Posted on

(Zawgyi)

ကြန္ဂရက္ က်ဴေလးရွင္းပါ… လူပ်ိဳႀကီး သစ္ပုပ္ပင္…

လြန္ခဲ့ေသာ ၁၁ ႏွစ္၏ ေမလဆန္းပိုင္းတြင္ ‘နာဂစ္’ ဟူေသာ ဆိုင္ကလုန္း မုန္တိုင္းႀကီးတစ္ခု ျမန္မာႏိုင္ငံအေနာက္ေတာင္ပိုင္းမွ သိန္းေပါင္းမ်ားစြာေသာ ျပည္သူတို႔၏ဘဝကိုဖ်က္ဆီးရန္ ဝင္ေရာက္ခဲ့သည္ကို မွတ္မိၾကဦးမည္ ထင္ပါသည္။

ထို ‘နာဂစ္’ မုန္တိုင္းႀကီးက ဧရာဝတီတိုင္းကို ျဖတ္ေက်ာ္ကာ ရန္ကုန္သို႔ အလုံးအရင္းဝင္ခဲ့ၿပီး ေနာက္ရက္တြင္ ေက်ာင္းသူ၊ ေက်ာင္းသားအပါအဝင္ လူအမ်ားစု ရန္ကုန္တကၠသိုလ္ထဲက သစ္ပင္တစ္ပင္ရွိရာသို႔ စိုးရိမ္ပူပန္ေသာ မ်က္လုံးမ်ားကိုယ္စီျဖင့္ အေျပးအလႊား လာေရာက္ၾကည့္ရႈခဲ့ၾကသည္။ ထိုကဲ့သို႔ လူအမ်ား၏ ခ်စ္ခင္ပူပန္မႈခံရေသာ ထိုသစ္ပင္သည္ ရန္ကုန္တကၠသိုလ္ပရိဝုဏ္ထဲတြင္ တစ္ပင္တည္းရွိၿပီး အဖိုးမျဖတ္ႏိုင္စရာ တန္ဖိုးအနဂၢမ်ားစြာ ရွိေနသည့္ အပင္။ ထိုသစ္ပင္ကား သစ္ပုပ္ပင္။

ထိုစဥ္က ရန္ကုန္ၿမိဳ႕တြင္းရွိ သက္တမ္းရင့္သစ္ပင္ႀကီးမ်ားအားလုံးနီးပါး ‘နာဂစ္’ ဆိုင္ကလုန္းမုန္တိုင္း၏ ေလျပင္းဒဏ္ေၾကာင့္ အတုံးအ႐ုံးလဲၿပိဳခဲ့ ေသာ္လည္း သစ္ပုပ္ပင္သည္ ေျမေပၚတြင္မားမားမတ္မတ္ ရပ္တည္ေနႏိုင္ခဲ့သည္။ တကယ္ေတာ့ ထိုအခ်ိန္က သစ္ပုပ္ပင္ႀကီး တစ္ႏွစ္ပတ္လုံးၿခဳံလာခဲ့သည့္ ျမကမၺလာ ဝတ္႐ုံေဟာင္းကိုခြာၿပီး သစ္ကိုင္းမ်ား သစ္႐ြက္မဲ့ (လုံးတီးျဖစ္)ေနေသာ အခ်ိန္ပင္။

ထို႔ေၾကာင့္ပင္ ေလဒဏ္ကိုအံတုၿပီး မၿပိဳလဲျခင္းျဖစ္သည္ဟု အခ်ိဳ႕က ဆိုၾကသည္။ ရန္ကုန္ၿမိဳ႕ႀကီးကို ေစာင့္ေရွာက္ေနသည့္ ရန္ကုန္ဘိုးဘိုးႀကီး သစ္ပုပ္ပင္တြင္ စိုးစံေနေသာေၾကာင့္ ေဘးဒဏ္မသင့္ခဲ့ျခင္းျဖစ္သည္ဟူ၍လည္း ယုံၾကည္သူက ယုံၾကည္ခဲ့ၾကသည္။ အခ်ိဳ႕ကလည္း သစ္ပင္ေအာက္ေျခအျမစ္ႏွင့္ ပင္စည္ေခါင္းေပါက္ၾကားထဲ အဂၤေတသြန္းေလာင္းၿပီး က်ားကန္ထားေသာေၾကာင့္ မယိုင္လဲျခင္းျဖစ္သည္ဟု ထင္ျမင္ခ်က္ေပးၾကသည္။

မည္သူက မည္သို႔ပင္ဆိုဆို သစ္ပုပ္ပင္ႀကီး လဲၿပိဳမသြားသည့္အတြက္ ေၾကာင့္ စိုးရိမ္ပူပန္သူအားလုံး စိတ္သက္သာရာရခဲ့ၾကသည္။ ‘ေလာကဓံ မုန္တိုင္းၾကားတြင္ ႀကံ့ႀကံ့ခံရင္ဆိုင္ျခင္း’ ဟူေသာ ေလာကနိယာမ သင္ခန္းစာတစ္ခုကို ရန္ကုန္တကၠသိုလ္က ဆရာမ်ားနည္းတူ သစ္ပုပ္ပင္ႀကီးက လူသားမ်ားအား သင္ျပခဲ့ျခင္းပင္။

ထိုအျဖစ္အပ်က္ျဖစ္ၿပီး ၁၁ ႏွစ္ေက်ာ္အၾကာ ၿပီးခဲ့သည့္ စက္တင္ဘာ ၆ ရက္ နံနက္ခင္းပိုင္းတြင္ သစ္ပုပ္ပင္ေျခရင္း၌ လူအမ်ား တစ္ဖန္ စုေဝးေနၾကျပန္သည္။ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕၊ ရန္ကုန္ၿမိဳ႕ျပအေမြအႏွစ္ ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕ႏွင့္ ရန္ကုန္တကၠသိုလ္တို႔ ပူးေပါင္းၿပီး ‘ရန္ကုန္ၿမိဳ႕ျပ အေမြအႏွစ္’ အထိမ္းအမွတ္ အျပာေရာင္ကမၸည္းျပားကို သစ္ပုပ္ပင္ႀကီးတြင္ တပ္ဆင္ျခင္းကို လာေရာက္ဂုဏ္ျပဳေနၾကျခင္း ျဖစ္သည္။

ရန္ကုန္ၿမိဳ႕ျပ အေမြအႏွစ္အထိမ္းအမွတ္ အျပာေရာင္ကမၸည္းျပားကို သက္တမ္းရာေက်ာ္ရွိ အေဆာက္အအုံမ်ား၊ ေနရာမ်ားတြင္ ကပ္ေပးခဲ့ ၿပီးေနာက္ သစ္ပုပ္ပင္သည္ ပထမဦးဆုံး အျပာေရာင္ကမၸည္းျပား တပ္ဆင္ဂုဏ္ျပဳျခင္းကိုခံရသည့္ ‘သက္ရွိသစ္ပင္’ ျဖစ္သည္။ ရန္ကုန္တကၠသိုလ္၏ အထင္ကရမ်ား ျဖစ္ေသာ ဘြဲ႕ႏွင္းသဘင္ခန္းမ၊ ဂ်ပ္ဆင္၊ အင္းလ်ားကန္၊ ကံ့ေကာ္ေတာႏွင့္ သက္တမ္းရာေက်ာ္ အေဆာက္အအုံတို႔ကိုေက်ာ္ၿပီး အေမြအႏွစ္အထိမ္းအမွတ္ကမၸည္းျပား တပ္ဆင္ဂုဏ္ျပဳျခင္းခံရသည္ကို ၾကည့္ျခင္းအားျဖင့္ သစ္ပုပ္ပင္၏ ဂုဏ္အရွိန္အဝါကို မွန္းဆႏိုင္သည္။

