Posted on

(၁) အင်းဝ ဗား ကရာကျောင်း ၁၈၃၄ ခုနှစ် ၊ တိုင်လုံးရေ ၂၆၇

(၂)ပခန်းငယ် ကျောင်းတော်ကြီး ၁၈၆၄ ခုနှစ် ၊ တိုင်အလုံးရေ ၃၃၂ (ရေစကြို)

(၃) ပခန်းကြီး ကျောင်းတော်ကြီး ၁၈၆၈ ခုနှစ် ၊ တိုင်လုံးရေ ၂၅၄ (ရေစကြို)

(၄) မန္တလေး ရွှေနန်းတော် ကျောင်း ၁၈၈ဝ ပြည့်နှစ် ၊ တိုင်လုံး ရေ ၁၅ဝ

(၅) စလေ ရုပ်စုံ ကျောင်း ၁၈၈၂ ခုနှစ် ၊ တိုင်လုံးရေ ၁၅၄

(၆) မန္တလေး ရွှေအင်ပင်ကျောင်း ၁၈၉၅ ခုနှစ် ၊ တိုင်လုံးရေ ၁၆၇ တို့ဖြစ်ပါတယ်။

၁။ ဗားကရာကျောင်း

စတုတ္ထအင်းဝမြို့တည် ဘကြီးတော်ဘုရားလက်ထက် မြန်မာသက္ကရာဇ် ၁၁၉၆ခုနှစ်တွင် ဆောက်လုပ်ခဲ့တယ်။ သစ်သားကျွန်းတိုင်များဖြင့် တည်ဆောက်ထားပြီး ကျွန်းတိုင်ပေါင်း (၂၆၇)လုံးပါရှိပါတယ်။ အကြီးဆုံးကျွန်းတိုင်ရဲ့လုံးပတ်ဟာ (၉)ပေရှိပြီး အမြင့် (၆၀)ပေရှိပါတယ်။ ဗားကရာကျောင်းမှာ အကျယ်အဝန်းအားဖြင့် အလျား(၁၈၈)ပေ အနံ(၁၀၃)ပေ ရှိသော သစ်သားကျောင်းကြီးဖြစ်တယ်။ ကျောင်းတော်ကြီး၏ ဘေးပတ်ပတ်လည်တွင် အုတ်လှေကား၅စင်း တပ်ဆင်ထားပါတယ်။ ယခုခေတ်၌ တွေ့မြင်ရန် အလွန်ရှားပါးသွားပြီဖြစ်သော ရှေးဟောင်းမြန်မာ့ဗိသုကာ သစ်ထွင်းပန်းပုလက်ရာ အနုပညာအမွေအနှစ်များစွာကိုလည်း လေ့လာနိုင်တဲ့ သစ်သားကျောင်းတော်ကြီးပါ။

၂။ ပခန်းငယ် ကျောင်းတော်ကြီး (ရေစကြို)

ပခန်းကြီး နယ်နိမိတ် အတွင်း ရှိ ပခန်း ငယ်ရွာ တွင် နှစ် ဧက ကျယ်ဝန်း သော ပခန်းငယ် ကျောင်းတော် ကြီး တည်ရှိ ပါသည်။ ထို ပခန်းငယ် ကျောင်းတော်ကြီး သည် မြန်မာ နိုင်ငံ တွင် အကြီး ဆုံးသော ကုန်းဘောင် ခေတ်နှောင်း ဘုန်းတော်ကြီး ကျောင်း ဖြစ်ပါတယ်။ ဒါပေမဲ့ အခုတော့ တိုင်လုံးတွေပဲကျန်ရစ်ခဲ့ပါတော့တယ်။

ပခန်းငယ် ကျောင်းတော် ကြီး ကို မင်းတုန်း မင်း လက်ထက် တွင် ပခန်းမြို့ အား အပိုင်စား ရရှိ သည့် မင်းတုန်း မင်းကြီး၏ ငယ် ဆရာ ဦးဝိသုဒ္ဓ တစ် ဖြစ်လဲ ဦးရန်ဝေး မှ ၁၈၆၄ ခုနှစ် တွင် သူ၏ ငယ် ဆရာတော် အား ရည်စူး ကာ ကျွန်းသား ဘုန်းတော်ကြီး ကျောင်း တစ်ကျောင်း ကို ပခန်းငယ် ရွာ တွင် ဆောက်လုပ် လှူဒါန်း ခဲ့ခြင်း ဖြစ်သည်။ ဗိသုကာ ပညာရှင် မှာ ပခန်းငယ် ရွာမှ ဦးသာကြီး ဖြစ် သည်။ ကျောင်းကြီး ပြီးစီးရန် ခုနစ်နှစ် ကြာမြင့် သည်ဟု သိရပါတယ်။

ကျောင်းတော် ကြီး ၏ အမြင့် မှာ ၇ဝ ပေ (၂၁ မီတာ) ခန့် ရှိသည်။ ကျွန်း တိုင်ကြီး များသည် ပေ ၂ဝ မှ ပေ ၆ဝ (၆ မီတာ မှ ၁၈ မီတာ) ခန့် အထိ မြင့်မား သည်။ တိုင်လုံး ပတ် မှာ ၆ ပေ ၄ လက်မ မှ ၆ ပေ ၈ လက်မ (၂ မီတာ) အထိ ရှိသည်။ ဤ ကျောင်းတော်ကြီး တွင် စာသင် သား ရဟန်း သံဃာ တော် အပါး ၆ဝ ခန့် သီတင်း သုံး ခဲ့သည်။ ကျောင်းဦး ပြာသာဒ်၊ အဆောင်မ နှင့် ဘောဂ ဆောင် ဟူ ၍ အဓိက အဆောင် ကြီး သုံးခု ရှိခဲ့ သည်။ ကျောင်းဦး ပြာသာဒ် တွင် ပလ္လင် တော် တစ်ခု ပါရှိ ခဲ့သည်။ ပြာသာဒ် ဘုံ မြှင့်တင် ထားသည် ဟု ဆို သည်။ နံရံများ ပေါ်တွင် သစ်သား ပန်းပု များ ရှိခဲ့ကြ သည်။ အဆောင် မကြီးမှာ သုံးဆင့် လည်ပေါ် မိုး ဖြစ်ခဲ့ သည်။ မြေပြင် မှ ကျောင်းတော်ကြီး ကြမ်းခင်း အထိ ၁ဝ ပေ (၃ မီတာ) ခန့် မြင့် သည်။ ကြမ်းခင်း ပျဉ်ပြား ကြီးများ မှာ ထု တစ်လက်မ ခွဲ (၄ စင်တီမီတာ) နှင့် ဗြက် ၁၂ လက်မ (၃ဝ စင်တီမီတာ) ခန့် ရှိသည်။ ခါးပန်း တွင် ဆွဲသည့် သံမှို မယ်န ကြီးများ မှာ ၆ လက်မ (၁၅ စင်တီမီတာ) ခန့် အဝန်း ရှိသည်။တိုင်အလုံးရေမှာ (၃၃၂)ရှိသည်။

ယနေ့ ခေတ် ကာလ ၌ ရာသီဥတု ဒဏ်၊ လူတို့ ဒဏ်ကြောင့် ပျက်စီး ယိုယွင်း နေပြီး ကျောင်းကြီး ၏ အရှေ့ဘက် တွင် တစ်ခု၊ အနောက် ဘက် တွင် တစ်ခု၊ မြောက်ဘက် တွင် သုံးခု နှင့် တောင်ဘက် တွင် သုံးခု ဟူ၍ အုတ်လှေ ခါးကြီး ရှစ်စင်း သာ တွေ့မြင် နိုင်တော့ သည်။ တိုင်လုံးကြီး တချို့ လည်း ရှိနေ သေး သည်။ ကျောင်းတော် ကြီး သည် ချင်းတွင်း မြစ်ကမ်း နဖူး တွင် တည်ရှိ သောကြောင့် ရေလွှမ်း မိုးမှု ဒဏ် က အဓိက ပျက်စီး စေသော အကြောင်း အရင်း လည်း ဖြစ်သည်ဟု ဆိုကြပါတယ်။ အခုတော့ အခွံသာသာ သာကျန်ရှိနေတော့သည်။

၃။ ပခန်းကြီး ကျောင်းတော်ကြီး (ရေစကြို)

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ကောက်ယူခဲ့သော စာရင်းများအရ ပခန်းကြီးဒေသတွင် ရှေး ဟောင်းအဆောက်အအုံ ၃၂၂ ခု ရှိသည့် အနက် ကျွန်းတိုင်လုံးများစိုက်ထူထားသည့် ပခန်းကျောင်းတော်ကြီးသည် အထင် ရှားဆုံးဖြစ်သည်။ ရတနာပုံခေတ်လက်ရာ ပခန်းကျောင်းတော်ကြီးတွင် ကျွန်းတိုင် ၂၅၄ လုံးရှိပြီး တိုင်အရေအတွက်ကို ‘ကြောင်မျက်ရွဲ’ဟု မှတ်သားခဲ့ကြသည်။ ကျွန်းတိုင်များကို အလုံးလိုက် စိုက်ထူထားပြီး တိုင်များ၏လုံးပတ်သည် ၆ ပေ ၄ လက်မ နှင့် ၇ ပေ ၂ လက်မအကြား ရှိသည်။ တိုင်များ၏ ထိပ်ဝအချင်းသည် လက်မ ၃ဝ ဖြစ်ပြီး ကျောင်း တော်ကြီးတည်ဆောက်ရာတွင် သုံးစွဲထားသည့် တိုင်များအနက် အမြင့်ဆုံးတိုင်သည် ပေ ၉ဝ မြင့်သည်။

