Posted on

(Unicode)

စစ်အာဏာရှင်များ ဘာကြောင့် မတောင်းပန်သလဲဟု ရွှေဝါရောင် သံဃာတော်များ မိန့်

၂ဝဝ၇ ရွှေဝါရောင် အရေးအခင်းတွင် သံဃာထု အပေါ် ကျူးလွန်ခဲ့သော စစ်အာဏာရှင်များ အနေဖြင့် ယနေ့ အချိန် အထိ သက်ရှိထင်ရှား ရှိနေသေးသော်လည်း မည်သည့်အတွက်ကြောင့် မတောင်းပန်သေးခြင်းကို နားမလည်နိုင်ကြောင်း ရွှေဝါရောင် သံဃာ့ အရေးအခင်းတွင် ဦးဆောင်ခဲ့ကြသည့် သံဃာတော်တချို့က ယနေ့ မိန့်ကြားသည်။

၎င်းတို့သည် ဗုဒ္ဓဘာသာဝင်များ ဖြစ်သလို သံဃာထု အပေါ် တောင်းပန်ခြင်းက အပန်းမကြီးကြောင်း၊ သံဃာထု အနေ ဖြင့်လည်း ပတ္တနိကုဇ္ဇန ကံဆောင်ထားခြင်းကို ပြန်ရုပ်သိမ်းပေးချင်သော်လည်း မတောင်းပန်သည့် အတွက် ယနေ့ အချိန်ထိ ကံဆောင် သပိတ်မှောက်ခြင်းသည် အထမြောက်နေသေးကြောင်း ရွှေဝါရောင် ဆရာတော်တပါးဖြစ်သည့် ဆရာတော် ဦးဣသရိယ(ခ) မင်းသုံည(ဗုဒ္ဓတက္ကသိုလ်) က မိန့်သည်။

ယနေ့ ကြည့်မြင်တိုင်မြို့နယ် သာဓု ကျောင်းတိုက်တွင် ကျင်းပသည့် နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင် တော်လှန်ရေး ၁၂ နှစ် ပြည့် အခမ်းအနားတွင် ဧရာဝတီ၏ မေးမြန်းမှုကို အထက်ပါ အတိုင်း ဆရာတော်က မိန့်ကြားခြင်းဖြစ်သည်။

ဆရာတော် မင်းသုံညက“ရဟန်း သံဃာတော်တွေကို တောင်းပန်ရတာ ဘာများ အပန်းကြီးမှာမို့လဲ။ တပည့်တော်တို့ မှားခဲ့ပါတယ်။ နောင် ဒါမျိုး မကျူးလွန်ရပါဘူးလို့ တောင်းပန်ရုံပဲဟာ။ သူတို့က သံဃာကိုတောင်မှ မတောင်းပန်ဘူး ဆို ရင် ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့တာ၊ တိုင်းရင်းသား ဒေသအသီးသီး အပေါ်မှာ ကျူးလွန်ခဲ့တာတွေဟာ ဘယ်လို နည်းနဲ့မှ ပြေလည်စရာ အကြောင်းမရှိဘူး။ ဆရာတော် ပြောချင်တာက သက်ရှိထင်ရှား ရှိနေကြသေးတယ်။ တာဝန် ယူမှု တာဝန်ခံံမှု အနေနဲ့ ပြန်တောင်းပန်ပြီး ငြိမ်းချမ်းရေး ဖြစ်အောင်သွားပါလို့ ပြောချင်တယ်”ဟု မိန့်ဆိုသည်။

ပတ္တနိကုဇ္ဇန ကံဆောင်ထားခြင်း ဆိုသည်မှာ သံဃာများကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်သူများနှင့် ဘာသာရေးအရ ကူးလူးဆက်ဆံမှု မပြုလုပ်တော့ခြင်းဟု အဓိပ္ပာယ် ရကြောင်းသိရသည်။

