Posted on

(Zawgyi)

မ်က္မွန္ တပ္သူတိုင္း မွတ္သားထားသင့္တဲ့ နည္းလမ္းေကာင္း ( ၇ ) မ်ိဳး!

မ်က္မွန္ ဘယ္ေလာက္အေရးႀကီးသလဲဆိုတဲ့ အေၾကာင္းကိုမ်က္မွန္ တပ္ေနရသူေတြသာ သိမယ္။ ကိုယ္ႏွင့္မခြာအၿမဲ ေဆာင္ယူသြားေနရတဲ့ပစၥည္းထဲ မ်က္မွန္ ကထိပ္ဆုံးပါတယ္။ မ်က္မွန္ကိုင္း ေလးက်ိဳးသြားလို႔ ဆိုင္သြားေပးထားရင္ေတာင္ တစ္ရက္ေလာက္မ်က္ကန္းဘဝထဲေရာက္သြားသလိုခံစားရတာမ်ိဳးက စာေရးသူ ကိုယ္ေတြ႕ပါ။ဒါေၾကာင့္မ်က္မွန္တပ္သူေတြအတြက္ မ်က္မွန္ နဲ႔ပတ္သတ္ၿပီးဗဟုသုတလည္းရၿပီး အက်ိဳးလည္းရွိေစမယ့္ နည္းလမ္းေကာင္းေလးေတြကို မွ်ေဝေပးလိုက္ပါတယ္။

၁။အေမွာင္ထဲမွာမ်က္မွန္ရွာတဲ့အခါ!

ကိုယ္အျပင္ထြက္ခါနီးမွ မီးကပ်က္၊ မ်က္မွန္ဘူးကိုလည္းဘယ္လိုရွာရမွန္းမသိတဲ့အခါ ဒီနည္းေလးသုံးလို႔ရပါတယ္။ အႏုျမဴေသာ့ခ်ိတ္ကို ကိုယ့္ မ်က္မွန္အိတ္ ထဲခ်ိတ္ထားပါ။ သို႔မဟုတ္တြဲခ်ည္ထားပါ။ ဒါဆိုရင္ေတာ့ ဘယ္ေလာက္ပဲေမွာင္ေနတဲ့ အခန္းျဖစ္ပါေစလြယ္လြယ္နဲ႔ ရွာေတြ႕သြားမွာပါ။

၂။မ်က္မွန္ကိုင္း ေခ်ာင္က်တဲ့အခါ!

မ်က္မွန္ကိုင္း ေခ်ာင္က်တာကေတာ့ မ်က္မွန္ကိုင္း ထိပ္ကခပ္ေျပေျပျဖစ္ၿပီး နားေပၚကေခ်ာ္က်လို႔ပါ။ အဲ့ဒီ့အခါ မ်က္မွန္ကိုင္းထိပ္ကို ေရေႏြး ပူပူထဲစိမ္ၿပီး ေပ်ာ့လာတဲ့အခါ ဆြဲေကြးလိုက္ပါ။အဲ့ဒီအခါ နားေပၚက ေခ်ာ္က်တဲ့ျပသနာမရွိေတာ့ပါဘူး။ေနာက္ထပ္နည္းတစ္ခုကေတာ့ ကိုင္းထိပ္နားေလးေတြကိုေခါင္းစည္းႀကိဳးေျဗာင္ေသးေသးေလးနဲ႔ ပတ္ထားလိုက္ပါ။ အဲ့ဒါကလုပ္ရလည္းလြယ္ပါတယ္။

၃။မွန္ မ်က္ႏွာျပင္ ေရေငြ႕ဟပ္တဲ့အခါ!

`YBS´ ကားေပၚက ဆင္းလာတဲ့မ်က္မွန္သမားတိုင္းခံစားဖူးမွာပါ။ မ်က္မွန္ခြၽတ္ၿပီးဆင္းျပန္ေတာ့လည္း ပတ္ဝန္းက်င္တစ္ခုလုံး ေဝဝါးေနတဲ့အျဖစ္။ ေရေငြ႕မဟပ္ေစခ်င္ရင္ေတာ့ နည္းတစ္ခုရွိပါတယ္။ ေရမစိုေသးတဲ့ ဆပ္ျပာ ကို မွန္မ်က္ႏွာျပင္ေပၚ နည္းနည္းပြတ္ၿပီး မွန္သုတ္အဝတ္ႏုနဲ႔ တစ္ျပင္လုံးပ်ံ႕ေအာင္ သုတ္ေပးလိုက္ပါ။ဒါမွမဟုတ္ မုတ္ဆိတ္ရိတ္ ခရင္မ္ေလးထည့္ၿပီး အဝတ္ႏုနဲ႔ သုတ္ပစ္လိုက္ပါ။ ေရေငြ႕လုံးဝမဟပ္ေစရပါဘူး။

၄။မ်က္မွန္ေပၚျခစ္ရာထင္တဲ့အခါ!

