Posted on

တ႐ုတ္ခရီးသြားေတြနဲ႔ ပတ္သက္ၿပီး Google မွာ ရွာလိုက္ရင္ “ဆူညံလြန္းတယ္” “ယဥ္ေက်းမႈ မရွိဘူး” “အားနာမႈ မရွိဘူး” စသျဖင့္ ေဖာ္ျပထားတာေတြ အမ်ားစု ေတြ႕ရပါတယ္။ ဒါေၾကာင့္လည္း သက္ဆိုင္ရာ ေဒသခံ အာဏာပိုင္ေတြ၊ ေလယာဥ္အမႈထမ္းေတြ၊ ေဂါပက လူႀကီးေတြနဲ႔ မၾကာခဏ ျပႆနာျဖစ္ေလ့ ရွိတတ္ပါတယ္။

အခုလို ေဖာ္ျပထားတဲ့ အေၾကာင္းအရာေတြဟာ အဂၤလိပ္ဘာသာစကား အသုံးျပဳတဲ့ မီဒီယာေတြက ေဖာ္ျပထားတဲ့ သတင္းမ်ိဳးေတြ မဟုတ္ဘဲ တ႐ုတ္မီဒီယာေတြက ေဖာ္ျပထားၾကတဲ့သတင္းေတြ ျဖစ္ပါတယ္။

တ႐ုတ္သတင္းစာေတြကလည္း ႏိုင္ငံတကာကို သြားေရာက္ေနၾကတဲ့ တ႐ုတ္ခရီးသြားေတြနဲ႔ ပတ္သက္ၿပီး “႐ိုင္းစိုင္းၾကတယ္” ၊ “စည္းကမ္း မလိုက္နာဘူး” စသျဖင့္ ေဖာ္ျပေလ့ ရွိၾကပါတယ္။ ဒါေၾကာင့္လည္း တ႐ုတ္အစိုးရက အဲဒီလို လူတခ်ိဳ႕ကို ခရီးသြားလာမႈ ပိတ္ပင္ေနတယ္လို႔ သိရပါတယ္။

South China Morning Post သတင္းစာမွာလည္း ယဥ္ေက်းမႈ မရွိတဲ့ ႏိုင္ငံတကာ ခရီးသြားေတြထဲမွာ တ႐ုတ္ႏိုင္ငံသားေတြက ထိပ္ဆုံးမွာ ရွိေနတယ္လို႔ ေဖာ္ျပထားပါတယ္။ အျခားအစီရင္ခံစာေတြအရလည္း တ႐ုတ္ႏိုင္ငံသားေတြဟာ ကမာၻအႏွံ႔ ခရီးထြက္ေနၾကေပမယ့္ ေဒသခံေတြကို မေလးစားသူေတြ၊ စည္းကမ္းမလိုက္နာသူေတြနဲ႔ ေဒသအစိုးရက ထုတ္ျပန္ထားတဲ့ သတိေပးခ်က္ေတြကို မလိုက္နာသူေတြအျဖစ္ ေဖာ္ျပေလ့ရွိပါတယ္။

၂၀၀၄ ခုႏွစ္တုန္းကလည္း တ႐ုတ္ခရီးသြားအမ်ိဳးသမီးတေယာက္က သူ႔အေဖာ္နဲ႔အတူ မထိုင္ရလို႔ ဆိုၿပီး ေလယာဥ္မယ္ကို ေရေႏြးပူနဲ႔ ပက္ခဲ့ဖူးပါတယ္။ ဒီအျဖစ္အပ်က္ေတြ အျပင္ မိဘေတြရဲ႕ အားေပးမႈနဲ႔ ေလယာဥ္ခုံကို ဖ်က္ဆီးခဲ့တဲ့လူငယ္၊ အီဂ်စ္က သက္တမ္းႏွစ္ ၃၅၀၀ ရွိၿပီျဖစ္တဲ့ ေရွးေဟာင္းေက်ာင္းေတာ္ႀကီးရဲ႕ အလွကိုဖ်က္ဆီးခဲ့တဲ့ လူငယ္ စတဲ့ အျဖစ္အပ်က္ေတြ ရွိခဲ့ဖူးပါတယ္။

ဒါေၾကာင့္လည္း သတင္းမီဒီယာေတြက တ႐ုတ္ခရီးသြားေတြကို ယဥ္ေက်းမႈ မရွိဘူးလို႔ ဆိုေနၾကျခင္းျဖစ္ပါတယ္။ ေရာက္တဲ့ေဒသတိုင္းမွာ တ႐ုတ္ခရီးသြားေတြက ေဒသခံေတြနဲ႔ ျပႆနာတက္ေလ့ ရွိၾကပါတယ္။

တ႐ုတ္အစိုးရ ကိုယ္တိုင္ကလည္း တ႐ုတ္ႏိုင္ငံ ခရီးသြားေတြနဲ႔ပတ္သက္ၿပီး ယဥ္ေက်းမႈ မရွိဘူး ဆိုတာကို လက္ခံထားပါတယ္။ ဒါေၾကာင့္လည္း တျခားေဒသေတြမွာ ျပႆနာ ႀကီးႀကီးမားမားျဖစ္ခဲ့သူေတြကို Blacklist စာရင္းသြင္းၿပီး ခရီးသြားပိတ္ပင္တာမ်ိဳးေတြ လုပ္လာပါတယ္။