ထို့ပြင် ဒုတိယ ကမ္ဘာစစ်က ဂျပန် စစ်အာဏာရှင်များ၏ လုပ်ရပ်ကို လက်ရှိ ဂျပန်နိုင်ငံအစိုးရနှင့် တာဝန်ရှိသူများက ကမ္ဘာကြီးကို တောင်းပန်ခဲ့သလို မြန်မာနိုင်ငံတွင်လည်း လက်ရှိ အစိုးရနှင့် တပ်မတော် ခေါင်းဆောင်များ အနေဖြင့် တာဝန်ယူမှု ရှိရှိဖြင့် သံဃာထုကို ဝန်ချတောင်းပန်လျှင်လည်း ပြုလုပ်၍ ရကြောင်း ဆရာတော် မင်းသုံညက ဆက်လက် မိန့်သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်လက်ထက် ၁၉၉၀ ပြည့်နှင့် ၂ဝဝ၇ ခုနှစ် ရွှေဝါရောင် သံဃာ့အရေးအခင်း တို့တွင် ၂ ကြိမ် တိတိ တိုင်းပြည်အုပ်ချုပ်သူများကို ပတ္တနိကုဇ္ဇန ကံဆောင်ထားသော်လည်း ယနေ့အချိန်အထိ အဆိုပါ ကံဆောင် ခြင်းကို ရုပ်သိမ်းမှု မရှိသေးပေ။

ကံဆောင် သပိတ်မှောက်ချိန်တွင် တောင်းဆိုခဲ့သည့် အချက်များသည် ယနေ့အချိန်အထိ ရရှိလာခြင်း မရှိသေး ကြောင်း၊ ထို့အတွက် ကျမ်းဂန်များတွင် ပါရှိခဲ့သလို တိုင်းပြည်နှင့် ပြည်သူပြည်သားများ အတွက် မကောင်းကြောင်း၊ ကပ်ဘေး အန္တရာယ်များ ကျရောက်နိုင်ကြောင်း ဆိုသည့် အချက်သည် ယနေ့တိုင်းပြည်တွင် ဖြစ်ပျက်နေသည့် အချက်များနှင့် ဟုတ်မှန်သလို ဖြစ်နေကြောင်း ရွှေဝါရောင် သံဃာတပါးဖြစ်သည့် ဦးပြည်ကျော် (ခ) ဦးပဏ္ဍဝံသက မိန့်ကြားသည်။

ယခုလို ပြည်သူလူထု အခက်အခဲ တွေ့ကြုံနေရမှုများကို မည်ကဲ့သို့ ပြေငြိမ်းစေရန်၊ သက်သာစေရန် ဝိုင်းဝန်း ဆောင် ရွက် ထိန်းသိမ်းရန်ဆိုသည့် မေးခွန်းအမြောက်အမြား ထွက်ပေါ်လာစေသည်ဟု ဆရာတော်က ဆက်မိန့်သည်။

ဆရာတော် ဦးပြည်ကျော်က“မကြာမီအတွင်းမှာ ၂ဝ၂ဝ ခုနှစ် ရွေးကောက်ပွဲကလည်း နီးလာပြီ။ သံဃာတွေအနေနဲ့ ကလည်း အဂတိတရား ၄ ပါးနဲ့ ကင်းတဲ့စကားတွေ ပြော၊ ဟောဖို့ကလည်း ရှိပါတယ်။ အဲဒီတော့ ပြည်သူကို ဘာပြော ဖို့ ရှိလဲဆိုရင် ပြည်သူလိုလားတဲ့ ပြည်သူ့အစိုးရ ဖြစ်စေဖို့က ပြည်သူတွေကပဲ ထောင်ထားတဲ့ ပါတီတွေကို မဲပေးကြ ပေါ့။ လက်နက်ကိုင် စစ်အစိုးရနဲ့ တွေ့ချင်တယ်၊ ကြုံချင်တယ်ဆိုရင်တော့ စစ်အစိုးရနဲ့ ပတ်သက်ပြီး ထောင်ထားတဲ့ ပါတီကို မဲပေးကြပေါ့လို့ပဲ ပြောလို့ရမယ်။ ဒါကြောင့်မို့ အရပ်သား အစိုးရလိုချင်ရင် အရပ်သားပါတီတွေကိုပဲ မဲပေးပါလို့ ပြောချင်တယ်”ဟုလည်း မိန့်ဆိုသည်။

