Posted on

(Zawgyi)


ဘယ်သူ့မှာတာဝန်ရှိလဲ ..






ကျနော်တို့ မြန်မှာငါးမွေးတောင်သူတွေကတော့ အစာတောင့်တို့ ဖွဲနုတို့ကို ဈေးကြီးပေးဝယ်ပီးငါးမွေးတော့ အရင်းကြီးတယ်.. အချိန်တန်လို့ ကန်ဖော်ရင်ဈေးကွက်ထဲ ဖြစ်သလိုရောင်းချနိုင်တဲ့ တရုတ်ကြက်ချီးစားငါးတွေရဲ့ ကြီးစိုးမှုဒဏ်ကို မလှန်နိုင်ကြဘူး.. ကြက်ချီးငါးကလည်း ငါးပေါချိန်ဆို ဈေးကွက်ထဲ တစ်ထောင်ဈေးလောက်အထိ ချရောင်းတာကိုယ်တိုင်ကြုံဖူးတယ် .. ကြက်ချေးငါးနဲ့ အပြိုင်ကိုယ်တေလည်း ဈေးချရောင်းပေးရတယ်လေ

ကိုယ်တွေ… ဂွမ်းပီပေါ့

….












အသံတွေ ပိတ်နေကြတယ် …

သက်ဆိုင်ရာက















ဘာဆိုလား .. ညာဆိုလား





ဧရာဝတီ ငဘ

(Unicode)

တရုတ်ကြက်ချီးငါး(သို့မဟုတ်) အသံတိတ် လူသတ်သမား

ဘယ်သူ့မှာတာဝန်ရှိလဲ ..

တရုတ်နိုင်ငံမှာ ငါးကိုကြက်ခြံနဲ့တွဲမွေးခွင့်မပြုပါဘူး

ကြက်ချေးစားတဲ့ငါးကိုလည်း သူ့နိုင်ငံသားတွေမစားကြဘူး..တရုတ်အစိုးရက ကြက်နဲ့တွဲမွေးထားတဲ့ငါးကို ရောဂါပိုးတွေ့ရှိတဲ့ အတွက် ပြည်သူတွေကို စားသုံးရန်မသင့်ဆိုပီးတော့ တရားဝင် ကြေငြာထားပါတယ်.. မွေးတဲ့သူတွေကိုလည်း ထိထိရောက်ရောက် အရေးယူပါတယ်..

ဒါပေမယ့်… ကျနော်တို့နိုင်ငံမှာတော့ အဲဒီ မြန်မာစကားမပြောတတ်တဲ့ ပေါက်ဖော်ကြီးတွေ ကန်တွေကို မတန်တဆဈေးပေးဝယ်ပီးတော့ ငါးကန်တွေပေါ်မှာ ကြက်တွေမွေး ငါးတွေကို ပေါချောင်ကောင်းနဲ့ပြန်ရောင်းနေတာ ကြာလှပါပီ …

ငါးတွေကိုမွေးပီး သီးသန့်အစာကျွေးစရာမလို ကြက်ချေးတွေပဲကျွေး ပီးရင်ဈေးကွက်ထဲ ဖြစ်သလိုဈေးနဲ့ရောင်းချပီး အမြတ်ထုတ်နေတာ သက်ဆိုင်ရာက သိပေမယ့် မတားဆီးရဲ…

အစာဝယ်ကျွေးစရာမလိုတော့ ကြက်ချီးကျွေးတဲ့ငါးပဲ တစ်ပိသာ တစ်ထောင်ဈေးရလဲ .. သူတို့အတွက်အမြတ်ပဲလေ ကြက်ကလဲမြတ်..ငါးကလဲအလကားရသူတို့ကတော့ okနေတာပေါ့ …

ကျနော်တို့ မြန်မှာငါးမွေးတောင်သူတွေကတော့ အစာတောင့်တို့ ဖွဲနုတို့ကို ဈေးကြီးပေးဝယ်ပီးငါးမွေးတော့ အရင်းကြီးတယ်.. အချိန်တန်လို့ ကန်ဖော်ရင်ဈေးကွက်ထဲ ဖြစ်သလိုရောင်းချနိုင်တဲ့ တရုတ်ကြက်ချီးစားငါးတွေရဲ့ ကြီးစိုးမှုဒဏ်ကို မလှန်နိုင်ကြဘူူး.. ကြက်ချီးငါးကလည်း ငါးပေါချိန်ဆို ဈေးကွက်ထဲ တစ်ထောင်ဈေးလောက်အထိ ချရောင်းတာကိုယ်တိုင်ကြုံဖူးတယ် .. ကြက်ချေးငါးနဲ့ အပြိုင်ကိုယ်တေလည်း ဈေးချရောင်းပေးရတယ်လေ

ကိုယ်တွေ… ဂွမ်းပီပေါ့

….

