Posted on

(Unicode)

ဒုရဲချုပ်အောင်နိုင်သူ တာဝန်မှ အနားယူသည့်သတင်း မဟုတ်မှန်ဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၁၈

လူမှုကွန်ရက် စာမျက်နှာပေါ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုရဲချုပ်အောင်နိုင်သူ ရာထူးတာဝန်မှ အနားယူသွားပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်လာမှုနှင့်ပတ်သက်၍ ကောလာဟလသတင်းများသာဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ပြောဆိုဆိုခွင့်ရှိသူ ရဲမှူးကြီးမျိုးသူစိုးက The Voice သို့ ပြောကြားသည်။

“ဒါကောလာဟဟ သတင်းပါ။ ဒုရဲချုပ်က လက်ရှိနေပြည်တော်မှာ သူ့အလုပ်တာဝန် သူဆက်လုပ်နေတယ်”ဟု ရဲမှူးကြီး မျိုးသူစိုးက ဆက်လက်ပြောကြားသည်။

အဆိုပါ မမှန်သတင်းများ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားဖော်ပြမှုနှင့်ပတ်သက်၍ စုံစမ်းဖော်ထုတ်အရေးယူရန် အစီအစဉ် ရှိမရှိကို လတ်တလော ဖြေကြားနိုင်ခြင်း မရှိသေးကြောင်း ရဲမှူးကြီး မျိုးသူစိုးထံမှ သိရသည်။

ရဲစစ်စစ်မှ ဒုရဲချုပ်အဆင့် ရာထူးအထိ တာဝန်ပေးအပ်ခံရသူ ဒုရဲချုပ်အောင်နိုင်သူမှာ လူအများစိတ်ဝင်စားနေသည့် ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

စီအိုင်ဒီတပ်ဖွဲမှူးအဖြစ်မှ ဒုရဲချုပ်အဆင့် ရာထူးတိုးမြှင့်ခံရသူ ဒုရဲချုပ်အောင်နိုင်သူမှာ ရဲတပ်ဖွဲ့ဝင်များ၏ လေးစားဂုဏ်ယူရသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့သော်လည်း ဗစ်တိုးရီးယားအမှုကိစ္စတွင် သံသယတရားခံမှာ အောင်ကြီးဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲ၌ဖြေကြားခဲ့ပြီးနောက် ယင်းအမှုကိုစစ်ဆေးနေစဉ် အချိန်ကာလမှာပင် လူမှုကွန်ရက်ပေါ်၌ လူတစ်စု၏ ကောလာဟလသတင်းများဖြင့် တုံ့ပြန်မှုကို ရင်ဆိုင်ခဲ့ရသည်။

ဒုရဲချုပ်အောင်နိုင်သူမှာ သမ္မတအိမ်တော်တွင် အပတ်စဉ် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲ၌ ဗစ်တိုးရီးယားအမှု ကျူးလွန်သူမှာ အောင်ကြီးဖြစ်ကြောင်းနှင့် ကိုကို ညီညီ မဟုတ်ကြောင်း ပြောခဲ့သော်လည်း ယင်းအမှုနှင့်ပတ်သက်၍ ဒက္ခိဏခရိုင်တရားရုံးတွင် ဗစ်တိုးရီးယားလေးအပါအဝင် ကလေးမိသားစုကိုစစ်ဆေးခဲ့ရာ၌ ဒုရဲချုပ်၏ပြောဆိုချက်များနှင့် သိသာစွာ ကွဲလွဲမှုများရှိခဲ့သည်။

ယင်းအမှုမှ တရားခံအမှန်ကို မဖော်ထုတ်နိုင်ခဲ့လျှင် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် တာဝန်ယူ တာဝန်ခံရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မီဒီယာများထံ ဖြေကြားထားသည်။

(Zawgyi)

ဒုရဲခ်ဳပ္ေအာင္ႏိုင္သူ တာဝန္မွ အနားယူသည့္သတင္း မဟုတ္မွန္ဟုဆို

ရန္ကုန္၊ စက္တင္ဘာ ၁၈

လူမႈကြန္ရက္ စာမ်က္ႏွာေပၚတြင္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔မွ ဒုရဲခ်ဳပ္ေအာင္ႏိုင္သူ ရာထူးတာဝန္မွ အနားယူသြားၿပီျဖစ္ေၾကာင္း သတင္းမ်ားထြက္ေပၚလာမႈႏွင့္ပတ္သက္၍ ေကာလာဟလသတင္းမ်ားသာျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔၏ေျပာဆိုဆိုခြင့္ရွိသူ ရဲမွဴးႀကီးမ်ိဳးသူစိုးက The Voice သို႔ ေျပာၾကားသည္။