လက်ရှိအချိန်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်ကာ စစ်အာဏာရှင်စနစ်ကို ကာကွယ်ပေးထား သည့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လွှတ်တော် အတွင်း ပြင်ဆင်နိုင်ရေး အစွမ်းကုန် ကြိုးစားနေသည်ကို မျှော်လင့်ချက်များစွာဖြင့် ရဟန်းရှင်လူ ကျောင်းသား ပြည်သူတရပ်လုံးက ဝန်းရံ စောင့်ကြည့်နေကြောင်း ယနေ့ ကျင်းပ ခဲ့သည့် ၁၂ နှစ်မြောက် ရွှေဝါရောင် နှစ်ပတ်လည်ပွဲတွင် ရွှေဝါရောင် သံဃာတော်များက သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် တပ်မတော်က ပြင်းပြင်းထန်ထန် ကန့်ကွက်နေပါက လွှတ်တော်အတွင်း ပြင်ဆင်ရေး ကြိုးပမ်းမှုများက အဟော သိကံ ဖြစ်သွားနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထိုကဲ့သို့ လွှတ်တော်အတွင်း ပြင်ဆင်ရေး အဖြေမထွက်ခဲ့လျှင် လွှတ်တော်တွင်း တိုက်ပွဲမှ ပြည်သူလူထု တရပ်လုံး ပါဝင် သည့် ပြည်သူ့တိုက်ပွဲဖြင့် အဆိုပါ အခြေခံ ဥပဒေကို ဖျက်သိမ်းကာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်သည့် အခြေခံ ဥပဒေသစ်တရပ် ပေါ်ထွန်းရန် တိုက်ပွဲဝင်သွားကြမည်ဟု ပါရှိသည်။

တိုင်းရင်းသား ပြည်သူများ မျှော်လင့်နေသည့် တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းစစ် အပြီးတိုင် ရပ်စဲရေးနှင့် ရေရှည် တည်တံ့ခိုင်မြဲမည့် ငြိမ်းချမ်းရေး တို့အတွက် သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အသီးသီးမှ တာဝန်ရှိသူများ အနေဖြင့် ကြိုတင် စည်းကမ်း သတ်မှတ်ချက်မထားဘဲ စစ်မှန်သည့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုဖြင့် အဖြေရှာကြရန် တိုက်တွန်းခဲ့ သည်။

၂၀၀၇ ခုနှစ် သြဂုတ်လ စစ်အစိုးရလက်ထက်တွင် လောင်စာဆီဈေးနှုန်း အဆမတန် မြှင့်တင်လိုက်မှုကြောင့် တက်ကြွ လှုပ်ရှားသူများက ဆန္ဒထုတ်ဖော်မှုများ ပြုခဲ့ကြရာ ဦးမင်းကိုနိုင်၊ ဦးမင်းဇေယျ၊ ဦးကိုကိုကြီး၊ ဦးအံ့ဘွယ်ကျော်၊ ဦးမြ အေး၊ ဒေါ်နီလာသိန်း၊ ဒေါ်မီးမီး(ကွယ်လွန်)နှင့် ဦးထင်ကျော် အစရှိသူတို့ ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့ကို တိုင်းပြည် မတည် မငြိမ်ဖြစ်အောင် ခေါင်းဆောင် လှုပ်ရှားသည်ဟု ဆိုကာ စစ်အစိုးရက စွဲချက်တင် အရေးယူခဲ့သည်။

ထို့နောက် စက်တင်ဘာလ ၅ ရက်တွင် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့တွင် သံဃာတော်များသည် မြို့၏အထင်ကရ လမ်းမပေါ် စီတန်းလှည့်လည်၍ ဆုတောင်းမေတ္တာပို့ကာ ဖမ်းဆီးထားသော တက်ကြွလှုပ်ရှားသူများကို ပြန်လွှတ် ပေး ရေးနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒထုတ်ဖော်ခြင်းများ ပြုလုပ်ခဲ့သည်။

