Posted on

(Zawgyi)

ဆင္တုပ္ေကြးနဲ႔ပတ္သက္ျပီး ဒါေတြသိထားျပီးျပီလား………

မိုးရာသီက စိုက္ပ်ိဳးေရးကို အဓိကအားထားရတဲ့ ျမန္မာႏိုင္ငံအတြက္ အေရးပါတယ္ဆိုေပမယ့္ ေကာင္းက်ိဳးနဲ႔ ဆိုးျပစ္ကဒြန္တြဲေနပါတယ္။ မိုးဖြဲဖြဲေလးက ရွင္သန္ႏိုးထမႈကိုမ်ားစြာကိုျဖစ္ေစပါတယ္။ မိုးေရနဲ႔အတူ သစ္ပင္ပန္းမန္ေတြႏိုးထလာသလို စိုက္ခင္းေလးေတြလည္း အသက္ဝင္လာတယ္ေလ။ ဒါတင္ပဲမဟုတ္ပါဘူး။ ေအးျမတဲ့ရာသီဥတုနဲ႔အတူ ႏိုးထလာတဲ့အထဲမွာ တုပ္ေကြးဗိုင္းရပ္စ္လည္းပါတယ္ေနာ္။ အရာရာတိုင္းမွာ အေကာင္းနဲ႔အဆိုးက ဒြန္တြဲေနျမဲကိုး။
ယခုႏွစ္မိုးနဲ႔အတူနိုးထလာခဲ့တဲ့တုပ္ေကြးေတြကဘာေတြမ်ားလဲ………..

ဇြန္လရဲ႕ မိုးစက္ေတြနဲ႔အတူ ႏိုးထလာခဲ့တဲ့ တုပ္ေကြးေတြက တစ္ခုမကရွိေနပါတယ္။ ဒါေတြကေတာ့

ရာသီတုပ္ေကြး (H1N1)

ဆင္တုပ္ေကြး (Chikungunya)

ေသြးလြန္တုပ္ေကြး (Dengue Fever) တို႔ေပါ့။ အခုေလာေလာဆယ္ေတာ့ ဒီတုပ္ေကြး ၃ မ်ိဳးက အျဖစ္အမ်ားဆံုးပါ။

ဆင္တုပ္ေကြးနဲ႔ပတ္သက္ျပီး သင္ဘယ္ေလာက္သိထားလဲ……….

အခုတေလာအျဖစ္မ်ားေနတဲ့ တုပ္ေကြးတစ္မ်ိဳးက ဆင္တုပ္ေကြးပါ။ ဒီတုပ္ေကြးနဲ႔ပတ္သက္လို႔ Hello ဆရာဝန္ပရိသတ္ၾကီးေရာ ဘယ္ေလာက္ထိသိထားျပီးျပီလဲ ဆိုတာ ဒီေဆာင္းပါေလး ဖတ္ရင္းဆန္းစစ္ၾကည့္ရေအာင္လား။

ဆင္တုပ္ေကြးက လူအခ်င္းခ်င္းကူးႏိုင္လား…….

ဆင္တုပ္ေကြးက လူတစ္ေယာက္ကေနတစ္ေယာက္ကို ကိုင္တြယ္ထိေတြ႔မိရံု၊ နီးနီးကပ္ကပ္ေနရံုနဲ႔ မကူးစက္ႏိုင္ပါဘူး။ ဆင္တုပ္ေကြးရဲ႕ ထူးျခားခ်က္က ေရာဂါပိုးရွိတဲ့ လူကို ကိုက္ထားတဲ့ ျခင္ကိုက္ခံရမွ ဆင္တုပ္ေကြးေရာဂါပိုး ကူးစက္ႏို္င္တာပါ။

