Posted on

(Zawgyi)

ရွမ္းျပည္နယ္ ေျမာက္ပိုင္း ပေလာင္ ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသ နမ့္ဆန္ၿမိဳ႕ အနီးရွိ ေတာင္႐ိုး ေစတီကုန္းတြင္ တပ္စြဲ ထားသည့္ ပေလာင္ (တအန္း) အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ (TNLA) ကို ထိုေနရာမွ တပ္မေတာ္က ျပန္လည္ တိုက္ထုတ္ၿပီးေနာက္ စခန္းကို ယမန္ေန႔က သိမ္းပိုက္လိုက္ေၾကာင္း သိရသည္။

အဆိုပါ ဘုရားကုန္းေပၚတြင္ စက္တင္ဘာလ ၁၃ ရက္ေန႔ကစၿပီး TNLA က တပ္စြဲမႈ ျပဳလုပ္လာ၍ ယင္းအခ်ိန္ကစၿပီး တပ္မေတာ္က ရဟတ္ယာဥ္ႏွင့္ လက္နက္ႀကီးမ်ား အသုံးျပဳ၍ ရွင္းလင္းေရး ေဆာင္႐ြက္ခဲ့ရာ ေနာက္ဆုံးတြင္ တပ္မေတာ္ က ျပန္ထိန္းခ်ဳပ္လိုက္ႏိုင္ၿပီ ျဖစ္ေၾကာင္း တပ္မေတာ္ ေျပာခြင့္ရပုဂၢိဳလ္ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ယေန႔ ေျပာသည္။

ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက“နမ့္ဆန္ အေနာက္ဘက္မွာ ရွိတဲ့ ဘုရားကုန္းကို က်ေနာ္တို႔ ျပန္ရပါၿပီ။ မေန႔က မနက္က တပ္မေတာ္က ျပန္သိမ္းပိုက္ၿပီး ထိန္းခ်ဳပ္ထားလိုက္ၿပီ။ အဲဒီအေပၚမွာ ပစ္က်င္းေတြ၊ တဲေတြ၊ ဘန္ကာေတြ ေဆာက္ လုပ္ ထားတာ ေတြ႕ရတယ္။ အဲဒီေပၚမွာ ရွိတဲ့ ႐ုပ္ပြားေစတီ၊ ဘုန္းႀကီးေက်ာင္း တခ်ိဳ႕ေတာ့ နည္းနည္း ထိခိုက္ပ်က္စီး တာ ရွိတယ္”ဟု ေျပာဆိုသည္။

စက္တင္ဘာလ ၁၆ ရက္ေန႔ကလည္း ယင္းေတာင္႐ိုး ေစတီကုန္း၏ ေအာက္ဘက္ရွိ နမ့္ဆန္ၿမိဳ႕ႏွင့္ မီတာ ၄၀၀ဝ ခန႔္ အကြာတြင္ တည္ရွိသည့္ နမ့္ေခးဘုရားကုန္းကို တပ္မေတာ္က စတင္ သိမ္းပိုက္ခဲ့သည္ဟု သိရသည္။

ယခု ေနာက္ဆုံး သိမ္းပိုက္ရရွိသည့္ ေစတီကုန္းေနရာသည္ နမ့္ဆန္ၿမိဳ႕ တၿမိဳ႕လုံးကို အေပၚစီးမွ ျမင္ရၿပီး TNLA အဖြဲ႕ အေနျဖင့္ ထိုကုန္းကို ေျခကုတ္ယူ၍ နမ့္ဆန္ၿမိဳ႕တြင္းရွိ အစိုးရ အေဆာက္အအုံမ်ားကို လက္နက္ႀကီးမ်ားျဖင့္ ေႏွာင့္ ယွက္ ဖ်က္ဆီးႏိုင္ေျခ ရွိသျဖင့္ တပ္မေတာ္က ယင္းေနရာတြင္ တပ္စြဲခြင့္ မျပဳႏိုင္ျခင္း ျဖစ္ေၾကာင္း တပ္မေတာ္ တာဝန္ရွိ သူမ်ားက ေျပာဆိုသည္။