မ်က္မွန္ ေပၚျခစ္ရာထင္တဲ့အခါမွာေတာ့ သိပ္မျပင္းလြန္းတဲ့အေပ်ာ့စား သြားတိုက္ေဆးနည္းနည္းထည့္ၿပီး ဂြမ္းေလးနဲ႔ စက္ဝိုင္းပုံသ႑ာန္ ( ၁၀ ) စကၠန႔္ ေလာက္ပြတ္ေပးပါ။ ၿပီးရင္ေရေအးနဲ႔ေဆးခ်ၿပီး မ်က္မွန္သုတ္အဝတ္ပါးစေလးနဲ႔ေသခ်ာသုတ္ေပးလိုက္ပါ။

၅။မ်က္မွန္ေဆးတဲ့အခါ!

မ်က္မွန္ ကို သာမန္ ( Dish Washing Liquid )( ပန္းကန္ေဆးဆပ္ျပာရည္ ) နဲ႔ ေဆးလို႔ရပါတယ္။ ဒါေပမယ့္( Alcohol, Vinegar, Ammonia ) နဲ႔ ေခ်းခြၽတ္ေဆးမပါတဲ့ဆပ္ျပာရည္ျဖစ္မွသာ အဆင္ေျပမွာပါ။

၆။မ်က္မွန္ၾကာရွည္ခံေစခ်င္ရင္!

မ်က္မွန္ ၾကာရွည္ခံေစခ်င္ရင္ေတာ့ ေတြ႕ကရာအဝတ္နဲ႔မသုတ္ပဲ မ်က္မွန္သုတ္ အဝတ္စေလးနဲ႔ပဲ သုတ္ေပးသင့္ပါတယ္။တျခားအဝတ္ေတြက မ်က္မွန္သုတ္ အဝတ္စ ေလာက္မႏူးညံ့တာေၾကာင့္မွန္သားေတြအေပၚ ျခစ္ရာထင္ေစႏူိုင္ၿပီး အျမင္ဝါးေစပါတယ္။အဝတ္ႏုစေလးေတြကိုလည္း ပုံမွန္သန႔္ရွင္းေပးဖို႔လိုပါတယ္။

၇။အနီးမႈန္သမားမ်ား ပစၥည္းရွာခ်င္တဲ့အခါ!

အေၾကာင္းတစ္စုံတစ္ခုေၾကာင့္ မ်က္မွန္အထားမွားလို႔ရွာမယ္ဆိုေပမယ့္ ကိုယ္က အနီးမႈန္သမားျဖစ္ေနလို႔ အခက္ေတြ႕ေနပါလား။ ဒါဆိုမပူပါနဲ႔။ ကိုယ္ဖုန္းထဲက ကင္မရာကတစ္ဆင့္ၾကည့္ၿပီး ရွာလို႔ရပါတယ္။ အဲ့ဒါက အျမင္ကိုရွင္းေစတဲ့အျပင္ အနီးမႈန္သမားမ်ားအတြက္ အရမ္းအဆင္ေျပပါလိမ့္မယ္

(Unicode)

မျက်မှန် တပ်သူတိုင်း မှတ်သားထားသင့်တဲ့ နည်းလမ်းကောင်း ( ၇ ) မျိုး!

မျက်မှန် ဘယ်လောက်အရေးကြီးသလဲဆိုတဲ့ အကြောင်းကိုမျက်မှန် တပ်နေရသူတွေသာ သိမယ်။ ကိုယ်နှင့်မခွာအမြဲ ဆောင်ယူသွားနေရတဲ့ပစ္စည်းထဲ မျက်မှန် ကထိပ်ဆုံးပါတယ်။ မျက်မှန်ကိုင်း လေးကျိုးသွားလို့ ဆိုင်သွားပေးထားရင်တောင် တစ်ရက်လောက်မျက်ကန်းဘဝထဲရောက်သွားသလိုခံစားရတာမျိုးက စာရေးသူ ကိုယ်တွေ့ပါ။ဒါကြောင့်မျက်မှန်တပ်သူတွေအတွက် မျက်မှန် နဲ့ပတ်သတ်ပြီးဗဟုသုတလည်းရပြီး အကျိုးလည်းရှိစေမယ့် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

၁။အမှောင်ထဲမှာမျက်မှန်ရှာတဲ့အခါ!

ကိုယ်အပြင်ထွက်ခါနီးမှ မီးကပျက်၊ မျက်မှန်ဘူးကိုလည်းဘယ်လိုရှာရမှန်းမသိတဲ့အခါ ဒီနည်းလေးသုံးလို့ရပါတယ်။ အနုမြူသော့ချိတ်ကို ကိုယ့် မျက်မှန်အိတ် ထဲချိတ်ထားပါ။ သို့မဟုတ်တွဲချည်ထားပါ။ ဒါဆိုရင်တော့ ဘယ်လောက်ပဲမှောင်နေတဲ့ အခန်းဖြစ်ပါစေလွယ်လွယ်နဲ့ ရှာတွေ့သွားမှာပါ။

၂။မျက်မှန်ကိုင်း ချောင်ကျတဲ့အခါ!