စီတန်းလှည့်လည်မှုတွင် ပါဝင်သည့် သံဃာတော် ၃ ပါးကို စစ်သားများက ဓာတ်တိုင်တွင် ကြိုးတုပ်ရိုက်နှက် နှိမ်နင်းခဲ့မှု ကြောင့် နိုင်ငံတဝန်းရှိ သံဃာတော်များ အမျက်ထွက်စေခဲ့သည့်အပြင်ဘုန်းကြီးကျောင်း တချို့ရှိ သံဃာများကို ဓားစာ ခံ အဖြစ် ထိန်းသိမ်းသည့် အခြေအနေများကြောင့် သံဃာများနှင့် အစိုးရတာဝန်ရှိသူကြား တင်းမာမှုများ ဆက်တိုက် ဖြစ်ပေါ် ခဲ့သည်။

စက်တင်ဘာလ ၂၂ ရက်အထိ စစ်အစိုးရဘက်မှ ဝန်ချတောင်းပန်မှု မရှိခဲ့သည့်အတွက် မြို့အသီးသီးတို့တွင် သံဃာ ရာဂဏန်းနှင့် ချီ၍ လမ်းမပေါ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခဲ့ကြရာ ၄ ရက်ကြာပြီးနောက် စက်တင်ဘာလ ၂၆ ရက် တွင် စစ်အစိုးရက ရန်ကုန်မြို့တွင် အဓိကရုဏ်းနှိမ်နင်းရေး ရဲများ၊ စစ်သားများဖြင့် လူစုလူဝေးအတွင်းသို့ မျက်ရည်ယို ဗုံးခွဲခြင်း၊ ဆန္ဒထုတ်ဖော်သူများကို ရိုက်နှက်ခြင်းတို့ ပြုလုပ်ပြီး စတင် ဖြိုခွင်းခဲ့သည်။

ရန်ကုန်မြို့နှင့်အနီးတဝိုက်ရှိ ကျောင်းတိုက်များသို့ ဝင်ရောက်စီးနင်းကာ သံဃာတော် ဒါဇင်လိုက် ဖမ်းဆီးခြင်း၊ အဓမ္မ လူဝတ်လဲစေ၍ ဖမ်းဆီးထိန်းသိမ်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာသည်။

ယင်းနောက် နောက်ရက်များ၌ နိုင်ငံတဝန်းမှ သံဃာ ၂၀၀ ခန့် နှင့် တက်ကြွလှုပ်ရှား ဆန္ဒထုတ်ဖော်သူ ၅၀၀ ထက် မနည်း ဖမ်းဆီး ထောင်ချမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထက်ခေါင်လင်း (ဧရာ၀တီ)

(Zawgyi)

စစ္အာဏာရွင္မ်ား ဘာေၾကာင့္ မေတာင္းပန္သလဲဟု ေ႐ႊဝါေရာင္ သံဃာေတာ္မ်ား မိန႔္

၂ဝဝ၇ ေ႐ႊဝါေရာင္ အေရးအခင္းတြင္ သံဃာထု အေပၚ က်ဴးလြန္ခဲ့ေသာ စစ္အာဏာရွင္မ်ား အေနျဖင့္ ယေန႔ အခ်ိန္ အထိ သက္ရွိထင္ရွား ရွိေနေသးေသာ္လည္း မည္သည့္အတြက္ေၾကာင့္ မေတာင္းပန္ေသးျခင္းကို နားမလည္ႏိုင္ေၾကာင္း ေ႐ႊဝါေရာင္ သံဃာ့ အေရးအခင္းတြင္ ဦးေဆာင္ခဲ့ၾကသည့္ သံဃာေတာ္တခ်ိဳ႕က ယေန႔ မိန႔္ၾကားသည္။

၎တို႔သည္ ဗုဒၶဘာသာဝင္မ်ား ျဖစ္သလို သံဃာထု အေပၚ ေတာင္းပန္ျခင္းက အပန္းမႀကီးေၾကာင္း၊ သံဃာထု အေန ျဖင့္လည္း ပတၱနိကုဇၨန ကံေဆာင္ထားျခင္းကို ျပန္႐ုပ္သိမ္းေပးခ်င္ေသာ္လည္း မေတာင္းပန္သည့္ အတြက္ ယေန႔ အခ်ိန္ထိ ကံေဆာင္ သပိတ္ေမွာက္ျခင္းသည္ အထေျမာက္ေနေသးေၾကာင္း ေ႐ႊဝါေရာင္ ဆရာေတာ္တပါးျဖစ္သည့္ ဆရာေတာ္ ဦးဣသရိယ(ခ) မင္းသုံည(ဗုဒၶတကၠသိုလ္) က မိန႔္သည္။