ငါးတွေရှားတဲ့ ဒီလိုနှစ်မျိုးကြပြန်တော့ နွားထီးလည်းငါးကျပ် နွားမလည်းငါးကျပ် ဖြစ်ပြန်ရော သူတို့ကြက်ချေးငါးတွေကတော့ သာသာယာယာပဲ …

ကျနော်တို့နိုင်ငံသားတွေကတော့ ကြက်ချီးငါးမှန်း ဘာမှန်းမသိ ဈေးချိုတာနဲ့ဝယ်စားတော့တာပဲ .. အဟုတ်

ရောဂါကို ငွေနဲ့ဝယ်ယူပီး စာသုံးနေကြတာနဲ့အတူတူပါပဲ..အခုလည်း ထပ်လာနေပြန်ပီ နောက်ထပ်တစ်မျိုး

ဝက်နဲ့ကြက်တွဲမွေး ပြန်ပီလေ ..

ဝက်ချီးစားငါး စားကြပြန်ဦးတော့ ရွှေမြန်မာတို့ရေ … ဒီလိုလုပ်ငန်းတွေကို အကြီးအကျယ် လုပ်နေကြသူအများစုဟာ..ဗမာစကားတောင် ကောင်းကောင်းမပြောတတ်တဲ့

ဘယ်ကနေ ဘယ်လိုဝင်လာမှန်းမသိတဲ့ တရုတ်တွေပါ..မယုံရင် ကိုယ်တိုင်လာကြည့်ကြ ရန်ကုန်တိုင်း ဧရာဝတီတိုင်း ပဲခူးတိုင်းဘက်ကို ..

သူတို့နိုင်ငံက ငါးတွေပြန်ဝယ်တော့ ကြေီးကြီးကျယ်ကျယ်တွေနဲ့ဗျ မနှစ်က ကျနော့်ကန်ကို တရုတ်တွေငါးဒါန်လာဝယ်တော့ ကြက်ချီးငါး ဟုတ်မဟုတ် ရောဂါရှိမရှိကန်ကိုသေချာဆင်းကြည့်.. ရေတိုင်း ရေစစ် ငါးတွေကို ဓာတ်ခွဲခန်းပို့ သေသေချာချာ အဆင့်ဆင့်လုပ်ပီးမှ ငါးကို တရုတ်ပြန်သယ်တာ ..

တော်တော် လူပါးဝတဲ့ တရုတ်အစုပ်ပလုပ်တွေ…

*****ငါတို့နိုင်ငံကိုကြတော့ ရောဂါတွေလာရောင်းပီး

ပြည်သူတွေကို အသံတိတ်နည်းနဲ့ လာပီးသတ်နေတာ*****

ဒါတွေကို သက်ဆိုင်ရာ ဌာနတွေကလည်း မျိုဆို့ထားကြပီး

အသံတွေ ပိတ်နေကြတယ် …

သက်ဆိုင်ရာက

ကြက်နဲ့ငါးတွဲမွေးထားတာတွေကို အရေးယူမယ်ဆိုပီးတော့

အခုချိန်အထိ ဘာတခုမှလုပ်ဆောင်နေတာ မတွေ့ရသေး..

တရုတ်တွေက ငွေနဲ့ဆို့ထားလားမသိ..

ကမ္ဘာ့ကင်ဆာ ဖြစ်ပွားနှုန်းမှာ

မြန်မာက ကမ္ဘာ့ထိပ်တန်းစာရင်းဝင်နေတာကိုပဲ

ကြံဖန်ပီး ဂုဏ်ယူနေကြသလားမသိ …

ကျနော်တို့ပြည်သူတွေကိုယ်စား ဖြစ်စေချင်တာက

ဈေးကွက်ထဲက ကြက်ချီးငါးတွေကို ဓာတ်ခွဲခန်းကိုတင်ပီး

ဘာတွေပါသလဲ…ဒါကို ပွင့်လင်းလင်းချပြ

စားသုံးရန်မသင့်ဘူးဆိုလည်း.. ပြည်သူတွေကို တရားဝင်ကြော်ငြာ

မွေးတဲ့သူတွေကိုလည်း အရေးယူ .. အလွယ်လေးပဲ

ဒါကို ဝေ့လည်ကြောင်ပတ်နဲ့လုပ်နေတာ ဆယ်နှစ်မကတော့ဘူး

ဘာတွေကို ကြောက်နေမှန်းမသိ ..

ငါးလုပ်ငန်းအဖွဲ့ချုပ်ဆိုတာကြီးကလည်း..

ဘာဆိုလား .. ညာဆိုလား

့ပြည်သူတွေကိုယ်စား ထပ်ပီးတော့ တောင်းဆိုပါတယ်

ကြက်နဲ့ငါး ဝက်နဲ့ငါး တွဲမွေးနေကြတာတွေကို

အစိုးရတာဝန်ရှိသူတွေအနေနဲ့ သေသေချာချာ စစ်ဆေးပီး .. ပြည်သူတွေကို ချပြပေးပါ… အရေးယူပေးပါ …

(အစိုးရ အကြီးအကဲတွေ သိရှိသွားအောင် ဒီပို့စ်လေးကို share ပေးကြပါ )

ဧရာဝတီ ငဘ

Leave a Reply

Your email address will not be published. Required fields are marked *