ဒီႏွစ္အတြက္ တုပ္ေကြးကာကြယ္ေဆးထိုးထားတယ္၊ လံုေလာက္ျပီလား……

ႏွစ္စဉ္တုပ္ေကြးကာကြယ္ေဆးထိုးတာက ေကာင္းမြန္တဲ့ က်န္းမာေရးေစာင့္ေရွာက္မႈတစ္ရပ္ပါ။ ဒါေပမယ့္ဒီေနရာမွာ သိထားဖို႔လိုတာက တုပ္ေကြးကာကြယ္ေဆးက ရာသီတုပ္ေကြးကိုသာ ကာကြယ္ႏိုင္တာျဖစ္ျပီး ဆင္တုပ္ေကြးကို မကာကြယ္ႏိုင္ဘူးဆိုတာပါ။

ဆင္တုပ္ေကြး ကာကြယ္ေဆးရွိလား……..

လက္ရွိအခ်ိန္ကာလအထိ ဆင္တုပ္ေကြးကာကြယ္ေဆး မထုတ္လုပ္ႏိုင္ေသးပါဘူး။ ဆင္တုပ္ေကြးကို ျဖစ္လာမွပဲ ကုသလို႔ရမွာပါ။

ဆင္တုပ္ေကြးက အျခားတုပ္ေကြးေတြလိုပဲ လကၡဏာျပတတ္လား…..

ဟုတ္ကဲ့လို႔ေျပာပါရေစ။ ေရာဂါတိုင္းက လကၡဏာတစ္ခုေလာက္ေတာ့ အနည္းဆံုးျပတတ္စျမဲပါ။ ဆင္တုပ္ေကြး စျဖစ္ျဖစ္ခ်င္းမွာ ကိုယ္ပူမယ္။ အဆစ္အျမစ္ေတြကိုက္ခဲမယ္။ ေနာက္ပိုင္းရက္ေတြမွာ ခႏၶာကိုယ္မွာ အားမရွိသလိုျဖစ္ျပီး ႏံုးတာ၊ ၾကြက္သားေတြနာက်င္လာတာ၊ ေခါင္းကိုက္တာနဲ႔ အေရျပားမွာ အနီေရာင္အကြက္ေတြျဖစ္တာမ်ိဳးေတြျဖစ္လာႏိုင္ပါတယ္။

ဆင္တုပ္ေကြးျဖစ္လာရင္ ေဆးေသာက္လိုက္ရင္ ေပ်ာက္ေရာလား……..

ဆင္တုပ္ေကြးက ဗိုင္းရပ္စ္ေၾကာင့္ျဖစ္တာပါ။ ဒါေၾကာင့္ ပဋိဇီဝေဆးေတြေသာက္လို႔ အဆင္မေျပႏိုင္ပါဘူး။ အဖ်ား က ၃ ရက္ကေန ၁၀ ရက္အထိၾကာျမင့္ႏိုင္ျပီး လိုအပ္တဲ့ ကုသမႈခံယူလို႔ ျပည့္ျပည့္ဝဝအနားယူတာလိုမ်ိဳး ဂရုစိုက္ဖို႔လိုပါမယ္။ ေရမ်ားမ်ားေသာက္ဖို႔လည္း မေမ့သင့္ပါဘူး။

ေရာဂါကူးစက္ခံရျပီး ဘယ္အခ်ိန္မွာ ေရာဂါလကၡဏာေပၚလာႏိုင္လဲ…….

ဆင္တုပ္ေကြးေရာဂါ ကူးစက္ခံရျပီး ၂ ရက္ကေန ၇ ရက္အတြင္းမွာ ေရာဂါလကၡဏာေတြေပၚလာႏိုင္ပါတယ္။ ကိုယ္ပူတာ၊ေခါင္းကိုက္တာ၊ အေရျပားမွာ အနီေရာင္အကြက္ေတြျဖစ္တာ၊ အဆစ္အျမစ္ေတြကိုက္ခဲတာကေနစလို႔ ခႏၶာကိုယ္မွာ ပင္ပန္းႏံုးခ်ိတာေတြအထိ အမ်ိဳးမ်ိဳးခံစားရႏိုင္ပါတယ္။

ဆင္တုပ္ေကြးက အသက္အႏၱရာယ္ရွိလား…….