ပခန်းကြီးကျောင်းကြီးကို ကျီဝန်ဦးဘိုးတုတ်က မိမိ၏ငယ်ဆရာတော် ဦးဂုဏ သီတင်းသုံးရန် မြန်မာသက္ကရာဇ် ၁၂၃ဝ ပြည့်နှစ်(ခရစ်နှစ် ၁၈၆၈ ခုနှစ်)ဝန်းကျင်တွင် ဆောက်လုပ်လှူဒါန်းခဲ့ရာ အချိန် နှစ်နှစ်ကျော်ကြာ တည်ဆောက်ခဲ့ရသည်။ ကျောင်း ဆောက်ရန်လိုအပ်သည့် ကျွန်းသစ်များကို မင်းတုန်းမင်းကြီး၏ခွင့်ပြုမိန့်ဖြင့် ဘုရင့် သစ်ကွင်းမှ ခုတ်ယူကာ ချင်းတွင်းမြစ်ကြောင်းမှတစ်ဆင့် ပခန်းကြီးသို့ သယ်ယူခဲ့ သည်။ သစ်များသယ်ယူခနှင့် ကျောင်းဆောက်လုပ်သည့် လက်သမားခ ကုန်ကျ စရိတ် ၅၄၇၆၂ ကျပ်ကို ‘ကွမ်းသီးတစ်လုံးဖိုး’ဟု မှတ်သားခဲ့ကြသည်။ ပါဠိသင်္ချာအရ အက္ခရာများကို နေ့နံကိန်းများအတိုင်း နောက်မှရှေ့သို့ ပြန်လည်ရေတွက်ရသည်ဟု ဆိုသည်။

ငယ်စဉ်က ဦးဂုဏကျောင်းတွင် နေထိုင်ခဲ့သည့် ဦးဘိုးတုတ်သည် အရွယ်ရောက် ချိန်တွင် လှေသူကြီးဖြစ်လာခဲ့သည်။ ပုဂံမင်းနှင့် မင်းတုန်းမင်းသားတို့ အားပြိုင်ကြ ချိန်တွင် ဦးဘိုးတုတ်သည် မင်းတုန်းမင်းသားထံ စစ်ရိက္ခာအဖြစ် လှေနှင့်ကုန်များကို ဆက်သခဲ့ရာ မင်းတုန်းမင်း နန်းတက်သောအခါ ဦးဘိုးတုတ်ကို ကျီဝန်ရာထူး ပေးအပ် ခဲ့သည်။ ကျီဝန်ဦးဘိုးတုတ်သည် ပခန်းကြီး အနောက်ကျုံးဟောင်း နဂါးတွင်းရပ်ရှိ ကျောင်းတော်ကြီးကို အလျားဘက်တွင် တိုင် ၂၄ လုံးတန်းနှင့် အနံဘက်တွင် တိုင် ၁၂ လုံးတန်း တည်ဆောက်ခဲ့သည်။ ထို့ကြောင့် အလျားဘက်တွင် ခန်းပွင့် ၂၃ ခန်း ရှိ၍ အနံဘက်တွင် ခန်းပွင့် ၁၁ ခန်းရှိသည်။

ကျောင်း၏ခေါင်းရင်းဘက် ဘုရားဆောင်အပေါ်တွင် အထွတ်ခုနစ်ဆင့် တင်ထား သည့် ပြာသာဒ်ရှိ၍ ခြေရင်းဘက် အဆောင်မကြီးသည် သုံးထပ်လည်ပေါ်ဆောင် ဖြစ်သည်။ ဗျက်၂၄ လက်မနှင့် ထု ၈ လက်မရှိသည့် ထုပ်နှင့် လျောက် သစ်သား ချောင်းကြီးများကို ကျွန်းတိုင်လုံးများတွင် အပေါက်များဖောက်၍ စရွေးစွပ် တပ်ဆင် ထားသည်။ စနုဆောင်အတွင်း မျက်နှာကြက်တွင် ပန်းပွင့်များ၊ ကျောင်းနံရံများတွင် ခြူးပန်းကနုတ်များ၊ မာရဘင်တွင် မှန်ကူကွက်နှင့် ကြာပွင့်များ ပုံဖော်ထားသည်။(မာရဘင်သည် နန်းဆောင်တွင် ကြမ်းပြင်မှ အမိုးအထိ ပိတ်ထားသော အကာအရံ ဖြစ်သည်။) ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ပခန်းကြီး ကျောင်းတော်ကြီးကို ၁၉၉၂ ခုနှစ်တွင် ထိန်းသိမ်းထားခဲ့သည်။

၄။ ရတနာပုံခေတ် အမွေအနှစ် ရွှေကျောင်း

ရွှေကျောင်းဟု လူသိများသော ရွှေနန်းတော်ကျောင်းသည် နှစ်ပေါင်း (၁၃၀) ကျော် သက်တမ်းရှိပြီး မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံမြို့နယ် ဒေါနဘွားရပ်ကွက် တွင်တည်ရှိသည်။ ကုန်းဘောင်ခေတ်(၁၉) ရာစု မြန်မာအနုပညာ ဗိသုကာလက်ရာစံပြု ကျောင်းကြီးဖြစ်သည်။ ရွှေနန်းတော်ကြီးမှာ အမိုးသုံးဆင့်၊ လယ်ပေါ်နှစ်ထပ်၊ စမြင်ပါသော ဇေတဝန်ဆောင်ဖြစ်သည်။ ကျောင်းကြီး တစ်ဆောင်လုံးတွင် အရှေ့အနောက်တိုင် (၁၅)လုံးတန်းနှင့် တောင်မြောင်(၁၀) လုံးတန်းရှိခြင်းကြောင့် တိုင်ပေါင်း(၁၅၀)တိုင်၊ နယားရုပ်ထောက်တိုင်ပေါင်း(၅၄)တိုင် နှင့် သရက်ကင်းအုတ် လှေကားငါးစင်းဖြင့် တည်ဆောက်ထားသည်။ ကျောင်းကြီးတစ်ခုလုံးတွင် မြန်မာမှု သစ်သားပန်းပု အခြေခံ ခြူးပန်း၊ ခြူးနွယ်အပြောက်အမွှမ်းများ၊ ရုပ်လုံးရုပ်ကြွများ၊ ကျေးငှက် တိရစ္ဆာန်ရုပ်များ၊ နံရံကပ်ရုပ်ကြွများနှင့် အတွင်းမာရဘင် အရှေ့ပိုင်ကွန်းစင်တိုင် အခြေတွင် ဇာတ်ကြီးဆယ်ဘွဲ့၊ တောထွက်ခန်း၊ မဟာပဒုမဇာတ်၊ ဥတေနဇာတ်တော်များကို စိတ်ဝင်စားဖွယ် လက်ရာမြောက်စွာ အနုစိတ်တပ်ဆင်ထားသည်။

မြနန်းစံကျော်ရွှေနန်းတော်ရှိ မှန်နန်းဆောင်၏ မြောက်ဘက်တွင် မင်းတုန်းမင်း စံမြန်းရာ နန်းဆောင်တစ်ဆောင်ရှိခဲ့သည်။ ၁ အောက်တိုဘာ ၁၈၇၈ တွင် မင်းတုန်းမင်း နတ်ရွာစံပြီး သားတော် သီပေါမင်းက ဖခင် မင်းတုန်းမင်း နတ်ရွာစံခဲ့သော နန်းဆောင်နှင့် စနုဆောင်ကို ၁၃ရက်နေ့တွင် ဖြုတ်သိမ်းခဲ့သည်။ ၃၁ အောက်တိုဘာ ၁၈၈၃တွင် ယခုရွှေကျောင်းရှိရာ နေရာကို ဘုန်းကြီးကျောင်းအဖြစ် ပြောင်းလဲဆောက်လုပ် လှူဒါန်းခဲ့သည်။ ၁၉ရာစု ကုန်းဘောင်ခေတ်ရှိ မြန်မာမှုဗိသုကာ လက်ရာများကို အစွမ်းကုန် အသုံးပြုထားပြီး ထိုခေတ်က ငွေဒင်္ဂါး တစ်သိန်းနှစ်သောင်းကျပ် ကုန်ကျခဲ့သည်။ နန်းတော်မှ ပြောင်းလဲလာခဲ့သည် ကျောင်းဖြစ်၍ ရွှေနန်းတော်ကျောင်းဟု အမည်ပေးခဲ့သော်လည်း ကျောင်းတော်အတွင်း အပြင်တစ်ခုလုံးကို ရွှေပိန်းချထားသည့်အတွက် ရွှေကျောင်း ဟု လူသိများလာသည်။

ကျောင်းကြီး တစ်ဆောင်လုံးတွင် အရှေ့အနောက်တိုင် (၁၅)လုံးတန်းနှင့် တောင်မြောင်(၁၀) လုံးတန်းရှိခြင်းကြောင့် တိုင်ပေါင်း(၁၅၀)တိုင်၊ နယားရုပ်ထောက်တိုင်ပေါင်း(၅၄)တိုင် နှင့် သရက်ကင်းအုတ် လှေကားငါးစင်းဖြင့် တည်ဆောက်ထားသည်။ ရွှေကျောင်းတစ်ခုလုံး၏ အတွင်းအပြင် နေရာလပ်မကျန် ဗိသုကာပညာရပ်ကို အခမ်းနားဆုံး အသုံးပြုထားသည်။ ခြူပန်း၊ ခြူနွယ်၊ အပြောက်အမွမ်း၊ ရုပ်လုံးရုပ်ကြွ၊ နံရံကပ်ရုပ်ကြွ၊ ဇာတ်ကြီးဆယ်ဘွဲ့ထွင်းရုပ်ကြွများကို ကိန်းကြီးခမ်းကြီးစွာ တွေ့နိုင်သည်။ ကျောင်းထဲရှိ ကွန်းစင်တိုင်ခြေတွင် ဇာတ်ကြီးဆယ်ဘွဲ့ရုပ်ကြွတွေများကို တိုင်ခြေတစ်ခုစီမှာ ဇာတ်တစ်ခုစီ ထွင်းထားသည်။