ရန္ကုန္တကၠသိုလ္မွ သစ္ပုပ္ပင္ႀကီးသည္ ႐ုကၡေဗပညာရွင္မ်ား၏အဆိုအရ ‘အဖို’ပင္ ျဖစ္သည္။ ထို႔ေၾကာင့္ သံေယာဇဥ္ရွိသူမ်ားက သစ္ပုပ္ပင္ႀကီးအား ‘လူပ်ိဳႀကီး’ ဟူ၍ ခ်စ္စႏိုးေခၚတတ္ၾကသည္။

အဆိုပါ လူပ်ိဳႀကီးသစ္ပုပ္ပင္၏ သက္တမ္းကို အတိအက်ေျပာဆိုခန႔္မွန္းရန္ ခက္ခဲေသာ္လည္း ၁၉၂၀ တြင္ အစျပဳခဲ့သည့္ ရန္ကုန္တကၠသိုလ္ထက္ သက္တမ္းပိုရင့္သည္ဆိုသည္ကေတာ့ မည္သူမွ် မျငင္းႏိုင္ေသာ အမွန္တရားတစ္ခု ျဖစ္သည္။

သစ္ပုပ္ပင္ကို ရန္ကုန္တကၠသိုလ္၏ဖြားဖက္ေတာ္ဟူ၍ တင္စား ေျပာဆိုေလ့ရွိၾကသည္။ ရန္ကုန္တကၠသိုလ္နယ္ေျမျဖစ္လာမည့္ လူသူတိုးမေပါက္သည့္ ‘နာနတ္ေတာႀကီး’ ကို ကာလေပါက္ေဈး ေငြက်ပ္ရွစ္သိန္းျဖင့္ တည္ေဆာက္သူတို႔ ဝယ္ယူခဲ့စဥ္က ေပတစ္ရာေက်ာ္ျမင့္သည့္ သစ္ပုပ္ပင္ႀကီးသည္ ထိုဧက ၄၅၀ ေက်ာ္သစ္ေတာႀကီးထဲတြင္ ထီးထီးရွိႏွင့္ၿပီးသားျဖစ္ခဲ့သည္။ တကၠသိုလ္တည္ေဆာက္ရန္ ေျမေနရာ ခုတ္ထြင္ရွင္းလင္းသည့္အခါ သစ္ပုပ္ပင္ကို ေတြ႕ခဲ့ၾကၿပီး ေက်ာင္း၏အဆင္တန္ဆာတစ္ခုအျဖစ္ ထည့္သြင္းသတ္မွတ္ေစခဲ့ေၾကာင္းကို ၁၉၂၀-၃၀ ပတ္ဝန္းက်င္၌ ရန္ကုန္တကၠသိုလ္တြင္ ပါေမာကၡအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သည့္ D. G. E. Hall က သူ၏စာတမ္းတစ္ခုတြင္ ထည့္သြင္းေရးသားခဲ့သည္။

သစ္ပုပ္ပင္သည္ သက္တမ္းရင့္ ႐ြေႂကြ္ကပင္ႀကီးတစ္ပင္ျဖစ္ၿပီး သူ၏႐ုကၡေဗဒအမည္မွာ Tetramelesnudiflora. R. Br (Datiscaceae) ျဖစ္သည္။ ေရွးေဟာင္းဂရိဘာသာစကားအရ Tetra ဆိုသည္မွာ ‘ေလးခု’ ဟုအဓိပၸာယ္ရၿပီး ‘melos က အစိတ္အပိုင္းကို ရည္ၫႊန္းသည္။ ထို႔ေၾကာင့္ “Tetrameles” ဆိုသည္မွာ အစိတ္အပိုင္းအဂၤါေလးခုကို ဆိုလိုသည္။ ထိုအမည္အတိုင္း သစ္ပုပ္ပင္၏ပြင့္ဖတ္မ်ားကို ၾကည့္လွ်င္ ပြင့္႐ြက္ေလးခုႏွင့္ ဖြဲ႕စည္းထားသည္ကို ေတြ႕ရမည္ျဖစ္ၿပီး အဖိုပြင့္ဖတ္မ်ားက ေသးသြယ္ကာ အမပြင့္ဖတ္မ်ားက ရွည္ေမ်ာေမ်ာပုံစံမ်ိဳး ျဖစ္သည္။

သစ္ပုပ္ပင္ကို ရန္ကုန္ၿမိဳ႕ျပအေမြအႏွစ္ ကမၸည္းျပား တပ္ဆင္သည့္အခမ္းအနားတြင္ ေတြ႕ရသည့္ ရန္ကုန္တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္။ ဓာတ္ပုံ-ရွင္မိုးျမင့္/ျမန္မာတိုင္း(မ္)

ရန္ကုန္တကၠသိုလ္မွ သစ္ပုတ္ျပင္ကီးမွာ လက္ရွိေပေပါင္း ၂၀ဝ ေက်ာ္ျမင့္ၿပီး အေခါင္းပြအပင္အမ်ိဳးအစားျဖစ္သည္။ သူ၏ပင္စည္ႀကီးက ေယာက်ာ္းငါးဦးဖက္ မကရွိၿပီး လူဝင္ေနလို႔ရသည္အထိႀကီးမားေသာ အေခါင္းေပါက္မ်ား ရွိသည္။ ပင္စည္က ေအာက္ေျခမွအထက္သို႔ ရွဴးတက္သြားၿပီး ပင္စည္လမ္းဆုံးရာ ခြဆုံ၌ သစ္ကိုင္းမ်ားက ေႁမြလိမ္ေႁမြေကာက္ျဖင့္ အရပ္ရွစ္မ်က္ႏွာသို႔ ခြဲထြက္သြားသည္။ အခ်ိဳ႕သစ္ကိုင္းမ်ားမွာ အေရွ႕ဘက္သို႔ ခြဲထြက္သြားမလိုလိုႏွင့္ လားရာေျပာင္း၍ အျခားသစ္ကိုင္းမ်ားႏွင့္ ပူးကပ္ၿပီး ဝိုင္းစက္စက္သစ္ကြင္းမ်ား ျဖစ္သြား ၾကသည္။

