ပေးပြီး အုပ်ချုပ်ခွင့်ပြုခဲ့သည်။

ထိုဒေသတွင် အုပ်ချုပ်သူ ဗိုလ်မင်းအနွယ်များသည် ဘုရင့်နောင်မင်းကြီး၏ သားတော် နန္ဒဘုရင်မှ ဆင်းသက်လာသည့် အမျိုးအနွယ်များဟု သိရသည်။ ၁၅၉၉ခုနှစ်တွင် ရခိုင်ဘုရင်သည် ပဲခူးကိုတိုက်ခိုက်အောင်မြင်ပြီးနောက် နန္ဒဘုရင်၏ သမီးတော် မင်းသမီး ခင်နှောင်းနှင့် မောင်တော်စောဖြူတို့ကို ရခိုင်သို့ခေါင်ဆောင်ခဲ့သည်။ မင်းသမီးခင်နှောင်းအား မိဖုရားမြှောက်ပြီးနောက် မောင်တော်စောဖြူအား ထိုအချိန်က ရခိုင်လက်အောက်ခံ စစ်တကောင်းနယ်ကို အပိုင်စားပေးကာ အုပ်ချုပ်စေခဲ့သည်။

၁၆၁၄ တွင် မောင်စောဖြူသည် ထိုဒေသကို ဝင်ရောက်ကျူးကျော်သော ပေါ်တူဂီများကို တိုက်ထုတ်နိုင်ခဲ့သောကြောင့် ဗိုလ်မင်း (Bohmong – King Of General)ဘွဲ့ကို ရရှိခဲ့သည်။ မောင်စောဖြူ ဖြစ်ပြီး ၁၆၃၁ ခုနှစ်ထိ စစ်တကောင်းကို အုပ်ချုပ်ခဲ့သည်။ ထိုဒေသကို သားစဉ်မြေးဆက် အုပ်ချုပ်လာခဲ့ရာမှ ယခုစော်ဘွား ဦးစောဖြူ သည် (၁၇) ဆက်မြောက် နယ်စားစော်ဘွား ဖြစ်သည်။ သူတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဥပဒေကို Chittagong Hill Tract Regulations, 1900 ဖြင့် အတည်ပြုပေးခဲ့သည်။

အဆိုပါ အုပ်ချုပ်ရေး ယန္တရားအား အဆိုပါဒေသ အင်္ဂလိပ်လက်အောက်သို့ ရောက်ရှိစဉ်တွင်၎င်း၊ ပါကိစ္စတန်လက်အောက် ရောက်ရှိသည့် အချိန်တွင်၎င်း၊ လက်ရှိ ဘင်္ဂလာဒေချ့် နိုင်ငံ ဖြစ်လာသောအခါတွင် ၎င်း မဖျက်ဆီးပစ်ဘဲ ထားရှိခဲ့သဖြင့် ယခုအချိန်ထိ အဆိုပါ ဒေသတွင် ရှေ့ကကဲ့သို့ ဗိုလ်မင်း အုပ်ချုပ်ရေး ပုံစံ တည်ရှိနေခြင်း ဖြစ်သည်။အဆိုပါ ဗိုလ်မင်းများမှာ လက်အောက်ခံ နယ်စားပယ်စားများ အဆင့်သာ ဖြစ်သဖြင့် ဘိသိုက်ခံခြင်းနှင့် သရဖူဆောင်းခြင်းများကို ပြုလုပ်ခွင့်မရှိကြောင်း သိရသည်။