ယေန႔ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ သာဓု ေက်ာင္းတိုက္တြင္ က်င္းပသည့္ ႏိုင္ငံလုံးဆိုင္ရာ ေ႐ႊဝါေရာင္ ေတာ္လွန္ေရး ၁၂ ႏွစ္ ျပည့္ အခမ္းအနားတြင္ ဧရာဝတီ၏ ေမးျမန္းမႈကို အထက္ပါ အတိုင္း ဆရာေတာ္က မိန႔္ၾကားျခင္းျဖစ္သည္။

ဆရာေတာ္ မင္းသုံညက“ရဟန္း သံဃာေတာ္ေတြကို ေတာင္းပန္ရတာ ဘာမ်ား အပန္းႀကီးမွာမို႔လဲ။ တပည့္ေတာ္တို႔ မွားခဲ့ပါတယ္။ ေနာင္ ဒါမ်ိဳး မက်ဴးလြန္ရပါဘူးလို႔ ေတာင္းပန္႐ုံပဲဟာ။ သူတို႔က သံဃာကိုေတာင္မွ မေတာင္းပန္ဘူး ဆို ရင္ ျပည္သူလူထုအေပၚ က်ဴးလြန္ခဲ့တာ၊ တိုင္းရင္းသား ေဒသအသီးသီး အေပၚမွာ က်ဴးလြန္ခဲ့တာေတြဟာ ဘယ္လို နည္းနဲ႔မွ ေျပလည္စရာ အေၾကာင္းမရွိဘူး။ ဆရာေတာ္ ေျပာခ်င္တာက သက္ရွိထင္ရွား ရွိေနၾကေသးတယ္။ တာဝန္ ယူမႈ တာဝန္ခံံမႈ အေနနဲ႔ ျပန္ေတာင္းပန္ၿပီး ၿငိမ္းခ်မ္းေရး ျဖစ္ေအာင္သြားပါလို႔ ေျပာခ်င္တယ္”ဟု မိန႔္ဆိုသည္။

ပတၱနိကုဇၨန ကံေဆာင္ထားျခင္း ဆိုသည္မွာ သံဃာမ်ားကို ညႇဥ္းပန္းႏွိပ္စက္ သတ္ျဖတ္သူမ်ားႏွင့္ ဘာသာေရးအရ ကူးလူးဆက္ဆံမႈ မျပဳလုပ္ေတာ့ျခင္းဟု အဓိပၸာယ္ ရေၾကာင္းသိရသည္။

ထို႔ျပင္ ဒုတိယ ကမာၻစစ္က ဂ်ပန္ စစ္အာဏာရွင္မ်ား၏ လုပ္ရပ္ကို လက္ရွိ ဂ်ပန္ႏိုင္ငံအစိုးရႏွင့္ တာဝန္ရွိသူမ်ားက ကမာၻႀကီးကို ေတာင္းပန္ခဲ့သလို ျမန္မာႏိုင္ငံတြင္လည္း လက္ရွိ အစိုးရႏွင့္ တပ္မေတာ္ ေခါင္းေဆာင္မ်ား အေနျဖင့္ တာဝန္ယူမႈ ရွိရွိျဖင့္ သံဃာထုကို ဝန္ခ်ေတာင္းပန္လွ်င္လည္း ျပဳလုပ္၍ ရေၾကာင္း ဆရာေတာ္ မင္းသုံညက ဆက္လက္ မိန႔္သည္။

ျမန္မာႏိုင္ငံတြင္ စစ္အာဏာရွင္လက္ထက္ ၁၉၉၀ ျပည့္ႏွင့္ ၂ဝဝ၇ ခုႏွစ္ ေ႐ႊဝါေရာင္ သံဃာ့အေရးအခင္း တို႔တြင္ ၂ ႀကိမ္ တိတိ တိုင္းျပည္အုပ္ခ်ဳပ္သူမ်ားကို ပတၱနိကုဇၨန ကံေဆာင္ထားေသာ္လည္း ယေန႔အခ်ိန္အထိ အဆိုပါ ကံေဆာင္ ျခင္းကို ႐ုပ္သိမ္းမႈ မရွိေသးေပ။