သစ္ပုပ္ပင္ႀကီးသည္ မိုးႏွင့္ ေဆာင္းတြင္း၌ ဣႏၵနီျမေရာင္ စိမ္းေမွာင္သည့္ အသြင္ျဖင့္ သူ႔အရိပ္ေအာက္ခိုဝင္သူတိုင္းအား ေအးျမလန္းဆန္းမႈကို ေပးစြမ္းေလ့ရွိသည္။ ေႏြရာသီတြင္ေတာ့ ျမစိမ္းေရာင္သစ္႐ြက္မ်ားအျဖစ္မွ သိဂႌေ႐ႊေရာင္သို႔ တျဖည္းျဖည္းေျပာင္းလဲကာ ေျခာက္ကပ္ေႂကြကုန္ၾကသည္။ ထိုကဲ့သို႔ တစ္ပင္လုံး အ႐ြေႂကြ္ကၿပီး သစ္႐ြက္မဲ့သြားေသာအခါတြင္လည္း လူပ်ိဳႀကီး သစ္ပုပ္ပင္ က သူ၏ေကြ႕ေကာက္ထိုးေထာင္ေနေသာ ႐ိုးတံရွည္ႀကီးမ်ားျဖင့္ လူတကာကို လြမ္းေဆြးေအာင္ ျပဳစားတတ္ေလသည္။ အကယ္၍ သစ္ပုပ္ပင္အိုႀကီး၏ ႐ိုးတံႀကီးမ်ားထက္၌ ဥၾသငွက္တစ္ေကာင္ တြန္က်ဴးေနသည္ကို ခံစားမႈနက္ရႈိင္းေသာ ကဗ်ာဆရာတစ္ေယာက္သာ ျမင္လိုက္ပါက ထိုျမင္ကြင္းသည္ အေဆြးကဗ်ာတစ္ပုဒ္ အျဖစ္သို႔ တစ္မုဟုတ္ခ်င္း ေျပာင္းလဲသြားေလ့ရွိသည္။

သစ္ပုပ္ပင္သည္ ရန္ကုန္တကၠသိုလ္၏ အခ်စ္ဇာတ္လမ္းမ်ားကိုလည္း သိထားသူျဖစ္သည္။ တကၠသိုလ္တြင္ လာေရာက္ပညာဆည္းပူးရင္း စုံမက္ သြားၾကသည့္ ခ်စ္သူစုံတြဲအားလုံးလိုလိုသစ္ပုပ္ပင္၏ရင္ခြင္ထဲသို႔ ခိုဝင္ခဲ့ ၾကသည္။ သစ္ပုပ္ပင္၏အျမစ္ထုံးႀကီးမ်ားေပၚတြင္ အတူယွဥ္ထိုင္ရင္း ခ်စ္ေရးခ်စ္ရာစကားေတြ ေျပာခဲ့ၾကသည္။ သစ္ပုပ္ပင္ႀကီးကို သက္ေသ ထူၿပီး ခိုင္မာေသာအခ်စ္သစၥာစကားမ်ား ဆိုခဲ့ၾကသည္။ ထို႔အတူ သစ္ပုပ္ပင္ႀကီး ေအာက္တြင္ ေက်ာခိုင္းရင္း အသဲမ်ားလည္း ကြဲေၾက ခဲ့ၾကသည္။

ထိုအခ်စ္ဇာတ္လမ္းမ်ားကို လူပ်ိဳႀကီးသစ္ပုပ္ပင္သည္ တစ္စိမ့္စိမ့္ ၾကည့္ရင္း ၾကည္ႏူးခဲ့ဖူးသလို အသဲကြဲပူေဆြးၿပီး သူ႔အရိပ္ေအာက္သို႔ လာေရာက္ခိုလႈံသူမ်ားကိုလည္း သူ႔အကိုင္းအခက္အ႐ြက္မ်ားျဖင့္ ေအးျမေအာင္ စြမ္းေဆာင္ခဲ့ ေပလိမ့္မည္။ သို႔မဟုတ္ မသိခ်င္ေယာင္ေဆာင္ကာ အေဝးသို႔ ေမွ်ာ္ေငးေနခဲ့ ေပလိမ့္မည္။

သစ္ပုပ္ပင္အိုသည္ ေျမာက္ျမားစြာေသာ အခ်စ္ဇာတ္လမ္းမ်ားကိုလည္း ဖန္တီးေပးခဲ့သည္။ သစ္ပုပ္ပင္ကိုခ်စ္ေသာ အႏုပညာရွင္အသီးသီးက သူတို႔၏ရင္ထဲတြင္ ျဖစ္ေပၚလာေသာ ခံစားခ်က္အမ်ိဳးမ်ိဳးကိုလိုက္၍ ပန္းခ်ီ၊ ကဗ်ာ၊ သီခ်င္း၊ ဝတၳဳမ်ားတြင္ သစ္ပုပ္ပင္ကို အမ်ိဳးမ်ိဳးပုံေဖာ္ေရးသားခဲ့ၾကသည္။

သစ္ပုပ္ပင္ သည္ အခ်ိဳ႕ဇာတ္လမ္းမ်ားတြင္ ဇာတ္လိုက္၊ အခ်ိဳ႕ေသာ ဇာတ္လမ္းမ်ားတြင္ ဇာတ္ပို႔။

သုေမာင္၏ ‘သစ္ပုပ္ပင္ေစာင့္နတ္’ တြင္ ကိုဥၾသသည္ မၾကင္လိုက္ရ ရွာေသာ သူ႔ခ်စ္သူ ‘လစ္’ ကို သစ္ပုပ္ပင္ေျခရင္း၌ မယ္ဒလင္တစ္လက္ အေဖာ္ျပဳၿပီး အလြမ္းသီခ်င္းမ်ားကို သီက်ဴးခဲ့သည္။ မင္းလူ၏ ‘ခ်စ္ျမားရွင္’မွ စက္ျပင္သမားေလး ကိုခ်စ္ေအးသည္ သူခ်စ္ေသာ တကၠသိုလ္ေက်ာင္းသူ ေလး မေအးေအးမူ၏ ပစ္ပစ္ခါခါေျပာစကားၾကားၿပီး သစ္ပုပ္ပင္ေအာက္တြင္ လြမ္းေဆြးခဲ့သည္။ သို႔ကလို သစ္ပုပ္ပင္သည္ ကိုဥၾသတို႔လို အသဲကြဲသူမ်ား၏အေဖာ္ျပဳရာ ေဆြးေဖာ္ေဆြးဖက္ ေရာင္းရင္းႀကီးလည္းျဖစ္ခဲ့သည္။

လူပ်ိဳႀကီး သစ္ပုပ္ပင္က မ်ားစြာေသာအခ်စ္ဇာတ္လမ္းမ်ားတြင္ အေရးႀကီးေသာေနရာမွ ပါဝင္ခဲ့ေသာ္လည္း သူကိုယ္၌က ခ်စ္သူမရွိေသး။ ထို႔ေၾကာင့္ပင္ သစ္ပုပ္ပင္ကိုခ်စ္ေသာ ကဗ်ာဆရာေမာင္ပန္းေမႊးက “သစ္ပုပ္ပင္ႀကီး၊ အသက္ႀကီးၿပီ၊ ခုထိရည္းစားမရွိေသး” ဟူ၍ သုံးေၾကာင္းစပ္ကဗ်ာေလးျဖင့္ က်ီစယ္ခဲ့ဟန္တူသည္။ ထိုကဗ်ာေလးကပင္ တစ္ပင္တည္း ထီးထီးက်န္ရစ္ခဲ့ေသာသစ္ပုပ္ပင္ႀကီးအတြက္ အေကာင္းဆုံးျပယုဂ္ ျဖစ္ေတာ့သည္။