၂၀၀၁ ခုႏွစ္ေလာက္အထိ တ႐ုတ္ႏိုင္ငံသားအမ်ားစုမွာ Passport မရွိခဲ့ပါဘူး။ အဲဒီကာလေတြအထိ တ႐ုတ္ႏိုင္ငံသား ၉၈ ရာခိုင္ႏႈန္းေလာက္က တိုင္းျပည္ျပင္ပကို မထြက္ဖူးခဲ့ၾကပါဘူး။ ဒီေန႔ကာလမွာေတာ့ ဗီဇာကင္းလြတ္ခြင့္ေတြနဲ႔အတူ တ႐ုတ္ႏိုင္ငံသား အမ်ားအျပား ျပည္ပထြက္လာၾကပါတယ္။ ၂၀၃၀ ေရာက္ရင္ေတာ့ တ႐ုတ္ႏိုင္ငံသား သန္း ၄၀၀ ေက်ာ္ ခရီးထြက္မယ္လို႔ ေမွ်ာ္လင့္ထားၾကပါတယ္။

ျမန္မာႏိုင္ငံကို ေရာက္လာတဲ့ တ႐ုတ္ခရီးသြားေတြရဲ႕ အမူအက်င့္ေတြကလည္း ယဥ္ေက်းမႈ ရွိလွတယ္ေတာ့ မဟုတ္ပါဘူး။ အမႈိက္ေတြကို ပစ္ခ်င္သလို ပစ္ေလ့ရွိပါတယ္။ စကားကို ေအာ္က်ယ္ ေအာ္က်ယ္ ေျပာေလ့ရွိၾကပါတယ္။ ဘုရားရင္ျပင္ေတာ္ေပၚကိုေတာင္ ဖိနပ္စီးၿပီး တက္ေလ့ ရွိပါတယ္။ ေနာက္ဆုံး ဘုရားက ေက်ာက္စိမ္းျပားေတြကိုေတာင္ ခိုးယူတဲ့အထိ ျပဳလုပ္လာေနၾကတာကို ေတြ႕ရပါတယ္။

ဒါေၾကာင့္လည္း သက္ဆိုင္ရာ ေဒသခံအာဏာပိုင္ေတြက ဒီလိုကိစၥမ်ိဳးေတြ ထပ္မံ မျဖစ္ေပၚေအာင္ တ႐ုတ္ ခရီးသြားေတြအေပၚ ထိထိေရာက္ေရာက္ အေရးယူတာမ်ိဳး ေဆာင္႐ြက္သင့္ေနပါၿပီ။

(Unicode)

နိုင်ငံတကာကို လည်ပတ်နေကြတဲ့ တရုတ်ခရီးသွားတွေရဲ့ အမူအကျင့်ဆိုးများ

တရုတ်ခရီးသွားတွေနဲ့ ပတ်သက်ပြီး Google မှာ ရှာလိုက်ရင် “ဆူညံလွန်းတယ်” “ယဉ်ကျေးမှု မရှိဘူး” “အားနာမှု မရှိဘူး” စသဖြင့် ဖော်ပြထားတာတွေ အများစု တွေ့ရပါတယ်။ ဒါကြောင့်လည်း သက်ဆိုင်ရာ ဒေသခံ အာဏာပိုင်တွေ၊ လေယာဉ်အမှုထမ်းတွေ၊ ဂေါပက လူကြီးတွေနဲ့ မကြာခဏ ပြဿနာဖြစ်လေ့ ရှိတတ်ပါတယ်။

အခုလို ဖော်ပြထားတဲ့ အကြောင်းအရာတွေဟာ အင်္ဂလိပ်ဘာသာစကား အသုံးပြုတဲ့ မီဒီယာတွေက ဖော်ပြထားတဲ့ သတင်းမျိုးတွေ မဟုတ်ဘဲ တရုတ်မီဒီယာတွေက ဖော်ပြထားကြတဲ့သတင်းတွေ ဖြစ်ပါတယ်။

တရုတ်သတင်းစာတွေကလည်း နိုင်ငံတကာကို သွားရောက်နေကြတဲ့ တရုတ်ခရီးသွားတွေနဲ့ ပတ်သက်ပြီး “ရိုင်းစိုင်းကြတယ်” ၊ “စည်းကမ်း မလိုက်နာဘူး” စသဖြင့် ဖော်ပြလေ့ ရှိကြပါတယ်။ ဒါကြောင့်လည်း တရုတ်အစိုးရက အဲဒီလို လူတချို့ကို ခရီးသွားလာမှု ပိတ်ပင်နေတယ်လို့ သိရပါတယ်။