ထိုေနရာသည္ ယခင္က တပ္မေတာ္က တပ္စြဲျခင္း မရွိသလို TNLA တပ္စြဲခဲ့ျခင္းလည္း မရွိေၾကာင္း၊ ယခုလို TNLA က တပ္စြဲလာသျဖင့္ နမ့္ဆန္ၿမိဳ႕အႏၲရာယ္ ႀကိဳတင္ကာကြယ္သည့္ အေနျဖင့္ ရွင္းလင္းရျခင္းျဖစ္ေၾကာင္း သိရသည္။

“ဟိုဘက္က အက်အဆုံးလည္း မသိဘူး။ စခန္းပဲ ထိန္းခ်ဳပ္လိုက္တာ။ တိုက္ေနတာလည္း အရင္တပတ္ကတည္းက တိုက္ေနတာ။ လွည့္ကင္းအဖြဲ႕နဲ႔ ေတြ႕ၿပီး တိုက္ေနရတာ။ ၿမိဳ႕ နဲ႔ မီတာ ၅၀၀၀ ေလာက္ပဲ ေဝးေတာ့တယ္”ဟု ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာသည္။

စက္တင္ဘာ ၁၃ ရက္ေန႔က စတင္ျဖစ္ပြားခဲ့ေသာ ႏွစ္ဘက္ တိုက္ပြဲေၾကာင့္ အနီးရွိ ဟိုေခ်ာင္းေက်း႐ြာ အပါအဝင္ ေဒသခံ ေက်း႐ြာ ၃ ႐ြာမွ ႐ြာသူ ႐ြာသား ၁ ေထာင္ေက်ာ္ နမ့္ဆန္ၿမိဳ႕ေပၚရွိ ဘုန္းေတာ္ႀကီး ေက်ာင္းမ်ားတြင္ စစ္ေဘး ေရွာင္အျဖစ္ သြားေရာက္ ခိုလႈံေနၾကရေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ယခု တိုက္ပြဲျဖစ္ပြားမႈႏွင့္ ပတ္သက္၍ TNLA ထံ ဆက္သြယ္ခဲ့ေသာ္လည္း မရရွိခဲ့ပါ။

တပ္မေတာ္က စက္တင္ဘာ ၂၁ ရက္ေန႔ အထိ အပစ္ရပ္မည္ဟု ၾသဂုတ္ ၃၁ ရက္ေန႔က ထုတ္ျပန္ ေၾကညာထား သလို ေျမာက္ပိုင္း မဟာမိတ္ ၃ ဖြဲ႕ျဖစ္သည့္ TNLA၊ ျမန္မာအမ်ိဳးသား ဒီမိုကရက္တစ္ မဟာမိတ္ တပ္မေတာ္ (MNDAA)ႏွင့္ ရကၡိဳင္ စစ္တပ္(AA) တို႔ကလည္း ယခုလ ၉ ရက္မွ ေအာက္တိုဘာ ၈ ရက္အထိ တလ အပစ္ရပ္ေၾကာင္း ေၾကညာ ထား သည္။

ထိုသို႔ အပစ္ရပ္ထားေသာ္လည္း တပ္မေတာ္က ေလေၾကာင္းပစ္ကူမ်ား၊ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ တိုက္ခိုက္မႈ မ်ား အျပင္ စစ္အင္အား တိုးခ်ဲ႕ခ်ထားျခင္းေၾကာင့္ တိုက္ပြဲမ်ား ပိုမိုျပင္းထန္ လာႏိုင္ေၾကာင္း ေျမာက္ပိုင္း မဟာမိတ္ ၃ ဖြဲ႕က စက္တင္ဘာ ၁၄ ရက္တြင္ သေဘာထား ေၾကညာခ်က္ ထုတ္ျပန္သည္။

တပ္မေတာ္ကလည္း အပစ္အခတ္ ရပ္စဲထားခ်ိန္ကာလ အတြင္း နယ္ေျမတိုးခ်ဲ႕ျခင္း၊ အင္အား တိုးခ်ဲ႕ျခင္း မလုပ္ရန္ ေျပာဆိုထားေၾကာင္း၊ သို႔ေသာ္လည္း တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕တခ်ိဳ႕ အေနျဖင့္ ထိုအခ်က္ကို ခ်ိဳးေဖာက္ လုပ္ေဆာင္သျဖင့္ တိုက္ခိုက္ရျခင္းျဖစ္ေၾကာင္း တုံ႔ျပန္သည္။