အခ်စ္သမားမ်ားခ်ည္းပင္မဟုတ္၊ ႏိုင္ငံကိုအက်ိဳးျပဳရန္ အစဥ္အႀကံထုတ္ေနေလ့ရွိေသာ ကိုေအာင္ဆန္း၊ ကိုႏု၊ ကိုရာဇတ္၊ ကိုသန႔္တို႔လို ေက်ာင္းသား ေကာင္းမ်ားသည္လည္း သစ္ပုပ္ပင္ေအာက္တြင္ ဝင္ေရာက္ခိုလႈံခဲ့ၾကသည္။ တကၠသိုလ္စာၾကည့္တိုက္သို႔လာရင္း နံေဘးရွိ သစ္ပုပ္ပင္ႀကီးေအာက္တြင္ မိမိတို႔လႈပ္ရွားေနသည့္ စာေပ၊ ႏိုင္ငံေရးကိစၥမ်ားကို ေဆြးေႏြးရာ ေနရာေလးတစ္ခု ျဖစ္ခဲ့သည္။

ထိုသူတို႔ကဲ့သို႔ ရန္ကုန္တကၠသိုလ္တြင္ ပညာရည္ႏို႔ေသာက္စို႔ၿပီး တိုင္းျပည္ကိုအက်ိဳးျပဳသူမ်ား ေပၚထြက္လာေသာအခါ သစ္ပုပ္ပင္သည္ ဝမ္းသာၾကည္ႏူး၍ ေက်နပ္ခဲ့ေပလိမ့္မည္။ ႏိုင္ငံကိုဆုတ္ယုတ္ေအာင္ လုပ္ခဲ့သူမ်ားလည္း သူ႔ေအာက္တြင္ ခိုလႈံခဲ့ဖူးသည္ကို သိရေသာအခါ ဝမ္းနည္းမ်က္ရည္က်ခဲ့မည္လားမသိ။

ရန္ကုန္တကၠသိုလ္၏ သမိုင္းအျဖစ္သနစ္ေပါင္းစုံကိုသိေသာ အခ်စ္သစ္ပုပ္ပင္သည္ တကၠသိုလ္၏ ေမာ္ကြန္းထိန္းႀကီးလည္း ျဖစ္သည္။

သစ္ပုပ္ပင္သည္ သူ၏ေအာက္တြင္ အခ်ိန္အပိုင္းအျခားအလိုက္ျဖစ္ပြားခဲ့ေသာ အဓိက႐ုဏ္းမ်ားကို ငုံ႔ၾကည့္ခဲ့ေပလိမ့္မည္။ အမ်ိဳးသားေန႔ကို ျဖစ္ေပၚေစခဲ့သည့္ ေက်ာင္းသားသပိတ္မွစ၍ ရန္ကုန္တကၠသိုလ္တြင္ ျဖစ္ပြားခဲ့ေသာ ဆဲဗင္းဂ်ဴလိုင္အေရးအခင္း၊ ဦးသန႔္အေရးအခင္း၊ ရွစ္ေလးလုံး အေရးေတာ္ပုံတို႔မွ ေႂကြးေၾကာ္သံမ်ားသည္ ညိဳမႈိင္းေသာ သစ္ပုပ္ပင္၏ ပင္စည္အေခါင္းေပါက္အတြင္း ပဲ့တင္ထပ္ခဲ့ၾကသည္။

သစ္ပုပ္ပင္ ေရေဆးပန္းခ်ီ။ ဓာတ္ပုံ-ဖိုးဝ/ျမန္မာတိုင္း(မ္)

မည္သူမွ် သစ္ပုပ္ပင္ေလာက္ ရန္ကုန္တကၠသိုလ္တြင္ ျဖစ္ပြားခဲ့ေသာ သမိုင္းေၾကာင္းမ်ားစြာကို မ်က္ဝါးထင္ထင္ ေတြ႕ခဲ့မည္မဟုတ္သလို ထိုအေၾကာင္းတရားမ်ား ‘တရား၏ မတရား၏’ ဆိုသည္ကို သစ္ပုပ္ပင္က သာ၍ သိေပလိမ့္မည္။ သို႔ေသာ္ သူသည္ သက္ရွိျဖစ္ေသာ္လည္း ျပန္ေျပာႏိုင္စရာအေၾကာင္းတရား မရွိသျဖင့္ မည္သို႔ေသာအေၾကာင္း ျဖစ္လာပါေစ ႏႈတ္ဆိတ္၍သာ ေနခဲ့သည္။ အကယ္၍ သစ္ပုပ္ပင္သာ စကားေျပာတတ္လွ်င္ သူ႔တြင္ ေျပာစရာစကားမ်ား ေတာင္လိုပုံၿပီး ပင္လယ္ထက္မက မ်ားျပားေပလိမ့္မည္။

တံတားျဖဴေပၚတြင္ ေမးတင္ကာ လဲေလ်ာင္းေနေသာ အင္းလ်ား ကန္ေပါင္၊ ေတာင့္တင္းခိုင္မာ၍ ရင့္က်က္တည္ၿငိမ္ေသာ ဘြဲ႕ႏွင္းသဘင္ခန္းမ၊ မိုးေပၚသို႔ ေထာင္တက္ေနသည့္ ယုဒသန္ေမွ်ာ္စင္၊ အႏုပညာရွင္ေပါင္းမ်ားစြာကို ေမြးထုတ္ေပးခဲ့သည့္ အပန္းေျဖရိပ္သာ၊ ဦးတည္ခ်က္ကိုယ္စီျဖင့္ ေျခရာခ်င္းထပ္ခဲ့ၾကသည့္ အဓိပတိလမ္းစသည့္အရာမ်ားသည္ တစ္ခုႏွင့္တစ္ခု ခ်ိတ္ဆက္ညီေသာ အလွတရားမ်ား ျဖစ္ေနသည္ဆိုပါလွ်င္ သစ္ပုပ္ပင္အိုသည္ ထိုအလွတရားမ်ားအား ပံ့ပိုးေပးေနသည့္ အလွတစ္ခု ဟု ဆိုရမည္ျဖစ္သည္။

ေႏြ၊ မိုး၊ ေဆာင္း လည္ပတ္ေနေသာ ရာသီစက္ဝန္းတို႔သည္ သစ္ပုပ္ပင္အိုႀကီးကို တေ႐ြ႕ေ႐ြ႕တိုက္စားသြားခဲ့ၿပီ။ လာမည့္ႏွစ္ဆိုလွ်င္ ရန္ကုန္ တကၠသိုလ္ႀကီးပင္ ႏွစ္တစ္ရာျပည့္ေတာ့မည္။ ႐ုပ္ဝတၳဳပစၥည္းမ်ား အခ်ိန္ႏွင့္အမွ် ေျပာင္းလဲသြားခဲ့ေသာ္လည္း ရန္ကုန္တကၠသိုလ္ေျမသည္ မည္သည့္အခါမွ် ေျပာင္းလဲျခင္းမရွိေသာ လြမ္းေမာဖြယ္သီးျခားရပ္ဝန္းတစ္ခုအျဖစ္ တည္ရွိေနဆဲျဖစ္သည္။