ဆင္တုပ္ေကြးက ခံစားရခက္ေပမယ့္ အသက္အႏၱရာယ္ေတာ့ မရွိပါဘူး။ ဆင္တုပ္ေကြးေၾကာင့္ျဖစ္တဲ့ အဆစ္အျမစ္ေတြ နာက်င္ကိုက္ခဲမႈကို လနဲ႔ခ်ီျပီးခံစားရတာ တစ္ခါတေလမွာ ႏွစ္နဲ႔ခ်ီျပီး ခံစားရတာရွိႏိုင္ေပမယ့္ ဆင္တုပ္ေကြးေၾကာင့္ အသက္ေသဆံုးတာမ်ိဳးကေတာ့ ျဖစ္ခဲပါတယ္။

ဆင္တုပ္ေကြးကိုကာကြယ္ႏိုင္မယ့္ အထိေရာက္ဆံုးနည္းလမး္ကဘာလဲ……

ဆင္တုပ္ေကြးကို ကာကြယ္ဖို႔ အထိေရာက္ဆံုးနည္းလမး္က ျခင္ကိုက္မခံရေအာင္ကာကြယ္တာပါပဲ။ ဒါေၾကာင့္ ေနအိမ္ပတ္ဝန္းက်င္ကို သန္႔ရွင္းျပီး ေလဝင္ေလထြက္နဲ႔ အလင္းေရာင္ေကာင္းေအာင္ထားေပးပါ။ ဖံုး၊သြန္၊လဲ၊စစ္လုပ္ဖို႔ မေမ့ပါနဲ႔။

ဘယ္သူေတြမွာပိုျပင္းထန္ႏိုင္လဲ………

ဆင္တုပ္ေကြးက ဒီလိုအေျခအေနေတြမွာ ပိုျပင္းထန္ႏိုင္ပါတယ္။

ေမြးကင္းစကေလးငယ္ေတြ

အသက္ ၆၅ ႏွစ္အထက္ ဖိုးဖိုးဖြားဖြားေတြ

ဆီးခ်ိဳေရာဂါရွိသူေတြ

ေသြးတိုးေရာဂါခံစားေနရသူေတြ

ႏွလံုးေရာဂါခံစားေနရသူေတြ နဲ႔

နာတာရွည္ေရာဂါတစ္ခုခုခံစားေနရသူေတြမွာ ဆင္တုပ္ေကြးက ပိုဆိုးႏိုင္ပါတယ္။

(Unicode)

ဆင်တုပ်ကွေးနဲ့ပတ်သက်ပြီး ဒါတွေသိထားပြီးပြီလား………

မိုးရာသီက စိုက်ပျိုးရေးကို အဓိကအားထားရတဲ့ မြန်မာနိုင်ငံအတွက် အရေးပါတယ်ဆိုပေမယ့် ကောင်းကျိုးနဲ့ ဆိုးပြစ်ကဒွန်တွဲနေပါတယ်။ မိုးဖွဲဖွဲလေးက ရှင်သန်နိုးထမှုကိုများစွာကိုဖြစ်စေပါတယ်။ မိုးရေနဲ့အတူ သစ်ပင်ပန်းမန်တွေနိုးထလာသလို စိုက်ခင်းလေးတွေလည်း အသက်ဝင်လာတယ်လေ။ ဒါတင်ပဲမဟုတ်ပါဘူး။ အေးမြတဲ့ရာသီဥတုနဲ့အတူ နိုးထလာတဲ့အထဲမှာ တုပ်ကွေးဗိုင်းရပ်စ်လည်းပါတယ်နော်။ အရာရာတိုင်းမှာ အကောင်းနဲ့အဆိုးက ဒွန်တွဲနေမြဲကိုး။
ယခုနှစ်မိုးနဲ့အတူနိုးထလာခဲ့တဲ့တုပ်ကွေးတွေကဘာတွေများလဲ………..