ေျမာက္ပိုင္း မဟာမိတ္ ၃ ဖြဲ႕ႏွင့္ အစိုးရ အမ်ိဳးသား ျပန္လည္ သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး ဗဟိုဌာန (NRPC) မွ ကိုယ္စားလွယ္မ်ားသည္ စက္တင္ဘာ ၁၇ ရက္ေန႔တြင္ ရွမ္းျပည္နယ္ အေရွ႕ပိုင္း က်ိဳင္းတုံၿမိဳ႕တြင္ ေတြ႕ဆုံၾကၿပီး ၂ ဖက္ ဆက္လက္ ေတြ႕ဆုံႏိုင္ရန္ သေဘာတူညီခဲ့ၾကေၾကာင္း သိရသည္။

ထက္ႏိုင္ေဇာ္ (ဧရာ၀တီ)

(Unicode)

TNLA ထိန်းချုပ်ထားသည့် တောင်ရိုး စေတီကုန်း တပ်မတော် ပြန်လည်သိမ်းပိုက်လိုက်ပြီ

ရှမ်းပြည်နယ် မြောက်ပိုင်း ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ အနီးရှိ တောင်ရိုး စေတီကုန်းတွင် တပ်စွဲ ထားသည့် ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ကို ထိုနေရာမှ တပ်မတော်က ပြန်လည် တိုက်ထုတ်ပြီးနောက် စခန်းကို ယမန်နေ့က သိမ်းပိုက်လိုက်ကြောင်း သိရသည်။

အဆိုပါ ဘုရားကုန်းပေါ်တွင် စက်တင်ဘာလ ၁၃ ရက်နေ့ကစပြီး TNLA က တပ်စွဲမှု ပြုလုပ်လာ၍ ယင်းအချိန်ကစပြီး တပ်မတော်က ရဟတ်ယာဉ်နှင့် လက်နက်ကြီးများ အသုံးပြု၍ ရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ နောက်ဆုံးတွင် တပ်မတော် က ပြန်ထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်ကြောင်း တပ်မတော် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ယနေ့ ပြောသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“နမ့်ဆန် အနောက်ဘက်မှာ ရှိတဲ့ ဘုရားကုန်းကို ကျနော်တို့ ပြန်ရပါပြီ။ မနေ့က မနက်က တပ်မတော်က ပြန်သိမ်းပိုက်ပြီး ထိန်းချုပ်ထားလိုက်ပြီ။ အဲဒီအပေါ်မှာ ပစ်ကျင်းတွေ၊ တဲတွေ၊ ဘန်ကာတွေ ဆောက် လုပ် ထားတာ တွေ့ရတယ်။ အဲဒီပေါ်မှာ ရှိတဲ့ ရုပ်ပွားစေတီ၊ ဘုန်းကြီးကျောင်း တချို့တော့ နည်းနည်း ထိခိုက်ပျက်စီး တာ ရှိတယ်”ဟု ပြောဆိုသည်။

စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း ယင်းတောင်ရိုး စေတီကုန်း၏ အောက်ဘက်ရှိ နမ့်ဆန်မြို့နှင့် မီတာ ၄၀၀ဝ ခန့် အကွာတွင် တည်ရှိသည့် နမ့်ခေးဘုရားကုန်းကို တပ်မတော်က စတင် သိမ်းပိုက်ခဲ့သည်ဟု သိရသည်။