South China Morning Post သတင်းစာမှာလည်း ယဉ်ကျေးမှု မရှိတဲ့ နိုင်ငံတကာ ခရီးသွားတွေထဲမှာ တရုတ်နိုင်ငံသားတွေက ထိပ်ဆုံးမှာ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ အခြားအစီရင်ခံစာတွေအရလည်း တရုတ်နိုင်ငံသားတွေဟာ ကမ္ဘာအနှံ့ ခရီးထွက်နေကြပေမယ့် ဒေသခံတွေကို မလေးစားသူတွေ၊ စည်းကမ်းမလိုက်နာသူတွေနဲ့ ဒေသအစိုးရက ထုတ်ပြန်ထားတဲ့ သတိပေးချက်တွေကို မလိုက်နာသူတွေအဖြစ် ဖော်ပြလေ့ရှိပါတယ်။

၂၀၀၄ ခုနှစ်တုန်းကလည်း တရုတ်ခရီးသွားအမျိုးသမီးတယောက်က သူ့အဖော်နဲ့အတူ မထိုင်ရလို့ ဆိုပြီး လေယာဉ်မယ်ကို ရေနွေးပူနဲ့ ပက်ခဲ့ဖူးပါတယ်။ ဒီအဖြစ်အပျက်တွေ အပြင် မိဘတွေရဲ့ အားပေးမှုနဲ့ လေယာဉ်ခုံကို ဖျက်ဆီးခဲ့တဲ့လူငယ်၊ အီဂျစ်က သက်တမ်းနှစ် ၃၅၀၀ ရှိပြီဖြစ်တဲ့ ရှေးဟောင်းကျောင်းတော်ကြီးရဲ့ အလှကိုဖျက်ဆီးခဲ့တဲ့ လူငယ် စတဲ့ အဖြစ်အပျက်တွေ ရှိခဲ့ဖူးပါတယ်။

ဒါကြောင့်လည်း သတင်းမီဒီယာတွေက တရုတ်ခရီးသွားတွေကို ယဉ်ကျေးမှု မရှိဘူးလို့ ဆိုနေကြခြင်းဖြစ်ပါတယ်။ ရောက်တဲ့ဒေသတိုင်းမှာ တရုတ်ခရီးသွားတွေက ဒေသခံတွေနဲ့ ပြဿနာတက်လေ့ ရှိကြပါတယ်။

တရုတ်အစိုးရ ကိုယ်တိုင်ကလည်း တရုတ်နိုင်ငံ ခရီးသွားတွေနဲ့ပတ်သက်ပြီး ယဉ်ကျေးမှု မရှိဘူး ဆိုတာကို လက်ခံထားပါတယ်။ ဒါကြောင့်လည်း တခြားဒေသတွေမှာ ပြဿနာ ကြီးကြီးမားမားဖြစ်ခဲ့သူတွေကို Blacklist စာရင်းသွင်းပြီး ခရီးသွားပိတ်ပင်တာမျိုးတွေ လုပ်လာပါတယ်။

၂၀၀၁ ခုနှစ်လောက်အထိ တရုတ်နိုင်ငံသားအများစုမှာ Passport မရှိခဲ့ပါဘူး။ အဲဒီကာလတွေအထိ တရုတ်နိုင်ငံသား ၉၈ ရာခိုင်နှုန်းလောက်က တိုင်းပြည်ပြင်ပကို မထွက်ဖူးခဲ့ကြပါဘူး။ ဒီနေ့ကာလမှာတော့ ဗီဇာကင်းလွတ်ခွင့်တွေနဲ့အတူ တရုတ်နိုင်ငံသား အများအပြား ပြည်ပထွက်လာကြပါတယ်။ ၂၀၃၀ ရောက်ရင်တော့ တရုတ်နိုင်ငံသား သန်း ၄၀၀ ကျော် ခရီးထွက်မယ်လို့ မျှော်လင့်ထားကြပါတယ်။

မြန်မာနိုင်ငံကို ရောက်လာတဲ့ တရုတ်ခရီးသွားတွေရဲ့ အမူအကျင့်တွေကလည်း ယဉ်ကျေးမှု ရှိလှတယ်တော့ မဟုတ်ပါဘူး။ အမှိုက်တွေကို ပစ်ချင်သလို ပစ်လေ့ရှိပါတယ်။ စကားကို အော်ကျယ် အော်ကျယ် ပြောလေ့ရှိကြပါတယ်။ ဘုရားရင်ပြင်တော်ပေါ်ကိုတောင် ဖိနပ်စီးပြီး တက်လေ့ ရှိပါတယ်။ နောက်ဆုံး ဘုရားက ကျောက်စိမ်းပြားတွေကိုတောင် ခိုးယူတဲ့အထိ ပြုလုပ်လာနေကြတာကို တွေ့ရပါတယ်။

ဒါကြောင့်လည်း သက်ဆိုင်ရာ ဒေသခံအာဏာပိုင်တွေက ဒီလိုကိစ္စမျိုးတွေ ထပ်မံ မဖြစ်ပေါ်အောင် တရုတ် ခရီးသွားတွေအပေါ် ထိထိရောက်ရောက် အရေးယူတာမျိုး ဆောင်ရွက်သင့်နေပါပြီ။

Ref. Radiichina, Scmp, Continetscondiments

ညီညီသူ (ဧရာ၀တီ)

Leave a Reply

Your email address will not be published. Required fields are marked *