သက်တမ်း ၁၃ဝကျော်ပြီဖြစ်သော မန္တလေးတောင်ခြေရှိ သမိုင်းဝင် ရွှေကျောင်းကြီးကို တိုင်လုံးပေါင်း ၁၅၀ နှင့် ထောက်ကန်ထားခြင်းဖြစ်ပြီး ၂၀၁၃ခုနှစ် ဇူလိုင်လ အတွင်းမှ စတင်၍ အမေရိကန်နိုင်ငံ အခြေစိုက် ကမ္ဘာ့ အဆောက်အအုံ ထိန်းသိမ်းရေးဆိုင်ရာ ရန်ပုံငွေအဖွဲ့ (World Monument Fund)မှ အမေရိကန် ဒေါ်လာ ၅ သိန်း ၅ ထောင် အကုန်အကျခံ၍ ပညာရှင်များဖြင့် စစ်ဆေးဆောင်ရွက်ခဲ့သည်။ ရတနာပုံခေတ်၏ အမွေအနှစ် တစ်ခုဖြစ်သော မြန်မာမှုလက်ရာ ရွှေကျောင်းတော်ကြီးသို့ ပြည်တွင်းပြည်ပ ခရီးသည်များ နေ့စဉ် လာရောက်လည်ပတ်လျက်ရှိနေကြသည်။ရွှေကျောင်းသည် ရိုးရာယဉ်ကျေးမှုအနုလက်ရာများ တစ်စုတစ်စည်းတည်း တည် ရှိနေသည့် သစ်သားကျောင်းတော်ကြီးတစ်ခုဖြစ်သည်အားလျော်စွာ ကျောင်းတော်ကြီး သက်တမ်းရှည်ကြာစွာရပ်တည်နေစေရန် ပြည်သူအားလုံးက မြန်မာ့အမွေအနှစ်များအပေါ် မြတ်နိုးတန်ဘိုးထားလျက် ဝိုင်းဝန်းထိန်းသိမ်း ကာကွယ် စောင့်ရှောက်ကြရမည် သာ ဖြစ်ပါပေသည်။

၅။ စလေ ရုပ်စုံကျောင်း

မကွေးတိုင်းဒေသကြီး၊ချောက်မြို့နယ်အတွင်း၊ဧရာဝတီမြစ်အရှေ့ဘက်ကမ်းပေါ်တွင် တည်ရှိသည့် စလေမြို့သည် ပုဂံမြို့မှ တောင် ဘက်သို့ ၃၄ မိုင်၊ ချောက်မြို့မှ တောင်ဘက်သို့ ငါးမိုင် ကွာဝေးပြီး ပုဂံမှမော်တော်ကားဖြင့်သွားလျှင် မိနစ် ၉၀ ကြာမြင့်သည်။ စလေ ဦးပုည၊စလေဆီးသီးနှင့် စလေရုပ်စုံကျောင်းတို့သည် စလေမြို့နှင့်စပ်လျဉ်း၍ တင်ရှားသည့် အမှတ် လက္ခဏာများဖြစ် ကြပေ သည်။

မြန်မာနိုင်ငံအတွင်းရှိ များပြားလှသော ဘုန်းတော်ကြီးကျောင်းများအနက် ဗုဒ္ဓဖြစ်တော်စဉ်များ၊ ၅၅၀ နိပါတ်တော်လာ ဇာတ် ခန်းများကို သရုပ်ဖော်ထုလုပ်ထားသည့် သစ်သားပန်းပုရုပ်များဖြင့် အလှဆင်ထားသော ကျောင်းများကို ရုပ်စုံကျောင်းများဟုခေါ် ဆို သည်။ရုပ်စုံကျောင်းများအနက် မန္တလေးတောင်ခြေရှိ မန္တလေးရုပ်စုံကျောင်း၊စစ်ကိုင်းတောင်ရိုးရှိ စစ်ကိုင်းရုပ်စုံကျောင်း၊မင်းဘူး စလင်း ကားလမ်းအနီးရှိ စကုရုပ်စုံကျောင်း၊စလင်းမြို့၊ဝက်သည်းကန်အနီးမှ စလင်းရုပ်စုံကျောင်းနှင့် စလေမြို့ရှိ ပန်းပုရုပ်စုံကျောင်းတို့သည် အထင်ရှား ဆုံးဖြစ်ကြသည်။

စလေရုပ်စုံကျောင်းကိုမြန်မာသက္ကရာဇ် ၁၂၄၄ ခုနှစ်တွင် စလေမြို့ ၊မြောက်ရပ်မှ ကုန်သည် ဦးဘိုးကြည်က သုဓမ္မာဂိုဏ်း ထောက်ဆရာတော် ဦးဂုဏ သီတင်းသုံးရန် တည်ဆောက်ခဲ့ရာ ဆောက်လုပ်ချိန် ၁၀ နှစ်ကြာခဲ့ပြီး ၁၂၅၄ ခုနှစ်တွင် ပြီးစီးခဲ့သည်။ အလှူရှင်ဦးဘိုးကြည်သည် ပန်းပုရုပ်စုံကျောင်းဆောက်လုပ်၍ ဆရာတော်ဦးဂုဏအား လှူဒါန်းခွင့်ပြုပါရန် သီပေါမင်းထံ လျှောက်ထားခဲ့ရာ သီပေါဘုရင်က ကျောင်းတော်ကြီးဆောက်လုပ်ရန် လိုအပ်မည့်ကျွန်းသစ်များကို နိုင်ငံပိုင်သစ်တောမှ အခွန်အခမဲ့ ခုတ်ယူခွင့်ပြုသည့် စာချွန်တော်ကို ထုတ်ပြန်ကာ အလှူတော်ပါဝင်ခဲ့သည်။

ဦးဘိုးကြည်သည် သီပေါမင်းထံမှအခွင့်ရလျှင် ကျွန်းသစ်များခုတ်ယူ၍ ထိုစဉ်က စလေမြို့အပိုင်၊တညောင်ရွာမှ လက်သမား များဖြင့်ကျောင်းတော်ကြီးကို ဆောက်လုပ်ခဲ့သည်။ကျောင်းတော်ကြီးကို ပျမ်းမျှခြောက်ပေ လုံးပတ်ရှိသည့်ကျွန်းတိုင် ၁၅၄ လုံး ဖြင့် တည်ဆောက်ခဲ့ပြီး ကျောင်း၏အရွယ်အစားမှာအလျား ၁၅၂ ပေ၊ အနံ ၇၆ ပေဖြစ်သည်။ကျောင်းတော်ကြီးဆောက်လုပ်ရာတွင်အသုံး ပြုမည့် ရိုက်သံများကို တညောင်ရွာ ပန်းပဲဖိုတွင် ပြုလုပ်ခဲ့ပြီး အရှည် တစ်လက်မခွဲ မှ ၁၃ လက်မအထိရှိသည်။

စလေရုပ်စုံကျောင်းတွင် ထုလုပ်ထားသည့် သစ်သားပန်းပုရုပ်များသည် ရတနာပုံခေတ် ၁၉ ရာစု လက်ရာများဖြစ်ပြီး အနု ပညာလက်ရာ အထူးကောင်းမွန်သဖြင့် စလေရုပ်စုံကျောင်းသည် အခြားရုပ်စုံကျောင်းများထက် ပိုမို ထင်ရှားခဲ့သည်။ စလေရုပ်စုံ ကျောင်းအတွင်း ဗုဒ္ဓရုပ်ပွားတော် မျိုးစုံ၊သစ်စေးသုတ်ဗီဒိုမျိုးစုံ၊စလေဦးပုည၏ လက်ရေးမူ ပေပုရပိုက်များ စသည့် ရှေးဟောင်း အထောက် အထားပစ္စည်းများကို ထိန်းသိမ်းထားရှိသည်။

၆။ ကိုလိုနီခေတ်ဦး ရွှေအင်ပင်ကျောင်း(မန္တလေး)

မန္တလေးမြို့တွင် ယနေ့တိုင်ကျန်ရှိနေသည့် ရှေးဟောင်းသစ်သားဘုန်းတော်ကြီးကျောင်းများအနက် ရွှေကျောင်းသည် မန္တလေးတောင်ခြေတွင် တည်ရှိ၍ ရွှေအင်ပင်ကျောင်းသည် မဟာအောင်မြေမြို့နယ်၊ဒေးဝန်းအရှေ့ရပ်ကွက် ၃၇ လမ်းနှင့် ၃၈ လမ်းကြား၊ ၈၉ လမ်း အနောက်ဘက်ခြမ်းတွင် တည်ရှိသည်။ ရွှေကျောင်းသည် မင်းတုန်းမင်း၏ နန်းဆောင်ကို နေရာရွှေ့ပြောင်း၍ ဘုန်းကြီးကျောင်းအဖြစ်ပြောင်းလဲ တည်ဆောက် ခဲ့သဖြင့် ဘုန်းကြီးကျောင်းအဆောင်များမပြည့်စုံသော်လည်းသော်လည်း ရွှေအင်ပင်ကျောင်းကိုမူ ဘုန်းကြီးကျောင်းအဖြစ် ရည်ရွယ်တည်ဆောက်ခဲ့သဖြင့် မြန်မာဘုန်းတော်ကြီးကျောင်း၏ အင်္ဂါရပ်များ ပြည့်စုံစွာ ပါရှိခဲ့သည်။