“ဒါေကာလာဟဟ သတင္းပါ။ ဒုရဲခ်ဳပ္က လက္ရွိေနျပည္ေတာ္မွာ သူ႔အလုပ္တာဝန္ သူဆက္လုပ္ေနတယ္”ဟု ရဲမွဴးႀကီး မ်ိဳးသူစိုးက ဆက္လက္ေျပာၾကားသည္။

အဆိုပါ မမွန္သတင္းမ်ား လူမႈကြန္ရက္စာမ်က္ႏွာေပၚတြင္ ေရးသားေဖာ္ျပမႈႏွင့္ပတ္သက္၍ စုံစမ္းေဖာ္ထုတ္အေရးယူရန္ အစီအစဥ္ ရွိမရွိကို လတ္တေလာ ေျဖၾကားႏိုင္ျခင္း မရွိေသးေၾကာင္း ရဲမွဴးႀကီး မ်ိဳးသူစိုးထံမွ သိရသည္။

ရဲစစ္စစ္မွ ဒုရဲခ်ဳပ္အဆင့္ ရာထူးအထိ တာဝန္ေပးအပ္ခံရသူ ဒုရဲခ်ဳပ္ေအာင္ႏိုင္သူမွာ လူအမ်ားစိတ္ဝင္စားေနသည့္ ဗစ္တိုးရီးယားအမႈႏွင့္ ပတ္သက္၍ လူမႈကြန္ရက္စာမ်က္ႏွာေပၚတြင္ ေဝဖန္မႈမ်ား ထြက္ေပၚလာခဲ့သည္။

စီအိုင္ဒီတပ္ဖြဲမွဴးအျဖစ္မွ ဒုရဲခ်ဳပ္အဆင့္ ရာထူးတိုးျမႇင့္ခံရသူ ဒုရဲခ်ဳပ္ေအာင္ႏိုင္သူမွာ ရဲတပ္ဖြဲ႔ဝင္မ်ား၏ ေလးစားဂုဏ္ယူရေသာ ပုဂၢိဳလ္တစ္ဦး ျဖစ္ခဲ့ေသာ္လည္း ဗစ္တိုးရီးယားအမႈကိစၥတြင္ သံသယတရားခံမွာ ေအာင္ႀကီးျဖစ္ေၾကာင္း သတင္းစာရွင္းလင္းပြဲ၌ေျဖၾကားခဲ့ၿပီးေနာက္ ယင္းအမႈကိုစစ္ေဆးေနစဥ္ အခ်ိန္ကာလမွာပင္ လူမႈကြန္ရက္ေပၚ၌ လူတစ္စု၏ ေကာလာဟလသတင္းမ်ားျဖင့္ တုံ႔ျပန္မႈကို ရင္ဆိုင္ခဲ့ရသည္။

ဒုရဲခ်ဳပ္ေအာင္ႏိုင္သူမွာ သမၼတအိမ္ေတာ္တြင္ အပတ္စဥ္ ျပဳလုပ္သည့္သတင္းစာရွင္းလင္းပြဲ၌ ဗစ္တိုးရီးယားအမႈ က်ဴးလြန္သူမွာ ေအာင္ႀကီးျဖစ္ေၾကာင္းႏွင့္ ကိုကို ညီညီ မဟုတ္ေၾကာင္း ေျပာခဲ့ေသာ္လည္း ယင္းအမႈႏွင့္ပတ္သက္၍ ဒကၡိဏခ႐ိုင္တရား႐ုံးတြင္ ဗစ္တိုးရီးယားေလးအပါအဝင္ ကေလးမိသားစုကိုစစ္ေဆးခဲ့ရာ၌ ဒုရဲခ်ဳပ္၏ေျပာဆိုခ်က္မ်ားႏွင့္ သိသာစြာ ကြဲလြဲမႈမ်ားရွိခဲ့သည္။

ယင္းအမႈမွ တရားခံအမွန္ကို မေဖာ္ထုတ္ႏိုင္ခဲ့လွ်င္ သက္ဆိုင္ရာတာဝန္ရွိသူမ်ားအေနျဖင့္ တာဝန္ယူ တာဝန္ခံရမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္သမၼတ႐ုံးမွ ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးက မီဒီယာမ်ားထံ ေျဖၾကားထားသည္။

The Voice

Leave a Reply

Your email address will not be published. Required fields are marked *