ဇွန်လရဲ့ မိုးစက်တွေနဲ့အတူ နိုးထလာခဲ့တဲ့ တုပ်ကွေးတွေက တစ်ခုမကရှိနေပါတယ်။ ဒါတွေကတော့

ရာသီတုပ်ကွေး (H1N1)

ဆင်တုပ်ကွေး (Chikungunya)

သွေးလွန်တုပ်ကွေး (Dengue Fever) တို့ပေါ့။ အခုလောလောဆယ်တော့ ဒီတုပ်ကွေး ၃ မျိုးက အဖြစ်အများဆုံးပါ။

ဆင်တုပ်ကွေးနဲ့ပတ်သက်ပြီး သင်ဘယ်လောက်သိထားလဲ……….

အခုတလောအဖြစ်များနေတဲ့ တုပ်ကွေးတစ်မျိုးက ဆင်တုပ်ကွေးပါ။ ဒီတုပ်ကွေးနဲ့ပတ်သက်လို့ Hello ဆရာဝန်ပရိသတ်ကြီးရော ဘယ်လောက်ထိသိထားပြီးပြီလဲ ဆိုတာ ဒီဆောင်းပါလေး ဖတ်ရင်းဆန်းစစ်ကြည့်ရအောင်လား။

ဆင်တုပ်ကွေးက လူအချင်းချင်းကူးနိုင်လား…….

ဆင်တုပ်ကွေးက လူတစ်ယောက်ကနေတစ်ယောက်ကို ကိုင်တွယ်ထိတွေ့မိရုံ၊ နီးနီးကပ်ကပ်နေရုံနဲ့ မကူးစက်နိုင်ပါဘူး။ ဆင်တုပ်ကွေးရဲ့ ထူးခြားချက်က ရောဂါပိုးရှိတဲ့ လူကို ကိုက်ထားတဲ့ ခြင်ကိုက်ခံရမှ ဆင်တုပ်ကွေးရောဂါပိုး ကူးစက်နိုင်တာပါ။

ဒီနှစ်အတွက် တုပ်ကွေးကာကွယ်ဆေးထိုးထားတယ်၊ လုံလောက်ပြီလား……

နှစ်စဉ်တုပ်ကွေးကာကွယ်ဆေးထိုးတာက ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတစ်ရပ်ပါ။ ဒါပေမယ့်ဒီနေရာမှာ သိထားဖို့လိုတာက တုပ်ကွေးကာကွယ်ဆေးက ရာသီတုပ်ကွေးကိုသာ ကာကွယ်နိုင်တာဖြစ်ပြီး ဆင်တုပ်ကွေးကို မကာကွယ်နိုင်ဘူးဆိုတာပါ။

ဆင်တုပ်ကွေး ကာကွယ်ဆေးရှိလား……..

လက်ရှိအချိန်ကာလအထိ ဆင်တုပ်ကွေးကာကွယ်ဆေး မထုတ်လုပ်နိုင်သေးပါဘူး။ ဆင်တုပ်ကွေးကို ဖြစ်လာမှပဲ ကုသလို့ရမှာပါ။

ဆင်တုပ်ကွေးက အခြားတုပ်ကွေးတွေလိုပဲ လက္ခဏာပြတတ်လား…..

ဟုတ်ကဲ့လို့ပြောပါရစေ။ ရောဂါတိုင်းက လက္ခဏာတစ်ခုလောက်တော့ အနည်းဆုံးပြတတ်စမြဲပါ။ ဆင်တုပ်ကွေး စဖြစ်ဖြစ်ချင်းမှာ ကိုယ်ပူမယ်။ အဆစ်အမြစ်တွေကိုက်ခဲမယ်။ နောက်ပိုင်းရက်တွေမှာ ခန္ဓာကိုယ်မှာ အားမရှိသလိုဖြစ်ပြီး နုံးတာ၊ ကြွက်သားတွေနာကျင်လာတာ၊ ခေါင်းကိုက်တာနဲ့ အရေပြားမှာ အနီရောင်အကွက်တွေဖြစ်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။

ဆင်တုပ်ကွေးဖြစ်လာရင် ဆေးသောက်လိုက်ရင် ပျောက်ရောလား……..