ရွှေအင်ပင်ကျောင်းကို တရုတ်လူမျိုးသူဌေး ဦးစက်ရွှင်နှင့်ဇနီး ဒေါ်ဘွားတို့က သီပေါမင်းပါတော်မူပြီး ၁၀ နှစ်အကြာ ခရစ် နှစ် ၁၈၉၅ ခုနှစ် (မြန်မာသက္ကရာဇ် ၁၂၅၇ ခုနှစ်) တွင် တိပိဋကဓရ ရွှေအင်ပင် ဆရာတော် ဦးဇဝနဓဇ သီတင်းသုံးရန် ဆောက်လုပ်လှူဒါန်းခဲ့သည်။ ဒေါ်ဘွားသည် ပုဂံမင်းနှင့်တောင်ဆောင်တော်မိဖုရား ရမည်းသင်းမြို့စား၏မောင်တော် မောင်မောင်ကြီး၏ သမီးဖြစ်သည်။ ရွှေအင်ပင်ကျောင်းဒကာ ဦးစက်ရွှင်၏ အတ္ထုပ္ပတ္တိကျောက်စာကို ကျောင်းတိုက်၏ အနောက်မြောက်ထောင့်တွင်စိုက်ထူထားပြီး ကျောင်းကြီး၏ အနောက်မြောက်ထောင့်တွင် ကျောင်းအလှူရှင် မိသားစု အချို့၏ အုတ်ဂူများတည်ရှိသည်။

ရွှေပိန်းချကျောင်းများကို ပြာသာဒ်၊မှန်ကင်း၊စလစ်၊စိန်တောင်၊အပြောက်အမွမ်းများ၊အရုပ်များ၊ပန်းများ၊ပန်းပုရုပ်များဖြင့် မွမ်းမံတည်ဆောက်လေ့ရှိကြသဖြင့် ငွေကုန်ကျမှု အလွန်များပြားသောကြောင့် မင်းမိဖုရား၊ တော်ဝင်မိသားစုများကသာ ဆောက်လုပ်လေ့ရှိကြသည်။ ငွေကြေးများစွာသုံးစွဲနိုင်သော်လည်း သူဌေးသူကြွယ်များသည်ဘုရင်လှူဒါန်းသည့် ကျောင်းများကဲ့သို့ အလွန် ခမ်း နားစွာ တည်ဆောက်ခွင့်မရှိချေ။ ထို့ကြောင့် သူဌေးအလှူတော် ရွှေအင်ပင်ကျောင်းသည် သီပေါဘုရင့်အလှူတော် ရွှေကျောင်းကို မမီခဲ့ချေ။ သို့သော် ရွှေအင်ပင်ကျောင်းတွင် ရွှေကျောင်းပြီးလျှင် မြန်မာမှုလက်ရာ ပန်းပုရုပ်များ အများဆုံး တပ်ဆင်ထားကာ မြန်မာမှု ၊မြန်မာ့ဟန် အမွှမ်းအပြောက်များကို မြင်တွေ့နိုင်ကြသည်။ကျောင်း၏ တံခါးရွက်များ၊ပြာသာဒ်များ၊ ဝရန်တာများ၊ဘုရားဆောင်များကို လက်ရာမြောက်စွာအလှဆင်ခဲ့သည်။

ရွှေအင်ပင်ကျောင်းကြီးကို တိုင်လုံးပေါင်း ၁၆၇ တိုင်စိုက်ထူ ဆောက်လုပ်ထားပြီး ဝရန်တာဘက်ရှိ တိုင်များထိပ်တွင် စကျင်ကျောက်ဖြင့်ပြုလုပ်ထားသည့် တိုင်အုပ်များ ဖုံးအုပ်ထားသည်။ ကျောင်းကြီးကိုမြောက်ဘက်သို့ မျက်နှာမူထားကာ သရက်ကင်းပုံစံ ထုထည်ကြီးမားသာ အုတ်လှေကား ရှစ်စင်းတပ်ဆင်ထားသည်။ ကျောင်းတိုက်ဝင်ပေါက်တံခါးများ၏ တစ်ဖက်စီတွင် လောကပါလ နတ်မင်းကြီးလေးပါးပုံများနှင့် စမြင်ပတ်လည် လက်ရမ်းများတွင် ကနုတ်ပန်းများနှင့် ရုပ်လုံးရုပ်ကြွများကို လှပစွာ အသေးစိတ် ထုလုပ်ထားသည်။ရွှေအင်ပင်ကျောင်းတွင် အရုပ်နှင့် ပန်းကို မျှတစွာထည့်သွင်းထုလုပ်ထားပြီး လူနတ်ဗြဟ္မာ သတ္တဝါအမျိုးမျိုးကို တင့်တယ်လှပစွာ ပုံဖော်ထားသည်။ ရွှေအင်ပင်ကျောင်းတိုက်၏ မုခ်ဦးပြာသာဒ်ကို ဘုံ ခုနစ်ဆင့် တည်ဆောက်ထားပြီး ဆောင်မကြီး၏ အရှေ့မာရဘင်ဆောင် ကို ဘုရားဆောင်အဖြစ် အသုံးပြုသည်။ ဘုရားဆောင်ပလ္လင်အောက်ခြေ နှစ်ဘက်ရှိ လောကနတ်ရုပ်နှစ်ရုပ်သည် အလွန်လက်ရာ မြောက်လှပေသည်။

ရတနာပုံခေတ်အလှူရှင် ဇနီးမောင်နှံတို့ ဆောက်လုပ်လှူဒါန်ခဲ့သည့်သက်တမ်းနှစ် ၁၀၀ ကျော်ခဲ့ပြီဖြစ်သော ရွှေအင်ပင် သစ်သားကျောင်းကြီးသည် ယခုအချိန်တွင် ရှေးဟောင်းအမွေအနှစ် အဆောက်အအုံတစ်ခုအဖြစ် တည်ရှိနေပေသည်။မြန်မာ့ဟန် ၊ မြန်မာ့ဗိသုကာလက်ရာများဖြင့် ခမ်းနားထယ်ဝါစွာတည်ဆောက်ခဲ့သည့် ရွှေအင်ပင် သစ်သားကျောင်းသည်အစဉ်အဆက် ထိန်းသိမ်းခဲ့ကြသဖြင့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တစ်ခု အဖြစ်ထင်ရှားစွာ တည်ရှိနေပေသည်။

Aye Htet Linn

Tour Leader/Domestic In Myanmar

ကိုးကားဖော်ပြချက်

မောင်သာ(ရှေးဟောင်းသုတေသန)

မြန်မာမှု အဆင်တန်ဆာများနှင့် ဘုန်းတော်ကြီးကျောင်းများ(မောင်ယဉ်လှိုင်း၊ပျဉ်းမမြိုင်)

ကုန်းဘောင်ခေတ်နှောင်း ဘုန်းကြီးကျောင်းများ(ဦးမျိုးမြင့်စိန်)

မြန်မာ့ယဉ်ကျေးမှု မြန်မာ့ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းကြီးများ(နတ်မောက်ထွန်းရှိန်)

အနှစ် ၁၀၀ ပြည့် မန္တလေး(ရွှေကိုင်းသား)

(Zawgyi)

ျမန္မာမွာရွိတဲ့ ကြၽန္းေက်ာင္းေတာ္ႀကီး(၆)ေက်ာင္း

(၁) အင္းဝ ဗား ကရာေက်ာင္း ၁၈၃၄ ခုႏွစ္ ၊ တိုင္လုံးေရ ၂၆၇

(၂)ပခန္းငယ္ ေက်ာင္းေတာ္ႀကီး ၁၈၆၄ ခုႏွစ္ ၊ တိုင္အလုံးေရ ၃၃၂ (ေရစႀကိဳ)

(၃) ပခန္းႀကီး ေက်ာင္းေတာ္ႀကီး ၁၈၆၈ ခုႏွစ္ ၊ တိုင္လုံးေရ ၂၅၄ (ေရစႀကိဳ)

(၄) မႏၲေလး ေ႐ႊနန္းေတာ္ ေက်ာင္း ၁၈၈ဝ ျပည့္ႏွစ္ ၊ တိုင္လုံး ေရ ၁၅ဝ

(၅) စေလ ႐ုပ္စုံ ေက်ာင္း ၁၈၈၂ ခုႏွစ္ ၊ တိုင္လုံးေရ ၁၅၄

(၆) မႏၲေလး ေ႐ႊအင္ပင္ေက်ာင္း ၁၈၉၅ ခုႏွစ္ ၊ တိုင္လုံးေရ ၁၆၇ တို႔ျဖစ္ပါတယ္။

၁။ ဗားကရာေက်ာင္း

စတုတၳအင္းဝၿမိဳ႕တည္ ဘႀကီးေတာ္ဘုရားလက္ထက္ ျမန္မာသကၠရာဇ္ ၁၁၉၆ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့တယ္။ သစ္သားကြၽန္းတိုင္မ်ားျဖင့္ တည္ေဆာက္ထားၿပီး ကြၽန္းတိုင္ေပါင္း (၂၆၇)လုံးပါရွိပါတယ္။ အႀကီးဆုံးကြၽန္းတိုင္ရဲ႕လုံးပတ္ဟာ (၉)ေပရွိၿပီး အျမင့္ (၆၀)ေပရွိပါတယ္။ ဗားကရာေက်ာင္းမွာ အက်ယ္အဝန္းအားျဖင့္ အလ်ား(၁၈၈)ေပ အနံ(၁၀၃)ေပ ရွိေသာ သစ္သားေက်ာင္းႀကီးျဖစ္တယ္။ ေက်ာင္းေတာ္ႀကီး၏ ေဘးပတ္ပတ္လည္တြင္ အုတ္ေလွကား၅စင္း တပ္ဆင္ထားပါတယ္။ ယခုေခတ္၌ ေတြ႕ျမင္ရန္ အလြန္ရွားပါးသြားၿပီျဖစ္ေသာ ေရွးေဟာင္းျမန္မာ့ဗိသုကာ သစ္ထြင္းပန္းပုလက္ရာ အႏုပညာအေမြအႏွစ္မ်ားစြာကိုလည္း ေလ့လာႏိုင္တဲ့ သစ္သားေက်ာင္းေတာ္ႀကီးပါ။