ကံေဆာင္ သပိတ္ေမွာက္ခ်ိန္တြင္ ေတာင္းဆိုခဲ့သည့္ အခ်က္မ်ားသည္ ယေန႔အခ်ိန္အထိ ရရွိလာျခင္း မရွိေသး ေၾကာင္း၊ ထို႔အတြက္ က်မ္းဂန္မ်ားတြင္ ပါရွိခဲ့သလို တိုင္းျပည္ႏွင့္ ျပည္သူျပည္သားမ်ား အတြက္ မေကာင္းေၾကာင္း၊ ကပ္ေဘး အႏၲရာယ္မ်ား က်ေရာက္ႏိုင္ေၾကာင္း ဆိုသည့္ အခ်က္သည္ ယေန႔တိုင္းျပည္တြင္ ျဖစ္ပ်က္ေနသည့္ အခ်က္မ်ားႏွင့္ ဟုတ္မွန္သလို ျဖစ္ေနေၾကာင္း ေ႐ႊဝါေရာင္ သံဃာတပါးျဖစ္သည့္ ဦးျပည္ေက်ာ္ (ခ) ဦးပ႑ဝံသက မိန႔္ၾကားသည္။

ယခုလို ျပည္သူလူထု အခက္အခဲ ေတြ႕ႀကဳံေနရမႈမ်ားကို မည္ကဲ့သို႔ ေျပၿငိမ္းေစရန္၊ သက္သာေစရန္ ဝိုင္းဝန္း ေဆာင္ ႐ြက္ ထိန္းသိမ္းရန္ဆိုသည့္ ေမးခြန္းအေျမာက္အျမား ထြက္ေပၚလာေစသည္ဟု ဆရာေတာ္က ဆက္မိန႔္သည္။

ဆရာေတာ္ ဦးျပည္ေက်ာ္က“မၾကာမီအတြင္းမွာ ၂ဝ၂ဝ ခုႏွစ္ ေ႐ြးေကာက္ပြဲကလည္း နီးလာၿပီ။ သံဃာေတြအေနနဲ႔ ကလည္း အဂတိတရား ၄ ပါးနဲ႔ ကင္းတဲ့စကားေတြ ေျပာ၊ ေဟာဖို႔ကလည္း ရွိပါတယ္။ အဲဒီေတာ့ ျပည္သူကို ဘာေျပာ ဖို႔ ရွိလဲဆိုရင္ ျပည္သူလိုလားတဲ့ ျပည္သူ႔အစိုးရ ျဖစ္ေစဖို႔က ျပည္သူေတြကပဲ ေထာင္ထားတဲ့ ပါတီေတြကို မဲေပးၾက ေပါ့။ လက္နက္ကိုင္ စစ္အစိုးရနဲ႔ ေတြ႕ခ်င္တယ္၊ ႀကဳံခ်င္တယ္ဆိုရင္ေတာ့ စစ္အစိုးရနဲ႔ ပတ္သက္ၿပီး ေထာင္ထားတဲ့ ပါတီကို မဲေပးၾကေပါ့လို႔ပဲ ေျပာလို႔ရမယ္။ ဒါေၾကာင့္မို႔ အရပ္သား အစိုးရလိုခ်င္ရင္ အရပ္သားပါတီေတြကိုပဲ မဲေပးပါလို႔ ေျပာခ်င္တယ္”ဟုလည္း မိန႔္ဆိုသည္။