ဗိုလ်မင်းထောင်နယ်သည် ၂၀၆၄ စတုရန်းမိုင် ၊ သက်ထောင်နယ်သည် စတုရန်းမိုင် ၂၄၁၂ ၊ ဖလံထောင်နယ်သည် ၆၅၃ စတုရန်းမိုင် ကျယ်ဝန်းသည်။ ဗိုလ်မင်းတစ်ဦးကွယ်လွန်လျှင် အကြီးဆုံးသားမှ ဗိုလ်မင်းရာထူးကို ဆက်ခံရသည်။ ဗိုလ်မင်းများသည် အဆိုပါ ဒေသအတွင်း နေထိုင်သော သက်၊ မာရာမာ( မာရာမာကြီးမဟုတ်ပါ)၊ ရခိုင်၊ ထရိပူနှင့် အဆိုပါ ဒေသအတွင်း အခြေစိုက်နေထိုင်သူ ဘင်္ဂလီ အမျိုးသားများကို ရှေ့ရိုး ထုံးတန်းစီလာများနှင့် အညီ အုပ်ချုပ်ခွင့်ရမည် ဖြစ်သည်။ ဗိုလ်မင်းအဖြစ် ခန့်အပ်ခံထားရသူမှာ အဆောင်အယောင်ဖြင့် နေထိုင်ခွင့်ရပြီး၊ အခွန် ကောက်ပိုင်ခွင့်၊ တရားမ အမှုများကို စီရင်ပိုင်ခွင့် များ ရရှိသည်ဟု သိရသည်။

လက်ရှိ ဗိုလ်မင်းများမှာ ရခိုင်လူမျိုးနှင့် ဘာသာ စာပေ ရိုးရာ ယဉ်ကျေးမူ အစဉ်အလာ ဓလေ့ထုံးစံများ တူညီကြသော်လည်း သူတို့ကို သူတို့ ရခိုင်အဖြစ် မခံယူကြဘဲ မာရမာ လူမျိုး အဖြစ်ခံယူကြသည်။အဆိုပါ မာရမာများမှာ မြန်မာမှ ဆင်းသက်လာသူများဟု ခံယူကြပြီး ဘုရင့်နောင်၏ ဆွေတော်မျိုးတော်များ ဖြစ်သည်ဟု မာရမာ မှတ်တမ်းမှတ်ရာများတွင် ဖေါ်ပြသည်။သို့သော်လည်း နိုင်ငံတကာ သမိုင်းပညာရှင်များနှင့် ရခိုင်သမိုင်းပညာရှင်များကမူ အဆိုပါ မာရမာများမှာ မြန်မာက ဆင်းသက်လာသည်ကို ခိုင်မာသော သက်သေ အထောက်အထား တစုံတရာ မတွေ့သဖြင့် လက်မခံကြကြောင်း သိရှိရသည်။

ယခု ဘင်္ဂလားဒေ့ရှ် နယ်မြေများမှာ ရှေးယခင်က ရခိုင်ပြည်နယ်၏ အစိတ်အပိုင်း ဒေသများ ဖြစ်ခဲ့ကြသည်။ ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်း အချိန်အထိ နတ်မြစ် အနောက်ဖက်ခြမ်း (ယခု ဘင်္ဂလားဒေ့ရှ် နယ်မြေ၊ ရာမူး ခေါ် ပန်းဝါဒေသ၊ ကော့ဘဇား ခေါ် ဖလောင်းချိတ် ဒေသ၊ ရှာပူရီကျွန်းခေါ် ရှင်မဖြူကျွန်း၊ စိန့်မာတင်ကျွန်း ခေါ် အုန်းကျွန်း၊ တက်ကနပ်ဖ် ခေါ် ကယုချောင်း ဒေသ၊ အစရှိသည်များ) မှာ ရခိုင်ပြည်နယ် ၏ အစိတ်အပိုင်း အဖြစ် တည်ရှိနေခဲ့သေးသည်။ ၁၉၃၇ အိန္ဒိယ-မြန်မာ နယ်နိမိတ် ခွဲခြား သတ်မှတ် ချိန်တွင်မူ ဖော်ပြပါ နတ်မြစ် အနောက်ဘက်ခြမ်း ဒေသများသည် ရခိုင်ပြည်နယ်- နယ်မြေ အဖြစ်မှ ပဲ့ထွက် ဆုံးရှုံးသွားခဲ့ရသည်။

Bni Multimedia group

Wikipedia

Ko Nway Oo Maung

Thutazone

Leave a Reply

Your email address will not be published. Required fields are marked *