၂။ ပခန္းငယ္ ေက်ာင္းေတာ္ႀကီး (ေရစႀကိဳ)

ပခန္းႀကီး နယ္နိမိတ္ အတြင္း ရွိ ပခန္း ငယ္႐ြာ တြင္ ႏွစ္ ဧက က်ယ္ဝန္း ေသာ ပခန္းငယ္ ေက်ာင္းေတာ္ ႀကီး တည္ရွိ ပါသည္။ ထို ပခန္းငယ္ ေက်ာင္းေတာ္ႀကီး သည္ ျမန္မာ ႏိုင္ငံ တြင္ အႀကီး ဆုံးေသာ ကုန္းေဘာင္ ေခတ္ေႏွာင္း ဘုန္းေတာ္ႀကီး ေက်ာင္း ျဖစ္ပါတယ္။ ဒါေပမဲ့ အခုေတာ့ တိုင္လုံးေတြပဲက်န္ရစ္ခဲ့ပါေတာ့တယ္။

ပခန္းငယ္ ေက်ာင္းေတာ္ ႀကီး ကို မင္းတုန္း မင္း လက္ထက္ တြင္ ပခန္းၿမိဳ႕ အား အပိုင္စား ရရွိ သည့္ မင္းတုန္း မင္းႀကီး၏ ငယ္ ဆရာ ဦးဝိသုဒၶ တစ္ ျဖစ္လဲ ဦးရန္ေဝး မွ ၁၈၆၄ ခုႏွစ္ တြင္ သူ၏ ငယ္ ဆရာေတာ္ အား ရည္စူး ကာ ကြၽန္းသား ဘုန္းေတာ္ႀကီး ေက်ာင္း တစ္ေက်ာင္း ကို ပခန္းငယ္ ႐ြာ တြင္ ေဆာက္လုပ္ လႉဒါန္း ခဲ့ျခင္း ျဖစ္သည္။ ဗိသုကာ ပညာရွင္ မွာ ပခန္းငယ္ ႐ြာမွ ဦးသာႀကီး ျဖစ္ သည္။ ေက်ာင္းႀကီး ၿပီးစီးရန္ ခုနစ္ႏွစ္ ၾကာျမင့္ သည္ဟု သိရပါတယ္။

ေက်ာင္းေတာ္ ႀကီး ၏ အျမင့္ မွာ ၇ဝ ေပ (၂၁ မီတာ) ခန႔္ ရွိသည္။ ကြၽန္း တိုင္ႀကီး မ်ားသည္ ေပ ၂ဝ မွ ေပ ၆ဝ (၆ မီတာ မွ ၁၈ မီတာ) ခန႔္ အထိ ျမင့္မား သည္။ တိုင္လုံး ပတ္ မွာ ၆ ေပ ၄ လက္မ မွ ၆ ေပ ၈ လက္မ (၂ မီတာ) အထိ ရွိသည္။ ဤ ေက်ာင္းေတာ္ႀကီး တြင္ စာသင္ သား ရဟန္း သံဃာ ေတာ္ အပါး ၆ဝ ခန႔္ သီတင္း သုံး ခဲ့သည္။ ေက်ာင္းဦး ျပာသာဒ္၊ အေဆာင္မ ႏွင့္ ေဘာဂ ေဆာင္ ဟူ ၍ အဓိက အေဆာင္ ႀကီး သုံးခု ရွိခဲ့ သည္။ ေက်ာင္းဦး ျပာသာဒ္ တြင္ ပလႅင္ ေတာ္ တစ္ခု ပါရွိ ခဲ့သည္။ ျပာသာဒ္ ဘုံ ျမႇင့္တင္ ထားသည္ ဟု ဆို သည္။ နံရံမ်ား ေပၚတြင္ သစ္သား ပန္းပု မ်ား ရွိခဲ့ၾက သည္။ အေဆာင္ မႀကီးမွာ သုံးဆင့္ လည္ေပၚ မိုး ျဖစ္ခဲ့ သည္။ ေျမျပင္ မွ ေက်ာင္းေတာ္ႀကီး ၾကမ္းခင္း အထိ ၁ဝ ေပ (၃ မီတာ) ခန႔္ ျမင့္ သည္။ ၾကမ္းခင္း ပ်ဥ္ျပား ႀကီးမ်ား မွာ ထု တစ္လက္မ ခြဲ (၄ စင္တီမီတာ) ႏွင့္ ျဗက္ ၁၂ လက္မ (၃ဝ စင္တီမီတာ) ခန႔္ ရွိသည္။ ခါးပန္း တြင္ ဆြဲသည့္ သံမႈိ မယ္န ႀကီးမ်ား မွာ ၆ လက္မ (၁၅ စင္တီမီတာ) ခန႔္ အဝန္း ရွိသည္။တိုင္အလုံးေရမွာ (၃၃၂)ရွိသည္။

ယေန႔ ေခတ္ ကာလ ၌ ရာသီဥတု ဒဏ္၊ လူတို႔ ဒဏ္ေၾကာင့္ ပ်က္စီး ယိုယြင္း ေနၿပီး ေက်ာင္းႀကီး ၏ အေရွ႕ဘက္ တြင္ တစ္ခု၊ အေနာက္ ဘက္ တြင္ တစ္ခု၊ ေျမာက္ဘက္ တြင္ သုံးခု ႏွင့္ ေတာင္ဘက္ တြင္ သုံးခု ဟူ၍ အုတ္ေလွ ခါးႀကီး ရွစ္စင္း သာ ေတြ႕ျမင္ ႏိုင္ေတာ့ သည္။ တိုင္လုံးႀကီး တခ်ိဳ႕ လည္း ရွိေန ေသး သည္။ ေက်ာင္းေတာ္ ႀကီး သည္ ခ်င္းတြင္း ျမစ္ကမ္း နဖူး တြင္ တည္ရွိ ေသာေၾကာင့္ ေရလႊမ္း မိုးမႈ ဒဏ္ က အဓိက ပ်က္စီး ေစေသာ အေၾကာင္း အရင္း လည္း ျဖစ္သည္ဟု ဆိုၾကပါတယ္။ အခုေတာ့ အခြံသာသာ သာက်န္ရွိေနေတာ့သည္။

၃။ ပခန္းႀကီး ေက်ာင္းေတာ္ႀကီး (ေရစႀကိဳ)

ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာနက ေကာက္ယူခဲ့ေသာ စာရင္းမ်ားအရ ပခန္းႀကီးေဒသတြင္ ေရွး ေဟာင္းအေဆာက္အအုံ ၃၂၂ ခု ရွိသည့္ အနက္ ကြၽန္းတိုင္လုံးမ်ားစိုက္ထူထားသည့္ ပခန္းေက်ာင္းေတာ္ႀကီးသည္ အထင္ ရွားဆုံးျဖစ္သည္။ ရတနာပုံေခတ္လက္ရာ ပခန္းေက်ာင္းေတာ္ႀကီးတြင္ ကြၽန္းတိုင္ ၂၅၄ လုံးရွိၿပီး တိုင္အေရအတြက္ကို ‘ေၾကာင္မ်က္႐ြဲ’ဟု မွတ္သားခဲ့ၾကသည္။ ကြၽန္းတိုင္မ်ားကို အလုံးလိုက္ စိုက္ထူထားၿပီး တိုင္မ်ား၏လုံးပတ္သည္ ၆ ေပ ၄ လက္မ ႏွင့္ ၇ ေပ ၂ လက္မအၾကား ရွိသည္။ တိုင္မ်ား၏ ထိပ္ဝအခ်င္းသည္ လက္မ ၃ဝ ျဖစ္ၿပီး ေက်ာင္း ေတာ္ႀကီးတည္ေဆာက္ရာတြင္ သုံးစြဲထားသည့္ တိုင္မ်ားအနက္ အျမင့္ဆုံးတိုင္သည္ ေပ ၉ဝ ျမင့္သည္။

ပခန္းႀကီးေက်ာင္းႀကီးကို က်ီဝန္ဦးဘိုးတုတ္က မိမိ၏ငယ္ဆရာေတာ္ ဦးဂုဏ သီတင္းသုံးရန္ ျမန္မာသကၠရာဇ္ ၁၂၃ဝ ျပည့္ႏွစ္(ခရစ္ႏွစ္ ၁၈၆၈ ခုႏွစ္)ဝန္းက်င္တြင္ ေဆာက္လုပ္လႉဒါန္းခဲ့ရာ အခ်ိန္ ႏွစ္ႏွစ္ေက်ာ္ၾကာ တည္ေဆာက္ခဲ့ရသည္။ ေက်ာင္း ေဆာက္ရန္လိုအပ္သည့္ ကြၽန္းသစ္မ်ားကို မင္းတုန္းမင္းႀကီး၏ခြင့္ျပဳမိန႔္ျဖင့္ ဘုရင့္ သစ္ကြင္းမွ ခုတ္ယူကာ ခ်င္းတြင္းျမစ္ေၾကာင္းမွတစ္ဆင့္ ပခန္းႀကီးသို႔ သယ္ယူခဲ့ သည္။ သစ္မ်ားသယ္ယူခႏွင့္ ေက်ာင္းေဆာက္လုပ္သည့္ လက္သမားခ ကုန္က် စရိတ္ ၅၄၇၆၂ က်ပ္ကို ‘ကြမ္းသီးတစ္လုံးဖိုး’ဟု မွတ္သားခဲ့ၾကသည္။ ပါဠိသခ်ၤာအရ အကၡရာမ်ားကို ေန႔နံကိန္းမ်ားအတိုင္း ေနာက္မွေရွ႕သို႔ ျပန္လည္ေရတြက္ရသည္ဟု ဆိုသည္။