မျက်မှန်ကိုင်း ချောင်ကျတာကတော့ မျက်မှန်ကိုင်း ထိပ်ကခပ်ပြေပြေဖြစ်ပြီး နားပေါ်ကချော်ကျလို့ပါ။ အဲ့ဒီ့အခါ မျက်မှန်ကိုင်းထိပ်ကို ရေနွေး ပူပူထဲစိမ်ပြီး ပျော့လာတဲ့အခါ ဆွဲကွေးလိုက်ပါ။အဲ့ဒီအခါ နားပေါ်က ချော်ကျတဲ့ပြသနာမရှိတော့ပါဘူး။နောက်ထပ်နည်းတစ်ခုကတော့ ကိုင်းထိပ်နားလေးတွေကိုခေါင်းစည်းကြိုးဗြောင်သေးသေးလေးနဲ့ ပတ်ထားလိုက်ပါ။ အဲ့ဒါကလုပ်ရလည်းလွယ်ပါတယ်။

၃။မှန် မျက်နှာပြင် ရေငွေ့ဟပ်တဲ့အခါ!

`YBS´ ကားပေါ်က ဆင်းလာတဲ့မျက်မှန်သမားတိုင်းခံစားဖူးမှာပါ။ မျက်မှန်ချွတ်ပြီးဆင်းပြန်တော့လည်း ပတ်ဝန်းကျင်တစ်ခုလုံး ဝေဝါးနေတဲ့အဖြစ်။ ရေငွေ့မဟပ်စေချင်ရင်တော့ နည်းတစ်ခုရှိပါတယ်။ ရေမစိုသေးတဲ့ ဆပ်ပြာ ကို မှန်မျက်နှာပြင်ပေါ် နည်းနည်းပွတ်ပြီး မှန်သုတ်အဝတ်နုနဲ့ တစ်ပြင်လုံးပျံ့အောင် သုတ်ပေးလိုက်ပါ။ဒါမှမဟုတ် မုတ်ဆိတ်ရိတ် ခရင်မ်လေးထည့်ပြီး အဝတ်နုနဲ့ သုတ်ပစ်လိုက်ပါ။ ရေငွေ့လုံးဝမဟပ်စေရပါဘူး။

၄။မျက်မှန်ပေါ်ခြစ်ရာထင်တဲ့အခါ!

မျက်မှန် ပေါ်ခြစ်ရာထင်တဲ့အခါမှာတော့ သိပ်မပြင်းလွန်းတဲ့အပျော့စား သွားတိုက်ဆေးနည်းနည်းထည့်ပြီး ဂွမ်းလေးနဲ့ စက်ဝိုင်းပုံသဏ္ဍာန် ( ၁၀ ) စက္ကန့် လောက်ပွတ်ပေးပါ။ ပြီးရင်ရေအေးနဲ့ဆေးချပြီး မျက်မှန်သုတ်အဝတ်ပါးစလေးနဲ့သေချာသုတ်ပေးလိုက်ပါ။

၅။မျက်မှန်ဆေးတဲ့အခါ!

မျက်မှန် ကို သာမန် ( Dish Washing Liquid )( ပန်းကန်ဆေးဆပ်ပြာရည် ) နဲ့ ဆေးလို့ရပါတယ်။ ဒါပေမယ့်( Alcohol, Vinegar, Ammonia ) နဲ့ ချေးချွတ်ဆေးမပါတဲ့ဆပ်ပြာရည်ဖြစ်မှသာ အဆင်ပြေမှာပါ။

၆။မျက်မှန်ကြာရှည်ခံစေချင်ရင်!

မျက်မှန် ကြာရှည်ခံစေချင်ရင်တော့ တွေ့ကရာအဝတ်နဲ့မသုတ်ပဲ မျက်မှန်သုတ် အဝတ်စလေးနဲ့ပဲ သုတ်ပေးသင့်ပါတယ်။တခြားအဝတ်တွေက မျက်မှန်သုတ် အဝတ်စ လောက်မနူးညံ့တာကြောင့်မှန်သားတွေအပေါ် ခြစ်ရာထင်စေနိူုင်ပြီး အမြင်ဝါးစေပါတယ်။အဝတ်နုစလေးတွေကိုလည်း ပုံမှန်သန့်ရှင်းပေးဖို့လိုပါတယ်။

၇။အနီးမှုန်သမားများ ပစ္စည်းရှာချင်တဲ့အခါ!

အကြောင်းတစ်စုံတစ်ခုကြောင့် မျက်မှန်အထားမှားလို့ရှာမယ်ဆိုပေမယ့် ကိုယ်က အနီးမှုန်သမားဖြစ်နေလို့ အခက်တွေ့နေပါလား။ ဒါဆိုမပူပါနဲ့။ ကိုယ်ဖုန်းထဲက ကင်မရာကတစ်ဆင့်ကြည့်ပြီး ရှာလို့ရပါတယ်။ အဲ့ဒါက အမြင်ကိုရှင်းစေတဲ့အပြင် အနီးမှုန်သမားများအတွက် အရမ်းအဆင်ပြေပါလိမ့်မယ်

MyStyleMyanmar

Leave a Reply

Your email address will not be published. Required fields are marked *