ထိုလြမ္းေမာဖြယ္တကၠသိုလ္ရပ္ဝန္းအတြင္းမွ လြမ္းေမာဖြယ္သစ္ပုပ္ပင္အိုသည္ တကၠသိုလ္၏အမတ (မေသသည္၏အျဖစ္)အေနျဖင့္လည္း အတိတ္တြင္ ေက်ာ္ၾကားခဲ့ၿပီးျဖစ္သည္။ ယခုလည္း သစ္ပုပ္ပင္သည္ ၿမိဳ႕ျပအေမြအႏွစ္ အထိမ္းအမွတ္ အျပာေရာင္ကမၸည္းျပားေၾကာင့္ ထပ္ၿပီးေက်ာ္ၾကားရျပန္ေလၿပီ။

‘ႏွစ္ေပါင္းတစ္ရာေက်ာ္ရွိသည့္ ဤ႐ြက္ေႂကြပင္ႀကီးသည္ ရန္ကုန္တကၠသိုလ္ ထက္ပင္ သက္တမ္းရင့္ၿပီး ရန္ကုန္တကၠသိုလ္၏ အဓိက သေကၤတတစ္ခု ျဖစ္သည္။’ ဟူေသာ စာလုံးျဖဴမွာ အျပာေရာင္ေနာက္ခံဆိုင္းဘုတ္ကမၸည္းျပားေပၚတြင္ ႂကြ႐ြေနသည္။ ထိုအျပာေရာင္ကမၸည္းျပား၏ေနာက္တြင္ေတာ့ သစ္ပုပ္ပင္အိုသည္ ဝင့္ထည္ေနေလသည္။

ဖိုး၀ (ျမန္မာတိုင္းမ္အပတ္စဥ္)

(Unicode)

ကွန်ဂရက် ကျူလေးရှင်းပါ… လူပျိုကြီး သစ်ပုပ်ပင်…

လွန်ခဲ့သော ၁၁ နှစ်၏ မေလဆန်းပိုင်းတွင် ‘နာဂစ်’ ဟူသော ဆိုင်ကလုန်း မုန်တိုင်းကြီးတစ်ခု မြန်မာနိုင်ငံအနောက်တောင်ပိုင်းမှ သိန်းပေါင်းများစွာသော ပြည်သူတို့၏ဘဝကိုဖျက်ဆီးရန် ဝင်ရောက်ခဲ့သည်ကို မှတ်မိကြဦးမည် ထင်ပါသည်။

ထို ‘နာဂစ်’ မုန်တိုင်းကြီးက ဧရာဝတီတိုင်းကို ဖြတ်ကျော်ကာ ရန်ကုန်သို့ အလုံးအရင်းဝင်ခဲ့ပြီး နောက်ရက်တွင် ကျောင်းသူ၊ ကျောင်းသားအပါအဝင် လူအများစု ရန်ကုန်တက္ကသိုလ်ထဲက သစ်ပင်တစ်ပင်ရှိရာသို့ စိုးရိမ်ပူပန်သော မျက်လုံးများကိုယ်စီဖြင့် အပြေးအလွှား လာရောက်ကြည့်ရှုခဲ့ကြသည်။ ထိုကဲ့သို့ လူအများ၏ ချစ်ခင်ပူပန်မှုခံရသော ထိုသစ်ပင်သည် ရန်ကုန်တက္ကသိုလ်ပရိဝုဏ်ထဲတွင် တစ်ပင်တည်းရှိပြီး အဖိုးမဖြတ်နိုင်စရာ တန်ဖိုးအနဂ္ဂများစွာ ရှိနေသည့် အပင်။ ထိုသစ်ပင်ကား သစ်ပုပ်ပင်။

ထိုစဉ်က ရန်ကုန်မြို့တွင်းရှိ သက်တမ်းရင့်သစ်ပင်ကြီးများအားလုံးနီးပါး ‘နာဂစ်’ ဆိုင်ကလုန်းမုန်တိုင်း၏ လေပြင်းဒဏ်ကြောင့် အတုံးအရုံးလဲပြိုခဲ့ သော်လည်း သစ်ပုပ်ပင်သည် မြေပေါ်တွင်မားမားမတ်မတ် ရပ်တည်နေနိုင်ခဲ့သည်။ တကယ်တော့ ထိုအချိန်က သစ်ပုပ်ပင်ကြီး တစ်နှစ်ပတ်လုံးခြုံလာခဲ့သည့် မြကမ္ဗလာ ဝတ်ရုံဟောင်းကိုခွာပြီး သစ်ကိုင်းများ သစ်ရွက်မဲ့ (လုံးတီးဖြစ်)နေသော အချိန်ပင်။

ထို့ကြောင့်ပင် လေဒဏ်ကိုအံတုပြီး မပြိုလဲခြင်းဖြစ်သည်ဟု အချို့က ဆိုကြသည်။ ရန်ကုန်မြို့ကြီးကို စောင့်ရှောက်နေသည့် ရန်ကုန်ဘိုးဘိုးကြီး သစ်ပုပ်ပင်တွင် စိုးစံနေသောကြောင့် ဘေးဒဏ်မသင့်ခဲ့ခြင်းဖြစ်သည်ဟူ၍လည်း ယုံကြည်သူက ယုံကြည်ခဲ့ကြသည်။ အချို့ကလည်း သစ်ပင်အောက်ခြေအမြစ်နှင့် ပင်စည်ခေါင်းပေါက်ကြားထဲ အင်္ဂတေသွန်းလောင်းပြီး ကျားကန်ထားသောကြောင့် မယိုင်လဲခြင်းဖြစ်သည်ဟု ထင်မြင်ချက်ပေးကြသည်။

မည်သူက မည်သို့ပင်ဆိုဆို သစ်ပုပ်ပင်ကြီး လဲပြိုမသွားသည့်အတွက် ကြောင့် စိုးရိမ်ပူပန်သူအားလုံး စိတ်သက်သာရာရခဲ့ကြသည်။ ‘လောကဓံ မုန်တိုင်းကြားတွင် ကြံ့ကြံ့ခံရင်ဆိုင်ခြင်း’ ဟူသော လောကနိယာမ သင်ခန်းစာတစ်ခုကို ရန်ကုန်တက္ကသိုလ်က ဆရာများနည်းတူ သစ်ပုပ်ပင်ကြီးက လူသားများအား သင်ပြခဲ့ခြင်းပင်။

ထိုအဖြစ်အပျက်ဖြစ်ပြီး ၁၁ နှစ်ကျော်အကြာ ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက် နံနက်ခင်းပိုင်းတွင် သစ်ပုပ်ပင်ခြေရင်း၌ လူအများ တစ်ဖန် စုဝေးနေကြပြန်သည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နှင့် ရန်ကုန်တက္ကသိုလ်တို့ ပူးပေါင်းပြီး ‘ရန်ကုန်မြို့ပြ အမွေအနှစ်’ အထိမ်းအမှတ် အပြာရောင်ကမ္ပည်းပြားကို သစ်ပုပ်ပင်ကြီးတွင် တပ်ဆင်ခြင်းကို လာရောက်ဂုဏ်ပြုနေကြခြင်း ဖြစ်သည်။