ငယ္စဥ္က ဦးဂုဏေက်ာင္းတြင္ ေနထိုင္ခဲ့သည့္ ဦးဘိုးတုတ္သည္ အ႐ြယ္ေရာက္ ခ်ိန္တြင္ ေလွသူႀကီးျဖစ္လာခဲ့သည္။ ပုဂံမင္းႏွင့္ မင္းတုန္းမင္းသားတို႔ အားၿပိဳင္ၾက ခ်ိန္တြင္ ဦးဘိုးတုတ္သည္ မင္းတုန္းမင္းသားထံ စစ္ရိကၡာအျဖစ္ ေလွႏွင့္ကုန္မ်ားကို ဆက္သခဲ့ရာ မင္းတုန္းမင္း နန္းတက္ေသာအခါ ဦးဘိုးတုတ္ကို က်ီဝန္ရာထူး ေပးအပ္ ခဲ့သည္။ က်ီဝန္ဦးဘိုးတုတ္သည္ ပခန္းႀကီး အေနာက္က်ဳံးေဟာင္း နဂါးတြင္းရပ္ရွိ ေက်ာင္းေတာ္ႀကီးကို အလ်ားဘက္တြင္ တိုင္ ၂၄ လုံးတန္းႏွင့္ အနံဘက္တြင္ တိုင္ ၁၂ လုံးတန္း တည္ေဆာက္ခဲ့သည္။ ထို႔ေၾကာင့္ အလ်ားဘက္တြင္ ခန္းပြင့္ ၂၃ ခန္း ရွိ၍ အနံဘက္တြင္ ခန္းပြင့္ ၁၁ ခန္းရွိသည္။

ေက်ာင္း၏ေခါင္းရင္းဘက္ ဘုရားေဆာင္အေပၚတြင္ အထြတ္ခုနစ္ဆင့္ တင္ထား သည့္ ျပာသာဒ္ရွိ၍ ေျခရင္းဘက္ အေဆာင္မႀကီးသည္ သုံးထပ္လည္ေပၚေဆာင္ ျဖစ္သည္။ ဗ်က္၂၄ လက္မႏွင့္ ထု ၈ လက္မရွိသည့္ ထုပ္ႏွင့္ ေလ်ာက္ သစ္သား ေခ်ာင္းႀကီးမ်ားကို ကြၽန္းတိုင္လုံးမ်ားတြင္ အေပါက္မ်ားေဖာက္၍ စေ႐ြးစြပ္ တပ္ဆင္ ထားသည္။ စႏုေဆာင္အတြင္း မ်က္ႏွာၾကက္တြင္ ပန္းပြင့္မ်ား၊ ေက်ာင္းနံရံမ်ားတြင္ ျခဴးပန္းကႏုတ္မ်ား၊ မာရဘင္တြင္ မွန္ကူကြက္ႏွင့္ ၾကာပြင့္မ်ား ပုံေဖာ္ထားသည္။(မာရဘင္သည္ နန္းေဆာင္တြင္ ၾကမ္းျပင္မွ အမိုးအထိ ပိတ္ထားေသာ အကာအရံ ျဖစ္သည္။) ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာနက ပခန္းႀကီး ေက်ာင္းေတာ္ႀကီးကို ၁၉၉၂ ခုႏွစ္တြင္ ထိန္းသိမ္းထားခဲ့သည္။

၄။ ရတနာပုံေခတ္ အေမြအႏွစ္ ေ႐ႊေက်ာင္း

ေ႐ႊေက်ာင္းဟု လူသိမ်ားေသာ ေ႐ႊနန္းေတာ္ေက်ာင္းသည္ ႏွစ္ေပါင္း (၁၃၀) ေက်ာ္ သက္တမ္းရွိၿပီး မႏၲေလးတိုင္းေဒသႀကီး ေအာင္ေျမသာဇံၿမိဳ႕နယ္ ေဒါနဘြားရပ္ကြက္ တြင္တည္ရွိသည္။ ကုန္းေဘာင္ေခတ္(၁၉) ရာစု ျမန္မာအႏုပညာ ဗိသုကာလက္ရာစံျပဳ ေက်ာင္းႀကီးျဖစ္သည္။ ေ႐ႊနန္းေတာ္ႀကီးမွာ အမိုးသုံးဆင့္၊ လယ္ေပၚႏွစ္ထပ္၊ စျမင္ပါေသာ ေဇတဝန္ေဆာင္ျဖစ္သည္။ ေက်ာင္းႀကီး တစ္ေဆာင္လုံးတြင္ အေရွ႕အေနာက္တိုင္ (၁၅)လုံးတန္းႏွင့္ ေတာင္ေျမာင္(၁၀) လုံးတန္းရွိျခင္းေၾကာင့္ တိုင္ေပါင္း(၁၅၀)တိုင္၊ နယား႐ုပ္ေထာက္တိုင္ေပါင္း(၅၄)တိုင္ ႏွင့္ သရက္ကင္းအုတ္ ေလွကားငါးစင္းျဖင့္ တည္ေဆာက္ထားသည္။ ေက်ာင္းႀကီးတစ္ခုလုံးတြင္ ျမန္မာမႈ သစ္သားပန္းပု အေျခခံ ျခဴးပန္း၊ ျခဴးႏြယ္အေျပာက္အမႊမ္းမ်ား၊ ႐ုပ္လုံး႐ုပ္ႂကြမ်ား၊ ေက်းငွက္ တိရစာၦန္႐ုပ္မ်ား၊ နံရံကပ္႐ုပ္ႂကြမ်ားႏွင့္ အတြင္းမာရဘင္ အေရွ႕ပိုင္ကြန္းစင္တိုင္ အေျခတြင္ ဇာတ္ႀကီးဆယ္ဘြဲ႕၊ ေတာထြက္ခန္း၊ မဟာပဒုမဇာတ္၊ ဥေတနဇာတ္ေတာ္မ်ားကို စိတ္ဝင္စားဖြယ္ လက္ရာေျမာက္စြာ အႏုစိတ္တပ္ဆင္ထားသည္။

ျမနန္းစံေက်ာ္ေ႐ႊနန္းေတာ္ရွိ မွန္နန္းေဆာင္၏ ေျမာက္ဘက္တြင္ မင္းတုန္းမင္း စံျမန္းရာ နန္းေဆာင္တစ္ေဆာင္ရွိခဲ့သည္။ ၁ ေအာက္တိုဘာ ၁၈၇၈ တြင္ မင္းတုန္းမင္း နတ္႐ြာစံၿပီး သားေတာ္ သီေပါမင္းက ဖခင္ မင္းတုန္းမင္း နတ္႐ြာစံခဲ့ေသာ နန္းေဆာင္ႏွင့္ စႏုေဆာင္ကို ၁၃ရက္ေန႔တြင္ ျဖဳတ္သိမ္းခဲ့သည္။ ၃၁ ေအာက္တိုဘာ ၁၈၈၃တြင္ ယခုေ႐ႊေက်ာင္းရွိရာ ေနရာကို ဘုန္းႀကီးေက်ာင္းအျဖစ္ ေျပာင္းလဲေဆာက္လုပ္ လႉဒါန္းခဲ့သည္။ ၁၉ရာစု ကုန္းေဘာင္ေခတ္ရွိ ျမန္မာမႈဗိသုကာ လက္ရာမ်ားကို အစြမ္းကုန္ အသုံးျပဳထားၿပီး ထိုေခတ္က ေငြဒဂၤါး တစ္သိန္းႏွစ္ေသာင္းက်ပ္ ကုန္က်ခဲ့သည္။ နန္းေတာ္မွ ေျပာင္းလဲလာခဲ့သည္ ေက်ာင္းျဖစ္၍ ေ႐ႊနန္းေတာ္ေက်ာင္းဟု အမည္ေပးခဲ့ေသာ္လည္း ေက်ာင္းေတာ္အတြင္း အျပင္တစ္ခုလုံးကို ေ႐ႊပိန္းခ်ထားသည့္အတြက္ ေ႐ႊေက်ာင္း ဟု လူသိမ်ားလာသည္။

ေက်ာင္းႀကီး တစ္ေဆာင္လုံးတြင္ အေရွ႕အေနာက္တိုင္ (၁၅)လုံးတန္းႏွင့္ ေတာင္ေျမာင္(၁၀) လုံးတန္းရွိျခင္းေၾကာင့္ တိုင္ေပါင္း(၁၅၀)တိုင္၊ နယား႐ုပ္ေထာက္တိုင္ေပါင္း(၅၄)တိုင္ ႏွင့္ သရက္ကင္းအုတ္ ေလွကားငါးစင္းျဖင့္ တည္ေဆာက္ထားသည္။ ေ႐ႊေက်ာင္းတစ္ခုလုံး၏ အတြင္းအျပင္ ေနရာလပ္မက်န္ ဗိသုကာပညာရပ္ကို အခမ္းနားဆုံး အသုံးျပဳထားသည္။ ျခဴပန္း၊ ျခဴႏြယ္၊ အေျပာက္အမြမ္း၊ ႐ုပ္လုံး႐ုပ္ႂကြ၊ နံရံကပ္႐ုပ္ႂကြ၊ ဇာတ္ႀကီးဆယ္ဘြဲ႕ထြင္း႐ုပ္ႂကြမ်ားကို ကိန္းႀကီးခမ္းႀကီးစြာ ေတြ႕ႏိုင္သည္။ ေက်ာင္းထဲရွိ ကြန္းစင္တိုင္ေျခတြင္ ဇာတ္ႀကီးဆယ္ဘြဲ႕႐ုပ္ႂကြေတြမ်ားကို တိုင္ေျခတစ္ခုစီမွာ ဇာတ္တစ္ခုစီ ထြင္းထားသည္။

