Posted on

အိႏၵိယႏိုင္ငံရွိမက္ဒ္ယာပရာေဒရွ္ျပည္နယ္သည္မိုးေခါင္သျဖင့္ဖားႏွစ္ေကာင္ကိုၿပီးခဲ့သည့္ႏွစ္လကေပးစားခဲ့ၿပီးယခုအခါေရႀကီးေနေသာေၾကာင့္ထိုဖားႏွစ္ေကာင္ကိုကြာရွင္းေပးလိုက္ၿပီးျဖစ္သည္။ဟိႏၵဴမိုးနတ္မင္းေက်နပ္ေစရန္အလိုငွာေဒသခံဘာသာေရးအဖြဲ႕တစ္ခုကဖားအထီးႏွင့္အမကိုဇူလိုင္လ၁၉ရက္ကလက္ထပ္ပြဲလုပ္ေပးၿပီးထိမ္းျမားေပးလိုက္ျခင္းျဖစ္သည္။

သို႔ေသာ္လည္းယခုအခါေရႀကီးေနေသာေၾကာင့္ထိုႏွစ္ေကာင္ကိုကြာရွင္းေပးလိုက္ရန္ဆုံးျဖတ္လိုက္သည္။ထိုေဒသတြင္မိုးအလြန္ႀကီးေနၿပီး၁၃ႏွစ္အတြင္းမိုးေရခ်ိန္အျမင့္ဆုံးျဖစ္ေနသည့္အတြက္ေဒသခံမ်ားကမိုးရပ္သြားရန္လိုလားေနက်ပါသည္။ထိုေၾကာင့္ေဒသခံမ်ားကမိုးဒဏ္သက္သာရန္အလိုငွာဘာသာေရးအဖြဲ႕ကဖားႏွစ္ေကာင္ကိုကြာရွင္းေပးခဲ့ျခင္းျဖစ္သည္။

ဖားႏွစ္ေကာင္၏ကြာရွင္းပြဲကိုဘုရားေက်ာင္းတစ္ခုတြင္အခမ္းအနားျဖင့္လုပ္ေပးခဲ့ျခင္းျဖစ္သည္။သို႔ေသာ္မိုးေရခ်ိန္ေလ်ာ့သြားျခင္းမရွိပဲုလာမည့္ေလးရက္အထိဆက္ေကာင္းေနမည္ဟုမိုးေလဝသအဖြဲ႕ကဆိုပါတယ္။ဖားႏွစ္ေကာင္ကိုေပးစားလိုက္၊ကြာရွင္းလိုက္လုပ္ေနသည့္သတင္းမွာအင္တာနက္စာမ်က္ႏွာမ်ားတြင္ေတာ္ေတာ္ေလးဂရက္႐ိုက္လွ်က္ရွိၿပီးလူစိတ္ဝင္စားမႈ႕အမ်ားဆုံးသတင္းတစ္ပုဒ္ျဖစ္ေနပါသည္။

သည့္ကိစၥကိုသင္တို႔လည္းဘယ္လိုျမင္ပါသလဲပရိပ္သတ္ႀကီးေရ၊သူ႔ဘာသာေနတဲ့ဖားႏွစ္ေကာင္ကိုအတင္းခ်စ္ခိုင္းၿပီးမွအေဝးကိုခြဲခြာလိုက္ျခင္းကေတာ့ စာေရးသူသာဖားကေလးေနရာမွာဆိုလွ်င္”ခ်စ္ျခင္းကိုမခြဲပါနဲ႔ ခ်စ္ျခင္းကိုမခြဲပါနဲ႔”ဆိုၿပီးေအာ္ငိုေနမိမွာအမွန္ပါပဲေနာ္။

အိန္ဒိယနိုင်ငံရှိမက်ဒ်ယာပရာဒေရှ်ပြည်နယ်သည်မိုးခေါင်သဖြင့်ဖားနှစ်ကောင်ကိုပြီးခဲ့သည့်နှစ်လကပေးစားခဲ့ပြီးယခုအခါရေကြီးနေသောကြောင့်ထိုဖားနှစ်ကောင်ကိုကွာရှင်းပေးလိုက်ပြီးဖြစ်သည်။ဟိန္ဒူမိုးနတ်မင်းကျေနပ်စေရန်အလိုငှာဒေသခံဘာသာရေးအဖွဲ့တစ်ခုကဖားအထီးနှင့်အမကိုဇူလိုင်လ၁၉ရက်ကလက်ထပ်ပွဲလုပ်ပေးပြီးထိမ်းမြားပေးလိုက်ခြင်းဖြစ်သည်။

သို့သော်လည်းယခုအခါရေကြီးနေသောကြောင့်ထိုနှစ်ကောင်ကိုကွာရှင်းပေးလိုက်ရန်ဆုံးဖြတ်လိုက်သည်။ထိုဒေသတွင်မိုးအလွန်ကြီးနေပြီး၁၃နှစ်အတွင်းမိုးရေချိန်အမြင့်ဆုံးဖြစ်နေသည့်အတွက်ဒေသခံများကမိုးရပ်သွားရန်လိုလားနေကျပါသည်။ထိုကြောင့်ဒေသခံများကမိုးဒဏ်သက်သာရန်အလိုငှာဘာသာရေးအဖွဲ့ကဖားနှစ်ကောင်ကိုကွာရှင်းပေးခဲ့ခြင်းဖြစ်သည်။

ဖားနှစ်ကောင်၏ကွာရှင်းပွဲကိုဘုရားကျောင်းတစ်ခုတွင်အခမ်းအနားဖြင့်လုပ်ပေးခဲ့ခြင်းဖြစ်သည်။သို့သော်မိုးရေချိန်လျော့သွားခြင်းမရှိပဲုလာမည့်လေးရက်အထိဆက်ကောင်းနေမည်ဟုမိုးလေဝသအဖွဲ့ကဆိုပါတယ်။ဖားနှစ်ကောင်ကိုပေးစားလိုက်၊ကွာရှင်းလိုက်လုပ်နေသည့်သတင်းမှာအင်တာနက်စာမျက်နှာများတွင်တော်တော်လေးဂရက်ရိုက်လျှက်ရှိပြီးလူစိတ်ဝင်စားမှု့အများဆုံးသတင်းတစ်ပုဒ်ဖြစ်နေပါသည်။

သည့်ကိစ္စကိုသင်တို့လည်းဘယ်လိုမြင်ပါသလဲပရိပ်သတ်ကြီးရေ၊သူ့ဘာသာနေတဲ့ဖားနှစ်ကောင်ကိုအတင်းချစ်ခိုင်းပြီးမှအဝေးကိုခွဲခွာလိုက်ခြင်းကတော့ စာရေးသူသာဖားကလေးနေရာမှာဆိုလျှင်”ချစ်ခြင်းကိုမခွဲပါနဲ့ ချစ်ခြင်းကိုမခွဲပါနဲ့”ဆိုပြီးအော်ငိုနေမိမှာအမှန်ပါပဲနော်။

Leave a Reply

Your email address will not be published. Required fields are marked *