ရန်ကုန်မြို့ပြ အမွေအနှစ်အထိမ်းအမှတ် အပြာရောင်ကမ္ပည်းပြားကို သက်တမ်းရာကျော်ရှိ အဆောက်အအုံများ၊ နေရာများတွင် ကပ်ပေးခဲ့ ပြီးနောက် သစ်ပုပ်ပင်သည် ပထမဦးဆုံး အပြာရောင်ကမ္ပည်းပြား တပ်ဆင်ဂုဏ်ပြုခြင်းကိုခံရသည့် ‘သက်ရှိသစ်ပင်’ ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်၏ အထင်ကရများ ဖြစ်သော ဘွဲ့နှင်းသဘင်ခန်းမ၊ ဂျပ်ဆင်၊ အင်းလျားကန်၊ ကံ့ကော်တောနှင့် သက်တမ်းရာကျော် အဆောက်အအုံတို့ကိုကျော်ပြီး အမွေအနှစ်အထိမ်းအမှတ်ကမ္ပည်းပြား တပ်ဆင်ဂုဏ်ပြုခြင်းခံရသည်ကို ကြည့်ခြင်းအားဖြင့် သစ်ပုပ်ပင်၏ ဂုဏ်အရှိန်အဝါကို မှန်းဆနိုင်သည်။

ရန်ကုန်တက္ကသိုလ်မှ သစ်ပုပ်ပင်ကြီးသည် ရုက္ခဗေပညာရှင်များ၏အဆိုအရ ‘အဖို’ပင် ဖြစ်သည်။ ထို့ကြောင့် သံယောဇဉ်ရှိသူများက သစ်ပုပ်ပင်ကြီးအား ‘လူပျိုကြီး’ ဟူ၍ ချစ်စနိုးခေါ်တတ်ကြသည်။

အဆိုပါ လူပျိုကြီးသစ်ပုပ်ပင်၏ သက်တမ်းကို အတိအကျပြောဆိုခန့်မှန်းရန် ခက်ခဲသော်လည်း ၁၉၂၀ တွင် အစပြုခဲ့သည့် ရန်ကုန်တက္ကသိုလ်ထက် သက်တမ်းပိုရင့်သည်ဆိုသည်ကတော့ မည်သူမျှ မငြင်းနိုင်သော အမှန်တရားတစ်ခု ဖြစ်သည်။

သစ်ပုပ်ပင်ကို ရန်ကုန်တက္ကသိုလ်၏ဖွားဖက်တော်ဟူ၍ တင်စား ပြောဆိုလေ့ရှိကြသည်။ ရန်ကုန်တက္ကသိုလ်နယ်မြေဖြစ်လာမည့် လူသူတိုးမပေါက်သည့် ‘နာနတ်တောကြီး’ ကို ကာလပေါက်ဈေး ငွေကျပ်ရှစ်သိန်းဖြင့် တည်ဆောက်သူတို့ ဝယ်ယူခဲ့စဉ်က ပေတစ်ရာကျော်မြင့်သည့် သစ်ပုပ်ပင်ကြီးသည် ထိုဧက ၄၅၀ ကျော်သစ်တောကြီးထဲတွင် ထီးထီးရှိနှင့်ပြီးသားဖြစ်ခဲ့သည်။ တက္ကသိုလ်တည်ဆောက်ရန် မြေနေရာ ခုတ်ထွင်ရှင်းလင်းသည့်အခါ သစ်ပုပ်ပင်ကို တွေ့ခဲ့ကြပြီး ကျောင်း၏အဆင်တန်ဆာတစ်ခုအဖြစ် ထည့်သွင်းသတ်မှတ်စေခဲ့ကြောင်းကို ၁၉၂၀-၃၀ ပတ်ဝန်းကျင်၌ ရန်ကုန်တက္ကသိုလ်တွင် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် D. G. E. Hall က သူ၏စာတမ်းတစ်ခုတွင် ထည့်သွင်းရေးသားခဲ့သည်။

သစ်ပုပ်ပင်သည် သက်တမ်းရင့် ရွကြွေ်ကပင်ကြီးတစ်ပင်ဖြစ်ပြီး သူ၏ရုက္ခဗေဒအမည်မှာ Tetramelesnudiflora. R. Br (Datiscaceae) ဖြစ်သည်။ ရှေးဟောင်းဂရိဘာသာစကားအရ Tetra ဆိုသည်မှာ ‘လေးခု’ ဟုအဓိပ္ပာယ်ရပြီး ‘melos က အစိတ်အပိုင်းကို ရည်ညွှန်းသည်။ ထို့ကြောင့် “Tetrameles” ဆိုသည်မှာ အစိတ်အပိုင်းအင်္ဂါလေးခုကို ဆိုလိုသည်။ ထိုအမည်အတိုင်း သစ်ပုပ်ပင်၏ပွင့်ဖတ်များကို ကြည့်လျှင် ပွင့်ရွက်လေးခုနှင့် ဖွဲ့စည်းထားသည်ကို တွေ့ရမည်ဖြစ်ပြီး အဖိုပွင့်ဖတ်များက သေးသွယ်ကာ အမပွင့်ဖတ်များက ရှည်မျောမျောပုံစံမျိုး ဖြစ်သည်။

သစ္ပုပ္ပင္ကို ရန္ကုန္ၿမိဳ႕ျပအေမြအႏွစ္ ကမၸည္းျပား တပ္ဆင္သည့္အခမ္းအနားတြင္ ေတြ႕ရသည့္ ရန္ကုန္တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္။ ဓာတ္ပုံ-ရွင္မိုးျမင့္/ျမန္မာတိုင္း(မ္)
သစ်ပုပ်ပင်ကို ရန်ကုန်မြို့ပြအမွေအနှစ် ကမ္ပည်းပြား တပ်ဆင်သည့်အခမ်းအနားတွင် တွေ့ရသည့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်။ ဓာတ်ပုံ-ရှင်မိုးမြင့်/မြန်မာတိုင်း(မ်)

ရန်ကုန်တက္ကသိုလ်မှ သစ်ပုတ်ပြင်ကီးမှာ လက်ရှိပေပေါင်း ၂၀ဝ ကျော်မြင့်ပြီး အခေါင်းပွအပင်အမျိုးအစားဖြစ်သည်။ သူ၏ပင်စည်ကြီးက ယောကျာ်းငါးဦးဖက် မကရှိပြီး လူဝင်နေလို့ရသည်အထိကြီးမားသော အခေါင်းပေါက်များ ရှိသည်။ ပင်စည်က အောက်ခြေမှအထက်သို့ ရှူးတက်သွားပြီး ပင်စည်လမ်းဆုံးရာ ခွဆုံ၌ သစ်ကိုင်းများက မြွေလိမ်မြွေကောက်ဖြင့် အရပ်ရှစ်မျက်နှာသို့ ခွဲထွက်သွားသည်။ အချို့သစ်ကိုင်းများမှာ အရှေ့ဘက်သို့ ခွဲထွက်သွားမလိုလိုနှင့် လားရာပြောင်း၍ အခြားသစ်ကိုင်းများနှင့် ပူးကပ်ပြီး ဝိုင်းစက်စက်သစ်ကွင်းများ ဖြစ်သွား ကြသည်။