သက္တမ္း ၁၃ဝေက်ာ္ၿပီျဖစ္ေသာ မႏၲေလးေတာင္ေျခရွိ သမိုင္းဝင္ ေ႐ႊေက်ာင္းႀကီးကို တိုင္လုံးေပါင္း ၁၅၀ ႏွင့္ ေထာက္ကန္ထားျခင္းျဖစ္ၿပီး ၂၀၁၃ခုႏွစ္ ဇူလိုင္လ အတြင္းမွ စတင္၍ အေမရိကန္ႏိုင္ငံ အေျခစိုက္ ကမာၻ႔ အေဆာက္အအုံ ထိန္းသိမ္းေရးဆိုင္ရာ ရန္ပုံေငြအဖြဲ႕ (World Monument Fund)မွ အေမရိကန္ ေဒၚလာ ၅ သိန္း ၅ ေထာင္ အကုန္အက်ခံ၍ ပညာရွင္မ်ားျဖင့္ စစ္ေဆးေဆာင္႐ြက္ခဲ့သည္။ ရတနာပုံေခတ္၏ အေမြအႏွစ္ တစ္ခုျဖစ္ေသာ ျမန္မာမႈလက္ရာ ေ႐ႊေက်ာင္းေတာ္ႀကီးသို႔ ျပည္တြင္းျပည္ပ ခရီးသည္မ်ား ေန႔စဥ္ လာေရာက္လည္ပတ္လ်က္ရွိေနၾကသည္။ေ႐ႊေက်ာင္းသည္ ႐ိုးရာယဥ္ေက်းမႈအႏုလက္ရာမ်ား တစ္စုတစ္စည္းတည္း တည္ ရွိေနသည့္ သစ္သားေက်ာင္းေတာ္ႀကီးတစ္ခုျဖစ္သည္အားေလ်ာ္စြာ ေက်ာင္းေတာ္ႀကီး သက္တမ္းရွည္ၾကာစြာရပ္တည္ေနေစရန္ ျပည္သူအားလုံးက ျမန္မာ့အေမြအႏွစ္မ်ားအေပၚ ျမတ္ႏိုးတန္ဘိုးထားလ်က္ ဝိုင္းဝန္းထိန္းသိမ္း ကာကြယ္ ေစာင့္ေရွာက္ၾကရမည္ သာ ျဖစ္ပါေပသည္။

၅။ စေလ ႐ုပ္စုံေက်ာင္း

မေကြးတိုင္းေဒသႀကီး၊ေခ်ာက္ၿမိဳ႕နယ္အတြင္း၊ဧရာဝတီျမစ္အေရွ႕ဘက္ကမ္းေပၚတြင္ တည္ရွိသည့္ စေလၿမိဳ႕သည္ ပုဂံၿမိဳ႕မွ ေတာင္ ဘက္သို႔ ၃၄ မိုင္၊ ေခ်ာက္ၿမိဳ႕မွ ေတာင္ဘက္သို႔ ငါးမိုင္ ကြာေဝးၿပီး ပုဂံမွေမာ္ေတာ္ကားျဖင့္သြားလွ်င္ မိနစ္ ၉၀ ၾကာျမင့္သည္။ စေလ ဦးပုည၊စေလဆီးသီးႏွင့္ စေလ႐ုပ္စုံေက်ာင္းတို႔သည္ စေလၿမိဳ႕ႏွင့္စပ္လ်ဥ္း၍ တင္ရွားသည့္ အမွတ္ လကၡဏာမ်ားျဖစ္ ၾကေပ သည္။

ျမန္မာႏိုင္ငံအတြင္းရွိ မ်ားျပားလွေသာ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားအနက္ ဗုဒၶျဖစ္ေတာ္စဥ္မ်ား၊ ၅၅၀ နိပါတ္ေတာ္လာ ဇာတ္ ခန္းမ်ားကို သ႐ုပ္ေဖာ္ထုလုပ္ထားသည့္ သစ္သားပန္းပု႐ုပ္မ်ားျဖင့္ အလွဆင္ထားေသာ ေက်ာင္းမ်ားကို ႐ုပ္စုံေက်ာင္းမ်ားဟုေခၚ ဆို သည္။႐ုပ္စုံေက်ာင္းမ်ားအနက္ မႏၲေလးေတာင္ေျခရွိ မႏၲေလး႐ုပ္စုံေက်ာင္း၊စစ္ကိုင္းေတာင္႐ိုးရွိ စစ္ကိုင္း႐ုပ္စုံေက်ာင္း၊မင္းဘူး စလင္း ကားလမ္းအနီးရွိ စကု႐ုပ္စုံေက်ာင္း၊စလင္းၿမိဳ႕၊ဝက္သည္းကန္အနီးမွ စလင္း႐ုပ္စုံေက်ာင္းႏွင့္ စေလၿမိဳ႕ရွိ ပန္းပု႐ုပ္စုံေက်ာင္းတို႔သည္ အထင္ရွား ဆုံးျဖစ္ၾကသည္။

စေလ႐ုပ္စုံေက်ာင္းကိုျမန္မာသကၠရာဇ္ ၁၂၄၄ ခုႏွစ္တြင္ စေလၿမိဳ႕ ၊ေျမာက္ရပ္မွ ကုန္သည္ ဦးဘိုးၾကည္က သုဓမၼာဂိုဏ္း ေထာက္ဆရာေတာ္ ဦးဂုဏ သီတင္းသုံးရန္ တည္ေဆာက္ခဲ့ရာ ေဆာက္လုပ္ခ်ိန္ ၁၀ ႏွစ္ၾကာခဲ့ၿပီး ၁၂၅၄ ခုႏွစ္တြင္ ၿပီးစီးခဲ့သည္။ အလႉရွင္ဦးဘိုးၾကည္သည္ ပန္းပု႐ုပ္စုံေက်ာင္းေဆာက္လုပ္၍ ဆရာေတာ္ဦးဂုဏအား လႉဒါန္းခြင့္ျပဳပါရန္ သီေပါမင္းထံ ေလွ်ာက္ထားခဲ့ရာ သီေပါဘုရင္က ေက်ာင္းေတာ္ႀကီးေဆာက္လုပ္ရန္ လိုအပ္မည့္ကြၽန္းသစ္မ်ားကို ႏိုင္ငံပိုင္သစ္ေတာမွ အခြန္အခမဲ့ ခုတ္ယူခြင့္ျပဳသည့္ စာခြၽန္ေတာ္ကို ထုတ္ျပန္ကာ အလႉေတာ္ပါဝင္ခဲ့သည္။

ဦးဘိုးၾကည္သည္ သီေပါမင္းထံမွအခြင့္ရလွ်င္ ကြၽန္းသစ္မ်ားခုတ္ယူ၍ ထိုစဥ္က စေလၿမိဳ႕အပိုင္၊တေညာင္႐ြာမွ လက္သမား မ်ားျဖင့္ေက်ာင္းေတာ္ႀကီးကို ေဆာက္လုပ္ခဲ့သည္။ေက်ာင္းေတာ္ႀကီးကို ပ်မ္းမွ်ေျခာက္ေပ လုံးပတ္ရွိသည့္ကြၽန္းတိုင္ ၁၅၄ လုံး ျဖင့္ တည္ေဆာက္ခဲ့ၿပီး ေက်ာင္း၏အ႐ြယ္အစားမွာအလ်ား ၁၅၂ ေပ၊ အနံ ၇၆ ေပျဖစ္သည္။ေက်ာင္းေတာ္ႀကီးေဆာက္လုပ္ရာတြင္အသုံး ျပဳမည့္ ႐ိုက္သံမ်ားကို တေညာင္႐ြာ ပန္းပဲဖိုတြင္ ျပဳလုပ္ခဲ့ၿပီး အရွည္ တစ္လက္မခြဲ မွ ၁၃ လက္မအထိရွိသည္။

စေလ႐ုပ္စုံေက်ာင္းတြင္ ထုလုပ္ထားသည့္ သစ္သားပန္းပု႐ုပ္မ်ားသည္ ရတနာပုံေခတ္ ၁၉ ရာစု လက္ရာမ်ားျဖစ္ၿပီး အႏု ပညာလက္ရာ အထူးေကာင္းမြန္သျဖင့္ စေလ႐ုပ္စုံေက်ာင္းသည္ အျခား႐ုပ္စုံေက်ာင္းမ်ားထက္ ပိုမို ထင္ရွားခဲ့သည္။ စေလ႐ုပ္စုံ ေက်ာင္းအတြင္း ဗုဒၶ႐ုပ္ပြားေတာ္ မ်ိဳးစုံ၊သစ္ေစးသုတ္ဗီဒိုမ်ိဳးစုံ၊စေလဦးပုည၏ လက္ေရးမူ ေပပုရပိုက္မ်ား စသည့္ ေရွးေဟာင္း အေထာက္ အထားပစၥည္းမ်ားကို ထိန္းသိမ္းထားရွိသည္။

၆။ ကိုလိုနီေခတ္ဦး ေ႐ႊအင္ပင္ေက်ာင္း(မႏၲေလး)