ဆင်တုပ်ကွေးက ဗိုင်းရပ်စ်ကြောင့်ဖြစ်တာပါ။ ဒါကြောင့် ပဋိဇီဝဆေးတွေသောက်လို့ အဆင်မပြေနိုင်ပါဘူး။ အဖျား က ၃ ရက်ကနေ ၁၀ ရက်အထိကြာမြင့်နိုင်ပြီး လိုအပ်တဲ့ ကုသမှုခံယူလို့ ပြည့်ပြည့်ဝဝအနားယူတာလိုမျိုး ဂရုစိုက်ဖို့လိုပါမယ်။ ရေများများသောက်ဖို့လည်း မမေ့သင့်ပါဘူး။

ရောဂါကူးစက်ခံရပြီး ဘယ်အချိန်မှာ ရောဂါလက္ခဏာပေါ်လာနိုင်လဲ…….

ဆင်တုပ်ကွေးရောဂါ ကူးစက်ခံရပြီး ၂ ရက်ကနေ ၇ ရက်အတွင်းမှာ ရောဂါလက္ခဏာတွေပေါ်လာနိုင်ပါတယ်။ ကိုယ်ပူတာ၊ခေါင်းကိုက်တာ၊ အရေပြားမှာ အနီရောင်အကွက်တွေဖြစ်တာ၊ အဆစ်အမြစ်တွေကိုက်ခဲတာကနေစလို့ ခန္ဓာကိုယ်မှာ ပင်ပန်းနုံးချိတာတွေအထိ အမျိုးမျိုးခံစားရနိုင်ပါတယ်။

ဆင်တုပ်ကွေးက အသက်အန္တရာယ်ရှိလား…….

ဆင်တုပ်ကွေးက ခံစားရခက်ပေမယ့် အသက်အန္တရာယ်တော့ မရှိပါဘူး။ ဆင်တုပ်ကွေးကြောင့်ဖြစ်တဲ့ အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲမှုကို လနဲ့ချီပြီးခံစားရတာ တစ်ခါတလေမှာ နှစ်နဲ့ချီပြီး ခံစားရတာရှိနိုင်ပေမယ့် ဆင်တုပ်ကွေးကြောင့် အသက်သေဆုံးတာမျိုးကတော့ ဖြစ်ခဲပါတယ်။

ဆင်တုပ်ကွေးကိုကာကွယ်နိုင်မယ့် အထိရောက်ဆုံးနည်းလမ်းကဘာလဲ……

ဆင်တုပ်ကွေးကို ကာကွယ်ဖို့ အထိရောက်ဆုံးနည်းလမ်းက ခြင်ကိုက်မခံရအောင်ကာကွယ်တာပါပဲ။ ဒါကြောင့် နေအိမ်ပတ်ဝန်းကျင်ကို သန့်ရှင်းပြီး လေဝင်လေထွက်နဲ့ အလင်းရောင်ကောင်းအောင်ထားပေးပါ။ ဖုံး၊သွန်၊လဲ၊စစ်လုပ်ဖို့ မမေ့ပါနဲ့။

ဘယ်သူတွေမှာပိုပြင်းထန်နိုင်လဲ………

ဆင်တုပ်ကွေးက ဒီလိုအခြေအနေတွေမှာ ပိုပြင်းထန်နိုင်ပါတယ်။

မွေးကင်းစကလေးငယ်တွေ

အသက် ၆၅ နှစ်အထက် ဖိုးဖိုးဖွားဖွားတွေ

ဆီးချိုရောဂါရှိသူတွေ

သွေးတိုးရောဂါခံစားနေရသူတွေ

နှလုံးရောဂါခံစားနေရသူတွေ နဲ့

နာတာရှည်ရောဂါတစ်ခုခုခံစားနေရသူတွေမှာ ဆင်တုပ်ကွေးက ပိုဆိုးနိုင်ပါတယ်။

Hello Health Group

Leave a Reply

Your email address will not be published. Required fields are marked *