လက္ရွိအခ်ိန္တြင္ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ဦးေဆာင္ကာ စစ္အာဏာရွင္စနစ္ကို ကာကြယ္ေပးထား သည့္ ၂ဝဝ၈ ခုႏွစ္ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒကို လႊတ္ေတာ္ အတြင္း ျပင္ဆင္ႏိုင္ေရး အစြမ္းကုန္ ႀကိဳးစားေနသည္ကို ေမွ်ာ္လင့္ခ်က္မ်ားစြာျဖင့္ ရဟန္းရွင္လူ ေက်ာင္းသား ျပည္သူတရပ္လုံးက ဝန္းရံ ေစာင့္ၾကည့္ေနေၾကာင္း ယေန႔ က်င္းပ ခဲ့သည့္ ၁၂ ႏွစ္ေျမာက္ ေ႐ႊဝါေရာင္ ႏွစ္ပတ္လည္ပြဲတြင္ ေ႐ႊဝါေရာင္ သံဃာေတာ္မ်ားက သေဘာထား ေၾကညာခ်က္ ထုတ္ျပန္ခဲ့သည္။

ထို႔ျပင္ တပ္မေတာ္က ျပင္းျပင္းထန္ထန္ ကန႔္ကြက္ေနပါက လႊတ္ေတာ္အတြင္း ျပင္ဆင္ေရး ႀကိဳးပမ္းမႈမ်ားက အေဟာ သိကံ ျဖစ္သြားႏိုင္ေၾကာင္းလည္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။

ထိုကဲ့သို႔ လႊတ္ေတာ္အတြင္း ျပင္ဆင္ေရး အေျဖမထြက္ခဲ့လွ်င္ လႊတ္ေတာ္တြင္း တိုက္ပြဲမွ ျပည္သူလူထု တရပ္လုံး ပါဝင္ သည့္ ျပည္သူ႔တိုက္ပြဲျဖင့္ အဆိုပါ အေျခခံ ဥပေဒကို ဖ်က္သိမ္းကာ အမ်ိဳးသား ျပန္လည္ သင့္ျမတ္ေရးႏွင့္ ျပည္တြင္း ၿငိမ္းခ်မ္းေရးကို ေဖာ္ေဆာင္ႏိုင္သည့္ အေျခခံ ဥပေဒသစ္တရပ္ ေပၚထြန္းရန္ တိုက္ပြဲဝင္သြားၾကမည္ဟု ပါရွိသည္။

တိုင္းရင္းသား ျပည္သူမ်ား ေမွ်ာ္လင့္ေနသည့္ တရားဥပေဒ စိုးမိုးေရး၊ ျပည္တြင္းစစ္ အၿပီးတိုင္ ရပ္စဲေရးႏွင့္ ေရရွည္ တည္တံ့ခိုင္ၿမဲမည့္ ၿငိမ္းခ်မ္းေရး တို႔အတြက္ သက္ဆိုင္ရာ လက္နက္ကိုင္ အဖြဲ႕အသီးသီးမွ တာဝန္ရွိသူမ်ား အေနျဖင့္ ႀကိဳတင္ စည္းကမ္း သတ္မွတ္ခ်က္မထားဘဲ စစ္မွန္သည့္ ေတြ႕ဆုံေဆြးေႏြး ညႇိႏႈိင္းမႈျဖင့္ အေျဖရွာၾကရန္ တိုက္တြန္းခဲ့ သည္။

၂၀၀၇ ခုႏွစ္ ၾသဂုတ္လ စစ္အစိုးရလက္ထက္တြင္ ေလာင္စာဆီေဈးႏႈန္း အဆမတန္ ျမႇင့္တင္လိုက္မႈေၾကာင့္ တက္ႂကြ လႈပ္ရွားသူမ်ားက ဆႏၵထုတ္ေဖာ္မႈမ်ား ျပဳခဲ့ၾကရာ ဦးမင္းကိုႏိုင္၊ ဦးမင္းေဇယ်၊ ဦးကိုကိုႀကီး၊ ဦးအံ့ဘြယ္ေက်ာ္၊ ဦးျမ ေအး၊ ေဒၚနီလာသိန္း၊ ေဒၚမီးမီး(ကြယ္လြန္)ႏွင့္ ဦးထင္ေက်ာ္ အစရွိသူတို႔ ဖမ္းဆီးခံခဲ့ရၿပီး ၎တို႔ကို တိုင္းျပည္ မတည္ မၿငိမ္ျဖစ္ေအာင္ ေခါင္းေဆာင္ လႈပ္ရွားသည္ဟု ဆိုကာ စစ္အစိုးရက စြဲခ်က္တင္ အေရးယူခဲ့သည္။