မႏၲေလးၿမိဳ႕တြင္ ယေန႔တိုင္က်န္ရွိေနသည့္ ေရွးေဟာင္းသစ္သားဘုန္းေတာ္ႀကီးေက်ာင္းမ်ားအနက္ ေ႐ႊေက်ာင္းသည္ မႏၲေလးေတာင္ေျခတြင္ တည္ရွိ၍ ေ႐ႊအင္ပင္ေက်ာင္းသည္ မဟာေအာင္ေျမၿမိဳ႕နယ္၊ေဒးဝန္းအေရွ႕ရပ္ကြက္ ၃၇ လမ္းႏွင့္ ၃၈ လမ္းၾကား၊ ၈၉ လမ္း အေနာက္ဘက္ျခမ္းတြင္ တည္ရွိသည္။ ေ႐ႊေက်ာင္းသည္ မင္းတုန္းမင္း၏ နန္းေဆာင္ကို ေနရာေ႐ႊ႕ေျပာင္း၍ ဘုန္းႀကီးေက်ာင္းအျဖစ္ေျပာင္းလဲ တည္ေဆာက္ ခဲ့သျဖင့္ ဘုန္းႀကီးေက်ာင္းအေဆာင္မ်ားမျပည့္စုံေသာ္လည္းေသာ္လည္း ေ႐ႊအင္ပင္ေက်ာင္းကိုမူ ဘုန္းႀကီးေက်ာင္းအျဖစ္ ရည္႐ြယ္တည္ေဆာက္ခဲ့သျဖင့္ ျမန္မာဘုန္းေတာ္ႀကီးေက်ာင္း၏ အဂၤါရပ္မ်ား ျပည့္စုံစြာ ပါရွိခဲ့သည္။

ေ႐ႊအင္ပင္ေက်ာင္းကို တ႐ုတ္လူမ်ိဳးသူေဌး ဦးစက္႐ႊင္ႏွင့္ဇနီး ေဒၚဘြားတို႔က သီေပါမင္းပါေတာ္မူၿပီး ၁၀ ႏွစ္အၾကာ ခရစ္ ႏွစ္ ၁၈၉၅ ခုႏွစ္ (ျမန္မာသကၠရာဇ္ ၁၂၅၇ ခုႏွစ္) တြင္ တိပိဋကဓရ ေ႐ႊအင္ပင္ ဆရာေတာ္ ဦးဇဝနဓဇ သီတင္းသုံးရန္ ေဆာက္လုပ္လႉဒါန္းခဲ့သည္။ ေဒၚဘြားသည္ ပုဂံမင္းႏွင့္ေတာင္ေဆာင္ေတာ္မိဖုရား ရမည္းသင္းၿမိဳ႕စား၏ေမာင္ေတာ္ ေမာင္ေမာင္ႀကီး၏ သမီးျဖစ္သည္။ ေ႐ႊအင္ပင္ေက်ာင္းဒကာ ဦးစက္႐ႊင္၏ အတၳဳပၸတၱိေက်ာက္စာကို ေက်ာင္းတိုက္၏ အေနာက္ေျမာက္ေထာင့္တြင္စိုက္ထူထားၿပီး ေက်ာင္းႀကီး၏ အေနာက္ေျမာက္ေထာင့္တြင္ ေက်ာင္းအလႉရွင္ မိသားစု အခ်ိဳ႕၏ အုတ္ဂူမ်ားတည္ရွိသည္။

ေ႐ႊပိန္းခ်ေက်ာင္းမ်ားကို ျပာသာဒ္၊မွန္ကင္း၊စလစ္၊စိန္ေတာင္၊အေျပာက္အမြမ္းမ်ား၊အ႐ုပ္မ်ား၊ပန္းမ်ား၊ပန္းပု႐ုပ္မ်ားျဖင့္ မြမ္းမံတည္ေဆာက္ေလ့ရွိၾကသျဖင့္ ေငြကုန္က်မႈ အလြန္မ်ားျပားေသာေၾကာင့္ မင္းမိဖုရား၊ ေတာ္ဝင္မိသားစုမ်ားကသာ ေဆာက္လုပ္ေလ့ရွိၾကသည္။ ေငြေၾကးမ်ားစြာသုံးစြဲႏိုင္ေသာ္လည္း သူေဌးသူႂကြယ္မ်ားသည္ဘုရင္လႉဒါန္းသည့္ ေက်ာင္းမ်ားကဲ့သို႔ အလြန္ ခမ္း နားစြာ တည္ေဆာက္ခြင့္မရွိေခ်။ ထို႔ေၾကာင့္ သူေဌးအလႉေတာ္ ေ႐ႊအင္ပင္ေက်ာင္းသည္ သီေပါဘုရင့္အလႉေတာ္ ေ႐ႊေက်ာင္းကို မမီခဲ့ေခ်။ သို႔ေသာ္ ေ႐ႊအင္ပင္ေက်ာင္းတြင္ ေ႐ႊေက်ာင္းၿပီးလွ်င္ ျမန္မာမႈလက္ရာ ပန္းပု႐ုပ္မ်ား အမ်ားဆုံး တပ္ဆင္ထားကာ ျမန္မာမႈ ၊ျမန္မာ့ဟန္ အမႊမ္းအေျပာက္မ်ားကို ျမင္ေတြ႕ႏိုင္ၾကသည္။ေက်ာင္း၏ တံခါး႐ြက္မ်ား၊ျပာသာဒ္မ်ား၊ ဝရန္တာမ်ား၊ဘုရားေဆာင္မ်ားကို လက္ရာေျမာက္စြာအလွဆင္ခဲ့သည္။

ေ႐ႊအင္ပင္ေက်ာင္းႀကီးကို တိုင္လုံးေပါင္း ၁၆၇ တိုင္စိုက္ထူ ေဆာက္လုပ္ထားၿပီး ဝရန္တာဘက္ရွိ တိုင္မ်ားထိပ္တြင္ စက်င္ေက်ာက္ျဖင့္ျပဳလုပ္ထားသည့္ တိုင္အုပ္မ်ား ဖုံးအုပ္ထားသည္။ ေက်ာင္းႀကီးကိုေျမာက္ဘက္သို႔ မ်က္ႏွာမူထားကာ သရက္ကင္းပုံစံ ထုထည္ႀကီးမားသာ အုတ္ေလွကား ရွစ္စင္းတပ္ဆင္ထားသည္။ ေက်ာင္းတိုက္ဝင္ေပါက္တံခါးမ်ား၏ တစ္ဖက္စီတြင္ ေလာကပါလ နတ္မင္းႀကီးေလးပါးပုံမ်ားႏွင့္ စျမင္ပတ္လည္ လက္ရမ္းမ်ားတြင္ ကႏုတ္ပန္းမ်ားႏွင့္ ႐ုပ္လုံး႐ုပ္ႂကြမ်ားကို လွပစြာ အေသးစိတ္ ထုလုပ္ထားသည္။ေ႐ႊအင္ပင္ေက်ာင္းတြင္ အ႐ုပ္ႏွင့္ ပန္းကို မွ်တစြာထည့္သြင္းထုလုပ္ထားၿပီး လူနတ္ျဗဟၼာ သတၱဝါအမ်ိဳးမ်ိဳးကို တင့္တယ္လွပစြာ ပုံေဖာ္ထားသည္။ ေ႐ႊအင္ပင္ေက်ာင္းတိုက္၏ မုခ္ဦးျပာသာဒ္ကို ဘုံ ခုနစ္ဆင့္ တည္ေဆာက္ထားၿပီး ေဆာင္မႀကီး၏ အေရွ႕မာရဘင္ေဆာင္ ကို ဘုရားေဆာင္အျဖစ္ အသုံးျပဳသည္။ ဘုရားေဆာင္ပလႅင္ေအာက္ေျခ ႏွစ္ဘက္ရွိ ေလာကနတ္႐ုပ္ႏွစ္႐ုပ္သည္ အလြန္လက္ရာ ေျမာက္လွေပသည္။

ရတနာပုံေခတ္အလႉရွင္ ဇနီးေမာင္ႏွံတို႔ ေဆာက္လုပ္လႉဒါန္ခဲ့သည့္သက္တမ္းႏွစ္ ၁၀၀ ေက်ာ္ခဲ့ၿပီျဖစ္ေသာ ေ႐ႊအင္ပင္ သစ္သားေက်ာင္းႀကီးသည္ ယခုအခ်ိန္တြင္ ေရွးေဟာင္းအေမြအႏွစ္ အေဆာက္အအုံတစ္ခုအျဖစ္ တည္ရွိေနေပသည္။ျမန္မာ့ဟန္ ၊ ျမန္မာ့ဗိသုကာလက္ရာမ်ားျဖင့္ ခမ္းနားထယ္ဝါစြာတည္ေဆာက္ခဲ့သည့္ ေ႐ႊအင္ပင္ သစ္သားေက်ာင္းသည္အစဥ္အဆက္ ထိန္းသိမ္းခဲ့ၾကသျဖင့္ ျမန္မာ့ယဥ္ေက်းမႈ အေမြအႏွစ္တစ္ခု အျဖစ္ထင္ရွားစြာ တည္ရွိေနေပသည္။

Aye Htet Linn

Tour Leader/Domestic In Myanmar

ကိုးကားေဖာ္ျပခ်က္

ေမာင္သာ(ေရွးေဟာင္းသုေတသန)

ျမန္မာမႈ အဆင္တန္ဆာမ်ားႏွင့္ ဘုန္းေတာ္ႀကီးေက်ာင္းမ်ား(ေမာင္ယဥ္လႈိင္း၊ပ်ဥ္းမၿမိဳင္)

ကုန္းေဘာင္ေခတ္ေႏွာင္း ဘုန္းႀကီးေက်ာင္းမ်ား(ဦးမ်ိဳးျမင့္စိန္)

ျမန္မာ့ယဥ္ေက်းမႈ ျမန္မာ့ေရွးေဟာင္း ဘုန္းေတာ္ႀကီးေက်ာင္းႀကီးမ်ား(နတ္ေမာက္ထြန္းရွိန္)

အႏွစ္ ၁၀၀ ျပည့္ မႏၲေလး(ေ႐ႊကိုင္းသား)

သုတဇုန္

Leave a Reply

Your email address will not be published. Required fields are marked *