သစ်ပုပ်ပင်ကြီးသည် မိုးနှင့် ဆောင်းတွင်း၌ ဣန္ဒနီမြရောင် စိမ်းမှောင်သည့် အသွင်ဖြင့် သူ့အရိပ်အောက်ခိုဝင်သူတိုင်းအား အေးမြလန်းဆန်းမှုကို ပေးစွမ်းလေ့ရှိသည်။ နွေရာသီတွင်တော့ မြစိမ်းရောင်သစ်ရွက်များအဖြစ်မှ သိင်္ဂီရွှေရောင်သို့ တဖြည်းဖြည်းပြောင်းလဲကာ ခြောက်ကပ်ကြွေကုန်ကြသည်။ ထိုကဲ့သို့ တစ်ပင်လုံး အရွကြွေ်ကပြီး သစ်ရွက်မဲ့သွားသောအခါတွင်လည်း လူပျိုကြီး သစ်ပုပ်ပင် က သူ၏ကွေ့ကောက်ထိုးထောင်နေသော ရိုးတံရှည်ကြီးများဖြင့် လူတကာကို လွမ်းဆွေးအောင် ပြုစားတတ်လေသည်။ အကယ်၍ သစ်ပုပ်ပင်အိုကြီး၏ ရိုးတံကြီးများထက်၌ ဥသြငှက်တစ်ကောင် တွန်ကျူးနေသည်ကို ခံစားမှုနက်ရှိုင်းသော ကဗျာဆရာတစ်ယောက်သာ မြင်လိုက်ပါက ထိုမြင်ကွင်းသည် အဆွေးကဗျာတစ်ပုဒ် အဖြစ်သို့ တစ်မုဟုတ်ချင်း ပြောင်းလဲသွားလေ့ရှိသည်။

သစ်ပုပ်ပင်သည် ရန်ကုန်တက္ကသိုလ်၏ အချစ်ဇာတ်လမ်းများကိုလည်း သိထားသူဖြစ်သည်။ တက္ကသိုလ်တွင် လာရောက်ပညာဆည်းပူးရင်း စုံမက် သွားကြသည့် ချစ်သူစုံတွဲအားလုံးလိုလိုသစ်ပုပ်ပင်၏ရင်ခွင်ထဲသို့ ခိုဝင်ခဲ့ ကြသည်။ သစ်ပုပ်ပင်၏အမြစ်ထုံးကြီးများပေါ်တွင် အတူယှဉ်ထိုင်ရင်း ချစ်ရေးချစ်ရာစကားတွေ ပြောခဲ့ကြသည်။ သစ်ပုပ်ပင်ကြီးကို သက်သေ ထူပြီး ခိုင်မာသောအချစ်သစ္စာစကားများ ဆိုခဲ့ကြသည်။ ထို့အတူ သစ်ပုပ်ပင်ကြီး အောက်တွင် ကျောခိုင်းရင်း အသဲများလည်း ကွဲကြေ ခဲ့ကြသည်။

ထိုအချစ်ဇာတ်လမ်းများကို လူပျိုကြီးသစ်ပုပ်ပင်သည် တစ်စိမ့်စိမ့် ကြည့်ရင်း ကြည်နူးခဲ့ဖူးသလို အသဲကွဲပူဆွေးပြီး သူ့အရိပ်အောက်သို့ လာရောက်ခိုလှုံသူများကိုလည်း သူ့အကိုင်းအခက်အရွက်များဖြင့် အေးမြအောင် စွမ်းဆောင်ခဲ့ ပေလိမ့်မည်။ သို့မဟုတ် မသိချင်ယောင်ဆောင်ကာ အဝေးသို့ မျှော်ငေးနေခဲ့ ပေလိမ့်မည်။

သစ်ပုပ်ပင်အိုသည် မြောက်မြားစွာသော အချစ်ဇာတ်လမ်းများကိုလည်း ဖန်တီးပေးခဲ့သည်။ သစ်ပုပ်ပင်ကိုချစ်သော အနုပညာရှင်အသီးသီးက သူတို့၏ရင်ထဲတွင် ဖြစ်ပေါ်လာသော ခံစားချက်အမျိုးမျိုးကိုလိုက်၍ ပန်းချီ၊ ကဗျာ၊ သီချင်း၊ ဝတ္ထုများတွင် သစ်ပုပ်ပင်ကို အမျိုးမျိုးပုံဖော်ရေးသားခဲ့ကြသည်။

သစ်ပုပ်ပင် သည် အချို့ဇာတ်လမ်းများတွင် ဇာတ်လိုက်၊ အချို့သော ဇာတ်လမ်းများတွင် ဇာတ်ပို့။

သုမောင်၏ ‘သစ်ပုပ်ပင်စောင့်နတ်’ တွင် ကိုဥသြသည် မကြင်လိုက်ရ ရှာသော သူ့ချစ်သူ ‘လစ်’ ကို သစ်ပုပ်ပင်ခြေရင်း၌ မယ်ဒလင်တစ်လက် အဖော်ပြုပြီး အလွမ်းသီချင်းများကို သီကျူးခဲ့သည်။ မင်းလူ၏ ‘ချစ်မြားရှင်’မှ စက်ပြင်သမားလေး ကိုချစ်အေးသည် သူချစ်သော တက္ကသိုလ်ကျောင်းသူ လေး မအေးအေးမူ၏ ပစ်ပစ်ခါခါပြောစကားကြားပြီး သစ်ပုပ်ပင်အောက်တွင် လွမ်းဆွေးခဲ့သည်။ သို့ကလို သစ်ပုပ်ပင်သည် ကိုဥသြတို့လို အသဲကွဲသူများ၏အဖော်ပြုရာ ဆွေးဖော်ဆွေးဖက် ရောင်းရင်းကြီးလည်းဖြစ်ခဲ့သည်။

လူပျိုကြီး သစ်ပုပ်ပင်က များစွာသောအချစ်ဇာတ်လမ်းများတွင် အရေးကြီးသောနေရာမှ ပါဝင်ခဲ့သော်လည်း သူကိုယ်၌က ချစ်သူမရှိသေး။ ထို့ကြောင့်ပင် သစ်ပုပ်ပင်ကိုချစ်သော ကဗျာဆရာမောင်ပန်းမွှေးက “သစ်ပုပ်ပင်ကြီး၊ အသက်ကြီးပြီ၊ ခုထိရည်းစားမရှိသေး” ဟူ၍ သုံးကြောင်းစပ်ကဗျာလေးဖြင့် ကျီစယ်ခဲ့ဟန်တူသည်။ ထိုကဗျာလေးကပင် တစ်ပင်တည်း ထီးထီးကျန်ရစ်ခဲ့သောသစ်ပုပ်ပင်ကြီးအတွက် အကောင်းဆုံးပြယုဂ် ဖြစ်တော့သည်။

အချစ်သမားများချည်းပင်မဟုတ်၊ နိုင်ငံကိုအကျိုးပြုရန် အစဉ်အကြံထုတ်နေလေ့ရှိသော ကိုအောင်ဆန်း၊ ကိုနု၊ ကိုရာဇတ်၊ ကိုသန့်တို့လို ကျောင်းသား ကောင်းများသည်လည်း သစ်ပုပ်ပင်အောက်တွင် ဝင်ရောက်ခိုလှုံခဲ့ကြသည်။ တက္ကသိုလ်စာကြည့်တိုက်သို့လာရင်း နံဘေးရှိ သစ်ပုပ်ပင်ကြီးအောက်တွင် မိမိတို့လှုပ်ရှားနေသည့် စာပေ၊ နိုင်ငံရေးကိစ္စများကို ဆွေးနွေးရာ နေရာလေးတစ်ခု ဖြစ်ခဲ့သည်။