ယခု နောက်ဆုံး သိမ်းပိုက်ရရှိသည့် စေတီကုန်းနေရာသည် နမ့်ဆန်မြို့ တမြို့လုံးကို အပေါ်စီးမှ မြင်ရပြီး TNLA အဖွဲ့ အနေဖြင့် ထိုကုန်းကို ခြေကုတ်ယူ၍ နမ့်ဆန်မြို့တွင်းရှိ အစိုးရ အဆောက်အအုံများကို လက်နက်ကြီးများဖြင့် နှောင့် ယှက် ဖျက်ဆီးနိုင်ခြေ ရှိသဖြင့် တပ်မတော်က ယင်းနေရာတွင် တပ်စွဲခွင့် မပြုနိုင်ခြင်း ဖြစ်ကြောင်း တပ်မတော် တာဝန်ရှိ သူများက ပြောဆိုသည်။

ထိုနေရာသည် ယခင်က တပ်မတော်က တပ်စွဲခြင်း မရှိသလို TNLA တပ်စွဲခဲ့ခြင်းလည်း မရှိကြောင်း၊ ယခုလို TNLA က တပ်စွဲလာသဖြင့် နမ့်ဆန်မြို့အန္တရာယ် ကြိုတင်ကာကွယ်သည့် အနေဖြင့် ရှင်းလင်းရခြင်းဖြစ်ကြောင်း သိရသည်။

“ဟိုဘက်က အကျအဆုံးလည်း မသိဘူး။ စခန်းပဲ ထိန်းချုပ်လိုက်တာ။ တိုက်နေတာလည်း အရင်တပတ်ကတည်းက တိုက်နေတာ။ လှည့်ကင်းအဖွဲ့နဲ့ တွေ့ပြီး တိုက်နေရတာ။ မြို့ နဲ့ မီတာ ၅၀၀၀ လောက်ပဲ ဝေးတော့တယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

စက်တင်ဘာ ၁၃ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော နှစ်ဘက် တိုက်ပွဲကြောင့် အနီးရှိ ဟိုချောင်းကျေးရွာ အပါအဝင် ဒေသခံ ကျေးရွာ ၃ ရွာမှ ရွာသူ ရွာသား ၁ ထောင်ကျော် နမ့်ဆန်မြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းများတွင် စစ်ဘေး ရှောင်အဖြစ် သွားရောက် ခိုလှုံနေကြရကြောင်း ဒေသခံများထံမှ သိရသည်။

ယခု တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်၍ TNLA ထံ ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပါ။

တပ်မတော်က စက်တင်ဘာ ၂၁ ရက်နေ့ အထိ အပစ်ရပ်မည်ဟု သြဂုတ် ၃၁ ရက်နေ့က ထုတ်ပြန် ကြေညာထား သလို မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် TNLA၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)နှင့် ရက္ခိုင် စစ်တပ်(AA) တို့ကလည်း ယခုလ ၉ ရက်မှ အောက်တိုဘာ ၈ ရက်အထိ တလ အပစ်ရပ်ကြောင်း ကြေညာ ထား သည်။

ထိုသို့ အပစ်ရပ်ထားသော်လည်း တပ်မတော်က လေကြောင်းပစ်ကူများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု များ အပြင် စစ်အင်အား တိုးချဲ့ချထားခြင်းကြောင့် တိုက်ပွဲများ ပိုမိုပြင်းထန် လာနိုင်ကြောင်း မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့က စက်တင်ဘာ ၁၄ ရက်တွင် သဘောထား ကြေညာချက် ထုတ်ပြန်သည်။

တပ်မတော်ကလည်း အပစ်အခတ် ရပ်စဲထားချိန်ကာလ အတွင်း နယ်မြေတိုးချဲ့ခြင်း၊ အင်အား တိုးချဲ့ခြင်း မလုပ်ရန် ပြောဆိုထားကြောင်း၊ သို့သော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့ အနေဖြင့် ထိုအချက်ကို ချိုးဖောက် လုပ်ဆောင်သဖြင့် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း တုံ့ပြန်သည်။

မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့နှင့် အစိုးရ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) မှ ကိုယ်စားလှယ်များသည် စက်တင်ဘာ ၁၇ ရက်နေ့တွင် ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် တွေ့ဆုံကြပြီး ၂ ဖက် ဆက်လက် တွေ့ဆုံနိုင်ရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။

ထက်နိုင်ဇော် (ဧရာ၀တီ)

Leave a Reply

Your email address will not be published. Required fields are marked *