ထို႔ေနာက္ စက္တင္ဘာလ ၅ ရက္တြင္ မေကြးတိုင္းေဒသႀကီး ပခုကၠဴၿမိဳ႕တြင္ သံဃာေတာ္မ်ားသည္ ၿမိဳ႕၏အထင္ကရ လမ္းမေပၚ စီတန္းလွည့္လည္၍ ဆုေတာင္းေမတၱာပို႔ကာ ဖမ္းဆီးထားေသာ တက္ႂကြလႈပ္ရွားသူမ်ားကို ျပန္လႊတ္ ေပး ေရးႏွင့္ ကုန္ေဈးႏႈန္း က်ဆင္းေရး ဆႏၵထုတ္ေဖာ္ျခင္းမ်ား ျပဳလုပ္ခဲ့သည္။

စီတန္းလွည့္လည္မႈတြင္ ပါဝင္သည့္ သံဃာေတာ္ ၃ ပါးကို စစ္သားမ်ားက ဓာတ္တိုင္တြင္ ႀကိဳးတုပ္႐ိုက္ႏွက္ ႏွိမ္နင္းခဲ့မႈ ေၾကာင့္ ႏိုင္ငံတဝန္းရွိ သံဃာေတာ္မ်ား အမ်က္ထြက္ေစခဲ့သည့္အျပင္ဘုန္းႀကီးေက်ာင္း တခ်ိဳ႕ရွိ သံဃာမ်ားကို ဓားစာ ခံ အျဖစ္ ထိန္းသိမ္းသည့္ အေျခအေနမ်ားေၾကာင့္ သံဃာမ်ားႏွင့္ အစိုးရတာဝန္ရွိသူၾကား တင္းမာမႈမ်ား ဆက္တိုက္ ျဖစ္ေပၚ ခဲ့သည္။

စက္တင္ဘာလ ၂၂ ရက္အထိ စစ္အစိုးရဘက္မွ ဝန္ခ်ေတာင္းပန္မႈ မရွိခဲ့သည့္အတြက္ ၿမိဳ႕အသီးသီးတို႔တြင္ သံဃာ ရာဂဏန္းႏွင့္ ခ်ီ၍ လမ္းမေပၚ ၿငိမ္းခ်မ္းစြာ စီတန္းလွည့္လည္ခဲ့ၾကရာ ၄ ရက္ၾကာၿပီးေနာက္ စက္တင္ဘာလ ၂၆ ရက္ တြင္ စစ္အစိုးရက ရန္ကုန္ၿမိဳ႕တြင္ အဓိက႐ုဏ္းႏွိမ္နင္းေရး ရဲမ်ား၊ စစ္သားမ်ားျဖင့္ လူစုလူေဝးအတြင္းသို႔ မ်က္ရည္ယို ဗုံးခြဲျခင္း၊ ဆႏၵထုတ္ေဖာ္သူမ်ားကို ႐ိုက္ႏွက္ျခင္းတို႔ ျပဳလုပ္ၿပီး စတင္ ၿဖိဳခြင္းခဲ့သည္။

ရန္ကုန္ၿမိဳ႕ႏွင့္အနီးတဝိုက္ရွိ ေက်ာင္းတိုက္မ်ားသို႔ ဝင္ေရာက္စီးနင္းကာ သံဃာေတာ္ ဒါဇင္လိုက္ ဖမ္းဆီးျခင္း၊ အဓမၼ လူဝတ္လဲေစ၍ ဖမ္းဆီးထိန္းသိမ္းျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္း သတင္းမ်ား ထြက္ေပၚလာသည္။

ယင္းေနာက္ ေနာက္ရက္မ်ား၌ ႏိုင္ငံတဝန္းမွ သံဃာ ၂၀၀ ခန႔္ ႏွင့္ တက္ႂကြလႈပ္ရွား ဆႏၵထုတ္ေဖာ္သူ ၅၀၀ ထက္ မနည္း ဖမ္းဆီး ေထာင္ခ်မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ထက္ေခါင္လင္း (ဧရာ၀တီ)

Leave a Reply

Your email address will not be published. Required fields are marked *