ထိုသူတို့ကဲ့သို့ ရန်ကုန်တက္ကသိုလ်တွင် ပညာရည်နို့သောက်စို့ပြီး တိုင်းပြည်ကိုအကျိုးပြုသူများ ပေါ်ထွက်လာသောအခါ သစ်ပုပ်ပင်သည် ဝမ်းသာကြည်နူး၍ ကျေနပ်ခဲ့ပေလိမ့်မည်။ နိုင်ငံကိုဆုတ်ယုတ်အောင် လုပ်ခဲ့သူများလည်း သူ့အောက်တွင် ခိုလှုံခဲ့ဖူးသည်ကို သိရသောအခါ ဝမ်းနည်းမျက်ရည်ကျခဲ့မည်လားမသိ။

ရန်ကုန်တက္ကသိုလ်၏ သမိုင်းအဖြစ်သနစ်ပေါင်းစုံကိုသိသော အချစ်သစ်ပုပ်ပင်သည် တက္ကသိုလ်၏ မော်ကွန်းထိန်းကြီးလည်း ဖြစ်သည်။

သစ်ပုပ်ပင်သည် သူ၏အောက်တွင် အချိန်အပိုင်းအခြားအလိုက်ဖြစ်ပွားခဲ့သော အဓိကရုဏ်းများကို ငုံ့ကြည့်ခဲ့ပေလိမ့်မည်။ အမျိုးသားနေ့ကို ဖြစ်ပေါ်စေခဲ့သည့် ကျောင်းသားသပိတ်မှစ၍ ရန်ကုန်တက္ကသိုလ်တွင် ဖြစ်ပွားခဲ့သော ဆဲဗင်းဂျူလိုင်အရေးအခင်း၊ ဦးသန့်အရေးအခင်း၊ ရှစ်လေးလုံး အရေးတော်ပုံတို့မှ ကြွေးကြော်သံများသည် ညိုမှိုင်းသော သစ်ပုပ်ပင်၏ ပင်စည်အခေါင်းပေါက်အတွင်း ပဲ့တင်ထပ်ခဲ့ကြသည်။

သစ္ပုပ္ပင္ ေရေဆးပန္းခ်ီ။ ဓာတ္ပုံ-ဖိုးဝ/ျမန္မာတိုင္း(မ္)
သစ်ပုပ်ပင် ရေဆေးပန်းချီ။ ဓာတ်ပုံ-ဖိုးဝ/မြန်မာတိုင်း(မ်)

မည်သူမျှ သစ်ပုပ်ပင်လောက် ရန်ကုန်တက္ကသိုလ်တွင် ဖြစ်ပွားခဲ့သော သမိုင်းကြောင်းများစွာကို မျက်ဝါးထင်ထင် တွေ့ခဲ့မည်မဟုတ်သလို ထိုအကြောင်းတရားများ ‘တရား၏ မတရား၏’ ဆိုသည်ကို သစ်ပုပ်ပင်က သာ၍ သိပေလိမ့်မည်။ သို့သော် သူသည် သက်ရှိဖြစ်သော်လည်း ပြန်ပြောနိုင်စရာအကြောင်းတရား မရှိသဖြင့် မည်သို့သောအကြောင်း ဖြစ်လာပါစေ နှုတ်ဆိတ်၍သာ နေခဲ့သည်။ အကယ်၍ သစ်ပုပ်ပင်သာ စကားပြောတတ်လျှင် သူ့တွင် ပြောစရာစကားများ တောင်လိုပုံပြီး ပင်လယ်ထက်မက များပြားပေလိမ့်မည်။

တံတားဖြူပေါ်တွင် မေးတင်ကာ လဲလျောင်းနေသော အင်းလျား ကန်ပေါင်၊ တောင့်တင်းခိုင်မာ၍ ရင့်ကျက်တည်ငြိမ်သော ဘွဲ့နှင်းသဘင်ခန်းမ၊ မိုးပေါ်သို့ ထောင်တက်နေသည့် ယုဒသန်မျှော်စင်၊ အနုပညာရှင်ပေါင်းများစွာကို မွေးထုတ်ပေးခဲ့သည့် အပန်းဖြေရိပ်သာ၊ ဦးတည်ချက်ကိုယ်စီဖြင့် ခြေရာချင်းထပ်ခဲ့ကြသည့် အဓိပတိလမ်းစသည့်အရာများသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ညီသော အလှတရားများ ဖြစ်နေသည်ဆိုပါလျှင် သစ်ပုပ်ပင်အိုသည် ထိုအလှတရားများအား ပံ့ပိုးပေးနေသည့် အလှတစ်ခု ဟု ဆိုရမည်ဖြစ်သည်။

နွေ၊ မိုး၊ ဆောင်း လည်ပတ်နေသော ရာသီစက်ဝန်းတို့သည် သစ်ပုပ်ပင်အိုကြီးကို တရွေ့ရွေ့တိုက်စားသွားခဲ့ပြီ။ လာမည့်နှစ်ဆိုလျှင် ရန်ကုန် တက္ကသိုလ်ကြီးပင် နှစ်တစ်ရာပြည့်တော့မည်။ ရုပ်ဝတ္ထုပစ္စည်းများ အချိန်နှင့်အမျှ ပြောင်းလဲသွားခဲ့သော်လည်း ရန်ကုန်တက္ကသိုလ်မြေသည် မည်သည့်အခါမျှ ပြောင်းလဲခြင်းမရှိသော လွမ်းမောဖွယ်သီးခြားရပ်ဝန်းတစ်ခုအဖြစ် တည်ရှိနေဆဲဖြစ်သည်။

ထိုလွမ်းမောဖွယ်တက္ကသိုလ်ရပ်ဝန်းအတွင်းမှ လွမ်းမောဖွယ်သစ်ပုပ်ပင်အိုသည် တက္ကသိုလ်၏အမတ (မသေသည်၏အဖြစ်)အနေဖြင့်လည်း အတိတ်တွင် ကျော်ကြားခဲ့ပြီးဖြစ်သည်။ ယခုလည်း သစ်ပုပ်ပင်သည် မြို့ပြအမွေအနှစ် အထိမ်းအမှတ် အပြာရောင်ကမ္ပည်းပြားကြောင့် ထပ်ပြီးကျော်ကြားရပြန်လေပြီ။

‘နှစ်ပေါင်းတစ်ရာကျော်ရှိသည့် ဤရွက်ကြွေပင်ကြီးသည် ရန်ကုန်တက္ကသိုလ် ထက်ပင် သက်တမ်းရင့်ပြီး ရန်ကုန်တက္ကသိုလ်၏ အဓိက သင်္ကေတတစ်ခု ဖြစ်သည်။’ ဟူသော စာလုံးဖြူမှာ အပြာရောင်နောက်ခံဆိုင်းဘုတ်ကမ္ပည်းပြားပေါ်တွင် ကြွရွနေသည်။ ထိုအပြာရောင်ကမ္ပည်းပြား၏နောက်တွင်တော့ သစ်ပုပ်ပင်အိုသည် ဝင့်ထည်နေလေသည်။

ဖိုး၀ (မြန်မာတိုင်းမ်အပတ်စဉ်)

Leave a Reply

Your email address will not be published. Required fields are marked *